ထိုင္းကျပန္ပို႔သူေတြကို ေကာ့ေသာင္းအဝင္ က်န္းမာေရးစစ္

ထိုင္းအာဏာပုိင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး ျပန္လႊြတ္ခဲ့သည့္ ျမန္မာအလုပ္သမားမ်ား။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၀၊ ဓာတ္ပုံ - FED)

(Zawgyi / Unicode)

ထုိင္း-ျမန္မာနယ္စပ္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္ကေန ျမန္မာႏိုင္ငံသား ၆၀ နီးပါးကုိ ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔က ထိုင္းအာဏာပုိင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး ျမန္မာဘက္ကို ျပန္လဲႊေျပာင္းေပးခ့ဲပါတယ္။ ေနရပ္ျပန္လာတဲ့ တရားမ၀င္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြကုိေတာ့ ျမန္မာႏုိင္ငံဘက္မွာ (COVID 19) ကို႐ုိနာဗိုင္းရပ္စ္ မျပန္႔ပြားေအာင္ ကာကြယ္ေရးအတြက္ အပူခ်ိန္ တုိင္းတာေတြ က်န္းမာေရး စစ္ေဆးေပးတာေတြကုိ ေကာ့ေသာင္းၿမိဳ႕ က်န္းမာေရးဦးစီးဌာနက တာ၀န္ရွိသူေတြက လုပ္ေပးေနတယ္လုိ႔ ဆိုပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

Coronavirus ကုိ Covid-19 လုိ႔ WHO တရား၀င္ အမည္ေျပာင္းလဲသတ္မွတ္ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

အခုလို ျပန္လည္လႊဲေျပာင္းေပးခဲ့သူေတြထဲက အမ်ားစုဟာ ထိုင္းႏုိင္ငံထဲ တရားမဝင္ လာေရာက္သူေတြျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ထိုင္းႏိုင္ငံမွာ အျပစ္ဒဏ္ က်ခံရသူေတြ ျဖစ္ပါတယ္။ ဒီထဲမွာ အလုပ္လုပ္ခြင့္သက္တမ္း ျပန္မတိုးႏိုင္တာေၾကာင့္ ေနရပ္ျပန္သူေတြလည္း ပါ၀င္တာပါ။ သူတို႔ဟာ အဖမ္းမခံရေအာင္ လူပဲြစားေတြကို ေငြေပးၿပီး ျပန္ခဲ့ၾကေပမယ့္ လမ္းမွာ အဖမ္းခံရၿပီး ေထာင္တလနီးပါး က်ခဲ့ရတယ္လို႔လည္း ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္း ေရႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ ေကာင့္ေသာင္းၿမိဳ႕တာ၀န္ခံ ဦးမိုးေ၀က အခုလိုေျပာျပပါတယ္။

“ေယာက္်ားေလးက ၄၉ ေယာက္၊ မိန္းကေလးက ၁၀ ေယာက္၊ အားလံုး ၅၉ ေယာက္ပါ။ ဒီထဲမွာ အေထာက္အထား မျပည့္စံုတဲ့သူေတြလည္း ပါတယ္။ တခ်ိဳ႕ကေတာ့ တႏုိင္ငံလံုးက ေဒသအသီးသီးက ပို႔လာတဲ့ အဖမ္းခံရတာတဲ့ သူေတြလည္း ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ပါလာသူေတြလည္း ရွိတယ္။ ဒီထဲက မြန္ျပည္နယ္က ၇ ေယာက္က ထုိင္းမွာေနတုန္းက စာရြက္စာတမ္းေတြ အျပည့္အစံုရွိတယ္။ ေနာက္ပိုင္း သက္တမ္းမဆက္ျဖစ္ေတာ့ဘူး။ အဲဒါ ပဲြစားကားနဲ႔ တေယာက္ကို ဘတ္ေငြ ၆၅၀၀ ေလာက္ေပးၿပီး လာခဲ့ၾကတာ။ လမ္းတ၀က္မွာ အဲဒီမွာ အဖမ္းခံရေတာ့ သူက ပုိက္ဆံလည္းဆံုးတယ္၊ ေထာင္လည္းက်တယ္။ ေထာင္ ၂၈ ရက္ က်သြားတယ္။ အဲဒီလူေတြလည္း ပါလာတယ္။”

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
ထုိင္းႏုိင္ငံဘက္က ျပန္လည္ပုိ႔ေဆာင္လာတဲ့ တရားမ၀င္ အလုပ္သမားေတြကိုေတာ့ နယ္စပ္မွာ အလုပ္သမားေရး လုပ္ေနတဲ့ အဖဲြ႔ေတြ ျပန္လည္ထူေထာင္ေရး လုပ္ေနတဲ့ ဌာနဆိုင္ရာေတြက အကူအညီ ေတာင္းတာေၾကာင့္ ကုိ႐ုိနာဗိုင္းရပ္စ္ သံသယရွိသူေတြ ပါလာမွာကို စိုးရိမ္တဲ့အတြက္ ေကာ့ေသာင္းၿမိဳ႕ က်န္းမာေရးဌာန တာ၀န္ရွိသူေတြက စစ္ေဆးေပးတယ္လုိ႔ ဆိုပါတယ္။

“ေကာ့ေသာင္းမွာရွိတဲ့ က်န္းမာေရးဌာန က်န္းမာေရးဦးစီးဌာနက ေဆး႐ုံညႊန္ၾကားခ်က္နဲ႔ သူတို႔ Team ေလးေတြဖဲြ႔ၿပီး တေခါက္ကုိ ၂ ဦး ၃ ဦး လာတယ္။ အပူခ်ိန္လာတုိင္းတယ္။ အဲဒီမွာ ျပန္လာတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ က်န္းမာေရးမေကာင္းရင္ေတာ့ လိုအပ္သလုိ စီစဥ္ေပးတယ္။ အခုေလာေလာဆယ္မွာ ေဆး႐ုံတက္တာေတာ့ တေယာက္မွ မရွိေသးဘူးခင္ဗ်။”

ထိုင္းႏုိင္ငံထဲမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္မနည္း ရွိေနၿပီး ေန႔စဥ္လည္း ထိုင္းႏုိင္ငံထဲကုိ ၀င္လာေနဆဲျဖစ္ပါတယ္။ အခုဆိုရင္ ထိုင္းႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၃ ဦးရွိၿပီျဖစ္ေၾကာင္း တရား၀င္ထုတ္ျပန္ထားတာေၾကာင့္ ထိုင္းႏုိင္ငံဘက္က ျပန္လာသူေတြကိုလည္း ထိုင္း-ျမန္မာနယ္စပ္ ျမန္မာဘက္က ဂိတ္ေတြမွာ စစ္ေဆးေစာင့္ၾကည့္မႈေတြ ပုိလုပ္လာပါတယ္။

---------------------------------------

(Unicode)

ထိုင်းကပြန်ပို့သူတွေကို ကော့သောင်းအဝင် ကျန်းမာရေးစစ်

ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံသား ၆၀ နီးပါးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မြန်မာဘက်ကို ပြန်လွဲှပြောင်းပေးခဲ့ပါတယ်။ နေရပ်ပြန်လာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ မြန်မာနိုင်ငံဘက်မှာ (COVID 19) ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ကာကွယ်ရေးအတွက် အပူချိန် တိုင်းတာတွေ ကျန်းမာရေး စစ်ဆေးပေးတာတွေကို ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေက လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

    Coronavirus ကို Covid-19 လို့ WHO တရားဝင် အမည်ပြောင်းလဲသတ်မှတ် သတင်း ဖတ်ရှုနိုင်ပါတယ်။

အခုလို ပြန်လည်လွှဲပြောင်းပေးခဲ့သူတွေထဲက အများစုဟာ ထိုင်းနိုင်ငံထဲ တရားမဝင် လာရောက်သူတွေဖြစ်ပြီး တချို့ကတော့ ထိုင်းနိုင်ငံမှာ အပြစ်ဒဏ် ကျခံရသူတွေ ဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်လုပ်ခွင့်သက်တမ်း ပြန်မတိုးနိုင်တာကြောင့် နေရပ်ပြန်သူတွေလည်း ပါဝင်တာပါ။ သူတို့ဟာ အဖမ်းမခံရအောင် လူပွဲစားတွေကို ငွေပေးပြီး ပြန်ခဲ့ကြပေမယ့် လမ်းမှာ အဖမ်းခံရပြီး ထောင်တလနီးပါး ကျခဲ့ရတယ်လို့လည်း ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ ကောင့်သောင်းမြို့တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပြပါတယ်။

“ယောက်ျားလေးက ၄၉ ယောက်၊ မိန်းကလေးက ၁၀ ယောက်၊ အားလုံး ၅၉ ယောက်ပါ။ ဒီထဲမှာ အထောက်အထား မပြည့်စုံတဲ့သူတွေလည်း ပါတယ်။ တချို့ကတော့ တနိုင်ငံလုံးက ဒေသအသီးသီးက ပို့လာတဲ့ အဖမ်းခံရတာတဲ့ သူတွေလည်း ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပါလာသူတွေလည်း ရှိတယ်။ ဒီထဲက မွန်ပြည်နယ်က ၇ ယောက်က ထိုင်းမှာနေတုန်းက စာရွက်စာတမ်းတွေ အပြည့်အစုံရှိတယ်။ နောက်ပိုင်း သက်တမ်းမဆက်ဖြစ်တော့ဘူး။ အဲဒါ ပွဲစားကားနဲ့ တယောက်ကို ဘတ်ငွေ ၆၅၀၀ လောက်ပေးပြီး လာခဲ့ကြတာ။ လမ်းတဝက်မှာ အဲဒီမှာ အဖမ်းခံရတော့ သူက ပိုက်ဆံလည်းဆုံးတယ်၊ ထောင်လည်းကျတယ်။ ထောင် ၂၈ ရက် ကျသွားတယ်။ အဲဒီလူတွေလည်း ပါလာတယ်။”

ထိုင်းနိုင်ငံဘက်က ပြန်လည်ပို့ဆောင်လာတဲ့ တရားမဝင် အလုပ်သမားတွေကိုတော့ နယ်စပ်မှာ အလုပ်သမားရေး လုပ်နေတဲ့ အဖွဲ့တွေ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ ဌာနဆိုင်ရာတွေက အကူအညီ တောင်းတာကြောင့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေ ပါလာမှာကို စိုးရိမ်တဲ့အတွက် ကော့သောင်းမြို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက စစ်ဆေးပေးတယ်လို့ ဆိုပါတယ်။

“ကော့သောင်းမှာရှိတဲ့ ကျန်းမာရေးဌာန ကျန်းမာရေးဦးစီးဌာနက ဆေးရုံညွှန်ကြားချက်နဲ့ သူတို့ Team လေးတွေဖွဲ့ပြီး တခေါက်ကို ၂ ဦး ၃ ဦး လာတယ်။ အပူချိန်လာတိုင်းတယ်။ အဲဒီမှာ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးမကောင်းရင်တော့ လိုအပ်သလို စီစဉ်ပေးတယ်။ အခုလောလောဆယ်မှာ ဆေးရုံတက်တာတော့ တယောက်မှ မရှိသေးဘူးခင်ဗျ။”

ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း ရှိနေပြီး နေ့စဉ်လည်း ထိုင်းနိုင်ငံထဲကို ဝင်လာနေဆဲဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၃ ဦးရှိပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားတာကြောင့် ထိုင်းနိုင်ငံဘက်က ပြန်လာသူတွေကိုလည်း ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်က ဂိတ်တွေမှာ စစ်ဆေးစောင့်ကြည့်မှုတွေ ပိုလုပ်လာပါတယ်။

မေအးေအးမာ/ VOA (Burmese)
https://burmese.voanews.com
ထိုင္းကျပန္ပို႔သူေတြကို ေကာ့ေသာင္းအဝင္ က်န္းမာေရးစစ္ ထိုင္းကျပန္ပို႔သူေတြကို ေကာ့ေသာင္းအဝင္ က်န္းမာေရးစစ္ Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.