ပုဂံနဲ႔ လုမၺိနီ ေန႔စဥ္ေလေၾကာင္းလိုင္းေျပးမည္

Visit Nepal Year 2020 အခမ္းအနား

(Zawgyi/Unicode)

နီေပါနိုင္ငံရဲ႕ ခရီးသြားနွစ္၂၀၂၀ နွစ္အတြက္ ျမန္မာနိုင္ငံနဲ႔ နီေပါနိုင္ငံမွာရွိတဲ႔ ပုဂံနဲ႔လုမၺိနီေဒသေတြကို ေန႔စဥ္ေလယာဥ္လမ္းေၾကာင္း ေျပးဆြဲသြားဖို႔ ရွိတယ္လို႔ ဟိုတယ္နဲ႔ခရီးသြား ျပည္ေထာင္စု ဒုတိယ၀န္ၾကီး ဦးတင္လတ္က မႏၱေလးမွာ က်င္းပတဲ႔ Visit Nepal Year 2020 အခမ္းအနားမွာ ေျပာပါတယ္။ ျမန္မာနိုင္ငံသားေတြ အေနနဲ႔လည္း ေစ်းသက္သက္သာနဲ႔ သြားေရာက္ လည္ပတ္နိုင္မွာ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံဆိုင္ရာ နီေပါ သံအမတ္ျကီးက ေျပာပါတယ္။ အျပည္႔အစံုကိုေတာ႔ ကိုယ္တိုင္သြားေရာက္ သတင္းယူခဲ႔တဲ႔ ကိုေကာင္းစံဟိန္းကေျပာျပေပးမွာပါ။

ဗုဒၶဘုရားရွင္ ဖြားျမင္ေတာ္မူတဲ႔ လုမိၺနီဥယ်ာဥ္၊ ဘုရားပြင္႔ေတာ္မူတဲ႔ ဗုဒၶဂါယာနဲ႔ ျမန္မာ႔ ေရွးေဟာင္းယဥ္ေက်းမွု နယ္ေျမျဖစ္တဲ႔ ပုဂံေဒသေတြကို ေန႔စဥ္ေလယာဥ္ေျပးဆြဲနိုင္ဖို႔ ၾကိုးစားေနတယ္လို႔ ဟိုတယ္နဲ႔ခရီးသြားျပည္ေထာင္စု ဒုတိယ၀န္ႀကီး ဦးတင္လတ္က မႏၱေလးမွာ က်င္းပတဲ႔ Visit Nepal Year 2020 အခမ္းအနားမွာ အခုလို ေျပာပါတယ္။

“ဗုဒၶဘာသာ ဘုရားဖူး ခရီးေပါ့ အန္ေကာ၀က္ ကေန ပုဂံ၊ ပုဂံကေန လုမိၺနီ ၊ လုမိၺနီကေန ဗုဒၶဂါယာေပါ့ ၊အဲဒီကေနသီဟို၊ေနာက္ဆံုးေရႊတိဂံုေပါ့။အဲ႔လိုမ်ိုး ဗုဒၶဘာသာ ခရီးမ်ိုး လုပ္ေဆာင္ဖို႔ က်ေနာ္တို႔က စီစဥ္ေနပါတယ္။လုမိၺနီမွာ ရွိတဲ႔ နိုင္ငံတကာေလဆိပ္က လာမယ္႔ ေမလမွာ စဖြင္႔မယ္လို႔ သိရတယ္။ က်ေနာ္တို႔က ေအာက္တိုဘာမွာ ေဖာ္ေဆာင္မယ္႔ အန္ေကာ၀ပ္ ပုဂံ လမ္းေၾကာင္းကေန ၊ပုဂံ လုမိၺနီလမ္းေၾကာင္းကို တိုးခ်ဲ႕ေဆာင္ရြက္ဖို႔ ျပင္ဆင္ေနတယ္။”

ေဖေဖာ္၀ါ၇ီလ၂၂ ရက္ေန႔က မႏၱေလးမွာ က်င္းပတဲ႔ နီေပါ ခရီးသြားနွစ္၂၀၂၀ နွစ္ အခမ္းအနားမွာေတာ႔ ျမန္မာနိုင္ငံဆိုင္ရာ နီေပါသံအမတ္ျကီး H.E Bhim Udasက ဒီနွစ္အတြင္း နီေပါနိုင္ငံကို ေစ်းသက္သက္သာသာနဲ႔ လာေရာက္ လည္ပတ္နိုုင္တယ္ ဆိုၿပိီး အခုလိုု ေျပာပါတယ္။

“နိုင္ငံေတာ္ရဲ႔ အတိုင္ပင္ခံက ၁၉၈၅ ခုနွစ္မွာ သူ ခက္တကိမတူမွာ ေနခဲ႔တုန္းက ေရးခဲ႔တဲ႔ နီေပါကို သြားရေအာင္ဆိုတဲ႔စာအုပ္ထဲမွာ LETS VISIT NEAPL လို႔ ေရးခဲ႔ဖူးပါတယ္။လြန္ခဲ႔တဲ႔ ၃၅ခုနွစ္က အတိုင္ပင္ခံေ႔ျပာခဲ႔တဲ႔အတိုင္း ခုခ်ိန္မွာလည္း က်ေနာ္က နီေပါကို သြားလည္ရေအာင္လို႔ ေျပာခ်င္ပါတယ္။”

ျမန္မာနိုင္ငံမွာ လက္ရွိ နီေပါႏြယ္ဖြား ေဂၚရခါးလူမ်ိုး ၂သိန္း၀န္းက်င္ ေနထိုင္လ်က္ရွိၿပီး အမ်ားအားျဖင္႔ ေတာင္ေပၚေဒသေတြ ျဖစ္တဲ႔ ျမစ္ႀကီးနား၊ မိုးကုတ္နဲ႔ ျပင္ဦးလြင္ေဒသတ၀ုိက္ ေနထိုင္ေလ႔ရွိပါတယ္။ ျမန္မာနိုင္ငံမွာ ရွိတဲ႔ ေဂၚရခါး လူမ်ိုးေတြရဲ႕ ရိုးရာ ဓေလ႔ေတြကိုလည္း လာေရာက္ေလ႔လာေစခ်င္တဲ႔လို႔ ဆိုလာသူက ေဂၚရခါးလူမ်ိုး ေစာေရးဆရာ ခ်ယ္ရီေျမေမာင္တင္ထြန္းပါ။

“ျမစ္ျကီးနားလိုေနရာမွာဆို ဒီကေန႔တိုင္ ထင္ရွားေနတာ စီတာပို၊ ရာမပိုဆိုတဲ႔ ရြာေလးေတြ ရွိပါတယ္။တခ်ို႔က ကခ်င္နာမည္ထင္တယ္၊တကယ္က ေဂၚရခါး နာမည္ေတြ ျဖစ္ပါတယ္။ေဂၚရခါးနာမည္ေလးေတြနဲ႔ ထင္ရွားလ်က္ ရွိပါတယ္။ အဲ႔ဒီရြာေလးေတြကို သြားလည္မယ္ဆိုရင္လည္း ေဂၚရခါးရိုးရာ ယဥ္ေက်းမွုေတြ ဒီေန႔တိုင္ ေတြ႔နိုင္ၾကရမွာျဖစ္ပါတယ္။”

ေဖေဖာ္၀ါ၇ီလ၂၂ ရက္ေန႔က မႏၱေလးမွာ က်င္းပတဲ႔ နီေပါ ခရီးသြားနွစ္၂၀၂၀ နွစ္ အခမ္းအနားကိုေတာ႔ နီေပါသံရံုးနဲ႔ မႏၱေလးတိုင္းေဒသၾကီး ကုသည္မ်ားနဲ႔ စက္မွုလက္မွဳ လုပ္ငန္းရွင္မ်ားအသင္းတို႔ ပူးေပါင္းက်င္းပတာပါ။

ျမန္မာနိုင္ငံနဲ႔ နီေပါနိုင္ငံ ၂နိုင္ငံ သံတံမာန္ ဆက္ဆံေရးဟာဆိုရင္ ႏွစ္ေပါင္း၆၀ ရွိၿပီ ျဖစ္ပါတယ္။

.............

ပုဂံနဲ့ လုမ္ဗိနီ နေ့စဉ်လေကြောင်းလိုင်းပြေးမည်

(Unicode)

နီပေါနိုင်ငံရဲ့ ခရီးသွားနှစ်၂၀၂၀ နှစ်အတွက် မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံမှာရှိတဲ့ ပုဂံနဲ့လုမ္ဗိနီဒေသတွေကို နေ့စဉ်လေယာဉ်လမ်းကြောင်း ပြေးဆွဲသွားဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွား ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးတင်လတ်က မန္တလေးမှာ ကျင်းပတဲ့ Visit Nepal Year 2020 အခမ်းအနားမှာ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဈေးသက်သက်သာနဲ့ သွားရောက် လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူတဲ့ လုမ္ဗိနီဥယျာဉ်၊ ဘုရားပွင့်တော်မူတဲ့ ဗုဒ္ဓဂါယာနဲ့ မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံဒေသတွေကို နေ့စဉ်လေယာဉ်ပြေးဆွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ ဟိုတယ်နဲ့ခရီးသွားပြည်ထောင်စု ဒုတိယဝန်ကြီး ဦးတင်လတ်က မန္တလေးမှာ ကျင်းပတဲ့ Visit Nepal Year 2020 အခမ်းအနားမှာ အခုလို ပြောပါတယ်။

“ဗုဒ္ဓဘာသာ ဘုရားဖူး ခရီးပေါ့ အန်ကောဝက် ကနေ ပုဂံ၊ ပုဂံကနေ လုမ္ဗိနီ ၊ လုမ္ဗိနီကနေ ဗုဒ္ဓဂါယာပေါ့ ၊အဲဒီကနေသီဟို၊နောက်ဆုံးရွှေတိဂုံပေါ့။အဲ့လိုမျိုး ဗုဒ္ဓဘာသာ ခရီးမျိုး လုပ်ဆောင်ဖို့ ကျနော်တို့က စီစဉ်နေပါတယ်။လုမ္ဗိနီမှာ ရှိတဲ့ နိုင်ငံတကာလေဆိပ်က လာမယ့် မေလမှာ စဖွင့်မယ်လို့ သိရတယ်။ ကျနော်တို့က အောက်တိုဘာမှာ ဖော်ဆောင်မယ့် အန်ကောဝပ် ပုဂံ လမ်းကြောင်းကနေ ၊ပုဂံ လုမ္ဗိနီလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်။”

ဖေဖော်ဝါရီလ၂၂ ရက်နေ့က မန္တလေးမှာ ကျင်းပတဲ့ နီပေါ ခရီးသွားနှစ်၂၀၂၀ နှစ် အခမ်းအနားမှာတော့ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E Bhim Udasက ဒီနှစ်အတွင်း နီပေါနိုင်ငံကို ဈေးသက်သက်သာသာနဲ့ လာရောက် လည်ပတ်နိုင်တယ် ဆိုပြီး အခုလို ပြောပါတယ်။

“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံက ၁၉၈၅ ခုနှစ်မှာ သူ ခက်တကိမတူမှာ နေခဲ့တုန်းက ရေးခဲ့တဲ့ နီပေါကို သွားရအောင်ဆိုတဲ့စာအုပ်ထဲမှာ LETS VISIT NEAPL လို့ ရေးခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ ၃၅ခုနှစ်က အတိုင်ပင်ခံေ့ပြာခဲ့တဲ့အတိုင်း ခုချိန်မှာလည်း ကျနော်က နီပေါကို သွားလည်ရအောင်လို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိ နီပေါနွယ်ဖွား ဂေါ်ရခါးလူမျိုး ၂သိန်းဝန်းကျင် နေထိုင်လျက်ရှိပြီး အများအားဖြင့် တောင်ပေါ်ဒေသတွေ ဖြစ်တဲ့ မြစ်ကြီးနား၊ မိုးကုတ်နဲ့ ပြင်ဦးလွင်ဒေသတဝိုက် နေထိုင်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂေါ်ရခါး လူမျိုးတွေရဲ့ ရိုးရာ ဓလေ့တွေကိုလည်း လာရောက်လေ့လာစေချင်တဲ့လို့ ဆိုလာသူက ဂေါ်ရခါးလူမျိုး စောရေးဆရာ ချယ်ရီမြေမောင်တင်ထွန်းပါ။

“မြစ်ကြီးနားလိုနေရာမှာဆို ဒီကနေ့တိုင် ထင်ရှားနေတာ စီတာပို၊ ရာမပိုဆိုတဲ့ ရွာလေးတွေ ရှိပါတယ်။တချို့က ကချင်နာမည်ထင်တယ်၊တကယ်က ဂေါ်ရခါး နာမည်တွေ ဖြစ်ပါတယ်။ဂေါ်ရခါးနာမည်လေးတွေနဲ့ ထင်ရှားလျက် ရှိပါတယ်။ အဲ့ဒီရွာလေးတွေကို သွားလည်မယ်ဆိုရင်လည်း ဂေါ်ရခါးရိုးရာ ယဉ်ကျေးမှုတွေ ဒီနေ့တိုင် တွေ့နိုင်ကြရမှာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ၂၂ ရက်နေ့က မန္တလေးမှာ ကျင်းပတဲ့ နီပေါ ခရီးသွားနှစ်၂၀၂၀ နှစ် အခမ်းအနားကိုတော့ နီပေါသံရုံးနဲ့ မန္တလေးတိုင်းဒေသကြီး ကုသည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပတာပါ။

မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံ ၂နိုင်ငံ သံတံမာန် ဆက်ဆံရေးဟာဆိုရင် နှစ်ပေါင်း၆၀ ရှိပြီ ဖြစ်ပါတယ်။

ေကာင္းစံဟိန္း/VOA (Burmese)
https://burmese.voanews.com
ပုဂံနဲ႔ လုမၺိနီ ေန႔စဥ္ေလေၾကာင္းလိုင္းေျပးမည္ ပုဂံနဲ႔ လုမၺိနီ ေန႔စဥ္ေလေၾကာင္းလိုင္းေျပးမည္ Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.