ရခိုင္စစ္္ပဋိပကၡ ေျဖရွင္းဖို႔ အစိုးရ၊ လႊတ္ေတာ္ ပ်က္ကြက္

ရခုိင္ျပည္နယ္တြင္း လုံၿခဳံေရးယူေနသည့္ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

စစ္ေရးပဋိပကၡ အေတာ္ေလးကို ျပင္းထန္ေနတဲ့ ရခုိင္ျပည္နယ္ထဲ ကေလးငယ္ေလးေတြ အပါအဝင္ အရပ္သားေတြ ထိခိုက္ေသဆံုး ဒဏ္ရာအျပင္းအထန္ ရေနတဲ့ အေျခအေနအေပၚ ႏုိင္ငံတကာက စိုးရိမ္ေနေပမယ့္လို႔ အစိုးရနဲ႔ လႊတ္ေတာ္အေနနဲ႔ ႏိုင္ငံသားေတြအေပၚ ထိေရာက္စြာ ကာကြယ္ႏုိင္မႈ အရမ္းကို အားနည္းေနတယ္လို႔ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ေခါင္းေဆာင္ေတြက ေထာက္ျပ ေဝဖန္လိုက္ၾကပါတယ္။ ႏိုင္ငံ့အႀကီးအကဲေတြဘက္ကလည္း အခုလို ရခိုင္အပါအဝင္ တုိင္းရင္းေဒသေတြက တုိက္ပြဲေတြၾကား ျပည္သူေတြ အသက္အႏၱရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနအေပၚ လ်စ္လ်ဴ႐ႈထားတဲ့ အေနအထား ျဖစ္ေနတယ္လို႔လည္း ေဝဖန္ေနၾကတာပါ။ အျပည့္အစုံကုိ မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ ရခိုင္တုိင္းရင္းသား လက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားလာခဲ့တာ တႏွစ္ေက်ာ္ၾကာလာၿပီ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ျပင္းထန္တဲ့ တုိက္ပြဲေတြေၾကာင့္ အသက္ေဘးလု ေျပးခဲ့ရတဲ့ စစ္ေဘးစစ္ေရွာင္ ဒုကၡသည္ကလည္း တသိန္းေက်ာ္အထိ ရွိလာေနၿပီး စစ္ေဘးပဋိပကၡအတြင္း မသကၤာမႈေတြနဲ႔ အျပန္အလွန္ ဖမ္းဆီးေနတာေတြ၊ တရားစြဲဆို ေထာင္ခ်ေနတာေတြ ရွိသလို ဒီတိုက္ပြဲေတြအတြင္းမွာ အျပစ္မဲ့ျပည္သူေတြ လသားအရြယ္ ကေလးငယ္ေလးကအစ ကိုယ္ဝန္ေဆာင္မိခင္ေတြအထိ လက္နက္ထိမွန္လို႔ ေသဆံုးခဲ့ရတဲ့အထိလည္း ဆိုးဆိုးရြားရြား လံုၿခံဳမႈမဲ့ေနတဲ့ အေနအထား ျဖစ္ေနပါတယ္။

ဒီရက္ပိုင္းအတြင္းမွာကို စာသင္ေက်ာင္းေပၚအထိ လက္နက္ႀကီးက်ည္က်လို႔ မူလတန္းေက်ာင္းသား ကေလးငယ္ အမ်ားအျပား ဒဏ္ရာရခဲ့တဲ့အေပၚ အလြန္အမင္း စိုးရိမ္ရပါေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႔ (UNICEF) က သတင္းထုတ္ျပန္သလို လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးေတြအေပၚ အၾကမ္းဖက္တဲ့ လုပ္ရပ္မွန္သမွ်ကုိ ႐ႈတ္ခ်ေၾကာင္းနဲ႔ ကေလးငယ္ေတြကုိ ကာကြယ္ ေစာင့္ေရွာက္ဖုိ႔ဟာ က်င့္၀တ္အရသာမက ဥပေဒအရပါ လုိက္နာရမယ့္ တာ၀န္တရပ္ ျဖစ္တယ္လို႔ ကေလးငယ္မ်ား ေစာင့္ေရွာက္ေရး Save the Children အဖဲြ႔ကလည္း တုိက္တြန္းခဲ့ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္သံ႐ံုးဘက္ကလည္း စိုးရိမ္မကင္း ျဖစ္ရတဲ့အေၾကာင္း ေၾကညာခ်က္ေတြ ခ်က္ခ်င္းဆိုသလို ထုတ္ျပန္ခဲ့ပါတယ္။

အခုလို အရပ္သားေတြ ထိခိုက္ေသဆံုးမႈ မ်ားေနၿပီး ျပည္သူေတြအတြက္ အသက္အႏၱရာယ္ လုံၿခံဳေရး အလြန္အမင္း စိုးရိမ္ေနရတဲ့ အေနအထားအေပၚ လႊတ္ေတာ္အေနနဲ႔ ျပည္သူေတြအေပၚ အကာကြယ္ေပးႏုိင္မႈ တာဝန္ပ်က္ကြက္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္က ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက အခုလိုေျပာပါတယ္။

“ရခုိင္ျပည္နယ္မွာ ျဖစ္ေနၾကတဲ့ ျပႆနာေတြ အစကတည္းက ႀကီးႀကီးမားမား ျဖစ္လာတဲ့အေပၚမွာ လႊတ္ေတာ္အေနနဲ႔ မ႑ိဳင္တရပ္အေနနဲ႔ အစုိးရကို တုိက္တြန္းတယ္၊ ကာကြယ္ေပးဖို႔၊ မကာကြယ္ေပးႏုိင္လို႔ ထိမွန္သြားရင္လည္း ဒီအေပၚမွာ အေကာင္းဆုံး ျပည္သူေတြကို ေဆာင္ရြက္ေပးဖုိ႔ က်မတုိ႔ ဘယ္ေလာက္ ႀကိဳးပမ္းႀကိဳးပမ္း လႊတ္ေတာ္မ်ားက ဒါေတြကို လ်စ္လ်ဴ႐ႈပါတယ္။ လႊတ္ေတာ္မ်ားသည္ ျမန္မာႏုိင္ငံရဲ႕ ကေလးသူငယ္မ်ားကို လုံးဝ ဂ႐ုမစိုက္တဲ့ပုံစံ ျဖစ္ေနတယ္။ လႊတ္ေတာ္မ်ားကေနၿပီးေတာ့ ကေလးသူငယ္ အခြင့္အေရး ကာကြယ္ရမယ့္ အစုိးရရဲ႕ တာဝန္ ဝတၱရားကို ထိန္းေက်ာင္းဖို႔ လႊတ္ေတာ္က ေဆြးေႏြးဖုိ႔အထိ ထည့္တြက္ေနတယ္။ ဒါေၾကာင့္ က်မတုိ႔ ရခုိင္လႊတ္ေတာ္ကုိယ္စားလွယ္မ်ားသည္ ရခုိင္နဲ႔ ပတ္သက္လို႔ ရခုိင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ ပဋိပကၡနဲ႔ ပတ္သက္လုိ႔ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရး အေရးႀကီးအဆုိပဲျဖစ္ျဖစ္ ႐ုိး႐ိုးအဆုိပဲျဖစ္ျဖစ္ ဘာပုဒ္မေတာင္ အတိအက် မေျပာဘဲနဲ႔ အမ်ဳိးသားလႊတ္ေတာ္ဆုိင္ရာ ဥပေဒ နည္းဥပေဒနဲ႔ မကုိက္ညီပါဘူးဆုိၿပီး ပယ္ခ်ပါတယ္။

“ဖက္ဒရယ္ကို သြားေနတဲ့ ျမန္မာႏုိင္ငံ အေနနဲ႔ လူနည္းစုမ်ားရဲ႕ အခြင့္အေရး၊ တုိင္းရင္းသားမ်ားရဲ႕ အခြင့္အေရးကို လုံးဝ ကာကြယ္မေပးတဲ့အျပင္ ဒီလိုမ်ဳိး အသက္အႏၱရာယ္နဲ႔ ကေလးသူငယ္ေတြ ေန႔တုိင္း ရင္ဆုိင္ေနရတဲ့ဟာကိုလည္း လႊတ္ေတာ္က တခြန္းတပါဒမွ ဝင္ေရာက္ေဆြးေႏြးျခင္း၊ အစုိးရကုိ တုိက္တြန္းျခင္း၊ ဒီအဆုိေတြကို လုံးဝ ျငင္းပယ္ျခင္းေတြ ေဆာင္ရြက္ေနတဲ့အတြက္ က်မတုိ႔က လႊတ္ေတာ္ရဲ႕ အခန္းက႑ကို အင္မတန္မွ စိတ္ပ်က္မိတယ္၊ စိတ္မေကာင္းျဖစ္မိတယ္၊ က်မတုိ႔ ျပည္သူ႔ကုိယ္စားလွယ္မ်ားသည္ လႊတ္ေတာ္အသံသည္ ျပည္သူ႔အသံ လုံးဝ ထင္ဟပ္ႏုိင္တဲ့ အေျခအေန မရွိတဲ့အေပၚမွာ က်မ အင္မတန္စိတ္ပ်က္တယ္။”

အခုလို စစ္ေရးပဋိပကၡေတြအတြင္း ကေလးငယ္ေတြ အပါအဝင္ အရပ္သား ထိခိုက္ေသဆံုးမႈ မ်ားလာတဲ့ အေနအထားကေတာ့ အစိုးရမွာ တာဝန္အရွိဆံုးျဖစ္သလို အရပ္သားေတြကို မထိခိုက္ရေအာင္ ႏွစ္ဖက္ လက္နက္ကိုင္တပ္ဘက္က စစ္ဘက္ဆုိင္ရာ က်င့္ဝတ္ေတြကို လိုက္နာဖို႔ လိုတယ္လို႔လည္း ရခုိင္အမ်ိဳးသားေကာင္စီ (ANC) ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္က သံုးသပ္ပါတယ္။

“အခု အရပ္သားေတြ ေသဆုံးမႈကေတာ့ တေန႔ထက္တေန႔ ပုိမ်ားလာတာေပါ့။ ဒဏ္ရာရမႈေတြ ေသဆုံးမႈေတြက ရာဂဏန္းရွိေနၿပီ။ လူက တရာေက်ာ္ ေသၿပီေပါ့ဗ်ာ။ ႏွစ္ရာေက်ာ္ ဒဏ္ရာရတယ္။ ဒါ အျပစ္မဲ့တဲ့ အရပ္သား ျပည္သူသက္သက္ပဲျဖစ္တယ္။ ဒုကၡသည္ဆိုရင္လည္း တသိန္းေက်ာ္ေနၿပီ တႏွစ္အတြင္းမွာ။ အခု ေလာေလာလတ္လတ္ ျဖစ္သြားတာကေတာ့ ျမန္မာႏုိင္ငံရဲ႕ ဗုိလ္ခ်ဳပ္ေမြးေန႔၊ တျမန္ေန႔က ဒါကုိက ဘယ္လိုမွ မျဖစ္သင့္တဲ့ကိစၥေပါ့။ ကေလးေတြ လက္နက္ႀကီးက်ည္ ထိၿပီးေတာ့ စာသင္ေက်ာင္းထဲမွာ က်ေရာက္ၿပီး ျဖစ္တာေပါ့။ ကေလးအေရအတြက္ ၂၁ ဦးလုိ႔ က်ေနာ္တုိ႔ သိရတယ္။ ဒီလိုမ်ဳိး အနိ႒ာ႐ုံေတြ အေပၚမွာ က်ေနာ္တုိ႔ ျမင္တာကေတာ့ ႏွစ္ဖက္စလုံးကေတာ့ တာဝန္ရွိတာေပါ့။ အထူးသျဖင့္ အစုိးရမွာ တာဝန္ရွိတယ္လို႔ က်ေနာ္တုိ႔ျမင္တယ္။ စစ္ပြဲျဖစ္ၿပီဆုိရင္ အရပ္သား ျပည္သူလူထု မထိခုိက္ဖို႔အတြက္ စစ္ရဲ႕ သေဘာတရားမွာ ေရွာင္ရမယ့္ စစ္ဘက္ဆုိင္ရာ က်င့္ဝတ္ေတြလည္း ျဖစ္တယ္။ ဒီ စစ္ဘက္ဆုိင္ရာ က်င့္ဝတ္ေတြကုိ လုိက္နာဖို႔ အထူးသျဖင့္ အစုိးရတပ္မေတာ္ဘက္မွာ တာဝန္ရွိတယ္လို႔ က်ေနာ္တုိ႔ ျမင္တယ္။”

ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မယ္ဆိုတဲ့ NLD အရပ္သားအစိုးရလက္ထက္ အခုလို ရခုိင္ျပည္နယ္ အပါအဝင္ တုိင္းရင္းေဒသေတြက တိုက္ပြဲေတြၾကား အရပ္သား ထိခိုက္ေသဆံုး ဒဏ္ရာရေနတဲ့ အေျခအေနေပၚ ႏုိင္ငံ့အႀကီးအကဲေတြရဲ႕ ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ရခိုင္တိုင္းရင္းသား လက္္နက္ကိုင္ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးထြန္းေဇာ္က အခုလိုျမင္ပါတယ္။

“ႏုိင္ငံေတာ္သမၼတ႐ုံးဘက္မွာ ေတြ႔တဲ့ အစည္းအေဝးမွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္က AA ကို အျမစ္ျပဳတ္ေခ်မႈန္းေရး လုပ္ဖို႔အတြက္ သေဘာထား အဲဒီကတည္းက ေပးၿပီးျဖစ္တယ္ဆုိတာ ထင္ဟပ္တယ္။ ေနာက္တခုက သမၼတကလည္း လုိအပ္ရင္ ေသာင္းက်န္းသူႏွိမ္နင္းေရး စစ္မဟာဗ်ဴဟာရဲ႕ ေအာက္မွာ လုိအပ္တဲ့ စစ္အင္အားေတြ အသုံးျပဳဖို႔အတြက္ ခြင့္ျပဳၿပီးျဖစ္တယ္ ဆုိတဲ့အခါၾကေတာ့ အစုိးရရဲ႕ အႀကီးအကဲျဖစ္တဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံေရာ သမၼတေရာ ဘာမွထြက္မေျပာတာက က်ေနာ္ျမင္တာကေတာ့ မဆန္းဘူးလုိ႔ ျမင္ပါတယ္။”

NLD အစိုးရအေနနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုတဲ့ လမ္းေၾကာင္းကိုပဲ ဦးတည္ေနၿပီး ႏုိင္ငံသားတို႔အေပၚ အကာအကြယ္ေပးႏုိင္ေရး ေရြးေကာက္ပြဲ ကတိကဝတ္ေတြကို ပ်က္ကြက္ခဲ့တယ္လို႔လည္း ေထာက္ျပၾကတာပါ။ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက သူ႔အျမင္ကုိ အခုလိုေျပာပါတယ္။

“ျမန္မာႏုိင္ငံ အခုလက္ရွိ အေျခအေနမွာ သမၼတ အပါအဝင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္မ်ားသည္ တုိင္းရင္းသားေတြကုိ လုံးဝ အေလးမထားပါဘူး။ အမ်ဳိးသားရင္ၾကားေစ့ေရးမွာ လက္ရွိ အႏုိင္ရပါတီက တပ္မေတာ္နဲ႔လည္း အမ်ဳိးသားရင္ၾကားေစ့ေရး ေဆာင္ရြက္ရမွာ ျဖစ္သလုိ လက္နက္ကုိင္ ေခါင္းေဆာင္မ်ားနဲ႔လည္း အမ်ဳိးသားရင္ၾကားေစ့ေရးကို ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။”

ရခုိင္ျပည္နယ္တြင္းက စစ္ျဖစ္ေနတဲ့ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္က စခန္း ၉၀ ေက်ာ္မွာ ခိုလံႈေနသူေတြနဲ႔ စခန္းျပင္ပမွာပါ တိမ္းေရွာင္ေနသူေပါင္း ေျခာက္ေသာင္းကိုးေထာင္ေက်ာ္ အပါအဝင္ ဒုကၡသည္ တသိန္းေျခာက္ေထာင္ေက်ာ္အထိ ရွိလာေနၿပီး တသိန္းေက်ာ္လာေနတဲ့ စစ္ေျပးဒုကၡသည္ေတြ ေနထုိင္ေရး အသက္အႏၱရာယ္လံုၿခံဳေရး စိုးရိမ္ရတဲ့ အေနအထား ျဖစ္ေနတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုးကလည္း သတင္းထုတ္ျပန္ထားပါတယ္။

----------------------------------

(Unicode)

ရခိုင်စစ်ပဋိပက္ခ ဖြေရှင်းဖို့ အစိုးရ၊ လွှတ်တော် ပျက်ကွက်

စစ်ရေးပဋိပက္ခ အတော်လေးကို ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ ကလေးငယ်လေးတွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာအပြင်းအထန် ရနေတဲ့ အခြေအနေအပေါ် နိုင်ငံတကာက စိုးရိမ်နေပေမယ့်လို့ အစိုးရနဲ့ လွှတ်တော်အနေနဲ့ နိုင်ငံသားတွေအပေါ် ထိရောက်စွာ ကာကွယ်နိုင်မှု အရမ်းကို အားနည်းနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ခေါင်းဆောင်တွေက ထောက်ပြ ဝေဖန်လိုက်ကြပါတယ်။ နိုင်ငံ့အကြီးအကဲတွေဘက်ကလည်း အခုလို ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေကြား ပြည်သူတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေအပေါ် လျစ်လျူရှုထားတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ဝေဖန်နေကြတာပါ။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့တာ တနှစ်ကျော်ကြာလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အသက်ဘေးလု ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင် ဒုက္ခသည်ကလည်း တသိန်းကျော်အထိ ရှိလာနေပြီး စစ်ဘေးပဋိပက္ခအတွင်း မသင်္ကာမှုတွေနဲ့ အပြန်အလှန် ဖမ်းဆီးနေတာတွေ၊ တရားစွဲဆို ထောင်ချနေတာတွေ ရှိသလို ဒီတိုက်ပွဲတွေအတွင်းမှာ အပြစ်မဲ့ပြည်သူတွေ လသားအရွယ် ကလေးငယ်လေးကအစ ကိုယ်ဝန်ဆောင်မိခင်တွေအထိ လက်နက်ထိမှန်လို့ သေဆုံးခဲ့ရတဲ့အထိလည်း ဆိုးဆိုးရွားရွား လုံခြုံမှုမဲ့နေတဲ့ အနေအထား ဖြစ်နေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာကို စာသင်ကျောင်းပေါ်အထိ လက်နက်ကြီးကျည်ကျလို့ မူလတန်းကျောင်းသား ကလေးငယ် အများအပြား ဒဏ်ရာရခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်ရပါကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်သလို လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်းနဲ့ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရသာမက ဥပဒေအရပါ လိုက်နာရမယ့် တာဝန်တရပ် ဖြစ်တယ်လို့ ကလေးငယ်များ စောင့်ရှောက်ရေး Save the Children အဖွဲ့ကလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်သံရုံးဘက်ကလည်း စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကြေညာချက်တွေ ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အရပ်သားတွေ ထိခိုက်သေဆုံးမှု များနေပြီး ပြည်သူတွေအတွက် အသက်အန္တရာယ် လုံခြုံရေး အလွန်အမင်း စိုးရိမ်နေရတဲ့ အနေအထားအပေါ် လွှတ်တော်အနေနဲ့ ပြည်သူတွေအပေါ် အကာကွယ်ပေးနိုင်မှု တာဝန်ပျက်ကွက်တယ်လို့ အမျိုးသားလွှတ်တော်က ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာတွေ အစကတည်းက ကြီးကြီးမားမား ဖြစ်လာတဲ့အပေါ်မှာ လွှတ်တော်အနေနဲ့ မဏ္ဍိုင်တရပ်အနေနဲ့ အစိုးရကို တိုက်တွန်းတယ်၊ ကာကွယ်ပေးဖို့၊ မကာကွယ်ပေးနိုင်လို့ ထိမှန်သွားရင်လည်း ဒီအပေါ်မှာ အကောင်းဆုံး ပြည်သူတွေကို ဆောင်ရွက်ပေးဖို့ ကျမတို့ ဘယ်လောက် ကြိုးပမ်းကြိုးပမ်း လွှတ်တော်များက ဒါတွေကို လျစ်လျူရှုပါတယ်။ လွှတ်တော်များသည် မြန်မာနိုင်ငံရဲ့ ကလေးသူငယ်များကို လုံးဝ ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေတယ်။ လွှတ်တော်များကနေပြီးတော့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရမယ့် အစိုးရရဲ့ တာဝန် ဝတ္တရားကို ထိန်းကျောင်းဖို့ လွှတ်တော်က ဆွေးနွေးဖို့အထိ ထည့်တွက်နေတယ်။ ဒါကြောင့် ကျမတို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များသည် ရခိုင်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရေးကြီးအဆိုပဲဖြစ်ဖြစ် ရိုးရိုးအဆိုပဲဖြစ်ဖြစ် ဘာပုဒ်မတောင် အတိအကျ မပြောဘဲနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့ မကိုက်ညီပါဘူးဆိုပြီး ပယ်ချပါတယ်။

“ဖက်ဒရယ်ကို သွားနေတဲ့ မြန်မာနိုင်ငံ အနေနဲ့ လူနည်းစုများရဲ့ အခွင့်အရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို လုံးဝ ကာကွယ်မပေးတဲ့အပြင် ဒီလိုမျိုး အသက်အန္တရာယ်နဲ့ ကလေးသူငယ်တွေ နေ့တိုင်း ရင်ဆိုင်နေရတဲ့ဟာကိုလည်း လွှတ်တော်က တခွန်းတပါဒမှ ဝင်ရောက်ဆွေးနွေးခြင်း၊ အစိုးရကို တိုက်တွန်းခြင်း၊ ဒီအဆိုတွေကို လုံးဝ ငြင်းပယ်ခြင်းတွေ ဆောင်ရွက်နေတဲ့အတွက် ကျမတို့က လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အင်မတန်မှ စိတ်ပျက်မိတယ်၊ စိတ်မကောင်းဖြစ်မိတယ်၊ ကျမတို့ ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော်အသံသည် ပြည်သူ့အသံ လုံးဝ ထင်ဟပ်နိုင်တဲ့ အခြေအနေ မရှိတဲ့အပေါ်မှာ ကျမ အင်မတန်စိတ်ပျက်တယ်။”

အခုလို စစ်ရေးပဋိပက္ခတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့ အနေအထားကတော့ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်သလို အရပ်သားတွေကို မထိခိုက်ရအောင် နှစ်ဖက် လက်နက်ကိုင်တပ်ဘက်က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတယ်လို့လည်း ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က သုံးသပ်ပါတယ်။

“အခု အရပ်သားတွေ သေဆုံးမှုကတော့ တနေ့ထက်တနေ့ ပိုများလာတာပေါ့။ ဒဏ်ရာရမှုတွေ သေဆုံးမှုတွေက ရာဂဏန်းရှိနေပြီ။ လူက တရာကျော် သေပြီပေါ့ဗျာ။ နှစ်ရာကျော် ဒဏ်ရာရတယ်။ ဒါ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူသက်သက်ပဲဖြစ်တယ်။ ဒုက္ခသည်ဆိုရင်လည်း တသိန်းကျော်နေပြီ တနှစ်အတွင်းမှာ။ အခု လောလောလတ်လတ် ဖြစ်သွားတာကတော့ မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်မွေးနေ့၊ တမြန်နေ့က ဒါကိုက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ကလေးတွေ လက်နက်ကြီးကျည် ထိပြီးတော့ စာသင်ကျောင်းထဲမှာ ကျရောက်ပြီး ဖြစ်တာပေါ့။ ကလေးအရေအတွက် ၂၁ ဦးလို့ ကျနော်တို့ သိရတယ်။ ဒီလိုမျိုး အနိဋ္ဌာရုံတွေ အပေါ်မှာ ကျနော်တို့ မြင်တာကတော့ နှစ်ဖက်စလုံးကတော့ တာဝန်ရှိတာပေါ့။ အထူးသဖြင့် အစိုးရမှာ တာဝန်ရှိတယ်လို့ ကျနော်တို့မြင်တယ်။ စစ်ပွဲဖြစ်ပြီဆိုရင် အရပ်သား ပြည်သူလူထု မထိခိုက်ဖို့အတွက် စစ်ရဲ့ သဘောတရားမှာ ရှောင်ရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေလည်း ဖြစ်တယ်။ ဒီ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ အထူးသဖြင့် အစိုးရတပ်မတော်ဘက်မှာ တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်တယ်။”

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် အခုလို ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရနေတဲ့ အခြေအနေပေါ် နိုင်ငံ့အကြီးအကဲတွေရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းဇော်က အခုလိုမြင်ပါတယ်။

“နိုင်ငံတော်သမ္မတရုံးဘက်မှာ တွေ့တဲ့ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က AA ကို အမြစ်ပြုတ်ချေမှုန်းရေး လုပ်ဖို့အတွက် သဘောထား အဲဒီကတည်းက ပေးပြီးဖြစ်တယ်ဆိုတာ ထင်ဟပ်တယ်။ နောက်တခုက သမ္မတကလည်း လိုအပ်ရင် သောင်းကျန်းသူနှိမ်နင်းရေး စစ်မဟာဗျူဟာရဲ့ အောက်မှာ လိုအပ်တဲ့ စစ်အင်အားတွေ အသုံးပြုဖို့အတွက် ခွင့်ပြုပြီးဖြစ်တယ် ဆိုတဲ့အခါကြတော့ အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရော သမ္မတရော ဘာမှထွက်မပြောတာက ကျနော်မြင်တာကတော့ မဆန်းဘူးလို့ မြင်ပါတယ်။”

NLD အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းကိုပဲ ဦးတည်နေပြီး နိုင်ငံသားတို့အပေါ် အကာအကွယ်ပေးနိုင်ရေး ရွေးကောက်ပွဲ ကတိကဝတ်တွေကို ပျက်ကွက်ခဲ့တယ်လို့လည်း ထောက်ပြကြတာပါ။ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သူ့အမြင်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ အခုလက်ရှိ အခြေအနေမှာ သမ္မတ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် တိုင်းရင်းသားတွေကို လုံးဝ အလေးမထားပါဘူး။ အမျိုးသားရင်ကြားစေ့ရေးမှာ လက်ရှိ အနိုင်ရပါတီက တပ်မတော်နဲ့လည်း အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရမှာ ဖြစ်သလို လက်နက်ကိုင် ခေါင်းဆောင်များနဲ့လည်း အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်နေတဲ့ မြို့နယ် ၁၀ မြို့နယ်က စခန်း ၉၀ ကျော်မှာ ခိုလှုံနေသူတွေနဲ့ စခန်းပြင်ပမှာပါ တိမ်းရှောင်နေသူပေါင်း ခြောက်သောင်းကိုးထောင်ကျော် အပါအဝင် ဒုက္ခသည် တသိန်းခြောက်ထောင်ကျော်အထိ ရှိလာနေပြီး တသိန်းကျော်လာနေတဲ့ စစ်ပြေးဒုက္ခသည်တွေ နေထိုင်ရေး အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
ရခိုင္စစ္္ပဋိပကၡ ေျဖရွင္းဖို႔ အစိုးရ၊ လႊတ္ေတာ္ ပ်က္ကြက္ ရခိုင္စစ္္ပဋိပကၡ ေျဖရွင္းဖို႔ အစိုးရ၊ လႊတ္ေတာ္ ပ်က္ကြက္ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.