ဘူးသီးေတာင္ပစ္ခတ္မႈမွာ ေျခာက္ႏွစ္သမီး က်ည္ထိ

(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ၿမိဳ႕နယ္၊ ငလွမ္းျပင္အုပ္စုထဲက ေငြေတာင္႐ြာထဲကို မေန႔ည ၇ နာရီေလာက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေၾကာင့္ အသက္ ေျခာက္ႏွစ္ေက်ာ္အ႐ြယ္ မခ်မ္းေအးၿဖိဳး ေသနတ္က်ည္ဆံ ထိမွန္ၿပီး ဒဏ္ရာရသြားလို႔ ေစတီျပင္ တိုက္နယ္ေဆး႐ုံကို အေရးေပၚ ပို႔ေဆာင္ထားရတယ္လို႔ ေငြေတာင္႐ြာသား ေမာင္ဆန္းဝင္းက RFA ကိုေျပာပါတယ္။

"ဇက္ရွိတယ္၊ ေနဗီရွိတယ္ ျမစ္ထဲမွာ၊ အဲဇက္ေပၚကပစ္တာ၊ စစ္ျဖစ္တာလည္း မရွိဘူး၊ အျပန္အလွန္ ပစ္တာလည္း မရွိဘူး၊ သက္သက္မဲ့ ကြၽန္ေတာ္တို႔႐ြာဘက္ကို တည့္တည့္ႀကီးပစ္တာပဲ။ လက္နက္ႀကီးေရာ လက္နက္ငယ္ပါ အမ်ားႀကီးပဲ၊ ကြၽန္ေတာ္တို႔႐ြာကလည္း ေတာ္ေတာင္ကလည္း ရွိတာမဟုတ္ဘူး၊ စစ္ပြဲ တစ္ခါမွလည္း မျဖစ္ဖူးေတာ့ ဘယ္လိုေျပာရမလဲ ပုန္းခိုဖို႔ေနရာလည္း လုပ္လို႔မျဖစ္ဘူးေလ၊ မိန္းကေလး ေက်ာင္းသူေလးတစ္ေယာက္ေတာ့ နည္းနည္းဒဏ္ရာရသြားတယ္၊ မခ်မ္းေအးၿဖိဳး ေပါင္ကို ထိသြားတာ၊ ေစတီျပင္ေဆး႐ုံေရာက္သြားတယ္။"

က်န္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကေတာ့ သူတို႔႐ြာအနီး တျခားေက်း႐ြာေတြမွာ တိုက္ပြဲျဖစ္ပြားတာေတြ ရွိခဲ့ေပမယ့္ မေန႔က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ျမစ္ထဲကေန တပ္မေတာ္က ပစ္ခတ္တဲ့အခ်ိန္မွာ အျပန္အလွန္ ပစ္ခတ္တာေတြ တိုက္ပြဲျဖစ္တာေတြမရွိဘူးလို႔ ေမာင္ဆန္းဝင္းက ဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊကလည္း ဒီျဖစ္စဥ္ကို ေငြေတာင္႐ြာ ေဒသခံက ဖုန္းဆက္ေျပာလို႔ ဒဏ္ရာရတဲ့ ကေလးငယ္ကို ေစတီျပင္ေဆး႐ုံကို ပို႔ထားတယ္ဆိုတာ သိထားေပမယ့္ အတိအက်ေတာ့ မသိဘူးလို႔ ေျပာပါတယ္။

ဒီေန႔ ေန႔လယ္ ၁၁ နာရီခန႔္မွာလည္း စစ္ေတြၿမိဳ႕အနီးက ေ႐ႊမင္းဂံေက်း႐ြာနဲ႔ ေက်းေတာ႐ြာၾကားမွာ ေ႐ႊမင္းဂံ ဘက္ကျပန္လာတဲ့ တပ္မေတာ္ယာဥ္တန္း မိုင္းခြဲ တိုက္ခိုက္ခံခဲ့ရပါတယ္။

မိုင္းတစ္လုံးသာကြဲၿပီး ထိခိုက္မႈမရွိေၾကာင္းနဲ႔ ေနာက္ထပ္ မိုင္းႏွစ္လုံးကိုေတာ့ တပ္မေတာ္က ရွင္းလင္း သိမ္းဆည္းႏိုင္တယ္ဆိုတဲ့ သတင္းၾကားသိရေၾကာင္း ေက်းေတာ႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းသာ RFA ကိုေျပာပါတယ္။

"ၾကားတာကေတာ့ ေ႐ႊမင္းဂံကျပန္အလာမွာ အဲယာဥ္တန္းကို မိုင္းေပါက္တယ္ဆိုၿပီးေတာ့ သတင္းၾကားတယ္၊ ၁၁ နာရီဝန္းက်င္ေလာက္ကျဖစ္တာ၊ ထိခိုက္မႈေတာ့ ဘာမွရွိဘူးလို႔ေတာ့ ၾကားတယ္၊ မိုင္းတစ္လုံးကေတာ့ ေပါက္တယ္ က်န္တဲ့မိုင္းရွာေတာ့ ႏွစ္လုံးရသြားတယ္လို႔ ေျပာသံၾကားတယ္၊ အဲလိုပဲၾကားတယ္ ကြၽန္ေတာ္တို႔လည္း အဲဒီအနားကို သြားလို႔ရတာလည္း မဟုတ္ဘူး၊ တိုက္ပြဲေတြဘာေတြေတာ့ ျဖစ္တယ္မၾကားဘူး။"

ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္ေက်း႐ြာနဲ႔ ေတာင္ဦးေက်း႐ြာနားမွာလည္း ဒီကေန႔ မနက္ပိုင္းကတည္းက တိုက္ပြဲေတြျဖစ္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ေဖေဖာ္ဝါရီ ၆ ရက္ေန႔ညကလည္း ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္း ေရပုတ္နဲ႔ ေဆာက္ခပ္ေက်း႐ြာ မွာ ႐ြာထဲကိုပစ္ခတ္ခံရလို႔ အမ်ိဳးသမီး သုံးေယာက္ ထိခိုက္ဒဏ္ရာရသြားလို႔ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ ထားရပါတယ္။

ဒီကေန႔ ျဖစ္ပြားတဲ့ တိုက္ပြဲ၊ ယာဥ္တန္း မိုင္းခြဲခံရတဲ့အေျခအေနနဲ႔ မေန႔ညက ေမယုျမစ္ထဲမွာရွိတဲ့ တပ္မေတာ္ေရရဲ႕ ဇက္ေပၚက ပစ္ခတ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြအေပၚ  တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးတို႔ဆီကို RFA က ဆက္သြယ္ေပမယ့္ ညေနပိုင္းအထိ ဖုန္းလက္ခံေျဖၾကားျခင္း မရွိေသးပါဘူး။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကေတာ့ ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတားအနီးမွာရွိတဲ့ တပ္မေတာ္ရဲ႕ လက္နက္ႀကီး ပစ္ကူတပ္စခန္းနားနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္က ဝက္မက်႐ြာအနားမွာေတာ့ မၾကာခဏ တိုက္ပြဲေတြဆက္ျဖစ္ေနၿပီး ယာဥ္တန္းမိုင္းခြဲခံရတဲ့သတင္းနဲ႔ ရေသ့ေတာင္က တိုက္ပြဲသတင္းေတြ ကေတာ့ တက္မလာေသးေၾကာင္းသာ ျပန္လည္ေျဖဆိုပါတယ္။

khinethukha-350.jpg"ဘူးသီးေတာင္ၿမိဳ႕နယ္၊ ငလွမ္းျပင္႐ြာဘက္မွာေတာ့ ကြၽန္ေတာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာေတာ့ မရွိဘူးဗ်၊ ေ႐ႊမင္းဂံဘက္မွာ မိုင္းဆြဲတိုက္ခိုက္တယ္ဆိုတဲ့ သတင္းကေတာ့ ကြၽန္ေတာ့ဆီေတာ့ ဘာမွေရာက္လာတာ မရွိေသးဘူးဗ်၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေတာင္ဦးဘက္ တိုက္ပြဲျဖစ္တယ္ဆိုတဲ့သတင္းလည္း ကြၽန္ေတာ့ဆီကို ဘာမွေရာက္လာတာ မရွိေသးဘူးဗ်။"

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၃ ရက္ေန႔စလို႔ အစိုးရက မိုဘိုင္းအင္တာနက္လိုင္းေတြကို ျဖတ္ေတာက္ခဲ့ၿပီးေနာက္ ဆက္တိုက္သလို တိုက္ပြဲေတြလည္း ျပင္းထန္လာေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းမွာဆိုရင္ အရပ္သား ထိခိုက္ဒဏ္ရာရမႈဟာ လူေပါင္း ၂၅၀ ေက်ာ္အထိရွိခဲ့တယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

အခုႏွစ္ဆန္းပိုင္း ဒီႏွစ္လတာ ကာလအတြင္းမွာလည္း အရပ္သားထိခိုက္မႈဟာ လူေပါင္း ၃၀ ထက္မနည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာဆိုေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဘူးသီးတောင်ပစ်ခတ်မှုမှာ ခြောက်နှစ်သမီး ကျည်ထိ

ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်အုပ်စုထဲက ငွေတောင်ရွာထဲကို မနေ့ည ၇ နာရီလောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ခြောက်နှစ်ကျော်အရွယ် မချမ်းအေးဖြိုး သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရသွားလို့ စေတီပြင် တိုက်နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ငွေတောင်ရွာသား မောင်ဆန်းဝင်းက RFA ကိုပြောပါတယ်။

"ဇက်ရှိတယ်၊ နေဗီရှိတယ် မြစ်ထဲမှာ၊ အဲဇက်ပေါ်ကပစ်တာ၊ စစ်ဖြစ်တာလည်း မရှိဘူး၊ အပြန်အလှန် ပစ်တာလည်း မရှိဘူး၊ သက်သက်မဲ့ ကျွန်တော်တို့ရွာဘက်ကို တည့်တည့်ကြီးပစ်တာပဲ။ လက်နက်ကြီးရော လက်နက်ငယ်ပါ အများကြီးပဲ၊ ကျွန်တော်တို့ရွာကလည်း တော်တောင်ကလည်း ရှိတာမဟုတ်ဘူး၊ စစ်ပွဲ တစ်ခါမှလည်း မဖြစ်ဖူးတော့ ဘယ်လိုပြောရမလဲ ပုန်းခိုဖို့နေရာလည်း လုပ်လို့မဖြစ်ဘူးလေ၊ မိန်းကလေး ကျောင်းသူလေးတစ်ယောက်တော့ နည်းနည်းဒဏ်ရာရသွားတယ်၊ မချမ်းအေးဖြိုး ပေါင်ကို ထိသွားတာ၊ စေတီပြင်ဆေးရုံရောက်သွားတယ်။"

ကျန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ သူတို့ရွာအနီး တခြားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပေမယ့် မနေ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မြစ်ထဲကနေ တပ်မတော်က ပစ်ခတ်တဲ့အချိန်မှာ အပြန်အလှန် ပစ်ခတ်တာတွေ တိုက်ပွဲဖြစ်တာတွေမရှိဘူးလို့ မောင်ဆန်းဝင်းက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ဒီဖြစ်စဉ်ကို ငွေတောင်ရွာ ဒေသခံက ဖုန်းဆက်ပြောလို့ ဒဏ်ရာရတဲ့ ကလေးငယ်ကို စေတီပြင်ဆေးရုံကို ပို့ထားတယ်ဆိုတာ သိထားပေမယ့် အတိအကျတော့ မသိဘူးလို့ ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၁ နာရီခန့်မှာလည်း စစ်တွေမြို့အနီးက ရွှေမင်းဂံကျေးရွာနဲ့ ကျေးတောရွာကြားမှာ ရွှေမင်းဂံ ဘက်ကပြန်လာတဲ့ တပ်မတော်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

မိုင်းတစ်လုံးသာကွဲပြီး ထိခိုက်မှုမရှိကြောင်းနဲ့ နောက်ထပ် မိုင်းနှစ်လုံးကိုတော့ တပ်မတော်က ရှင်းလင်း သိမ်းဆည်းနိုင်တယ်ဆိုတဲ့ သတင်းကြားသိရကြောင်း ကျေးတောရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသာ RFA ကိုပြောပါတယ်။

"ကြားတာကတော့ ရွှေမင်းဂံကပြန်အလာမှာ အဲယာဉ်တန်းကို မိုင်းပေါက်တယ်ဆိုပြီးတော့ သတင်းကြားတယ်၊ ၁၁ နာရီဝန်းကျင်လောက်ကဖြစ်တာ၊ ထိခိုက်မှုတော့ ဘာမှရှိဘူးလို့တော့ ကြားတယ်၊ မိုင်းတစ်လုံးကတော့ ပေါက်တယ် ကျန်တဲ့မိုင်းရှာတော့ နှစ်လုံးရသွားတယ်လို့ ပြောသံကြားတယ်၊ အဲလိုပဲကြားတယ် ကျွန်တော်တို့လည်း အဲဒီအနားကို သွားလို့ရတာလည်း မဟုတ်ဘူး၊ တိုက်ပွဲတွေဘာတွေတော့ ဖြစ်တယ်မကြားဘူး။"

ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာနဲ့ တောင်ဦးကျေးရွာနားမှာလည်း ဒီကနေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ညကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေပုတ်နဲ့ ဆောက်ခပ်ကျေးရွာ မှာ ရွာထဲကိုပစ်ခတ်ခံရလို့ အမျိုးသမီး သုံးယောက် ထိခိုက်ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံကို ပို့ဆောင် ထားရပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲ၊ ယာဉ်တန်း မိုင်းခွဲခံရတဲ့အခြေအနေနဲ့ မနေ့ညက မေယုမြစ်ထဲမှာရှိတဲ့ တပ်မတော်ရေရဲ့ ဇက်ပေါ်က ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ဆီကို RFA က ဆက်သွယ်ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးမှာရှိတဲ့ တပ်မတော်ရဲ့ လက်နက်ကြီး ပစ်ကူတပ်စခန်းနားနဲ့ ကျောက်တော်မြို့နယ်က ဝက်မကျရွာအနားမှာတော့ မကြာခဏ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ယာဉ်တန်းမိုင်းခွဲခံရတဲ့သတင်းနဲ့ ရသေ့တောင်က တိုက်ပွဲသတင်းတွေ ကတော့ တက်မလာသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။

khinethukha-350.jpg"ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်ရွာဘက်မှာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာတော့ မရှိဘူးဗျ၊ ရွှေမင်းဂံဘက်မှာ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းကတော့ ကျွန်တော့ဆီတော့ ဘာမှရောက်လာတာ မရှိသေးဘူးဗျ၊ ရသေ့တောင်မြို့နယ် တောင်ဦးဘက် တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းလည်း ကျွန်တော့ဆီကို ဘာမှရောက်လာတာ မရှိသေးဘူးဗျ။"

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့စလို့ အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပြီးနောက် ဆက်တိုက်သလို တိုက်ပွဲတွေလည်း ပြင်းထန်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင် အရပ်သား ထိခိုက်ဒဏ်ရာရမှုဟာ လူပေါင်း ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

အခုနှစ်ဆန်းပိုင်း ဒီနှစ်လတာ ကာလအတွင်းမှာလည်း အရပ်သားထိခိုက်မှုဟာ လူပေါင်း ၃၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

RFA Burmese
https://www.rfa.org
ဘူးသီးေတာင္ပစ္ခတ္မႈမွာ ေျခာက္ႏွစ္သမီး က်ည္ထိ ဘူးသီးေတာင္ပစ္ခတ္မႈမွာ ေျခာက္ႏွစ္သမီး က်ည္ထိ Reviewed by THITHTOOLWIN on 23:37 Rating: 5
Powered by Blogger.