အမ္းၿမိဳ႕တြင္ ဇနီးျဖစ္သူအားသတ္ၿပီး သၿဂႋဳလ္ေနသူအား ဖမ္းမိ


နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၁၄/၂ဝ၂ဝ

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕တြင္ ဇနီးျဖစ္သူအား သတ္ၿပီး သၿဂႋဳလ္ေနသူအား ရဲက ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆံုးသူအမ်ိဳးသမီးမွာ အမ္းၿမိဳ႕ အမွတ္(၄)ရပ္ကြက္မွ ေဒၚျမတ္ျမတ္ထြန္း (၄ဝ ႏွစ္)ျဖစ္သည္။

ေဒၚျမတ္ျမတ္ထြန္းအား ၎၏အမ်ိဳးသား ဦးေက်ာ္သန္းေဌး(ခ)ေက်ာ္ေက်ာ္ (၃၈ ႏွစ္)က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔၊ ည ၈ နာရီခြဲခန္႔တြင္ ရိုက္ႏွက္သျဖင့္ ဒဏ္ရာမ်ားျဖင့္ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။ ေသဆံုးသြားၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူက အေလာင္းအား ယေန႔ ေန႔လယ္ ၂ နာရီခန္႔တြင္ အမ္းၿမိဳ႕သခ်ဳႋင္း၌ သၿဂႋဳလ္ရန္ျပင္ဆင္ေနစဥ္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မီးႀကိဳး အႀကီး ေကဘယ္ႀကိဳး ေလးေပ၊ ႏွစ္လက္မရွိတဲ့ဟာနဲ႔ ရန္ျဖစ္ေတာ့ ရိုက္သတ္လိုက္တာ။ လင္မယားရန္ျဖစ္ေနက်ဆိုေတာ့ အိမ္နီးခ်င္းေတြက ဝင္မပါရဲၾကဘူး။ သူ႔ေယာက္်ားက လူသတ္မႈနဲ႔ ေထာင္ကထြက္ထားတာဆိုေတာ့။ ေဆးရံုပို႔ေပးၾကပါလို႔အကူညီေတာင္းခဲ့ေသးတယ္တဲ့။ ဘယ္သူမွ အနားမကပ္ရဲၾကဘူး။ သူ႔ေယာက္်ားကိုေၾကာက္လို႔။ ည ၁၁ နာရီေလာက္က ေသတာထင္တယ္။ မနက္က်မွ ရဲက လာမွ သခ်ဳႋင္းလိုက္သြားၾကတာ။ အေလာင္းေျမမခ်ခင္ စစ္းေဆးၾကည့္ေတာ့ ဒဏ္ရာေတြနဲ႔ေသတာ။"ဟု ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးဖုန္းေက်ာ္က နိရဥၥရာသတင္းဌာနအား ေျပာသည္။

ေသဆံုးသူေဒၚျမတ္ျမတ္ထြန္းတြင္ ႐ုိက္ႏွက္ခံရမႈေၾကာင့္ ဦးေခါင္း၌ ညိဳမဲဒဏ္ရာ၊ ဂ်ိဳေဇာင္းတြင္ ႏွစ္လက္မခန္႔ ေပါက္ကြဲဒဏ္ရာႏွင့္ လက္မ်ား က်ဳိးကာ ေသဆံုးသြားျခင္းျဖစ္ၾကာင္း အမ္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူရဲအရာရွိက ေျပာသည္။

"အေလာင္းကို စစ္ေဆးၾကည့္ေတာ့ ေကဘယ္ႀကိဳးနဲ႔ရိုက္လို႔ ေခါင္းေတြ၊ ေက်ာကုန္းေတြ၊ လက္ေတြမွာ ဒဏ္ရာေတြနဲ႔ေသဆံုးေနတာပါ။ တရားခံကလည္း သူသတ္လိုက္တာ ဝန္ခံပါတယ္"ဟု ၄င္းက ေျပာသည္။

ေသဆံုးသြားသူတြင္ အတူေနသူ သားသမီး ၃ ဦးရွိျပီး ေစ်းေတာင္ရပ္ကြက္တြင္ ေနထိုင္သည္မွာ ၆ ႏွစ္နီးပါးရွိျပီျဖစ္ဟု သိရသည္။ ျပစ္မႈက်ဴးလြန္သူမွာ ေသဆံုးသူ၏ တတိယေျမာက္အိမ္ေထာင္ဟု သိရေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအား (ပ) ၂၂ / ၂၀၂၀၊ လူသတ္မႈပုဒ္မ ၃ဝ၂ ျဖင့္ အမ္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဓာတ္ပံု - ကိုပုိင္

===================

Unicode -

အမ်းမြို့တွင် ဇနီးဖြစ်သူအားသတ်ပြီး သင်္ဂြိုလ်နေသူအား ဖမ်းမိ

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဇနီးဖြစ်သူအား သတ်ပြီး သင်္ဂြိုလ်နေသူအား ရဲက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးမှာ အမ်းမြို့ အမှတ်(၄)ရပ်ကွက်မှ ဒေါ်မြတ်မြတ်ထွန်း (၄ဝ နှစ်)ဖြစ်သည်။

ဒေါ်မြတ်မြတ်ထွန်းအား ၎င်း၏အမျိုးသား ဦးကျော်သန်းဌေး(ခ)ကျော်ကျော် (၃၈ နှစ်)က ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ ည ၈ နာရီခွဲခန့်တွင် ရိုက်နှက်သဖြင့် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားပြီးနောက် ပြစ်မှုကျူးလွန်သူက အလောင်းအား ယနေ့ နေ့လယ် ၂ နာရီခန့်တွင် အမ်းမြို့သချုႋင်း၌ သင်္ဂြိုလ်ရန်ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မီးကြိုး အကြီး ကေဘယ်ကြိုး လေးပေ၊ နှစ်လက်မရှိတဲ့ဟာနဲ့ ရန်ဖြစ်တော့ ရိုက်သတ်လိုက်တာ။ လင်မယားရန်ဖြစ်နေကျဆိုတော့ အိမ်နီးချင်းတွေက ဝင်မပါရဲကြဘူး။ သူ့ယောက်ျားက လူသတ်မှုနဲ့ ထောင်ကထွက်ထားတာဆိုတော့။ ဆေးရုံပို့ပေးကြပါလို့အကူညီတောင်းခဲ့သေးတယ်တဲ့။ ဘယ်သူမှ အနားမကပ်ရဲကြဘူး။ သူ့ယောက်ျားကိုကြောက်လို့။ ည ၁၁ နာရီလောက်က သေတာထင်တယ်။ မနက်ကျမှ ရဲက လာမှ သချုႋင်းလိုက်သွားကြတာ။ အလောင်းမြေမချခင် စစ်းဆေးကြည့်တော့ ဒဏ်ရာတွေနဲ့သေတာ။"ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖုန်းကျော်က နိရဥ္စရာသတင်းဌာနအား ပြောသည်။

သေဆုံးသူဒေါ်မြတ်မြတ်ထွန်းတွင် ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်း၌ ညိုမဲဒဏ်ရာ၊ ဂျိုဇောင်းတွင် နှစ်လက်မခန့် ပေါက်ကွဲဒဏ်ရာနှင့် လက်များ ကျိုးကာ သေဆုံးသွားခြင်းဖြစ်ကြာင်း အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူရဲအရာရှိက ပြောသည်။

"အလောင်းကို စစ်ဆေးကြည့်တော့ ကေဘယ်ကြိုးနဲ့ရိုက်လို့ ခေါင်းတွေ၊ ကျောကုန်းတွေ၊ လက်တွေမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတာပါ။ တရားခံကလည်း သူသတ်လိုက်တာ ဝန်ခံပါတယ်"ဟု ၄င်းက ပြောသည်။

သေဆုံးသွားသူတွင် အတူနေသူ သားသမီး ၃ ဦးရှိပြီး စျေးတောင်ရပ်ကွက်တွင် နေထိုင်သည်မှာ ၆ နှစ်နီးပါးရှိပြီဖြစ်ဟု သိရသည်။ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တတိယမြောက်အိမ်ထောင်ဟု သိရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား (ပ) ၂၂ / ၂၀၂၀၊ လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမ်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - ကိုပိုင်
ခ်စ္အိလိွဳင္
Narinjara
https://www.facebook.com/narinjara.info/
အမ္းၿမိဳ႕တြင္ ဇနီးျဖစ္သူအားသတ္ၿပီး သၿဂႋဳလ္ေနသူအား ဖမ္းမိ  အမ္းၿမိဳ႕တြင္ ဇနီးျဖစ္သူအားသတ္ၿပီး သၿဂႋဳလ္ေနသူအား ဖမ္းမိ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.