ရွားေစာင္းကို သုံးသင့္၊ မသုံးသင့္တဲ့ ေနရာမ်ား

(Zawgyi)⤵⤵⤵
ရွားေစာင္းလက္ပပ္ကို ေဆးဖက္ဝင္တယ္လို႔ သိထားၾကသလို အလွအပအတြက္၊ က်န္းမာေရးအတြက္ အသုံးခ်တာကလည္း နည္းကိုစုံလို႔။ ဒီတစ္ခါေတာ့ ရွားေစာင္းကို ဘယ္ေနရာမွာ သုံးသင့္လဲ၊ ဘယ္လိုေတြ မသုံးသင့္ဘူးလဲ ခြဲျခားေျပာျပေပးမွာပါ။ မသုံးသင့္တဲ့ေနရာ တလြဲမသုံးမိေစဖို႔ ဆက္ၿပီး ဖတ္ၾကည့္လိုက္ပါဦး။

ထိခိုက္ဒဏ္ရာ

ရွားေစာင္းလက္ပပ္နဲ႔ ဒဏ္ရာကုသႏိုင္တယ္လို႔ ဆိုၾကေပမယ့္ ေလ့လာမႈေတြအရ တခ်ိဳ႕ဒဏ္ရာေတြကို အနာက်က္ျမန္ေစၿပီး တခ်ိဳ႕မွာေတာ့ ပိုေတာင္ေႏွးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဆးဖက္ဝင္တယ္ဆိုတိုင္း အရမ္းကာေရာ အနာေဆးထည့္တာ မလုပ္တာေကာင္းပါတယ္ေနာ္။

အေရျပားေလာင္ျခင္း

ရွားေစာင္း အႏွစ္ သို႔မဟုတ္ ဂ်ယ္လ္လိမ္းေဆးေတြက ေနေလာင္ဒဏ္အျပင္ အပူေလာင္နာေတြကိုပါ ျမန္ျမန္ကုသေပးႏိုင္တာ အမွန္ပါ။ သူ႔မွာပါတဲ့ ျဒပ္ေပါင္းေတြက အေရျပားေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစၿပီး အေရျပားကို ကုသမႈျမန္ေစပါတယ္။ ဒါေပမယ့္ ျပင္းထန္တဲ့ အပူေလာင္ဒဏ္ရာ၊ ေရေႏြးပူေလာင္တာေတြ၊ အနာက်က္ဖို႔ၾကာေနတဲ့အပူေလာင္နာေတြအတြက္ေတာ့ ဆရာဝန္ျပၿပီး ကုသမႈခံယူသင့္ပါတယ္။

ပါးစပ္အနာ

ပါးစပ္မွာ ျဖစ္တတ္တဲ့ အနာေသးေသးေလးေတြကို ရွားေစာင္းအႏွစ္ လိမ္းေပးရင္ ပိုးေသၿပီး အျမန္သက္သာေစႏိုင္ပါတယ္။

ဝက္ၿခံ

ဒါကေတာ့ လူတိုင္းသိထားၿပီးျဖစ္မွာပါ။ ရွားေစာင္းလက္ပပ္က ဝက္ၿခံကိုသက္သာေစၿပီး အသားအေရေခ်ာမြတ္ေစႏိုင္ပါတယ္။ ဓာတ္မတည့္တဲ့သူေတြကလြဲၿပီး ရွားေစာင္းအႏွစ္ သို႔မဟုတ္ ရွားေစာင္းကိုအေျခခံတဲ့ ဂ်ယ္လ္၊ ခရင္မ္ လိမ္းေပးရင္ ဝက္ၿခံကင္းေစပါလိမ့္မယ္။

ဝမ္းခ်ဳပ္ျခင္း

ရွားေစာင္းလက္ပပ္ခ်က္ေဆး ဆိုတာလည္း ၾကားဖူးၾကမွာေပါ့။ အသားမွာ လိမ္းလို႔ရသလို စားမယ္ဆိုလည္း ေဆးဖက္ဝင္ပါတယ္။ ရွားေစာင္းလက္ပပ္ကို စားရင္ ဝမ္းခ်ဳပ္သက္သာေစႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔နည္းနဲ႔သူရွိၾကတာမို႔ အိမ္သုံးေဆးနည္းျဖစ္ျဖစ္၊ တိုင္းရင္းေဆးနည္းျဖစ္ျဖစ္ နည္းလမ္းမွန္ကို ေလ့လာၿပီးမွစားသုံးသင့္ပါတယ္။ ကိုယ့္သေဘာနဲ႔ကိုယ္ အစိမ္းစားမိတာ လြန္ကဲရင္ ဗိုက္ေအာင့္၊ ဝမ္းပ်က္တာနဲ႔ တျခား ေဘးထြက္ဆိုးက်ိဳးရွိႏိုင္ပါတယ္။

ဆီးခ်ိဳေသြးခ်ိဳ

ရွားေစာင္းလက္ပပ္က ေသြးတြင္းသၾကားဓာတ္နဲ႔ ကိုလက္စထေရာကို က်ေစတယ္လို႔ ေလ့လာေတြ႕ရွိထားပါတယ္။ ဒါေပမယ့္ အင္ဆူလင္ေဆး အပါအဝင္ ဆီးခ်ိဳအတြက္ ဆရာဝန္ၫႊန္းထားတဲ့ ေဆးေတြနဲ႔ ဓာတ္ျပဳသက္ေရာက္မႈေတြရွိႏိုင္လို႔ သတိထားေစခ်င္ပါတယ္။

ရွားေစာင္းလက္ပပ္အႏွစ္၊ ဂ်ယ္လ္၊ ခရင္မ္ အကုန္လုံးက အေရျပားအတြက္ဆို ေဘးမရွိေပမယ့္ စားဖို႔အတြက္ေတာ့ သတိထားဖို႔အေရးႀကီးပါတယ္။ သူက ဆီးေဆး၊ ႏွလုံးေရာဂါေဆးတခ်ိဳ႕၊ ေသြးက်ဲေဆး၊ ဆီးခ်ိဳေဆး တို႔လို ေဆးဝါးတခ်ိဳ႕ရဲ႕ အာနိသင္ကို ေျပာင္းလဲေစႏိုင္လို႔ ကိုယ့္သေဘာနဲ႔ကိုယ္ ရွားေစာင္းကို မစားသင့္ပါဘူး။ ကိုယ့္က်န္းမာေရးေၾကာင့္ ေဆးဝါးေတြကို ေရရွည္စြဲေသာက္ေနရတဲ့သူေတြအတြက္ေတာ့ ဒီရွားေစာင္းတစ္မ်ိဳးတင္မကဘဲ တျခားေဆးဖက္ဝင္ပစၥည္းေတြကိုလည္း သတိနဲ႔ သုံးစြဲသင့္ပါတယ္ေနာ္။ ဘယ္ေဆးဖက္ဝင္မဆို “တန္ရင္ေဆး၊ လြန္ရင္ေဘး” ပါပဲ။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------

(Unicode)⤵⤵⤵
ရှားစောင်းကို သုံးသင့်၊ မသုံးသင့်တဲ့ နေရာများ

ရှားစောင်းလက်ပပ်ကို ဆေးဖက်ဝင်တယ်လို့ သိထားကြသလို အလှအပအတွက်၊ ကျန်းမာရေးအတွက် အသုံးချတာကလည်း နည်းကိုစုံလို့။ ဒီတစ်ခါတော့ ရှားစောင်းကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်လိုတွေ မသုံးသင့်ဘူးလဲ ခွဲခြားပြောပြပေးမှာပါ။ မသုံးသင့်တဲ့နေရာ တလွဲမသုံးမိစေဖို့ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး။

ထိခိုက်ဒဏ်ရာ

ရှားစောင်းလက်ပပ်နဲ့ ဒဏ်ရာကုသနိုင်တယ်လို့ ဆိုကြပေမယ့် လေ့လာမှုတွေအရ တချို့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး တချို့မှာတော့ ပိုတောင်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင်တယ်ဆိုတိုင်း အရမ်းကာရော အနာဆေးထည့်တာ မလုပ်တာကောင်းပါတယ်နော်။

အရေပြားလောင်ခြင်း

ရှားစောင်း အနှစ် သို့မဟုတ် ဂျယ်လ်လိမ်းဆေးတွေက နေလောင်ဒဏ်အပြင် အပူလောင်နာတွေကိုပါ မြန်မြန်ကုသပေးနိုင်တာ အမှန်ပါ။ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အရေပြားကို ကုသမှုမြန်စေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အပူလောင်ဒဏ်ရာ၊ ရေနွေးပူလောင်တာတွေ၊ အနာကျက်ဖို့ကြာနေတဲ့အပူလောင်နာတွေအတွက်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

ပါးစပ်အနာ

ပါးစပ်မှာ ဖြစ်တတ်တဲ့ အနာသေးသေးလေးတွေကို ရှားစောင်းအနှစ် လိမ်းပေးရင် ပိုးသေပြီး အမြန်သက်သာစေနိုင်ပါတယ်။

ဝက်ခြံ

ဒါကတော့ လူတိုင်းသိထားပြီးဖြစ်မှာပါ။ ရှားစောင်းလက်ပပ်က ဝက်ခြံကိုသက်သာစေပြီး အသားအရေချောမွတ်စေနိုင်ပါတယ်။ ဓာတ်မတည့်တဲ့သူတွေကလွဲပြီး ရှားစောင်းအနှစ် သို့မဟုတ် ရှားစောင်းကိုအခြေခံတဲ့ ဂျယ်လ်၊ ခရင်မ် လိမ်းပေးရင် ဝက်ခြံကင်းစေပါလိမ့်မယ်။

ဝမ်းချုပ်ခြင်း

ရှားစောင်းလက်ပပ်ချက်ဆေး ဆိုတာလည်း ကြားဖူးကြမှာပေါ့။ အသားမှာ လိမ်းလို့ရသလို စားမယ်ဆိုလည်း ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို စားရင် ဝမ်းချုပ်သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် သူ့နည်းနဲ့သူရှိကြတာမို့ အိမ်သုံးဆေးနည်းဖြစ်ဖြစ်၊ တိုင်းရင်းဆေးနည်းဖြစ်ဖြစ် နည်းလမ်းမှန်ကို လေ့လာပြီးမှစားသုံးသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အစိမ်းစားမိတာ လွန်ကဲရင် ဗိုက်အောင့်၊ ဝမ်းပျက်တာနဲ့ တခြား ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။

ဆီးချိုသွေးချို

ရှားစောင်းလက်ပပ်က သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့် အင်ဆူလင်ဆေး အပါအဝင် ဆီးချိုအတွက် ဆရာဝန်ညွှန်းထားတဲ့ ဆေးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုတွေရှိနိုင်လို့ သတိထားစေချင်ပါတယ်။

ရှားစောင်းလက်ပပ်အနှစ်၊ ဂျယ်လ်၊ ခရင်မ် အကုန်လုံးက အရေပြားအတွက်ဆို ဘေးမရှိပေမယ့် စားဖို့အတွက်တော့ သတိထားဖို့အရေးကြီးပါတယ်။ သူက ဆီးဆေး၊ နှလုံးရောဂါဆေးတချို့၊ သွေးကျဲဆေး၊ ဆီးချိုဆေး တို့လို ဆေးဝါးတချို့ရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်လို့ ကိုယ့်သဘောနဲ့ကိုယ် ရှားစောင်းကို မစားသင့်ပါဘူး။ ကိုယ့်ကျန်းမာရေးကြောင့် ဆေးဝါးတွေကို ရေရှည်စွဲသောက်နေရတဲ့သူတွေအတွက်တော့ ဒီရှားစောင်းတစ်မျိုးတင်မကဘဲ တခြားဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း သတိနဲ့ သုံးစွဲသင့်ပါတယ်နော်။ ဘယ်ဆေးဖက်ဝင်မဆို “တန်ရင်ဆေး၊ လွန်ရင်ဘေး” ပါပဲ။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ရွားေစာင္းကို သုံးသင့္၊ မသုံးသင့္တဲ့ ေနရာမ်ား ရွားေစာင္းကို သုံးသင့္၊ မသုံးသင့္တဲ့ ေနရာမ်ား Reviewed by THITHTOOLWIN on 23:52 Rating: 5
Powered by Blogger.