ပလက္ဝ ကုန္စည္သယ္ယူေရးျပတ္၊ ၾကက္ဥတစ္လုံး ၅၀၀ က်ပ္ျဖစ္ေန

စက္ေလွေတြ မထြက္ျဖစ္တာ တစ္ပတ္ေက်ာ္ရွိၿပီ
(Zawgyi)⤵⤵⤵
တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕မွာ အခုရက္ပိုင္းအတြင္း ကုန္စည္သယ္ယူတဲ့ လမ္းေၾကာင္းေတြ ရပ္နားထားလို႔ ကုန္ေဈးႏႈန္းေတြျမင့္တက္ၿပီး ၾကက္ဥတစ္လုံးကို က်ပ္ ၅၀၀ အထိ ေပးဝယ္ေနၾကရတယ္လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ဆန္ေဈးလည္း ျမင့္တက္ေနၿပီး အရင္က ဆန္တစ္အိတ္ကို က်ပ္ ၂၀၀၀၀ ရွိခဲ့ရာက အခုရက္ပိုင္းမွာ က်ပ္ ၃၀၀၀၀ အထိ ျမင့္တက္ခဲ့သလို ေရာင္းခ်စရာ ဆန္လက္က်န္ မရွိသေလာက္ ရွားပါးေနတယ္လို႔ ေဈးဆိုင္ပိုင္ရွင္တစ္ဦးက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နဲ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ နယ္ေျမခ်င္း ထိစပ္ေနၿပီး ကုလားတန္ျမစ္ေၾကာင္းတစ္ခုတည္းကို ေရလမ္းသြားလာမႈအျဖစ္ အဓိက အသုံးျပဳေနရတာပါ။

ပလက္ဝ ေအာက္ဘက္ ေက်ာက္ေတာ္ အထက္ဘက္ နယ္စပ္ေနရာေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ၾကား တိုက္ပြဲေတြက ေဖေဖာ္ဝါရီလဆန္းကစၿပီး ျပင္းထန္ေနၿပီး တိုက္ပြဲ ေန႔စဥ္ျဖစ္ပြားေနပါတယ္။

"ေက်ာက္ေတာ္-ပလက္ဝ စက္ေလွေတြ အသြားအလာကို ပိတ္ထားတဲ့အတြက္ ဆန္ေဈးေတြ အဆမတန္ ထိုးတက္ေနတယ္။ ပိတ္ထားတာ တစ္ပတ္ေက်ာ္လာၿပီ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးကေတာ့ သြားလို႔လည္း မေျပာဘူး။ မသြားရလို႔လည္း မေျပာဘူး။ အရင္က ဆန္တစ္အိတ္ကို ၂ ေသာင္းပဲရွိတယ္။ အခု ၃ ေသာင္းထိျဖစ္ေနၿပီ။ ဒါေတာင္ ဆန္ေတြရွာလို႔ မရေတာ့ဘူး"လို႔ ၿမိဳ႕ခံ ေဈးဆိုင္ပိုင္ရွင္ တစ္ဦးျဖစ္တဲ့ ဦးစိုးလွက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးဖိုးေအာင္က သူတို႔အေနနဲ႔ ေရလမ္းေၾကာင္း သြားလာမႈေတြကို ပိတ္ထားတာ မရွိေၾကာင္းနဲ႔ ေၾကာက္႐ြံ႕ၿပီး မသြားၾကတာ ျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

ပလက္ဝၿမိဳ႕ဟာ ေတာင္တန္းေဒသ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ေတာင္ယာနဲ႔ ဥယ်ဥ္ၿခံလုပ္ငန္းေတြကို တပိုင္တႏိုင္လုပ္ငန္းေတြ အျဖစ္သာ လုပ္ကိုင္ၾကတဲ့အတြက္ ဆန္နဲ႔ တျခားစားေသာက္ကုန္ေတြကို ရခိုင္ျပည္နယ္ဘက္ကေန သယ္ယူေနၾကရတာ ျဖစ္ပါတယ္။

"ကုန္ေဈးႏႈန္း ျမင့္မားတာေတာ့ မရွိေသးပါဘူး။ ဟင္းသီးဟင္း႐ြက္ေတြ ရွားပါးတာပဲ ရွိတယ္။ က်န္တာေတာ့ ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ စစ္ေဘးေရွာင္ ဆန္ေတြရွိလို႔ အရန္ဆန္ေတြကို ေရာင္းခ်ေပးေနပါတယ္။ ကြၽန္ေတာ္တို႔က စက္ေလွေတြကို ပိတ္တာလည္းမရွိဘူး။ ဖြင့္တာလည္း မရွိဘူး။ ပုံမွန္ သြားေနၾကတာပဲ"လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဖိုးေအာင္က ေျပာပါတယ္။
 ကုလားတန္ျမစ္ေၾကာင္းတစ္ခုတည္းကို ေရလမ္းသြားလာမႈအျဖစ္ အဓိက အသုံးျပဳေနရ
ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးမွာ ဆန္အိတ္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနတယ္လို႔လည္း ေျပာပါတယ္။

လက္ရွိမွာ ဆန္ေဈးႏႈန္းေတြ ျမင့္တက္ၿပီး ဆန္ရွားပါးေနတဲ့အတြက္ အဲ့ဒီဆန္ေတြကို ေဒသခံေတြဆီ ေရာင္းခ်ေပးဖို႔အတြက္ ဒီကေန႔ မနက္ပိုင္းက ၿမိဳ႕ခံေတြ သြားေရာက္ အကူအညီေတာင္းခဲ့ရာမွာေတာ့ ဆန္တစ္အိတ္ကို က်ပ္ ၂၅၀၀၀ ႏႈန္းနဲ႔ ေက်း႐ြာေတြအတြက္ ေရာင္းခ်ေပးေနၿပီး ၿမိဳ႕ေပၚအတြက္ ထုတ္ေပးလို႔မရေၾကာင္း ေျပာဆိုသြားခဲ့တယ္လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

လက္ရွိမွာ ကုန္ေဈးႏႈန္းေတြ အဆမတန္ ျမင့္တက္ေနတဲ့အတြက္ တစ္ေန႔စာ တစ္ေန႔ ရွာေဖြလုပ္ကိုင္စားေသာက္ေနၾကရတဲ့ လက္လုပ္လက္စား မိသားစုေတြ အခက္အခဲေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတယ္လို႔ ဦးစိုးလွက ေျပာပါတယ္။

"စီးပြားေရးလုပ္ငန္းေတြ ထိခိုက္မႈကေတာ့ အမ်ားႀကီးပါပဲ။ ကြၽန္ေတာ္တို႔ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ဆိုရင္လည္း ဘိလပ္ေျမသယ္လို႔ မရ။ ေက်ာက္သယ္လို႔ မရ။ သဲသယ္လို႔မရနဲ႔ လုပ္ငန္းေတြအကုန္လုံးရပ္ထားၿပီး လုပ္အားခေတြကို ေပးေနရတယ္။ ကြၽန္ေတာ့္အေမတို႔မွာဆို ကုန္စိမ္းေရာင္းတယ္။ ဆိုင္ေတြ ပိတ္လိုက္ရၿပီ။ ၾကက္ဥတစ္လုံး ၅၀၀ ျဖစ္ေန ၿပီဗ်"လို႔ စီးပြားေရးလုပ္ငန္းရွင္ ဦးထြန္းေဝက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္း ေရာင္းခ်မယ့္ ဆန္ေတြကို ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းက သြားေရာက္သယ္ယူ ၿပီးမွ ေရာင္းခ်ရတာျဖစ္ၿပီး အရင္ကလည္း ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန ေမွ်ာစာထုတ္ယူၿပီးမွ သယ္ယူခြင့္ရရွိၾကသလို ဆန္ဆိုင္ တစ္ဆိုင္ကို အိတ္ ၂၀ သာ သယ္ယူခြင့္ျပဳထားတဲ့အတြက္ အပိုပါလာခဲ့ရင္ သိမ္းဆည္းခံရတယ္လို႔ ဆန္ကုန္သည္ေတြက ေျပာပါတယ္။

တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ ေဖေဖာ္ဝါရီ ၆ ရက္ေန႔ကတည္းက ကုန္စည္သယ္ယူေရးေတြ နားခဲ့တာျဖစ္ၿပီး တစ္ပတ္ေက်ာ္ေက်ာ္ စက္ေလွေတြ မထြက္ျဖစ္တာေၾကာင့္ မၾကာခင္ ပလက္ဝမွာ စက္သုံးဆီ ဒီဇယ္ဆီေတြ ျပတ္လပ္ရင္ လွ်ပ္စစ္မီးမေပးႏိုင္တဲ့အထိ ျဖစ္မွာစိုးရိမ္တယ္လို႔ ပလက္ဝက အစိုးရအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

လတ္တေလာ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေက်ာက္ေတာ္ဘက္က တက္လာတဲ့ တပ္နဲ႔ ေအေအတို႔ ဝက္မက်႐ြာအနီးတစ္ဝိုက္ ေတာင္တန္းမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္ေနတယ္လို႔ ေအေအဘက္က ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ဟာ တိုက္ပြဲဧရိယာအတြင္းက အင္တာနက္ဆက္သြယ္ေရးလိုင္းေတြကို အပိတ္ခံထားရတဲ့ၿမိဳ႕နယ္ေတြထဲမွာ တစ္ခုအပါအဝင္လည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ပလက်ဝ ကုန်စည်သယ်ယူရေးပြတ်၊ ကြက်ဥတစ်လုံး ၅၀၀ ကျပ်ဖြစ်နေ

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption စက်လှေတွေ မထွက်ဖြစ်တာ တစ်ပတ်ကျော်ရှိပြီ

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှာ အခုရက်ပိုင်းအတွင်း ကုန်စည်သယ်ယူတဲ့ လမ်းကြောင်းတွေ ရပ်နားထားလို့ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ကြက်ဥတစ်လုံးကို ကျပ် ၅၀၀ အထိ ပေးဝယ်နေကြရတယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆန်ဈေးလည်း မြင့်တက်နေပြီး အရင်က ဆန်တစ်အိတ်ကို ကျပ် ၂၀၀၀၀ ရှိခဲ့ရာက အခုရက်ပိုင်းမှာ ကျပ် ၃၀၀၀၀ အထိ မြင့်တက်ခဲ့သလို ရောင်းချစရာ ဆန်လက်ကျန် မရှိသလောက် ရှားပါးနေတယ်လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဟာ နယ်မြေချင်း ထိစပ်နေပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကို ရေလမ်းသွားလာမှုအဖြစ် အဓိက အသုံးပြုနေရတာပါ။

ပလက်ဝ အောက်ဘက် ကျောက်တော် အထက်ဘက် နယ်စပ်နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား တိုက်ပွဲတွေက ဖေဖော်ဝါရီလဆန်းကစပြီး ပြင်းထန်နေပြီး တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပါတယ်။

"ကျောက်တော်-ပလက်ဝ စက်လှေတွေ အသွားအလာကို ပိတ်ထားတဲ့အတွက် ဆန်ဈေးတွေ အဆမတန် ထိုးတက်နေတယ်။ ပိတ်ထားတာ တစ်ပတ်ကျော်လာပြီ။ မြို့နယ်အုပ်ချုပ်ရေးကတော့ သွားလို့လည်း မပြောဘူး။ မသွားရလို့လည်း မပြောဘူး။ အရင်က ဆန်တစ်အိတ်ကို ၂ သောင်းပဲရှိတယ်။ အခု ၃ သောင်းထိဖြစ်နေပြီ။ ဒါတောင် ဆန်တွေရှာလို့ မရတော့ဘူး"လို့ မြို့ခံ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဦးစိုးလှက ပြောပါတယ်။

ပလက်ဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်က သူတို့အနေနဲ့ ရေလမ်းကြောင်း သွားလာမှုတွေကို ပိတ်ထားတာ မရှိကြောင်းနဲ့ ကြောက်ရွံ့ပြီး မသွားကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပလက်ဝမြို့ဟာ တောင်တန်းဒေသ မြို့နယ်တစ်ခုဖြစ်ပြီး တောင်ယာနဲ့ ဥယျဉ်ခြံလုပ်ငန်းတွေကို တပိုင်တနိုင်လုပ်ငန်းတွေ အဖြစ်သာ လုပ်ကိုင်ကြတဲ့အတွက် ဆန်နဲ့ တခြားစားသောက်ကုန်တွေကို ရခိုင်ပြည်နယ်ဘက်ကနေ သယ်ယူနေကြရတာ ဖြစ်ပါတယ်။

"ကုန်ဈေးနှုန်း မြင့်မားတာတော့ မရှိသေးပါဘူး။ ဟင်းသီးဟင်းရွက်တွေ ရှားပါးတာပဲ ရှိတယ်။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့မှာ စစ်ဘေးရှောင် ဆန်တွေရှိလို့ အရန်ဆန်တွေကို ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့က စက်လှေတွေကို ပိတ်တာလည်းမရှိဘူး။ ဖွင့်တာလည်း မရှိဘူး။ ပုံမှန် သွားနေကြတာပဲ"လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကို ရေလမ်းသွားလာမှုအဖြစ် အဓိက အသုံးပြုနေရ

မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ဆန်အိတ်တွေ တော်တော်များများ ရှိနေတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်ပြီး ဆန်ရှားပါးနေတဲ့အတွက် အဲ့ဒီဆန်တွေကို ဒေသခံတွေဆီ ရောင်းချပေးဖို့အတွက် ဒီကနေ့ မနက်ပိုင်းက မြို့ခံတွေ သွားရောက် အကူအညီတောင်းခဲ့ရာမှာတော့ ဆန်တစ်အိတ်ကို ကျပ် ၂၅၀၀၀ နှုန်းနဲ့ ကျေးရွာတွေအတွက် ရောင်းချပေးနေပြီး မြို့ပေါ်အတွက် ထုတ်ပေးလို့မရကြောင်း ပြောဆိုသွားခဲ့တယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် တစ်နေ့စာ တစ်နေ့ ရှာဖွေလုပ်ကိုင်စားသောက်နေကြရတဲ့ လက်လုပ်လက်စား မိသားစုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဦးစိုးလှက ပြောပါတယ်။

"စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆိုရင်လည်း ဘိလပ်မြေသယ်လို့ မရ။ ကျောက်သယ်လို့ မရ။ သဲသယ်လို့မရနဲ့ လုပ်ငန်းတွေအကုန်လုံးရပ်ထားပြီး လုပ်အားခတွေကို ပေးနေရတယ်။ ကျွန်တော့်အမေတို့မှာဆို ကုန်စိမ်းရောင်းတယ်။ ဆိုင်တွေ ပိတ်လိုက်ရပြီ။ ကြက်ဥတစ်လုံး ၅၀၀ ဖြစ်နေ ပြီဗျ"လို့ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းဝေက ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း ရောင်းချမယ့် ဆန်တွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက သွားရောက်သယ်ယူ ပြီးမှ ရောင်းချရတာဖြစ်ပြီး အရင်ကလည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ မျှောစာထုတ်ယူပြီးမှ သယ်ယူခွင့်ရရှိကြသလို ဆန်ဆိုင် တစ်ဆိုင်ကို အိတ် ၂၀ သာ သယ်ယူခွင့်ပြုထားတဲ့အတွက် အပိုပါလာခဲ့ရင် သိမ်းဆည်းခံရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက ကုန်စည်သယ်ယူရေးတွေ နားခဲ့တာဖြစ်ပြီး တစ်ပတ်ကျော်ကျော် စက်လှေတွေ မထွက်ဖြစ်တာကြောင့် မကြာခင် ပလက်ဝမှာ စက်သုံးဆီ ဒီဇယ်ဆီတွေ ပြတ်လပ်ရင် လျှပ်စစ်မီးမပေးနိုင်တဲ့အထိ ဖြစ်မှာစိုးရိမ်တယ်လို့ ပလက်ဝက အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်တော်ဘက်က တက်လာတဲ့ တပ်နဲ့ အေအေတို့ ဝက်မကျရွာအနီးတစ်ဝိုက် တောင်တန်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ အေအေဘက်က ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ တိုက်ပွဲဧရိယာအတွင်းက အင်တာနက်ဆက်သွယ်ရေးလိုင်းတွေကို အပိတ်ခံထားရတဲ့မြို့နယ်တွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ