ကို႐ိုနာပိုး လကၡဏာမျပဘဲ သယ္ေဆာင္ကူးစက္ႏိုင္ေၾကာင္း ေတြ႔ရ

ေဘဂ်င္းၿမိဳ႕ ဘတ္စ္ကားတစီးေပၚတြင္ ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေရး မ်က္ႏွာဖုံးတပ္ထားသည့္ ခရီးသည္တဦး။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရၿပီး ေရာဂါလကၡဏာ ျပသျခင္းမရွိတဲ့ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕က အမ်ိဳးသမီးတဦးဆီကေန သူ႔ရဲ႕ ေဆြမ်ိဳးေတြဆီ သြားလည္စဥ္မွာ ေဆြမ်ိဳး ၅ ေယာက္ ထပ္ၿပီး ဗုိင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ၀ူဟန္ၿမိဳ႕ကေန ေျမာက္ဘက္ မုိင္ ၄၀၀ ေလာက္ေ၀းတဲ့ Anyang ၿမိဳ႕က သူ႔ရဲ႕အမ်ိဳးေတြဆီကို သြားစဥ္မွာ ကူးစက္မႈ ျဖစ္ပြားခဲ့တာပါ။

ဒီဗုိင္းရပ္စ္ပိုးဟာ ေရာဂါလကၡဏာ ျပသျခင္းမရွိဘဲ ကူးစက္ႏုိင္တယ္ဆုိတာကို ေနာက္ထပ္ သက္ေသျပလိုက္တာပဲ ျဖစ္တယ္လို႔ တ႐ုတ္သိပၸံပညာရွင္ေတြက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

၀ူဟန္ၿမိဳ႕က အဲဒီအမ်ိဳးသမီးဟာ ဇန္န၀ါရီ ၁၀ ရက္ေန႔က သူ႔ရဲ႕အမ်ိဳးေတြ အေတာ္မ်ားမ်ားဆီ သြားေရာက္လည္ပတ္ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕အမ်ိဳးေတြဟာ ဖ်ားနာခဲ့ေၾကာင္း၊ အဲဒီေနာက္ ၀ူဟန္ၿမိဳ႕က အဲဒီအမ်ိဳးသမီးကို သီးသန္႔ခဲြၿပီး ကို႐ုိနာဗုိင္းရပ္စ္ပိုး ရွိမရွိ စစ္တဲ့အခါမွာ ပထမတခါမွာ လကၡဏာျပသျခင္း မရွိေပမယ့္ ဒုတိယတခါမွာေတာ့ ဗုိင္းရပ္စ္ပိုးရွိတယ္ဆုိတာကို ျပသခဲ့တယ္လို႔ Zhengzhou တကၠသိုလ္ေဆး႐ုံက Dr. Meiyun Wang က ေျပာပါတယ္။

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား

အေမရိကန္ ေဆးပညာအဖဲြ႔က ထုတ္ျပန္လိုက္တဲ့ ေဆးပညာဂ်ာနယ္မွာေတာ့ ဒီ ကို႐ုိနာဗုိင္းရပ္စ္ ဘယ္လိုကူးစက္တယ္ဆုိတဲ့ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပထားၿပီး ဘာေၾကာင့္ ဒီဗုိင္းရပ္စ္မျပန္႔ေအာင္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲႏုိင္တယ္လို႔လည္း ေျပာပါတယ္။

Vanderbilt တကၠသိုလ္ ေဆးပညာဌာနက ကူးစက္ေရာဂါကၽြမ္းက်င္သူ ေဒါက္တာ William Schaffner က ကို႐ုိနာဗုိင္းရပ္စ္ပိုးဟာ အဖ်ားေရာဂါလကၡဏာ မျပဘဲ ကူးစက္ခံရႏုိင္တယ္လုိ႔ ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ၇ ေသာင္းခဲြေက်ာ္ရွိၿပီး ေသဆုံးသူ ၂၂၃၉ ေယာက္ထက္မနည္း ရွိပါတယ္။ အခုခ်ိန္ထိေတာ့ ဒီဗုိင္းရပ္စ္ပိုးဟာ တ႐ုတ္ႏုိင္ငံကေန တျခားႏုိင္ငံ ၂၆ ႏုိင္ငံကိုပါ ကူးစက္ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

-----------------------------

(Unicode)

ကိုရိုနာပိုး လက္ခဏာမပြဘဲ သယ်ဆောင်ကူးစက်နိုင်ကြောင်း တွေ့ရ

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ ပြသခြင်းမရှိတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က အမျိုးသမီးတဦးဆီကနေ သူ့ရဲ့ ဆွေမျိုးတွေဆီ သွားလည်စဉ်မှာ ဆွေမျိုး ၅ ယောက် ထပ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။

အဲဒီအမျိုးသမီးဟာ ဝူဟန်မြို့ကနေ မြောက်ဘက် မိုင် ၄၀၀ လောက်ဝေးတဲ့ Anyang မြို့က သူ့ရဲ့အမျိုးတွေဆီကို သွားစဉ်မှာ ကူးစက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီဗိုင်းရပ်စ်ပိုးဟာ ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ကူးစက်နိုင်တယ်ဆိုတာကို နောက်ထပ် သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝူဟန်မြို့က အဲဒီအမျိုးသမီးဟာ ဇန်နဝါရီ ၁၀ ရက်နေ့က သူ့ရဲ့အမျိုးတွေ အတော်များများဆီ သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့အမျိုးတွေဟာ ဖျားနာခဲ့ကြောင်း၊ အဲဒီနောက် ဝူဟန်မြို့က အဲဒီအမျိုးသမီးကို သီးသန့်ခွဲပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်တဲ့အခါမှာ ပထမတခါမှာ လက္ခဏာပြသခြင်း မရှိပေမယ့် ဒုတိယတခါမှာတော့ ဗိုင်းရပ်စ်ပိုးရှိတယ်ဆိုတာကို ပြသခဲ့တယ်လို့ Zhengzhou တက္ကသိုလ်ဆေးရုံက Dr. Meiyun Wang က ပြောပါတယ်။

အမေရိကန် ဆေးပညာအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဆေးပညာဂျာနယ်မှာတော့ ဒီ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားပြီး ဘာကြောင့် ဒီဗိုင်းရပ်စ်မပြန့်အောင် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့လည်း ပြောပါတယ်။

Vanderbilt တက္ကသိုလ် ဆေးပညာဌာနက ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ William Schaffner က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အဖျားရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရနိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၇ သောင်းခွဲကျော်ရှိပြီး သေဆုံးသူ ၂၂၃၉ ယောက်ထက်မနည်း ရှိပါတယ်။ အခုချိန်ထိတော့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံကနေ တခြားနိုင်ငံ ၂၆ နိုင်ငံကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာပိုး လကၡဏာမျပဘဲ သယ္ေဆာင္ကူးစက္ႏိုင္ေၾကာင္း ေတြ႔ရ ကို႐ိုနာပိုး လကၡဏာမျပဘဲ သယ္ေဆာင္ကူးစက္ႏိုင္ေၾကာင္း ေတြ႔ရ Reviewed by THITHTOOLWIN on 06:34 Rating: 5
Powered by Blogger.