ငါးေျခာက္တုသတင္းေၾကာင့္ ခင္ဦးၿမိဳ႕မေဈး တြင္ စစ္ေဆးမႈျပဳလုပ္

(Zawgyi)⤵⤵⤵
ခင္ဦး၊ေဖေဖာ္ဝါရီ- ၂၄

ငါးေျခာက္အတုမ်ားေရာင္းခ်ေနေၾကာင္း သတင္းအရ ေ႐ႊဘိုခ႐ိုင္ ခင္ဦးၿမိဳ႕မ ေဈးရွိ ငါးေျခာက္တန္းအား တာဝန္ရွိသူမ်ားမွ ယေန႔ စစ္ေဆးမႈ ျပဳလုပ္ခဲ့သည္။

ၿမိဳ႕နယ္စီခန႔္၊စားသုံးသူေရးရာ၊ ၿမိဳ႕နယ္က်န္းမာေရးဌာန၊ ရဲတပ္ဖြဲ႕ႏွင့္ ေမြးကု ဌာန၊စည္ပင္ေကာ္မတီတို႔မွ တာဝန္ရွိသူမ်ား ပူးေပါင္း ၍ ကုန္ေျခာက္ဆိုင္၊ငါးေျခာက္ဆိုင္ ၈ ဆိုင္အား စစ္ေဆးခဲ့ၾကျခင္းျဖစ္သည္။

"မသကာၤ စရာ ငါးႀကီးေျခာက္ေတြေတြ႕ရလို႔ နမူနာ ယူၿပီး ဓာတ္ခြဲခန္းမွာစမ္းသပ္စစ္ေဆးမွာပါ" ဟု စားသုံးသူေရးရာဦးစီးဌာန ၿမိဳ႕နယ္တာဝန္ခံ ဦးေဌးတင့္ ကေျပာသည္။

ခင္ဦးၿမိဳ႕မခံတစ္ဦးသည္ လြန္ခဲ့ေသာ ၁၀ ရက္ခန႔္က ၿမိဳ႕မေဈးရွိ ငါးေျခာက္ဆိုင္တစ္ဆိုင္မွ ငါးႀကီးသားေျခာက္မ်ားဝယ္၍ မီးဖုတ္ရာ တြင္ ငါးေျခာက္အနံ႔သာရၿပီး ပလပ္စတစ္ အမွ်င္ပုံစံ ဖြာထြက္ၿပီးမာေက်ာေနသျဖင့္ဌာနဆိုင္ရာမ်ားအား အသိေပး အေၾကာင္းၾကားခဲ့သျဖင့္ ယင္းကဲ့သို႔စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

ခ်စ္စံ
Monywa Gazette
https://www.facebook.com/monywagazette
-------------
(Unicode)⤵⤵⤵
ငါးခြောက်တုသတင်းကြောင့် ခင်ဦးမြို့မဈေး တွင် စစ်ဆေးမှုပြုလုပ်

ခင်ဦး၊ဖေဖော်ဝါရီ- ၂၄

ငါးခြောက်အတုများရောင်းချနေကြောင်း သတင်းအရ ရွှေဘိုခရိုင် ခင်ဦးမြို့မ ဈေးရှိ ငါးခြောက်တန်းအား တာဝန်ရှိသူများမှ ယနေ့ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

မြို့နယ်စီခန့်၊စားသုံးသူရေးရာ၊ မြို့နယ်ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့နှင့် မွေးကု ဌာန၊စည်ပင်ကော်မတီတို့မှ တာဝန်ရှိသူများ ပူးပေါင်း ၍ ကုန်ခြောက်ဆိုင်၊ငါးခြောက်ဆိုင် ၈ ဆိုင်အား စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

"မသကာၤ စရာ ငါးကြီးခြောက်တွေတွေ့ရလို့ နမူနာ ယူပြီး ဓာတ်ခွဲခန်းမှာစမ်းသပ်စစ်ဆေးမှာပါ" ဟု စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဌေးတင့် ကပြောသည်။

ခင်ဦးမြို့မခံတစ်ဦးသည် လွန်ခဲ့သော ၁၀ ရက်ခန့်က မြို့မဈေးရှိ ငါးခြောက်ဆိုင်တစ်ဆိုင်မှ ငါးကြီးသားခြောက်များဝယ်၍ မီးဖုတ်ရာ တွင် ငါးခြောက်အနံ့သာရပြီး ပလပ်စတစ် အမျှင်ပုံစံ ဖွာထွက်ပြီးမာကျောနေသဖြင့်ဌာနဆိုင်ရာများအား အသိပေး အကြောင်းကြားခဲ့သဖြင့် ယင်းကဲ့သို့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ချစ်စံ
Monywa Gazette
https://www.facebook.com/monywagazette
ငါးေျခာက္တုသတင္းေၾကာင့္ ခင္ဦးၿမိဳ႕မေဈး တြင္ စစ္ေဆးမႈျပဳလုပ္ ငါးေျခာက္တုသတင္းေၾကာင့္ ခင္ဦးၿမိဳ႕မေဈး တြင္ စစ္ေဆးမႈျပဳလုပ္ Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.