ကို႐ိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံတြင္း စစ္ေဆးႏိုင္ၿပီ

ေဖေဖာ္၀ါရီ ၄ ရက္တုန္းက ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ရုရားႏိုင္ငံရွိ ဓါတ္ခြဲခန္းအတင္းစစ္ေနစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံက အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL မွာ COVID- 19 ေရာဂါ ရွိ မရွိ စစ္ေဆးႏိုင္ၿပီလို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန တာဝန္ရွိသူကေျပာပါတယ္။ လူနာေတြဆီက ဓာတ္ခြဲနမူနာေတြကုိ ရယူၿပီး ေရာဂါပိုး ရွိ မရွိ ဆုိတာကို NHL မွာစစ္ေဆးတဲ့ရလဒ္နဲ႔ ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းေတြဆီကရလဒ္ဟာ ကုိက္ညီမႈရွိတာကိုလည္း ေတြ႕ရတယ္လို႔ ဆုိပါတယ္။ အျပည့္အစံုကုိ ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

COVID- 19 ေရာဂါ ရွိ မရွိဆိုတာကို ျမန္မာႏုိင္ငံမွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL မွာ စတင္စစ္ေဆးႏုိင္ၿပီလို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြမွာ COVID 19 ဗုိင္းရပ္စ္ပုိး ရွိ မရွိကို စစ္ေဆးႏုိင္ၿပီျဖစ္ပါတယ္။ စစ္ေဆးတဲ့အခါမွာ က်မတုိ႔ႏုိင္ငံမွာလည္း စစ္ေဆးသလိုပဲ ကမာၻ႕က်န္းမာေရး အသိအမွတ္ျပဳ Reference ျဖစ္တဲ့ ထုိင္းႏို္င္ငံ NIH မွာလည္း တခါတည္းေပးပို႔ၿပီးေတာ့ စစ္ေဆးတာရွိပါတယ္။ အဲဒီက ရတဲ့အေျဖေတြဟာဆိုရင္ ကိုက္ညီမႈရွိတာကို ေတြ႕ရပါတယ္။ ဒါကေတာ့ တနည္းအားျဖင့္ က်မတို႔ ျမန္မာႏိုင္ငံ National Health Laboratory ရဲ႕ ေအာင္ျမင္မႈလည္း ျဖစ္ပါတယ္။”

COVID- 19 သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းေတြထဲက တခုျဖစ္တဲ့ ထုိင္းႏုိင္ငံမွာရွိတဲ့ ဓာတ္ခြဲခန္းဆီကုိသာ ေပးပို႔ၿပီး အတည္ျပဳခ်က္ရယူခဲ့တာပါ။ ဒါေပမယ့္ မေန႕က ေစာင့္ၾကည့္လူနာ ၂ဦးရဲ႕ ေရာဂါရွိ မရွိ ဓာတ္ခြဲအေျဖမွာ ရည္ညႊန္းဓာတ္ခြဲခန္းဆီက ရလဒ္နဲ႔ NHL ကရလဒ္ အတူတူျဖစ္တာကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။

အခုလို ျမန္မာႏုိင္ငံက NHL မွာ စစ္ေဆးႏုိင္ဖို႔အတြက္ ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ခ်ိတ္ဆက္ေပးမႈနဲ႔ ထုိင္းႏုိင္ငံနဲ႔ ဂ်ပန္ႏုိင္ငံတို႔ကေန လိုအပ္တဲ့ ဓာတ္ခြဲပစၥည္းေတြကုိ လက္ခံရရွိၿပီး လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြမွာ COVID- 19 ဗုိင္းရပ္စ္ေရာဂါပိုး ရွိ မရွိဆုိတာကို ရည္ညႊန္းဓာတ္ခြဲခန္းနဲ႔ တၿပိဳင္နက္တည္း စစ္ေဆးေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနကလည္း သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID- 19 သံသယလူနာ မေတြ႕ရွိေသးဘဲ ေစာင့္ၾကည့္လူနာကေတာ့ ၁၀ဦးရွိၿပီး အဲဒီထဲက ၂ဦးမွာ ေရာဂါပိုးမရွိေၾကာင္း မေန႕က ေဖေဖာ္ဝါရီ ၁၆ရက္ ညပုိင္းမွာ ရည္ညႊန္းဓာတ္ခြဲခန္းက ျပန္ၾကားလာတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အခုလက္ရွိမွာေတာ့ က်မတို႔ႏုိင္ငံမွာ သံသယလူနာ ေတြ႕ရွိျခင္း မရွိေသးပါဘူး။ မေန႕ကညအထိ ဆုိလို႔ရွိရင္ေတာ့ လူနာ ၁၀ဦးကို ေဆးရံုခန္းမွာ ဆက္လက္ၿပီးေတာ့ ေစာင့္ၾကပ္ကုသမႈေပးေနပါတယ္။ သူတုိ႔ဆီကေနၿပီးေတာ့ ဓာတ္ခြဲနမူနာေတြကုိလည္း က်မတို႔က ရည္ညႊန္းဓာတ္ခြဲခန္းဆီ ေပးပို႔တဲ့အခါ မေန႕ကဆုိလို႔ရွိရင္ အေျဖျပန္လာပါတယ္။ မုိင္းျဖတ္ၿမိဳ႕နယ္ေဆးရံုက အသက္ ၃၆ႏွစ္အရြယ္ အမ်ိဳးသားတဦးနဲ႔ မိုးကုတ္ၿမိဳ႕နယ္ေဆးရံုက အသက္ ၂၁ႏွစ္အရြယ္ အမ်ိဳးသမီးတဦး။ ဒီလူနာႏွစ္ဦးရဲ႕ ဓာတ္ခြဲအေျဖမွာ ဆုိလို႔ရွိရင္ COVID 19 ဗုိင္းရပ္စ္ေရာဂါပိုး မရွိပါေၾကာင္းဆိုၿပီးေတာ့ မေန႔ကညပိုင္းမွာ ေပးပို႔လာတာကို ေဖာ္ျပထားၿပီးျဖစ္ပါတယ္။”

က်န္ရွိေနေသးတဲ့ လူနာ ၈ဦးထဲက မႏၱေလးျပည္သူ႔ေဆးရံုႀကီးက အသက္ ၂၄ႏွစ္အရြယ္ အမ်ိဳးသား၊ လားရိႈးၿမိဳ႕နယ္ေဆးရံုက အသက္ ၁၇ႏွစ္အရြယ္ အမ်ိဳးသမီး၊ ေတာင္သာၿမိဳ႕နယ္ေဆးရံုက အသက္ ၃၈ႏွစ္အရြယ္ အမ်ိဳးသား၊ ျမစ္သားၿမိဳ႕နယ္ေဆးရံုက အသက္ ၁၈ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ အသက္ ၃၄ႏွစ္အရြယ္ အမ်ိဳးသား၊ သူတို႔ ၅ဦးရဲ႕ ဓာတ္ခြဲအေျဖရလဒ္ကုိ ေစာင့္ေနၿပီး၊ လားရိႈးၿမိဳ႕နယ္ေဆးရံုက အသက္ ၄၀အရြယ္ အမ်ိဳးသား၊ ေဝဘာဂီအထူးကုေဆးရံုက အသက္ ၃၈ႏွစ္အရြယ္အမ်ိဳးသားနဲ႔ ၄၉ႏွစ္အရြယ္ အမ်ိဳးသား၊ သူတုိ႔ ၃ဦးရဲ႕ ဓာတ္ခြဲနမူနာေတြကိုေတာ့ ရည္ညႊန္းဓာတ္ခြဲခန္းဆီ ေပးပိုိ႔ဖုိ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ျမန္မာႏုိင္ငံမွာ COVID- 19 ရွိ မရွိ စစ္ေဆးလာႏုိင္ေပမယ့္ ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းဆီကိုေတာ့ လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ေပးပို႔ၿပီး သူတို႔ရဲ႕ရလဒ္ကုိသာ အတည္ျပဳ ခ်က္ ရယူရဦးမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ COVID- 19 ကူးစက္မႈလံုးဝမရွိေသးေပမယ့္ ျပည္သူလူထုအေနနဲ႔ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထုိင္ဖုိ႔၊ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ၾကဥ္ၿပီး လက္ကိုစနစ္တက် မၾကာခဏေဆးေပးဖုိ႔ အပါအဝင္ ေခ်ာင္းဆုိးႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔အတြက္ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တုိက္တြန္းႏႈိးေဆာ္ထားပါတယ္။

COVID- 19 ကူးစက္ခံရသူဟာ တ႐ုတ္ႏိုင္ငံမွာ ၇၀၀၀၀ နဲ႔ အမ်ားဆုံးျဖစ္ၿပီး ဂ်ပန္ႏိုင္ငံက အေယာက္ ၄၀၀ နဲ႔ ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျပန႔္ပြားလာတဲ့ ဒီဗိုင္းရပ္စ္ပိုးဟာ ေဒသတြင္းႏိုင္ငံေတြ၊ ဥေရာပနဲ႔ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံကို ကူးစက္ပ်ံ႕ႏွံ႔ေနပါတယ္။ တ႐ုတ္ႏိုင္ငံသား ၁၈၀၀ နီးပါး ေသဆုံးခဲ့ၿပီး ဂ်ပန္၊ ေဟာင္ေကာင္၊ ထိုင္ဝမ္၊ ဖိလစ္ပိုင္ စတဲ့ႏိုင္ငံေတြမွာေတာ့ တေယာက္စီ ေသဆုံးခဲ့ပါတယ္။

................

ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံတွင်းစစ်ဆေးနိုင်ပြီ

(Unicode)

မြန်မာနိုင်ငံက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ COVID- 19 ရောဂါ ရှိ မရှိ စစ်ဆေးနိုင်ပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကပြောပါတယ်။ လူနာတွေဆီက ဓာတ်ခွဲနမူနာတွေကို ရယူပြီး ရောဂါပိုး ရှိ မရှိ ဆိုတာကို NHL မှာစစ်ဆေးတဲ့ရလဒ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတွေဆီကရလဒ်ဟာ ကိုက်ညီမှုရှိတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

COVID- 19 ရောဂါ ရှိ မရှိဆိုတာကို မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ စတင်စစ်ဆေးနိုင်ပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေမှာ COVID 19 ဗိုင်းရပ်စ်ပိုး ရှိ မရှိကို စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာ ကျမတို့နိုင်ငံမှာလည်း စစ်ဆေးသလိုပဲ ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြု Reference ဖြစ်တဲ့ ထိုင်းနိုင်ငံ NIH မှာလည်း တခါတည်းပေးပို့ပြီးတော့ စစ်ဆေးတာရှိပါတယ်။ အဲဒီက ရတဲ့အဖြေတွေဟာဆိုရင် ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ ဒါကတော့ တနည်းအားဖြင့် ကျမတို့ မြန်မာနိုင်ငံ National Health Laboratory ရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။”

COVID- 19 သံသယနဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းဆီကိုသာ ပေးပို့ပြီး အတည်ပြုချက်ရယူခဲ့တာပါ။ ဒါပေမယ့် မနေ့က စောင့်ကြည့်လူနာ ၂ဦးရဲ့ ရောဂါရှိ မရှိ ဓာတ်ခွဲအဖြေမှာ ရည်ညွှန်းဓာတ်ခွဲခန်းဆီက ရလဒ်နဲ့ NHL ကရလဒ် အတူတူဖြစ်တာကို တွေ့ရတယ်လို့ ပြောပါတယ်။

အခုလို မြန်မာနိုင်ငံက NHL မှာ စစ်ဆေးနိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကနေ လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေကို လက်ခံရရှိပြီး လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေမှာ COVID- 19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ မရှိဆိုတာကို ရည်ညွှန်းဓာတ်ခွဲခန်းနဲ့ တပြိုင်နက်တည်း စစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID- 19 သံသယလူနာ မတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာကတော့ ၁၀ဦးရှိပြီး အဲဒီထဲက ၂ဦးမှာ ရောဂါပိုးမရှိကြောင်း မနေ့က ဖေဖော်ဝါရီ ၁၆ရက် ညပိုင်းမှာ ရည်ညွှန်းဓာတ်ခွဲခန်းက ပြန်ကြားလာတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုလက်ရှိမှာတော့ ကျမတို့နိုင်ငံမှာ သံသယလူနာ တွေ့ရှိခြင်း မရှိသေးပါဘူး။ မနေ့ကညအထိ ဆိုလို့ရှိရင်တော့ လူနာ ၁၀ဦးကို ဆေးရုံခန်းမှာ ဆက်လက်ပြီးတော့ စောင့်ကြပ်ကုသမှုပေးနေပါတယ်။ သူတို့ဆီကနေပြီးတော့ ဓာတ်ခွဲနမူနာတွေကိုလည်း ကျမတို့က ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့တဲ့အခါ မနေ့ကဆိုလို့ရှိရင် အဖြေပြန်လာပါတယ်။ မိုင်းဖြတ်မြို့နယ်ဆေးရုံက အသက် ၃၆နှစ်အရွယ် အမျိုးသားတဦးနဲ့ မိုးကုတ်မြို့နယ်ဆေးရုံက အသက် ၂၁နှစ်အရွယ် အမျိုးသမီးတဦး။ ဒီလူနာနှစ်ဦးရဲ့ ဓာတ်ခွဲအဖြေမှာ ဆိုလို့ရှိရင် COVID 19 ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်းဆိုပြီးတော့ မနေ့ကညပိုင်းမှာ ပေးပို့လာတာကို ဖော်ပြထားပြီးဖြစ်ပါတယ်။”

ကျန်ရှိနေသေးတဲ့ လူနာ ၈ဦးထဲက မန္တလေးပြည်သူ့ဆေးရုံကြီးက အသက် ၂၄နှစ်အရွယ် အမျိုးသား၊ လားရှိုးမြို့နယ်ဆေးရုံက အသက် ၁၇နှစ်အရွယ် အမျိုးသမီး၊ တောင်သာမြို့နယ်ဆေးရုံက အသက် ၃၈နှစ်အရွယ် အမျိုးသား၊ မြစ်သားမြို့နယ်ဆေးရုံက အသက် ၁၈နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၄နှစ်အရွယ် အမျိုးသား၊ သူတို့ ၅ဦးရဲ့ ဓာတ်ခွဲအဖြေရလဒ်ကို စောင့်နေပြီး၊ လားရှိုးမြို့နယ်ဆေးရုံက အသက် ၄၀အရွယ် အမျိုးသား၊ ဝေဘာဂီအထူးကုဆေးရုံက အသက် ၃၈နှစ်အရွယ်အမျိုးသားနဲ့ ၄၉နှစ်အရွယ် အမျိုးသား၊ သူတို့ ၃ဦးရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID- 19 ရှိ မရှိ စစ်ဆေးလာနိုင်ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီကိုတော့ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ပေးပို့ပြီး သူတို့ရဲ့ရလဒ်ကိုသာ အတည်ပြု ချက် ရယူရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID- 19 ကူးစက်မှုလုံးဝမရှိသေးပေမယ့် ပြည်သူလူထုအနေနဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့ အပါအဝင် ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့အတွက်ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

COVID- 19 ကူးစက်ခံရသူဟာ တရုတ်နိုင်ငံမှာ ၇၀၀၀၀ နဲ့ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက အယောက် ၄၀၀ နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ ဒေသတွင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံသား ၁၈၀၀ နီးပါး သေဆုံးခဲ့ပြီး ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ တယောက်စီ သေဆုံးခဲ့ပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံတြင္း စစ္ေဆးႏိုင္ၿပီ ကို႐ိုနာဗိုင္းရပ္စ္ ျမန္မာႏိုင္ငံတြင္း စစ္ေဆးႏိုင္ၿပီ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.