ေက်ာက္ျဖဴ မြတ္စလင္ ဒုကၡသည္ေတြ ၿမိဳ႕ထဲျပန္ေရး ညႇိႏႈိင္းေန

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္က ေက်ာက္တစ္လုံး ဒုကၡသည္စခန္းမွာ ေနထိုင္သူေတြကို ျပန္လည္ ေနရာခ်ထားေပးဖို႔ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၃ ရက္ေန႔က သြားေရာက္ညႇိႏႈိင္းခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာျဖစ္ပြားခဲ့တဲ့ ဘာသာေရး ပဋိပကၡေၾကာင့္ ေက်ာက္တစ္လုံးဒုကၡသည္စခန္းကို ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး မြတ္စလင္ အိမ္ေထာင္စု ၃၆၀ ေက်ာ္ လူဦးေရ တစ္ေထာင္ေက်ာ္ရွိပါတယ္။

သူတို႔ကို ေက်ာက္ျဖဴၿမိဳ႕ထဲမွာ ျပန္လည္ေနရာခ်ထားဖို႔ စီစဥ္ေနၾကတာျဖစ္ပါတယ္။

ေက်ာက္တစ္လုံးဒုကၡသည္စခန္း စီမံခန႔္ခြဲေရးေကာ္မတီ ဥကၠ႒ ကိုျဖဴေခ်က သူတို႔မွာ မူလေနထိုင္ခဲ့တဲ့ အိမ္ပိုင္ ေနရာေတြ ရွိခဲ့တဲ့အတြက္ မူလေနရာမွာ ျပန္လည္ေနထိုင္ဖို႔ေတာင္းဆိုထားတယ္လို႔  ေျပာပါတယ္။

"ကိုယ္တို႔ကိုျပန္လည္ေနရာခ်မယ္ဆိုရင္ ကိုယ္တို႔မွာ ၿမိဳ႕ေပၚရပ္ကြက္မွာ ေအာ္ရဂ်င္နယ္ အိမ္ရွိတယ္ အိုးအိမ္ရွိတယ္။ တခ်ိဳ႕က ေရာင္းခ်ထားတယ္ သူတို႔ကို ျပန္လည္ေနရာခ်ထားေပးမယ္ဆိုရင္ ၿမိဳ႕ေပၚရပ္ကြက္ မွာ ေနရာခ်ထားေပးရမယ္ အိမ္ရွိတဲ့သူေတြကို သူတို႔အိမ္ျပန္ေပးရမယ္ အဲလိုေတာင္းဆိုထားတယ္။"

ေက်ာက္တစ္လုံးဒုကၡသည္စခန္းမွာ ေနထိုင္သူေတြဟာ ေက်ာက္ျဖဴ ၿမိဳ႕ေပၚရပ္ကြက္ ျဖစ္တဲ့ အရာရွိရပ္ကြက္၊ ပိုက္သည္ရပ္ကြက္၊ သမၺာန္ေခ်ာင္းရပ္ကြက္နဲ႔ ျပင္ျဖဴေမာ္ရပ္ကြက္ေတြမွာ မူလက ေနထိုင္ခဲ့ၾကသူေတြျဖစ္ပါတယ္။

ေက်ာက္ျဖဴၿမိဳ႕ ေဒသခံတစ္ဦးျဖစ္သူ ဦးထြန္းၾကည္က ၿမိဳ႕ထဲကသူေတြက မြတ္စလင္ေတြကို မူလေနရာေတြမွာ ျပန္လည္ေနရာခ်ထားမွာကို လက္မခံၾကဘူးလို႔ ေျပာပါတယ္။

"တခ်ိဳ႕ ကၿမိဳ႕ထဲကို ျပန္သြင္းဖို႔ဆိုတာကို လက္မခံဘူး။ သူတို႔ကို အဲေနရာမွာပဲထားဖို႔ ေျပာတယ္။ အစိုးရ ကေတာ့ စီမံကိန္းေတြခ်ၿပီး  IDP ကန႔္ေတြ ဖ်က္သိမ္းဖို႔လုပ္ေနတဲ့အခါ သူတို႔ကို ထားဖို႔ ေနာက္တစ္ေနရာ အဲဒီနားမွာပဲ ထားဖို႔ စဥ္းစားထားတာရွိတယ္လို႔ၾကားတယ္။ အဲဒီလိုက်ေတာ့လည္း နယ္ဘက္ကလူေတြက လက္မခံဘူး နယ္ဘက္ဆိုတဲ့ အဲဒီနားကလူေတြ သူတို႔ကလည္း လက္မခံၾကဘူး။"

ေက်ာက္ျဖဴၿမိဳ႕ထဲမွာ ျပန္လည္ေနရာခ်ထားေပးဖို႔ စီစဥ္ေနတာကို ေဒသခံေတြက လက္မခံေၾကာင္း ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕နဲ႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး တို႔ကို RFA ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

လက္တေလာအေျခအေနအရ ဒုကၡသည္စခန္းကသူေတြကို ေနရာျပန္လည္ခ်ထားေပးႏိုင္ေရးအတြက္ ႏွစ္ဘက္အသိုင္းအဝိုင္းကို ညႇိႏႈိင္းေနဆဲျဖစ္ၿပီး ေက်ာက္တစ္လုံး ဒုကၡသည္စခန္းကို ခ်က္ခ်င္းေျပာင္းေ႐ႊ႕ဖို႔ မဟုတ္ဘဲ စခန္းမွာေနထိုင္သူေတြရဲ႕ အသံေတြကို နားေထာင္တာျဖစ္တယ္လို႔ အစိုးရအဖြဲ႕က ေျပာၾကား ထားပါတယ္။

ဒုကၡသည္ေတြက သူတို႔မူလေနရာကို ျပန္ေတာင္းဆိုထားတယ္လို႔ ၾကားသိရၿပီး မူရင္းေနထိုင္သူေတြက လက္မခံတဲ့အခါ ျပႆနာကို ပိုဆိုးေစမယ္လို႔ ျမင္ေၾကာင္း ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္လြင္က ေျပာပါတယ္။

"မြတ္စလင္ေတြ ေက်ာက္ျဖဴၿမိဳ႕အတြင္း သူတို႔ေနခဲ့တဲ့ေနရာေတြမွာ ျပန္ေနခ်င္တယ္ဆိုၿပီး ေတာင္းတာ ၾကားတယ္။ ဒါေပမဲ့ လက္ရွိမွာ အဲလိုျဖစ္လာရင္ ေဒသခံက လက္ခံႏိုင္မခံႏိုင္ဆိုတာလည္း ရွိေသးတယ္။ သူတို႔လက္မခံရင္ တစ္ခုခုဆို ပဋိပကၡကို ပိုႀကီးေအာင္ လုပ္တယ္လို႔ ျမင္တယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ရဲ႕ အျမင္ပါ။"

မြတ္စလင္ ဒုကၡသည္စခန္းေတြ ပိတ္သိမ္းဖို႔ ညႇိႏႈိင္းေနတာဟာ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီးဌာနရဲ႕ ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား ျပန္လည္ေနရာခ်ထားေရးႏွင့္ ယာယီခိုလႈံရာ စခန္းေတြ ပိတ္သိမ္းေရးဆိုင္ရာ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာ စီမံခ်က္အရ ၂၀၁၈ ခုႏွစ္ထဲက စတင္ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

ေက်ာက္တစ္လုံးစခန္းက လူေတြကို လက္ရွိစခန္းရဲ႕ ႏွစ္ဖာလုံ အကြာေလာက္က ေနရာကို ျပန္လည္ေနရာခ်ထားဖို႔ လ်ာထားခ်က္ရွိတယ္လို႔  ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

    လ်ာထားတာက ၿမိဳ႕ထဲမွာေတာ့မဟုတ္ဘူး အဲဒီေနရာနဲ႔ ႏွစ္ဖာလုံအကြာမွာပါ။

"လူကယ္ျပန္ဝန္ႀကီးဌာနက မဟာဗ်ဴဟာ ဆြဲထားတာ ရွိတယ္ေလ။ ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား ျပန္လည္ ေနရာခ်ထားေရးဆိုၿပီး ဘယ္ေနရာမွာဆိုတာ လ်ာထားခ်က္ပဲ ရွိပါတယ္။ ေနရာခ်ထားေပးတာေတာ့ မဟာဗ်ဴဟာစီမံခ်က္ အတိုင္းပါ။ လ်ာထားတာက ၿမိဳ႕ထဲမွာေတာ့မဟုတ္ဘူး အဲဒီေနရာနဲ႔ ႏွစ္ဖာလုံအကြာမွာပါ။ အိမ္ေထာင္စု ၃၆၃ လူဦးေရ ၁၀၁၀ ပါ။"

ဒုကၡသည္စခန္းေတြ ပိတ္သိမ္းဖို႔ဆိုတာ ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာ တစ္ခုအပါ အဝင္ျဖစ္ၿပီး ICJ ရဲ႕ ၾကားျဖတ္ အမိန႔္ေလးခ်က္ထဲမွာလည္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို အသိအမွတ္ျပဳဖို႔နဲ႔ လြတ္လပ္စြာသြားလာခြင့္ျပဳဖို႔ဆိုတာ အခ်က္တစ္ခ်က္အေနနဲ႔ ပါရွိပါတယ္။

ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ထဲမွာ စခန္းေတြ ပိတ္သိမ္းၿပီး ေနရပ္ျပန္ဖို႔ဆိုတာပါဝင္ၿပီး စခန္းတစ္ခု ပိတ္ၿပီး ေနာက္စခန္းတစ္ခုကို ေျပာင္းေ႐ႊ႕ဖို႔ဆိုတာမ်ိဳးမဟုတ္ဘူးလို႔ ကိုဖီအာနန္ ေကာ္မရွင္ အဖြဲ႕ဝင္ေဟာင္း ဦးေအးလြင္က ေျပာပါတယ္။

ayelwin-350"အႀကံျပဳထားတာက သူတို႔ေနရပ္ျပန္ဖို႔ပဲ စခန္းေတြသိမ္းၿပီး ေနာက္စခန္းတစ္ခုေျပာင္းဖို႔ အႀကံျပဳထားတဲ့အထဲမွာ မရွိပါဘူး။ လူ႔အဖြဲ႕အစည္း ႏွစ္ခု သဟဇာတ ျဖစ္ေရးဆိုတာ လုပ္ယူရမယ္၊ ေဆြးေႏြးရမယ္။ စိုးရိမ္စိတ္ရွိသူေတြကိုလည္း သဟဇာတရွိေရး ေတြ႕ဆုံ ညႇိႏႈိင္းရမယ္၊ ေဆြးေႏြးရမယ္။ ထိေတြ႕မႈမ်ားလာရင္ အရင္ကလည္း တူတူေနခဲ့တာပဲ ကိုယ္အိမ္ကိုယ့္ယာကို ျပန္ဖို႔ဆိုတာ သိပ္ျပႆနာရွိဖို႔ေတာ့မရွိပါဘူး။"

လက္ရွိအစိုးရက ဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားေရး ေဆာင္႐ြက္ရာမွာ မူလေနရာေတြကို ျပန္လည္ေနထိုင္ခြင့္ေပးတာမ်ိဳး မဟုတ္ဘဲ ရပ္ကြက္ (ဒါမွမဟုတ္) ေက်း႐ြာတစ္ခုပုံစံနဲ႔ ျပန္လည္ ေနရာခ်ထားေပးေနတာျဖစ္ပါတယ္။ အဲဒီလို ေဆာင္႐ြက္တာဟာ ကိုဖီအာနန္ေကာ္မရွင္ အႀကံေပးခ်က္ေတြနဲ႔ ကိုက္ညီမႈ မရွိေၾကာင္းလည္း ေဝဖန္မႈေတြ ရွိေနပါတယ္။

မြတ္စလင္ ဒုကၡသည္စခန္းေတြ ပိတ္သိမ္းႏိုင္ေရး အစိုးရေဆာင္႐ြက္ေနတာမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္က နိဒင္စခန္းကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ အၿပီး ပိတ္သိမ္းႏိုင္ခဲ့ပါတယ္။

အဲဒီစခန္းက အိမ္ေထာင္စု ၈၅ စုနဲ႔ လူဦးေရ ၅၈၀ ေက်ာ္ဟာ မူလက ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ေနထိုင္ခဲ့ၾကတာ ျဖစ္ေပမယ့္ ဒုကၡသည္ေတြနဲ႔ သေဘာတူ ညႇိႏႈိင္းမႈအရ သူတို႔ကို မူလေနရာမွာ ျပန္လည္ေနရာမေပးဘဲ နိဒင္ေက်း႐ြာ အေနာက္ဘက္ လယ္ကြင္းျပင္မွာ လုံးခ်င္းေနအိမ္ေတြ ေဆာက္လုပ္ၿပီး ျပန္လည္ေနရာ ခ်ထားေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒုကၡသည္ သုံးေထာင္ေက်ာ္ရွိတဲ့ ေျမပုံ IDP ကယ္ဆယ္ေရးစခန္းအတြက္ ေနအိမ္ ၆၀၀ ေလာက္ ေဆာက္လုပ္မွာျဖစ္ၿပီး လက္ရွိမွာ ေနအိမ္အလုံးေရ ၁၀၀ ေလာက္ၿပီးစီးေနၿပီျဖစ္တာေၾကာင့္ မိသားစုေတြ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကၿပီလို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္ထဲက စစ္ေတြၿမိဳ႕ သကၠယ္ျပင္၊ ေခါင္းဒုကၠာ စခန္း ၁၊ ၂ စတဲ့ ဒုကၡသည္ စခန္း သုံးခုကိုလည္း ျပန္လည္ေနရာခ်ထားေပးႏိုင္ဖို႔ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေပမယ့္ ဒီေန႔အခ်ိန္ထိ သေဘာတူညီခ်က္ မရေသးဘဲ ျဖစ္ေနပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်တွေ မြို့ထဲပြန်ရေး ညှိနှိုင်းနေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခကြောင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မွတ်စလင် အိမ်ထောင်စု ၃၆၀ ကျော် လူဦးရေ တစ်ထောင်ကျော်ရှိပါတယ်။

သူတို့ကို ကျောက်ဖြူမြို့ထဲမှာ ပြန်လည်နေရာချထားဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေက သူတို့မှာ မူလနေထိုင်ခဲ့တဲ့ အိမ်ပိုင် နေရာတွေ ရှိခဲ့တဲ့အတွက် မူလနေရာမှာ ပြန်လည်နေထိုင်ဖို့တောင်းဆိုထားတယ်လို့  ပြောပါတယ်။

"ကိုယ်တို့ကိုပြန်လည်နေရာချမယ်ဆိုရင် ကိုယ်တို့မှာ မြို့ပေါ်ရပ်ကွက်မှာ အော်ရဂျင်နယ် အိမ်ရှိတယ် အိုးအိမ်ရှိတယ်။ တချို့က ရောင်းချထားတယ် သူတို့ကို ပြန်လည်နေရာချထားပေးမယ်ဆိုရင် မြို့ပေါ်ရပ်ကွက် မှာ နေရာချထားပေးရမယ် အိမ်ရှိတဲ့သူတွေကို သူတို့အိမ်ပြန်ပေးရမယ် အဲလိုတောင်းဆိုထားတယ်။"

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဟာ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ပြင်ဖြူမော်ရပ်ကွက်တွေမှာ မူလက နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ကျောက်ဖြူမြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းကြည်က မြို့ထဲကသူတွေက မွတ်စလင်တွေကို မူလနေရာတွေမှာ ပြန်လည်နေရာချထားမှာကို လက်မခံကြဘူးလို့ ပြောပါတယ်။

"တချို့ ကမြို့ထဲကို ပြန်သွင်းဖို့ဆိုတာကို လက်မခံဘူး။ သူတို့ကို အဲနေရာမှာပဲထားဖို့ ပြောတယ်။ အစိုးရ ကတော့ စီမံကိန်းတွေချပြီး  IDP ကန့်တွေ ဖျက်သိမ်းဖို့လုပ်နေတဲ့အခါ သူတို့ကို ထားဖို့ နောက်တစ်နေရာ အဲဒီနားမှာပဲ ထားဖို့ စဉ်းစားထားတာရှိတယ်လို့ကြားတယ်။ အဲဒီလိုကျတော့လည်း နယ်ဘက်ကလူတွေက လက်မခံဘူး နယ်ဘက်ဆိုတဲ့ အဲဒီနားကလူတွေ သူတို့ကလည်း လက်မခံကြဘူး။"

ကျောက်ဖြူမြို့ထဲမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာကို ဒေသခံတွေက လက်မခံကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့ကို RFA မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်တလောအခြေအနေအရ ဒုက္ခသည်စခန်းကသူတွေကို နေရာပြန်လည်ချထားပေးနိုင်ရေးအတွက် နှစ်ဘက်အသိုင်းအဝိုင်းကို ညှိနှိုင်းနေဆဲဖြစ်ပြီး ကျောက်တစ်လုံး ဒုက္ခသည်စခန်းကို ချက်ချင်းပြောင်းရွှေ့ဖို့ မဟုတ်ဘဲ စခန်းမှာနေထိုင်သူတွေရဲ့ အသံတွေကို နားထောင်တာဖြစ်တယ်လို့ အစိုးရအဖွဲ့က ပြောကြား ထားပါတယ်။

ဒုက္ခသည်တွေက သူတို့မူလနေရာကို ပြန်တောင်းဆိုထားတယ်လို့ ကြားသိရပြီး မူရင်းနေထိုင်သူတွေက လက်မခံတဲ့အခါ ပြဿနာကို ပိုဆိုးစေမယ်လို့ မြင်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

"မွတ်စလင်တွေ ကျောက်ဖြူမြို့အတွင်း သူတို့နေခဲ့တဲ့နေရာတွေမှာ ပြန်နေချင်တယ်ဆိုပြီး တောင်းတာ ကြားတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲလိုဖြစ်လာရင် ဒေသခံက လက်ခံနိုင်မခံနိုင်ဆိုတာလည်း ရှိသေးတယ်။ သူတို့လက်မခံရင် တစ်ခုခုဆို ပဋိပက္ခကို ပိုကြီးအောင် လုပ်တယ်လို့ မြင်တယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ အမြင်ပါ။"

မွတ်စလင် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ ညှိနှိုင်းနေတာဟာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းတွေ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ ၂၀၁၈ ခုနှစ်ထဲက စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကျောက်တစ်လုံးစခန်းက လူတွေကို လက်ရှိစခန်းရဲ့ နှစ်ဖာလုံ အကွာလောက်က နေရာကို ပြန်လည်နေရာချထားဖို့ လျာထားချက်ရှိတယ်လို့  ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

    လျာထားတာက မြို့ထဲမှာတော့မဟုတ်ဘူး အဲဒီနေရာနဲ့ နှစ်ဖာလုံအကွာမှာပါ။

"လူကယ်ပြန်ဝန်ကြီးဌာနက မဟာဗျူဟာ ဆွဲထားတာ ရှိတယ်လေ။ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးဆိုပြီး ဘယ်နေရာမှာဆိုတာ လျာထားချက်ပဲ ရှိပါတယ်။ နေရာချထားပေးတာတော့ မဟာဗျူဟာစီမံချက် အတိုင်းပါ။ လျာထားတာက မြို့ထဲမှာတော့မဟုတ်ဘူး အဲဒီနေရာနဲ့ နှစ်ဖာလုံအကွာမှာပါ။ အိမ်ထောင်စု ၃၆၃ လူဦးရေ ၁၀၁၀ ပါ။"

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ဆိုတာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်ပြီး ICJ ရဲ့ ကြားဖြတ် အမိန့်လေးချက်ထဲမှာလည်း ရိုဟင်ဂျာမွတ်စလင်တွေကို အသိအမှတ်ပြုဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ပြုဖို့ဆိုတာ အချက်တစ်ချက်အနေနဲ့ ပါရှိပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ စခန်းတွေ ပိတ်သိမ်းပြီး နေရပ်ပြန်ဖို့ဆိုတာပါဝင်ပြီး စခန်းတစ်ခု ပိတ်ပြီး နောက်စခန်းတစ်ခုကို ပြောင်းရွှေ့ဖို့ဆိုတာမျိုးမဟုတ်ဘူးလို့ ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။

ayelwin-350"အကြံပြုထားတာက သူတို့နေရပ်ပြန်ဖို့ပဲ စခန်းတွေသိမ်းပြီး နောက်စခန်းတစ်ခုပြောင်းဖို့ အကြံပြုထားတဲ့အထဲမှာ မရှိပါဘူး။ လူ့အဖွဲ့အစည်း နှစ်ခု သဟဇာတ ဖြစ်ရေးဆိုတာ လုပ်ယူရမယ်၊ ဆွေးနွေးရမယ်။ စိုးရိမ်စိတ်ရှိသူတွေကိုလည်း သဟဇာတရှိရေး တွေ့ဆုံ ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်။ ထိတွေ့မှုများလာရင် အရင်ကလည်း တူတူနေခဲ့တာပဲ ကိုယ်အိမ်ကိုယ့်ယာကို ပြန်ဖို့ဆိုတာ သိပ်ပြဿနာရှိဖို့တော့မရှိပါဘူး။"

လက်ရှိအစိုးရက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာမှာ မူလနေရာတွေကို ပြန်လည်နေထိုင်ခွင့်ပေးတာမျိုး မဟုတ်ဘဲ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာတစ်ခုပုံစံနဲ့ ပြန်လည် နေရာချထားပေးနေတာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တာဟာ ကိုဖီအာနန်ကော်မရှင် အကြံပေးချက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်းလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

မွတ်စလင် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး အစိုးရဆောင်ရွက်နေတာမှာ ကျောက်တော်မြို့နယ်က နိဒင်စခန်းကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ အပြီး ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

အဲဒီစခန်းက အိမ်ထောင်စု ၈၅ စုနဲ့ လူဦးရေ ၅၈၀ ကျော်ဟာ မူလက ကျောက်တော်မြို့ပေါ်မှာ နေထိုင်ခဲ့ကြတာ ဖြစ်ပေမယ့် ဒုက္ခသည်တွေနဲ့ သဘောတူ ညှိနှိုင်းမှုအရ သူတို့ကို မူလနေရာမှာ ပြန်လည်နေရာမပေးဘဲ နိဒင်ကျေးရွာ အနောက်ဘက် လယ်ကွင်းပြင်မှာ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာ ချထားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒုက္ခသည် သုံးထောင်ကျော်ရှိတဲ့ မြေပုံ IDP ကယ်ဆယ်ရေးစခန်းအတွက် နေအိမ် ၆၀၀ လောက် ဆောက်လုပ်မှာဖြစ်ပြီး လက်ရှိမှာ နေအိမ်အလုံးရေ ၁၀၀ လောက်ပြီးစီးနေပြီဖြစ်တာကြောင့် မိသားစုတွေ ပြောင်းရွှေ့နေထိုင်နေကြပြီလို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်ထဲက စစ်တွေမြို့ သက္ကယ်ပြင်၊ ခေါင်းဒုက္ကာ စခန်း ၁၊ ၂ စတဲ့ ဒုက္ခသည် စခန်း သုံးခုကိုလည်း ပြန်လည်နေရာချထားပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ သဘောတူညီချက် မရသေးဘဲ ဖြစ်နေပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္ျဖဴ မြတ္စလင္ ဒုကၡသည္ေတြ ၿမိဳ႕ထဲျပန္ေရး ညႇိႏႈိင္းေန ေက်ာက္ျဖဴ မြတ္စလင္ ဒုကၡသည္ေတြ ၿမိဳ႕ထဲျပန္ေရး ညႇိႏႈိင္းေန Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.