ဒင္းနစ္စ္မုန္တိုင္း-ၿဗိတိန္ကေဒသေပါင္း သုံးရာေက်ာ္မွာ သတိေပးခ်က္ေတြ ထုတ္ျပန္ထားဆဲ

ကယ္ဆယ္ရွာေဖြေရးေတြေတာ့ ဆက္လက္လုပ္ေဆာင္ေနပါတယ္။
(Zawgyi)⤵⤵⤵
ေလတိုက္ႏႈန္းတစ္နာရီ ၉၁ မိုင္ခန႔္ရွိတဲ့ ဒင္းနစ္စ္ မုန္တိုင္း တိုက္လို႔ ၿဗိတိန္မွာ ႏိုင္ငံတစ္ဝန္း မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

မုန္တိုင္းေၾကာင့္ ေလေၾကာင္းနဲ႔ ရထားခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ၿပီး လမ္းမႀကီးတခ်ိဳ႕ ပိတ္ထားရပါတယ္။

ၿဗိတိန္က ေဒသေပါင္း သုံးရာေက်ာ္မွာ ေရႀကီးေရလွ်ံမႈ သတိေပးခ်က္ေတြ ထုတ္ျပန္ထားၿပီး ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက အေနာက္ေယာ့ခ္ရႈိင္း ယားေဒသမွာရွိတဲ့ျပည္သူေတြကို ကူညီဖို႔ တပ္ဖြဲ႕ဝင္ေတြကို ေစလႊတ္ခဲ့ပါတယ္။ အဲဒီေဒသဟာ ၿပီးခဲ့တဲ့သတင္းပတ္က Ciara မုန္တိုင္းဒဏ္ကို ဆိုးဆိုး႐ြား႐ြားခံထားရတဲ့ေနရာလည္း ျဖစ္ပါတယ္။

 သတိေပးခ်က္တခ်ိဳ႕
ေယာ့ခ္ၿမိဳ႕မွာဆိုရင္ Ouse ျမစ္အနီးမွာ သဲအိတ္ေပါင္း ေထာင္နဲ႔ခ်ီခ်ထားၿပီး ဒီျမစ္ရဲ႕စိုးရိမ္ေရမွတ္ဟာ ၿပီးခဲ့တဲ့ ၂၀၀၀ ျပည့္ႏွစ္က တင္ခဲ့တဲ့စံခ်ိန္ကို ေရာက္လာႏိုင္တယ္လို႔ သဘာဝပတ္ဝန္းက်င္ေအဂ်င္စီက သတိေပးထားပါတယ္။

စေကာ့တလန္က တံတားတခ်ိဳ႕မွာလည္း ယာဥ္ေၾကာပိတ္ဆို႔မႈေတြျဖစ္ခဲ့ပါတယ္။

ဟက္ဖို႔ရႈိင္းယားမွာေတာ့ ေဒသခံေတြမလိုအပ္ဘဲ ခရီးမသြားဖို႔ ၊ မိမိတို႔ရဲ႕အိမ္နီးခ်င္းေတြကို ေစာင့္ၾကည့္ေနဖို ေဒသအာဏာပိုင္ေတြက တိုက္တြန္းထားၿပီး ေျပာင္းေ႐ႊ႕ဖို႔ လိုအပ္သူေတြအတြက္ စင္တာေတြလည္း စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီ ၁၆ ရက္ မေန႔ကအထိ ေဝလျပည္နယ္မွာ အသက္အႏၲရာယ္ရွိတဲ့ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနဆဲျဖစ္ပါတယ္။

ေဝၚဆက္စတာရႈိင္းယားေဒသမွာ အမ်ိဳးသားတစ္ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီးေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ေပမယ့္ အမ်ိဳးသမီးတစ္ဦးကိုေတာ့ ဒီကေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္မနက္ပိုင္းအထိ ရွာေဖြေနဆဲျဖစ္တယ္လို႔ ေဝလျပည္နယ္ေတာင္ပိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

 ေရလႊမ္းေနတဲ့လမ္းမတခ်ိဳ႕
လူေသဆုံးမႈသတင္းတခ်ိဳ႕ ထြက္ေပၚေနေပမယ့္ ပ်က္စီးဆုံးရႈံးမႈနဲ႔ ထိခိုက္ဒဏ္ရာရမႈ၊ ေသဆုံးမႈ စာရင္းတို႔ကို ၿဗိတိန္အစိုးရက အတိအက် မထုတ္ျပန္ေသးပါဘူး။

ကယ္ဆယ္ရွာေဖြေရးေတြေတာ့ ဆက္လက္လုပ္ေဆာင္ေနပါတယ္။

ၿဗိတိန္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးသစ္ George Eustice ကေတာ့ ဒီလိုအစြန္းေရာက္ဆိုး႐ြားတဲ့ရာသီဥတုျဖစ္စဥ္ေၾကာင့္ ထိခိုက္သူတိုင္းကို အကာအကြယ္မေပးႏိုင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အစိုးရအေပၚ ေဝဖန္မႈေတြကို သူက ျငင္းပယ္ခဲ့ၿပီး ဒီလိုျပင္းထန္တဲ့ရာသီဥတုေျပာင္းလဲမႈေတြကို ဘာမွမလုပ္ႏိုင္ခဲ့ေပမဲ့ လုပ္ခဲ့ၿပီးသမွ်အေျခအေနေတြအဆင့္ေတြကေတာ့ ဒီလို ရာသီဥတုဆိုးက်ိဳး သက္ေရာက္မႈေတြ နည္းပါးလာေစခဲ့တယ္လို႔ ေရႀကီးမႈဒဏ္အဆိုး႐ြားဆုံးခံခဲ့ရတဲ့ ေယာ့ခ္ေဒသကို လာေရာက္စဥ္ ဝန္ႀကီးကေျပာၾကားသြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဒင်းနစ်စ်မုန်တိုင်း-ဗြိတိန်ကဒေသပေါင်း သုံးရာကျော်မှာ သတိပေးချက်တွေ ထုတ်ပြန်ထားဆဲ

ဓာတ်ပုံ မူပိုင် PA Media
Image caption ကယ်ဆယ်ရှာဖွေရေးတွေတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

လေတိုက်နှုန်းတစ်နာရီ ၉၁ မိုင်ခန့်ရှိတဲ့ ဒင်းနစ်စ် မုန်တိုင်း တိုက်လို့ ဗြိတိန်မှာ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် လေကြောင်းနဲ့ ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပြီး လမ်းမကြီးတချို့ ပိတ်ထားရပါတယ်။

ဗြိတိန်က ဒေသပေါင်း သုံးရာကျော်မှာ ရေကြီးရေလျှံမှု သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အနောက်ယော့ခ်ရှိုင်း ယားဒေသမှာရှိတဲ့ပြည်သူတွေကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီဒေသဟာ ပြီးခဲ့တဲ့သတင်းပတ်က Ciara မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံထားရတဲ့နေရာလည်း ဖြစ်ပါတယ်။
Image caption သတိပေးချက်တချို့

ယော့ခ်မြို့မှာဆိုရင် Ouse မြစ်အနီးမှာ သဲအိတ်ပေါင်း ထောင်နဲ့ချီချထားပြီး ဒီမြစ်ရဲ့စိုးရိမ်ရေမှတ်ဟာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က တင်ခဲ့တဲ့စံချိန်ကို ရောက်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အေဂျင်စီက သတိပေးထားပါတယ်။

စကော့တလန်က တံတားတချို့မှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။

ဟက်ဖို့ရှိုင်းယားမှာတော့ ဒေသခံတွေမလိုအပ်ဘဲ ခရီးမသွားဖို့ ၊ မိမိတို့ရဲ့အိမ်နီးချင်းတွေကို စောင့်ကြည့်နေဖို ဒေသအာဏာပိုင်တွေက တိုက်တွန်းထားပြီး ပြောင်းရွှေ့ဖို့ လိုအပ်သူတွေအတွက် စင်တာတွေလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနေ့ကအထိ ဝေလပြည်နယ်မှာ အသက်အန္တရာယ်ရှိတဲ့ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ဝေါ်ဆက်စတာရှိုင်းယားဒေသမှာ အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် အမျိုးသမီးတစ်ဦးကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းအထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဝေလပြည်နယ်တောင်ပိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ရေလွှမ်းနေတဲ့လမ်းမတချို့

လူသေဆုံးမှုသတင်းတချို့ ထွက်ပေါ်နေပေမယ့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စာရင်းတို့ကို ဗြိတိန်အစိုးရက အတိအကျ မထုတ်ပြန်သေးပါဘူး။

ကယ်ဆယ်ရှာဖွေရေးတွေတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဗြိတိန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသစ် George Eustice ကတော့ ဒီလိုအစွန်းရောက်ဆိုးရွားတဲ့ရာသီဥတုဖြစ်စဉ်ကြောင့် ထိခိုက်သူတိုင်းကို အကာအကွယ်မပေးနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှုတွေကို သူက ငြင်းပယ်ခဲ့ပြီး ဒီလိုပြင်းထန်တဲ့ရာသီဥတုပြောင်းလဲမှုတွေကို ဘာမှမလုပ်နိုင်ခဲ့ပေမဲ့ လုပ်ခဲ့ပြီးသမျှအခြေအနေတွေအဆင့်တွေကတော့ ဒီလို ရာသီဥတုဆိုးကျိုး သက်ရောက်မှုတွေ နည်းပါးလာစေခဲ့တယ်လို့ ရေကြီးမှုဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ ယော့ခ်ဒေသကို လာရောက်စဉ် ဝန်ကြီးကပြောကြားသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဒင္းနစ္စ္မုန္တိုင္း-ၿဗိတိန္ကေဒသေပါင္း သုံးရာေက်ာ္မွာ သတိေပးခ်က္ေတြ ထုတ္ျပန္ထားဆဲ ဒင္းနစ္စ္မုန္တိုင္း-ၿဗိတိန္ကေဒသေပါင္း သုံးရာေက်ာ္မွာ သတိေပးခ်က္ေတြ ထုတ္ျပန္ထားဆဲ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.