အေမရိကန္ ဗီဇာကန္႔သတ္မႈ ျပန္႐ုပ္သိမ္းေအာင္ လုပ္ေဆာင္မယ္လို႔ သံအမတ္ႀကီးေျပာ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံသားေတြအေပၚ အေမရိကန္အစိုးရက ျပည္ဝင္ခြင့္ဗီဇာတခ်ဳိ႕ ကန္႔သတ္လိုက္တာကို ျပန္႐ုပ္သိမ္းေအာင္ သတ္မွတ္ခ်က္ေတြအတုိင္း ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ေျပာလိုက္ပါတယ္။ အခုလို ဗီဇာကန္႔သတ္ခ်က္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုကို လာဖို႔ ျပင္ဆင္ေနၾကတဲ့ ျမန္မာဒုကၡသည္ေတြ အပါအဝင္ ျမန္မာႏိုင္ငံသားေတြအတြက္ နစ္နာမႈ ျဖစ္သြားေစတယ္လို႔ ဒုကၡသည္အေရး ေဆာင္ရြက္သူတခ်ဳိ႕က သုံးသပ္ပါတယ္။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

အေမရိကန္ျပည္ေထာင္စုရဲ႕ လုံၿခဳံေရးနဲ႔ လူမႈဘဝ ဖူလုံေရးကို ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ သတင္းအခ်က္အလက္ မွ်ေဝေပးဖုိ႔ အားနည္းတဲ့ႏိုင္ငံက ႏုိင္ငံသားေတြကို ျပည္ဝင္ခြင့္ဗီဇာ ကန႔္သတ္ဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အမိေျမလုံၿခဳံေရးဌာနကို သမၼတ Donald Trump က ဇန္နဝါရီ ၃၁ ရက္ ေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ၿပီး ၫႊန္ၾကားခဲ့တာပါ။

အခုလို ကန္႔သတ္လိုက္တဲ့အေပၚ သူ ဘယ္လိုနားလည္တယ္ဆိုတာကို အေမရိကန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက အခုလို ရွင္းျပပါတယ္။

“အေမရိကန္အစုိးရကေနၿပီးေတာ့ ျမန္မာႏုိင္ငံနဲ႔ လူဝင္မႈႀကီးၾကပ္ေရး ကိစၥေတြမွာ ပူးေပါင္းေဆာင္ရြက္ေနတာေတြ ရွိတယ္။ ျမန္မာႏုိင္ငံနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ ေနရာမွာ သတ္မွတ္ထားတဲ့ စံခ်ိန္ေတြ လုိအပ္ေသးတယ္လို႔ သူတုိ႔က သတ္မွတ္ထားတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔အေပၚကုိ အခုလို သမၼတ Trump က လက္မွတ္ေရးထိုး ထုတ္ျပန္တာလို႔ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ျမန္မာႏုိင္ငံဟာ ကုလသမဂၢ အဖြဲ႔ဝင္ႏုိင္ငံျဖစ္တယ္၊ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အၾကမ္းဖက္မႈနဲ႔ ပတ္သက္ေနတဲ့ ပုဂၢိဳလ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းမွ်ေဝတာ၊ အဲဒီေနရာမွာလည္း ျမန္မာႏုိင္ငံဟာ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ အခု အေမရိကန္အစုိးရက သတ္မွတ္ထားတဲ့ အဆင့္ျမင့္နည္းပညာေတြေပါ့၊ ေလာေလာဆယ္ကေတာ့ Electronic နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ မွ်ေဝတာတုိ႔ ဘာတုိ႔ကေတာ့ က်ေနာ္တုိ႔အေနနဲ႔ ဒီဟာေတြကုိ ႏုိင္ငံတကာစံခ်ိန္မီဖို႔ က်ေနာ္တုိ႔ လုပ္ေနတဲ့ အေနအထား ရွိပါတယ္။”

၂၀၂၀ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ကစၿပီး ျမန္မာႏိုင္ငံသားေတြအတြက္ ေရႊ႕ေျပာင္းအေျခစိုက္ ျပည္ဝင္ခြင့္ဗီဇာ (Immigrant Visa) နဲ႔ ဒီဗီြ ဗီဇာ (DV Visa) ေတြကို ထုတ္ေပးေတာ့မွာ မဟုတ္ဘူးလို႔ ရန္ကုန္ အေမရိကန္သံ႐ုံးကလည္း သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာ ျပည္ထဲေရးဝန္ႀကီးဌာနဟာ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ အားနည္းခ်က္ရွိေနတယ္လို႔ အေမရိကန္ အင္ဒီယားနားျပည္နယ္က ဒုကၡသည္အေရး ကူညီေဆာင္ရြက္သူ ေဒါက္တာ ႐ိုဒင္းငါက ေထာက္ျပပါတယ္။

“အဓိက ျပည္ထဲေရးေပါ့၊ စစ္အစိုးရလက္ထက္က စၿပီးေတာ့ အခု ဒီမုိကေရစီအစုိးရ ျဖစ္ေပမယ့္ ျပည္ထဲေရးကေတာ့ စစ္တပ္က ကုိင္ေနတုန္းပဲ ျဖစ္တယ္။ သူ႔ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ၊ Interpol နဲ႔ ဆက္စပ္မႈ၊ အခ်က္အလက္ ေပးသြင္းမႈက ေတာ္ေတာ္ေလး အားနည္းမယ္လို႔ က်ေနာ္ထင္တယ္၊ ခန္႔မွန္းတယ္။ အဲဒါေၾကာင့္ အေမရိကန္ကေန ေထာက္ျပတဲ့ တခ်က္ကလည္း မွန္ကန္မယ္လို႔ ထင္တယ္။ အဓိကေတာ့ ျပည္ထဲေရးဌာနကေန အေမရိကန္အစုိးရနဲ႔ ႏုိင္ငံတကာနဲ႔ ပူးေပါင္းဖုိ႔ လုိလိမ့္မယ္လို႔ ထင္တယ္။”

ဒါေပမယ့္လည္း အေမရိကန္ရဲ႕ ျပည္ဝင္ခြင့္ဗီဇာ ပိတ္ပင္မႈဟာ ယာယီသာျဖစ္ၿပီး ျမန္မာႏိုင္ငံသားေတြအေပၚ ကန္႔သတ္မႈကေန ျပန္႐ုပ္သိမ္းေအာင္ သတ္မွတ္ခ်က္ေတြနဲ႔အညီ အေမရိကန္နဲ႔ ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ သံအမတ္ႀကီး ဦးေအာင္လင္းက ေျပာပါတယ္။

“ဒီဥစၥာကလည္း အစဥ္အၿမဲ ထာဝရ မဟုတ္ဘူးဆုိတာ သူတို႔ အတိအလင္း ေဖာ္ျပထားတာ ရွိပါတယ္။ ေနာက္ၿပီးေတာ့ အခုဟာက ပိတ္ပင္ထားတယ္ ဆုိတဲ့ဟာထက္ Suspend ရပ္ဆုိင္းထားတယ္ဆုိတဲ့ အသုံးအႏႈန္း သူတုိ႔သုံးထားတာ ေတြ႔ရပါတယ္။ ဒါေၾကာင့္ အၿမဲတမ္း ႏွစ္ႏုိင္ငံ ထိေတြ႔ၿပီးေတာ့ သူတုိ႔ ျပန္လည္သုံးသပ္ၿပီး တေန႔က်ရင္ သူတို႔ရဲ႕ ရပ္တည္ခ်က္ မူဝါဒေတြ ေျပာင္းလဲဖို႔ ရွိႏုိင္ပါတယ္လို႔ က်ေနာ္ ယူဆပါတယ္။”

အခုလို ဗီဇာကန္႔သတ္ခ်က္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုကို လာဖို႔ ျပင္ေနၾကတဲ့ ဒုကၡသည္ေတြ အပါအဝင္ ျမန္မာႏိုင္ငံသားေတြအတြက္ နစ္နာမႈ ျဖစ္သြားေစတယ္လို႔ ေဒါက္တာ ႐ိုဒင္းငါက ေျပာပါတယ္။

“ေတာ္ေတာ့္ကုိ စိတ္မေကာင္း ျဖစ္ပါတယ္။ အဲဒီလုိပိတ္ပင္ျခင္းအားျဖင့္ မေလးရွားနဲ႔ အိႏၵိယ၊ ထုိင္းနယ္စပ္တုိ႔ ဘာတုိ႔မွာ အေမရိကန္ကိုဝင္ဖို႔ ဒုကၡသည္စခန္း Refugee ကေနတဆင့္ ေလွ်ာက္တဲ့လူေတြ အားလုံးက လာလုိ႔မရတဲ့ အေျခအေန ျဖစ္သြားမယ္။ က်ေနာ္တုိ႔ အေမရိကားကုိ Refugee နဲ႔ ေရာက္လာၿပီးေတာ့ ဗမာျပည္သြားၿပီးေတာ့ မိန္းမသြားယူတာ၊ ေယာက်္ားသြားယူတာ၊ သူတုိ႔မိန္းမကိုေခၚတာ၊ အဲဒါေတြအားလုံးက မလာႏုိင္ေတာ့ဘူး ျဖစ္သြားမယ္။ ေနာက္တခ်က္ကေတာ့ အေမရိကားကုိ Refugee အေနနဲ႔ ေရာက္ၿပီးေတာ့ ႏုိင္ငံသားျဖစ္ၿပီးေနာက္မွာ အေဖ၊ အေမ၊ ညီအစ္ကိုေမာင္ႏွမေတြကို ေခၚတဲ့သူေတြ၊ သူတို႔ေဆြမ်ဳိးကုိ ေခၚတဲ့ဟာေတြက ဗီဇာ မရေတာ့ဘူး။ အဲေတာ့ ေတာ္ေတာ္ေလးကို ထိခုိက္သြားမယ္၊ က်ေနာ္ စိတ္မေကာင္းပါဘူး။”

လတ္တေလာ ျပည္ဝင္ခြင့္ဗီဇာ ကန္႔သတ္တဲ့အထဲမွာ ေက်ာင္းသားဗီဇာ၊ ခရီးသြားဗီဇာ၊ အလုပ္လုပ္ခြင့္နဲ႔ စီးပြားေရးဗီဇာ စတာေတြကေတာ့ ကန္႔သတ္တဲ့အထဲ ပါဝင္ျခင္းမရွိပါဘူး။ အခုကန္႔သတ္ထားတဲ့ Immigrant Visa နဲ႔ DV Visa အမ်ဳိးအစားေတြကိုလည္း လူပုဂၢဳိလ္တဦးခ်င္းရဲ႕ အေၾကာင္းကိစၥေပၚ မူတည္ၿပီး ႁခြင္းခ်က္နဲ႔ ေျဖေလွ်ာ့ေပးဖုိ႔ ရွိသလို အဲဒီလို ေျဖေလွ်ာ့ေပးမေပး ဆိုတာကို အေမရိကန္ေကာင္စစ္ဝန္က ဆုံးျဖတ္သြားမယ္လို႔ ရန္ကုန္ အေမရိကန္သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

------------------------------

(Unicode)

အမေရိကန် ဗီဇာကန့်သတ်မှု ပြန်ရုပ်သိမ်းအောင် လုပ်ဆောင်မယ်လို့ သံအမတ်ကြီးပြော

မြန်မာနိုင်ငံသားတွေအပေါ် အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာတချို့ ကန့်သတ်လိုက်တာကို ပြန်ရုပ်သိမ်းအောင် သတ်မှတ်ချက်တွေအတိုင်း ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောလိုက်ပါတယ်။ အခုလို ဗီဇာကန့်သတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုကို လာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် နစ်နာမှု ဖြစ်သွားစေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတချို့က သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ လူမှုဘဝ ဖူလုံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သတင်းအချက်အလက် မျှဝေပေးဖို့ အားနည်းတဲ့နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမိမြေလုံခြုံရေးဌာနကို သမ္မတ Donald Trump က ဇန်နဝါရီ ၃၁ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီး ညွှန်ကြားခဲ့တာပါ။

အခုလို ကန့်သတ်လိုက်တဲ့အပေါ် သူ ဘယ်လိုနားလည်တယ်ဆိုတာကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက အခုလို ရှင်းပြပါတယ်။

“အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနိုင်ငံနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ သတ်မှတ်ထားတဲ့ စံချိန်တွေ လိုအပ်သေးတယ်လို့ သူတို့က သတ်မှတ်ထားတဲ့အတွက်ကြောင့် ကျနော်တို့အပေါ်ကို အခုလို သမ္မတ Trump က လက်မှတ်ရေးထိုး ထုတ်ပြန်တာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းမျှဝေတာ၊ အဲဒီနေရာမှာလည်း မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခု အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ အဆင့်မြင့်နည်းပညာတွေပေါ့၊ လောလောဆယ်ကတော့ Electronic နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မျှဝေတာတို့ ဘာတို့ကတော့ ကျနော်တို့အနေနဲ့ ဒီဟာတွေကို နိုင်ငံတကာစံချိန်မီဖို့ ကျနော်တို့ လုပ်နေတဲ့ အနေအထား ရှိပါတယ်။”

၂၀၂၀ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက် ပြည်ဝင်ခွင့်ဗီဇာ (Immigrant Visa) နဲ့ ဒီဗွီ ဗီဇာ (DV Visa) တွေကို ထုတ်ပေးတော့မှာ မဟုတ်ဘူးလို့ ရန်ကုန် အမေရိကန်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်းချက်ရှိနေတယ်လို့ အမေရိကန် အင်ဒီယားနားပြည်နယ်က ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူ ဒေါက်တာ ရိုဒင်းငါက ထောက်ပြပါတယ်။

“အဓိက ပြည်ထဲရေးပေါ့၊ စစ်အစိုးရလက်ထက်က စပြီးတော့ အခု ဒီမိုကရေစီအစိုးရ ဖြစ်ပေမယ့် ပြည်ထဲရေးကတော့ စစ်တပ်က ကိုင်နေတုန်းပဲ ဖြစ်တယ်။ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ Interpol နဲ့ ဆက်စပ်မှု၊ အချက်အလက် ပေးသွင်းမှုက တော်တော်လေး အားနည်းမယ်လို့ ကျနော်ထင်တယ်၊ ခန့်မှန်းတယ်။ အဲဒါကြောင့် အမေရိကန်ကနေ ထောက်ပြတဲ့ တချက်ကလည်း မှန်ကန်မယ်လို့ ထင်တယ်။ အဓိကတော့ ပြည်ထဲရေးဌာနကနေ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဖို့ လိုလိမ့်မယ်လို့ ထင်တယ်။”

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုဟာ ယာယီသာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအပေါ် ကန့်သတ်မှုကနေ ပြန်ရုပ်သိမ်းအောင် သတ်မှတ်ချက်တွေနဲ့အညီ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။

“ဒီဥစ္စာကလည်း အစဉ်အမြဲ ထာဝရ မဟုတ်ဘူးဆိုတာ သူတို့ အတိအလင်း ဖော်ပြထားတာ ရှိပါတယ်။ နောက်ပြီးတော့ အခုဟာက ပိတ်ပင်ထားတယ် ဆိုတဲ့ဟာထက် Suspend ရပ်ဆိုင်းထားတယ်ဆိုတဲ့ အသုံးအနှုန်း သူတို့သုံးထားတာ တွေ့ရပါတယ်။ ဒါကြောင့် အမြဲတမ်း နှစ်နိုင်ငံ ထိတွေ့ပြီးတော့ သူတို့ ပြန်လည်သုံးသပ်ပြီး တနေ့ကျရင် သူတို့ရဲ့ ရပ်တည်ချက် မူဝါဒတွေ ပြောင်းလဲဖို့ ရှိနိုင်ပါတယ်လို့ ကျနော် ယူဆပါတယ်။”

အခုလို ဗီဇာကန့်သတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုကို လာဖို့ ပြင်နေကြတဲ့ ဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် နစ်နာမှု ဖြစ်သွားစေတယ်လို့ ဒေါက်တာ ရိုဒင်းငါက ပြောပါတယ်။

“တော်တော့်ကို စိတ်မကောင်း ဖြစ်ပါတယ်။ အဲဒီလိုပိတ်ပင်ခြင်းအားဖြင့် မလေးရှားနဲ့ အိန္ဒိယ၊ ထိုင်းနယ်စပ်တို့ ဘာတို့မှာ အမေရိကန်ကိုဝင်ဖို့ ဒုက္ခသည်စခန်း Refugee ကနေတဆင့် လျှောက်တဲ့လူတွေ အားလုံးက လာလို့မရတဲ့ အခြေအနေ ဖြစ်သွားမယ်။ ကျနော်တို့ အမေရိကားကို Refugee နဲ့ ရောက်လာပြီးတော့ ဗမာပြည်သွားပြီးတော့ မိန်းမသွားယူတာ၊ ယောကျ်ားသွားယူတာ၊ သူတို့မိန်းမကိုခေါ်တာ၊ အဲဒါတွေအားလုံးက မလာနိုင်တော့ဘူး ဖြစ်သွားမယ်။ နောက်တချက်ကတော့ အမေရိကားကို Refugee အနေနဲ့ ရောက်ပြီးတော့ နိုင်ငံသားဖြစ်ပြီးနောက်မှာ အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေကို ခေါ်တဲ့သူတွေ၊ သူတို့ဆွေမျိုးကို ခေါ်တဲ့ဟာတွေက ဗီဇာ မရတော့ဘူး။ အဲတော့ တော်တော်လေးကို ထိခိုက်သွားမယ်၊ ကျနော် စိတ်မကောင်းပါဘူး။”

လတ်တလော ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့အထဲမှာ ကျောင်းသားဗီဇာ၊ ခရီးသွားဗီဇာ၊ အလုပ်လုပ်ခွင့်နဲ့ စီးပွားရေးဗီဇာ စတာတွေကတော့ ကန့်သတ်တဲ့အထဲ ပါဝင်ခြင်းမရှိပါဘူး။ အခုကန့်သတ်ထားတဲ့ Immigrant Visa နဲ့ DV Visa အမျိုးအစားတွေကိုလည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ အကြောင်းကိစ္စပေါ် မူတည်ပြီး ခြွင်းချက်နဲ့ ဖြေလျှော့ပေးဖို့ ရှိသလို အဲဒီလို ဖြေလျှော့ပေးမပေး ဆိုတာကို အမေရိကန်ကောင်စစ်ဝန်က ဆုံးဖြတ်သွားမယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား