တိုက္ပြဲနယ္ေျမ ပလက္ဝမွာ ဆန္ေဈးတက္ၿပီး ဝယ္ရခက္ေန

(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္ - ပလက္၀ ေရလမ္းလုံၿခဳံမႈမရွိလို႔ ေရယာဥ္ေတြ ရပ္ဆိုင္းထားတာေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ စားေသာက္ကုန္ေဈးႏႈန္းေတြ ႏွစ္ဆေလာက္ ျမင့္တက္ေနလို႔ ေဒသခံေတြ အခက္ႀကဳံေနပါတယ္။

အရင္က ဆန္တစ္အိတ္ကို တစ္ေသာင္းခြဲ၊ ႏွစ္ေသာင္းကေန အခုရက္ပိုင္းအတြင္း သုံးေသာင္းခြဲအထိ ျမင့္တက္သြားတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္ကေျပာပါတယ္။

“ပလက္ဝက ရခိုင္ျပည္နယ္ထြက္ေပါက္ ေက်ာက္ေတာ္ရွိတယ္။ ခ်င္းျပည္နယ္ထြက္ေပါက္ဆို မတူပီရွိတယ္။ ရိကၡာအတြက္ဆိုရင္ အဓိကေက်ာက္ေတာ္ကို အားထားၿပီးေနရတဲ့အခါက်ေတာ့ ပလက္၀ နဲ႔ ေက်ာက္ေတာ္ လမ္းေၾကာင္းပိတ္တာနဲ႔ ပလက္ဝအေနနဲ႔ ေတာ္ေတာ္ေလး အခက္အခဲရွိလာတယ္။ အရင္တုန္းကေတာ့ လုံၿခဳံမႈတစ္ခုပဲေပါ့ေနာ္။ ခႏၶာကိုယ္ လုံၿခဳံမႈတစ္ခုပဲ။ အခုေတာ့ ဘဝလုံၿခဳံမႈ စားနပ္ရိကၡာလုံၿခဳံမႈပါ ပါလာတယ္။”

ဒီလဆန္းပိုင္းကစလို႔ ပလက္ဝေအာက္ဘက္နဲ႔ ေက်ာက္ေတာ္အထက္ဘက္ ေနရာေတြမွာတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ေန႔တိုင္းတိုက္ပြဲျဖစ္ေနတာပါ။ တိုက္ပြဲ ျပင္းထန္လာၿပီး စက္ေလွေတြ မထြက္ရဲေတာ့ဘဲ ရပ္နားထားရတာေၾကာင့္ ကုန္စည္စီးဆင္းမႈ ရပ္တန႔္သြားတာ ရွစ္ ရက္ေလာက္ ရွိေနပါၿပီ။

ကုလားတန္ျမစ္ေၾကာင္းေပၚက ပလက္၀ မီးေခ်ာင္းတံတားထိပ္နဲ႔ ေက်ာက္ေတာ္ တင္းမေက်း႐ြာအနားမွာ တိုက္ပြဲျဖစ္ေနတာ ၁၀ ရက္ေလာက္ရွိၿပီလို႔ AA က ေျပာပါတယ္။

အခုလိုတိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေဒသခံေတြ မသြားမလာရဲ ျဖစ္ေနၾကတာလို႔ ေျပာတာက AA ေျပာခြင့္ရသူ ခိုင္သုခ ပါ။

“ကုလားျမစ္ တစ္ဘက္တစ္ခ်က္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေရေၾကာင္းသြားလာမႈေတြကေတာ့ ေဒသခံေတြက မသြားရဲမလာရဲျဖစ္ၿပီး အဲဒီမွာပိတ္ေနတာ။ အဓိကေတာ့ တိုက္ပြဲျဖစ္ေနတာနဲ႔ဆိုင္တာေပါ့။ တိုက္ပြဲကအခုဆိုရင္ ကုလားတန္ျမစ္ေၾကာင္းမွာ ပလက္ဝၿမိဳ႕နယ္ထဲက မီးေခ်ာင္းတံတားထိပ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲက တင္းမ႐ြာအနားမွာ ျဖစ္ေနတာရယ္။ အဲဒီႏွစ္ခုစလုံးက ကုလားတန္ျမစ္ေၾကာင္းကို စိုးမိုးထားတဲ့ေနရာဆိုေတာ့ ကုလားျမစ္ေၾကာင္းကေတာ့ တိုက္ပြဲျဖစ္ကတည္းကပိတ္သြားတာ။”

ပလက္ဝမွာ ဆန္ေဈးေတြျမင့္တက္ေနတာကို လတ္တေလာေျဖရွင္းႏိုင္ဖို႔ အစိုးရ စီစဥ္ထားတဲ့ အေျခအေနကို RFA က ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဝန္ႀကီး ဦးစိုးထက္ကိုဆက္သြယ္ေမးျမန္းပါတယ္။

“ဒီလိုသာ အၿမဲပိတ္ေနအုံးမယ္ဆိုရင္ စားနပ္ရိကၡာ အေတာ္ခက္ခဲသြားမယ့္ သေဘာပဲ။ ေနာက္ဆုံး ဆန္မရွိရင္ေတာ့ ဆန္ျပဳတ္ေသာက္ရမယ့္ အေနအထားမ်ိဳးျဖစ္မွာပဲ။ လုံၿခဳံေရးေကာင္းေတာ့မွာပဲ သြားလို႔ရမယ္။ မဟုတ္ရင္ AA ကမတားဆီးရင္ စက္ေလွေတြက လြယ္လြယ္ကူကူနဲ႔ သြားလို႔ရမယ္။ အခုဟာက သြားသမွ်စက္ေလွေတြကိုေခၚတယ္။ ေမးတယ္။ လူကိုေခၚတယ္ ဒါကေရရွည္မွာမျဖစ္သင့္ဘူး။ သက္သက္ႏွိပ္စက္ေနတာပဲ။”

ပလက္ဝၿမိဳ႕နယ္မွာ လူဦးေရ တစ္သိန္းခန႔္ ရွိၿပီး အမ်ားစုက ေတာင္ယာလုပ္ကိုင္ၾကတာပါ။ ပလက္ဝမွာ ေနထိုင္သူေတြဟာ အဓိက အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္နဲ႔တျခားရိကၡာေတြကို ကုလားတန္ျမစ္ေၾကာင္းကို အသုံးျပဳၿပီး ေရလမ္းေၾကာင္းကတစ္ဆင့္ ရခိုင္ျပည္နယ္ဘက္ကေန သယ္ယူရတာပါ။

ပလက္ဝကို ဆန္အဝင္မရွိေတာ့ ေဈးထဲမွာ ဆန္လက္က်န္ ျပတ္လပ္သြားၿပီလို႔ ပလက္၀ ၿမိဳ႕ခံကိုပီတာက ေျပာပါတယ္။

“ပလက္ဝၿမိဳ႕ေပၚက ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ေပၚကေနၿပီး ဝယ္ၿပီးပဲစားေသာက္ေနရတာဆိုေတာ့ အခုေလာေလာဆယ္ေတာ့ ေဈးထဲမွာေရာင္းေနတဲ့ ဆန္ေတြကကုန္သြားၿပီ။ အရင္တုန္းကေတာ့ ပလက္ဝနယ္မွာ ေ႐ႊ႕ေျပာင္းေတာင္ယာေတြလုပ္ၿပီးေတာ့ ေဒသခံေတြက အသက္ေမြးဝမ္းေက်ာင္းျပဳတယ္။ အရင္တုန္းက အခုလိုမ်ိဳးျဖစ္သြားခဲ့ရင္ေတာင္မွ နယ္ကဆန္ေတြနဲ႔ ရေကာင္းရႏိုင္တယ္။ ဒါေပမဲ့ ရခိုင္တပ္မေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြျဖစ္ၿပီးေနာက္ပိုင္း ေဒသခံေတြလည္း ေတာင္ယာ လုပ္လို႔မရဘူး။ နယ္မွာလည္း ဆန္ေတြကရခိုင္ျပည္နယ္ကပို႔တဲ့ ဆန္ေတြကိုပဲ မွီခိုေနတဲ့သေဘာရွိတယ္။”

လတ္တေလာမွာ ျပင္းထန္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ကုန္စည္သယ္ယူေရးလမ္းေၾကာင္းျဖစ္တဲ့ ပလက္ဝနဲ႔ ေက်ာက္ေတာ္ ေရလမ္းေၾကာင္းသြားလာဖို႔ မလုံၿခဳံတဲ့ အေျခအေနျဖစ္ေနတာပါ။

လက္ရွိ ပလက္ဝၿမိဳ႕နယ္ထဲမွာရွိတဲ့ အေျခခံစားေသာက္ကုန္ေတြအရ ေနာက္ထပ္ အမ်ားဆုံး ႏွစ္ပတ္ေလာက္ အတြက္ပဲ လုံေလာက္ေတာ့တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

ပလက္ဝၿမိဳ႕နယ္ဟာ လွ်ပ္စစ္မီး၊ ၿမိဳ႕တြင္းသြားလာေရးနဲ႔ ဆက္သြယ္ေရးေတြမွာ ဒီဇယ္ကိုပဲ အဓိကထားအသုံးျပဳေနၾကတာပါ။

လက္ရွိ ပလက္ဝၿမိဳ႕နယ္မွာ ရိကၡာျပတ္လပ္ေတာ့မယ့္ အေျခအေနႀကဳံေနတဲ့အျပင္ ဒီဇယ္ဆီေတြ ျပတ္လပ္သြားမွာကိုလည္း စိုးရိမ္ေနတယ္လို႔  အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ကုန္စည္သယ္ယူေရးေတြ ရပ္နားထားတာေၾကာင့္ မၾကာခင္မွာ ဒီဇယ္ျပတ္လပ္သြားၿပီး လွ်ပ္စစ္မီးနဲ႔ ဆက္သြယ္ေရးပါ ျပတ္ေတာက္သြားႏိုင္တဲ့အတြက္ ကုန္စည္သယ္ယူရတဲ့ လမ္းေၾကာင္းအျမန္ ျပန္ပြင့္ဖို႔ ပလက္ဝၿမိဳ႕ခံေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တိုက်ပွဲနယ်မြေ ပလက်ဝမှာ ဆန်ဈေးတက်ပြီး ဝယ်ရခက်နေ

ကျောက်တော် - ပလက်၀ ရေလမ်းလုံခြုံမှုမရှိလို့ ရေယာဉ်တွေ ရပ်ဆိုင်းထားတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စားသောက်ကုန်ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေလို့ ဒေသခံတွေ အခက်ကြုံနေပါတယ်။

အရင်က ဆန်တစ်အိတ်ကို တစ်သောင်းခွဲ၊ နှစ်သောင်းကနေ အခုရက်ပိုင်းအတွင်း သုံးသောင်းခွဲအထိ မြင့်တက်သွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။

“ပလက်ဝက ရခိုင်ပြည်နယ်ထွက်ပေါက် ကျောက်တော်ရှိတယ်။ ချင်းပြည်နယ်ထွက်ပေါက်ဆို မတူပီရှိတယ်။ ရိက္ခာအတွက်ဆိုရင် အဓိကကျောက်တော်ကို အားထားပြီးနေရတဲ့အခါကျတော့ ပလက်၀ နဲ့ ကျောက်တော် လမ်းကြောင်းပိတ်တာနဲ့ ပလက်ဝအနေနဲ့ တော်တော်လေး အခက်အခဲရှိလာတယ်။ အရင်တုန်းကတော့ လုံခြုံမှုတစ်ခုပဲပေါ့နော်။ ခန္ဓာကိုယ် လုံခြုံမှုတစ်ခုပဲ။ အခုတော့ ဘဝလုံခြုံမှု စားနပ်ရိက္ခာလုံခြုံမှုပါ ပါလာတယ်။”

ဒီလဆန်းပိုင်းကစလို့ ပလက်ဝအောက်ဘက်နဲ့ ကျောက်တော်အထက်ဘက် နေရာတွေမှာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နေ့တိုင်းတိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲ ပြင်းထန်လာပြီး စက်လှေတွေ မထွက်ရဲတော့ဘဲ ရပ်နားထားရတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာ ရှစ် ရက်လောက် ရှိနေပါပြီ။

ကုလားတန်မြစ်ကြောင်းပေါ်က ပလက်၀ မီးချောင်းတံတားထိပ်နဲ့ ကျောက်တော် တင်းမကျေးရွာအနားမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိပြီလို့ AA က ပြောပါတယ်။

အခုလိုတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ မသွားမလာရဲ ဖြစ်နေကြတာလို့ ပြောတာက AA ပြောခွင့်ရသူ ခိုင်သုခ ပါ။

“ကုလားမြစ် တစ်ဘက်တစ်ချက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရေကြောင်းသွားလာမှုတွေကတော့ ဒေသခံတွေက မသွားရဲမလာရဲဖြစ်ပြီး အဲဒီမှာပိတ်နေတာ။ အဓိကတော့ တိုက်ပွဲဖြစ်နေတာနဲ့ဆိုင်တာပေါ့။ တိုက်ပွဲကအခုဆိုရင် ကုလားတန်မြစ်ကြောင်းမှာ ပလက်ဝမြို့နယ်ထဲက မီးချောင်းတံတားထိပ်နဲ့ ကျောက်တော်မြို့နယ်ထဲက တင်းမရွာအနားမှာ ဖြစ်နေတာရယ်။ အဲဒီနှစ်ခုစလုံးက ကုလားတန်မြစ်ကြောင်းကို စိုးမိုးထားတဲ့နေရာဆိုတော့ ကုလားမြစ်ကြောင်းကတော့ တိုက်ပွဲဖြစ်ကတည်းကပိတ်သွားတာ။”

ပလက်ဝမှာ ဆန်ဈေးတွေမြင့်တက်နေတာကို လတ်တလောဖြေရှင်းနိုင်ဖို့ အစိုးရ စီစဉ်ထားတဲ့ အခြေအနေကို RFA က ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်ကိုဆက်သွယ်မေးမြန်းပါတယ်။

“ဒီလိုသာ အမြဲပိတ်နေအုံးမယ်ဆိုရင် စားနပ်ရိက္ခာ အတော်ခက်ခဲသွားမယ့် သဘောပဲ။ နောက်ဆုံး ဆန်မရှိရင်တော့ ဆန်ပြုတ်သောက်ရမယ့် အနေအထားမျိုးဖြစ်မှာပဲ။ လုံခြုံရေးကောင်းတော့မှာပဲ သွားလို့ရမယ်။ မဟုတ်ရင် AA ကမတားဆီးရင် စက်လှေတွေက လွယ်လွယ်ကူကူနဲ့ သွားလို့ရမယ်။ အခုဟာက သွားသမျှစက်လှေတွေကိုခေါ်တယ်။ မေးတယ်။ လူကိုခေါ်တယ် ဒါကရေရှည်မှာမဖြစ်သင့်ဘူး။ သက်သက်နှိပ်စက်နေတာပဲ။”

ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းခန့် ရှိပြီး အများစုက တောင်ယာလုပ်ကိုင်ကြတာပါ။ ပလက်ဝမှာ နေထိုင်သူတွေဟာ အဓိက အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့တခြားရိက္ခာတွေကို ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး ရေလမ်းကြောင်းကတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကနေ သယ်ယူရတာပါ။

ပလက်ဝကို ဆန်အဝင်မရှိတော့ ဈေးထဲမှာ ဆန်လက်ကျန် ပြတ်လပ်သွားပြီလို့ ပလက်၀ မြို့ခံကိုပီတာက ပြောပါတယ်။

“ပလက်ဝမြို့ပေါ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကနေပြီး ဝယ်ပြီးပဲစားသောက်နေရတာဆိုတော့ အခုလောလောဆယ်တော့ ဈေးထဲမှာရောင်းနေတဲ့ ဆန်တွေကကုန်သွားပြီ။ အရင်တုန်းကတော့ ပလက်ဝနယ်မှာ ရွှေ့ပြောင်းတောင်ယာတွေလုပ်ပြီးတော့ ဒေသခံတွေက အသက်မွေးဝမ်းကျောင်းပြုတယ်။ အရင်တုန်းက အခုလိုမျိုးဖြစ်သွားခဲ့ရင်တောင်မှ နယ်ကဆန်တွေနဲ့ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ရခိုင်တပ်မတော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေလည်း တောင်ယာ လုပ်လို့မရဘူး။ နယ်မှာလည်း ဆန်တွေကရခိုင်ပြည်နယ်ကပို့တဲ့ ဆန်တွေကိုပဲ မှီခိုနေတဲ့သဘောရှိတယ်။”

လတ်တလောမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်သယ်ယူရေးလမ်းကြောင်းဖြစ်တဲ့ ပလက်ဝနဲ့ ကျောက်တော် ရေလမ်းကြောင်းသွားလာဖို့ မလုံခြုံတဲ့ အခြေအနေဖြစ်နေတာပါ။

လက်ရှိ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ အခြေခံစားသောက်ကုန်တွေအရ နောက်ထပ် အများဆုံး နှစ်ပတ်လောက် အတွက်ပဲ လုံလောက်တော့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပလက်ဝမြို့နယ်ဟာ လျှပ်စစ်မီး၊ မြို့တွင်းသွားလာရေးနဲ့ ဆက်သွယ်ရေးတွေမှာ ဒီဇယ်ကိုပဲ အဓိကထားအသုံးပြုနေကြတာပါ။

လက်ရှိ ပလက်ဝမြို့နယ်မှာ ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေကြုံနေတဲ့အပြင် ဒီဇယ်ဆီတွေ ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်နေတယ်လို့  အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကုန်စည်သယ်ယူရေးတွေ ရပ်နားထားတာကြောင့် မကြာခင်မှာ ဒီဇယ်ပြတ်လပ်သွားပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးပါ ပြတ်တောက်သွားနိုင်တဲ့အတွက် ကုန်စည်သယ်ယူရတဲ့ လမ်းကြောင်းအမြန် ပြန်ပွင့်ဖို့ ပလက်ဝမြို့ခံတွေက မျှော်လင့်နေကြပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲနယ္ေျမ ပလက္ဝမွာ ဆန္ေဈးတက္ၿပီး ဝယ္ရခက္ေန တိုက္ပြဲနယ္ေျမ ပလက္ဝမွာ ဆန္ေဈးတက္ၿပီး ဝယ္ရခက္ေန Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.