ေဒၚေအာင္ဆန္းစုၾကည္ ကရင္ျပည္နယ္ခရီးစဥ္ စတင္

အတိုင္ပင္ခံဟာ ဒီႏွစ္လအတြင္း တိုင္းနဲ႔ျပည္နယ္ေလးခုထက္မနည္း သြားေရာက္ထားပါတယ္။
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကရင္ျပည္နယ္ခရီးစဥ္ကို ဒီကေန႔ ေဖေဖာ္ဝါရီ ၂၄ရက္မွာ စတင္လိုက္ၿပီျဖစ္ပါတယ္။

အတိုင္ပင္ခံဟာ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ ေကာ့ကရိတ္ၿမိဳ႕နယ္ကို သြားေရာက္ၿပီး လူထုေတြ႕ဆုံပြဲျပဳလုပ္ ဖို႔ရွိပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္မွာေတာ့ ျမဝတီကို ခရီးဆက္မွာျဖစ္ၿပီး အဲဒီက ျမစႏၵီပန္းၿခံမွာ ေဒသခံေတြနဲ႔ ေတြ႕ဆုံဖို႔စီစဥ္ထားပါတယ္။

ဒီလို လူထုေတြ႕ဆုံပြဲေတြမွာ အခ်ိန္ကန႔္သတ္ခ်က္ေၾကာင့္ တစ္ၿမိဳ႕ကို ေမးခြန္း ၆၀ ပဲေမးႏိုင္မွာ ျဖစ္တယ္ လို႔သိရပါတယ္။ ဒါေၾကာင့္ ေမးခြန္းေမးခြင့္ရဖို႔က်န္ေနသူအေတာ္မ်ားမ်ားလည္းရွိေနပါတယ္။ အဲဒီထဲက ျမဝတီခ႐ိုင္ ကုန္သည္ႀကီး မ်ားအသင္း ဥကၠ႒ ေဒၚသင္းသင္းျမတ္က ျမဝတီၿမိဳ႕ရဲ႕ ကုန္သြယ္ မႈအေျခအေန နဲ႔ပတ္သက္လို႔ အစိုးရက ေဆာင္႐ြက္ေပးေစခ်င္တဲ့အေၾကာင္း ဘီဘီစီကို အခုလိုေျပာပါတယ္။

"ကုန္သြယ္မႈအပိုင္းေပါ့ေနာ္။ အခြင့္အေရးဆိုတာ အားလုံးက အတူတူျဖစ္ေစခ်င္တာေပါ့။ ေျပာင္းတို႔၊ ပဲမ်ိဳး စုံတို႔ ၾကက္သြန္၊ င႐ုတ္တို႔ ထိုင္းနဲ႔ ဟိုဘက္ဒီဘက္ ကုန္သြယ္ေရးဌာနေတြ သေဘာတူ လက္မွတ္ထိုး ေပမယ့္ ေျမျပင္မွာ တကယ္တင္ပို႔ခြင့္မရွိဘူး" သူက ေျပာပါတယ္။

ထိုင္းျမန္မာနယ္စပ္ျဖစ္တဲ့ ျမဝတီၿမိဳ႕မွာ တရားမဝင္ ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားျပႆနာေတြရွိသလို နယ္စပ္ျဖတ္ေက်ာ္မႈခင္းေတြလည္း ျဖစ္ပြားေလ့ရွိပါတယ္။

ျမဝတီၿမိဳ႕ရဲ႕ လက္ရွိတရားဥပေဒစိုးမိုးေရးကို အဓိက ဦးစားေပးေဆာင္႐ြက္ေပးဖို႔ ေဒသခံ လုပ္ငန္းရွင္ ဦးစိုင္းထြန္းေဝက အစိုးရကို ခုလိုေတာင္းဆိုပါတယ္။

"အေရးႀကီးတာကေတာ့ ၿမိဳ႕ေပၚမွာတရားဥပေဒစိုးမိုးေရးနဲ႔ ဆိုင္ကယ္ေတြ ေမာ္ေတာ္ကားေတြက ယာဥ္ စည္း ကမ္းလမ္းစည္းကမ္းမရွိတာေတြ အဲဒါေတြကေတာ့ ပထမဦးစားေပး လုပ္ဖို႔လိုမယ္ထင္တယ္။ မဲေဆာက္နဲ႔ ယွဥ္ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ဒီၿမိဳ႕ႀကီးက ဘယ္ဧည့္သည္လာလာ တအားကို အရွက္ကြဲတယ္။ အတိုင္ပင္ခံအေနနဲ႔ ဘာလုပ္ေပးရမလဲဆိုေတာ့ အေဝးေျပးကားဝင္းကို အျမန္ဆုံး ေဆာက္ရမယ္"လို႔ ေျပာပါတယ္။

ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီႏွစ္ ဇန္နဝါရီလကေန အခု ေဖေဖာ္ဝါရီအထိ ကခ်င္၊ ကယား၊ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔ကို သြားေရာက္ထားၿပီးျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကရင္ျပည္နယ္ကို မႏွစ္ကလည္း သြားေရာက္ခဲ့ၿပီး ျမဝတီ-မဲေဆာက္ ခ်စ္ၾကည္ေရးတံတားဖြင့္ပြဲနဲ႔ လွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံဖြင့္ပြဲတို႔ကို တက္ေရာက္ခဲ့ပါတယ္။
 ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းရင္းသားေဒသေတြကို နယ္စပ္ေရးရာနဲ႔ တိုင္းရင္းသား လူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒ျဖစ္ပါတယ္
အခု ၂၀၂၀ ျပည့္ႏွစ္ဟာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပဖို႔ရွိတဲ့ႏွစ္ ျဖစ္ပါတယ္။ အန္အယ္လ္ဒီပါတီဟာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာ တိုင္းရင္းသား ေတြေဒသအမ်ားစုမွာ အႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး အစိုးရတာဝန္ယူၿပီးေနာက္ပိုင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအပါအဝင္ အစိုးရအဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္အေပၚ ေဝဖန္မႈေတြ ရွိလာခဲ့ပါတယ္။

ဒါေပမဲ့ ဒီလိုေဝဖန္ခ်က္ေတြကို သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ပယ္ခ်လိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းရင္းသားေဒသေတြကို နယ္စပ္ေရးရာနဲ႔ တိုင္းရင္းသား လူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒အျဖစ္ သြားတာျဖစ္တယ္လို႔ ေဖေဖော္ဝါရီ ၂၁ ရက္က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲ မွာ ေျပာၾကားသြားတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵

Image caption အတိုင်ပင်ခံဟာ ဒီနှစ်လအတွင်း တိုင်းနဲ့ပြည်နယ်လေးခုထက်မနည်း သွားရောက်ထားပါတယ်။
(၁) ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ် စတင်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကရင်ပြည်နယ်ခရီးစဉ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။

အတိုင်ပင်ခံဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကော့ကရိတ်မြို့နယ်ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ် ဖို့ရှိပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ မြဝတီကို ခရီးဆက်မှာဖြစ်ပြီး အဲဒီက မြစန္ဒီပန်းခြံမှာ ဒေသခံတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

ဒီလို လူထုတွေ့ဆုံပွဲတွေမှာ အချိန်ကန့်သတ်ချက်ကြောင့် တစ်မြို့ကို မေးခွန်း ၆၀ ပဲမေးနိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။ ဒါကြောင့် မေးခွန်းမေးခွင့်ရဖို့ကျန်နေသူအတော်များများလည်းရှိနေပါတယ်။ အဲဒီထဲက မြဝတီခရိုင် ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က မြဝတီမြို့ရဲ့ ကုန်သွယ် မှုအခြေအနေ နဲ့ပတ်သက်လို့ အစိုးရက ဆောင်ရွက်ပေးစေချင်တဲ့အကြောင်း ဘီဘီစီကို အခုလိုပြောပါတယ်။

"ကုန်သွယ်မှုအပိုင်းပေါ့နော်။ အခွင့်အရေးဆိုတာ အားလုံးက အတူတူဖြစ်စေချင်တာပေါ့။ ပြောင်းတို့၊ ပဲမျိုး စုံတို့ ကြက်သွန်၊ ငရုတ်တို့ ထိုင်းနဲ့ ဟိုဘက်ဒီဘက် ကုန်သွယ်ရေးဌာနတွေ သဘောတူ လက်မှတ်ထိုး ပေမယ့် မြေပြင်မှာ တကယ်တင်ပို့ခွင့်မရှိဘူး" သူက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားပြဿနာတွေရှိသလို နယ်စပ်ဖြတ်ကျော်မှုခင်းတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။

မြဝတီမြို့ရဲ့ လက်ရှိတရားဥပဒေစိုးမိုးရေးကို အဓိက ဦးစားပေးဆောင်ရွက်ပေးဖို့ ဒေသခံ လုပ်ငန်းရှင် ဦးစိုင်းထွန်းဝေက အစိုးရကို ခုလိုတောင်းဆိုပါတယ်။

"အရေးကြီးတာကတော့ မြို့ပေါ်မှာတရားဥပဒေစိုးမိုးရေးနဲ့ ဆိုင်ကယ်တွေ မော်တော်ကားတွေက ယာဉ် စည်း ကမ်းလမ်းစည်းကမ်းမရှိတာတွေ အဲဒါတွေကတော့ ပထမဦးစားပေး လုပ်ဖို့လိုမယ်ထင်တယ်။ မဲဆောက်နဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်တော်တို့ဒီမြို့ကြီးက ဘယ်ဧည့်သည်လာလာ တအားကို အရှက်ကွဲတယ်။ အတိုင်ပင်ခံအနေနဲ့ ဘာလုပ်ပေးရမလဲဆိုတော့ အဝေးပြေးကားဝင်းကို အမြန်ဆုံး ဆောက်ရမယ်"လို့ ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ် ဇန်နဝါရီလကနေ အခု ဖေဖော်ဝါရီအထိ ကချင်၊ ကယား၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို သွားရောက်ထားပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ်ကို မနှစ်ကလည်း သွားရောက်ခဲ့ပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ပွဲနဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံဖွင့်ပွဲတို့ကို တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် State Counselor
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေကို နယ်စပ်ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်ပါတယ်

အခု ၂၀၂၀ ပြည့်နှစ်ဟာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့နှစ် ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသား တွေဒေသအများစုမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရတာဝန်ယူပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုဝေဖန်ချက်တွေကို သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပယ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေကို နယ်စပ်ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သွားတာဖြစ်တယ်လို့ ဖေဖေော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားသွားတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္ ကရင္ျပည္နယ္ခရီးစဥ္ စတင္  ေဒၚေအာင္ဆန္းစုၾကည္ ကရင္ျပည္နယ္ခရီးစဥ္ စတင္ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.