ဂ်ပန္နဲ႔ ကုိရီးယားေရာက္ ျမန္မာေတြ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ စုိးရိမ္

ဆုိးလ္ၿမိဳ႕ ေျမေအာက္ရထားဘူတာ႐ုံတခုတြင္ ပိုးသတ္ေဆး ဖ်န္းေနသည့္ ဝန္ထမ္းတဦး။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံျပင္ပမွာ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ကုိ အဆိုးဆုံးခံေနရတဲ့ အာရွႏိုင္ငံထဲက ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြမွာေတာ့ ကူးစက္မႈအသစ္ေတြ တိုးလာေနတဲ့အတြက္ သတိထားၾကဖို႔ အာဏာပုိင္ေတြ ႏႈိးေဆာ္ေနပါတယ္။ ဗိုင္းရပ္စ္ကူးစက္မႈ အႏၱရာယ္ေၾကာင့္ အဲဒီႏိုင္ငံမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ၾကားမွာလည္း စုိးရိမ္မႈေတြ၊ အခက္အခဲေတြ ႀကဳံေနၾကပါတယ္။ အျပည့္အစုံကိုေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွ႔ံမႈဟာ အခုဆိုရင္ အာရွႏိုင္ငံထဲက ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြမွာ အဆိုးဆုံးအေျခအေနထိ ေရာက္လာပါတယ္။ လက္ရွိအခ်ိန္ထိ လူ ၂ ဦး ေသဆုံးခဲ့ရၿပီျဖစ္တဲ့ ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံရသူေပါင္း ၄၃၃ ေယာက္ ရွိေနၿပီလို႔ ေတာင္ကိုရီးယား ကူးစက္ေရာဂါ ထိန္းခ်ဳပ္တားဆီးေရးဌာန KCDC က ေၾကညာထားတာပါ။ စေနေန႔မွာ ကူးစက္မႈ ၈ ဆအထိ ႐ုတ္တရက္ တိုးခဲ့တဲ့ ေတာင္ကိုရီးယား ႏိုင္ငံမွာေတာ့ သတိထားေနထုိင္ၾကဖို႔ ဝန္ႀကီးခ်ဳပ္ Chung Sye-Kyun ကိုယ္တုိင္ တုိက္တြန္းခဲ့တဲ့အထိ ျဖစ္ပါတယ္။

“က်ေနာ့္အေနနဲ႔ အထူးပန္ၾကားလိုတာ ရွိပါတယ္။ အေဆာက္အဦထဲမွာပဲျဖစ္ျဖစ္၊ အျပင္ဘက္မွာပဲျဖစ္ျဖစ္ က်င္းပတဲ့ ဘာသာေရးအခမ္းအနားမ်ဳိးလို လူေတြမ်ားတဲ့ ပြဲလမ္းေတြကို ေက်းဇူးျပဳၿပီး ေရွာင္ၾကပါ။ အြန္လိုင္းမွာဆုံသလိုမ်ဳိး အျခားနည္းလမ္းေတြရွာၿပီး လုပ္ၾကပါ။”

covid 19

ေတာင္ကိုရီးယားႏိုင္ငံ Daegu ၿမဳိ႕ ခရစ္ယာန္ဘုရားေက်ာင္း တခုကေန စတင္ျပန္႔လာတဲ့ Covid-19 ဗိုင္းရပ္စ္ဟာ အခုဆိုရင္ ျမန္မာလူမ်ဳိးေတြ အေနမ်ားတဲ့ ဖူေဖ်ာင္းၿမဳိ႕အထိ ေရာက္လာတာေၾကာင့္ ျမန္မာအသိုင္းဝိုင္းၾကားမွာ စုိးရိမ္မႈ တုိးလာေနေၾကာင္း ဖူခၽြန္းၿမဳိ႕မွာေနတဲ့ NLD ပါတီ ကိုရီးယားဌာနခြဲ စည္း႐ုံးေရးတာဝန္ခံ ကိုရန္ႏိုင္ထြန္းက ေျပာပါတယ္။

“ကူးစက္မႈေတြက ျဖစ္ေနၿပီေပါ့ဗ်ာ၊ အဲဒီအတြက္ေၾကာင့္မို႔လို႔ ဒယ္ဂူးၿမဳိ႕ကို ကိုရီးယားအစုိးရကေနၿပီးေတာ့ အေရးေပၚအေျခအေန ေၾကညာထားၿပီးေတာ့ ေစာင့္ၾကည့္ေနတဲ့ အခ်ိန္ကာလအတြင္းမွာပဲ က်ေနာ္တုိ႔ ဒီ အင္ခၽြန္းနဲ႔နီးစပ္တဲ့ ဖူေဖ်ာင္းဆိုတဲ့ ေနရာလည္း စတင္ေတြ႔ရွိေနရတဲ့ အေျခအေနနဲ႔ စစ္ေဆးမႈေတြကို အစိုးရက က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေနတဲ့ အခ်ိန္ကာလ ျဖစ္တယ္ေပါ့ဗ်ာ။ ဒီစုိးရိမ္ထိတ္လန္႔မႈေတြကေတာ့ ျဖစ္ၾကတာေပါ့ဗ်ာ။ ဥပမာ ဒီ ဖူေဖ်ာင္းဆိုလို႔ရွိရင္ က်ေနာ္တုိ႔ Myanmar Town ျမန္မာၿမဳိ႕လို႔ေတာင္မွ တင္စားေခၚေဝၚလို႔ ရတဲ့ေနရာေပါ့။ ဒီ ျမန္မာၿမဳိ႕ဆိုလို႔ရွိရင္ ဒီသတင္းထြက္လာတဲ့ အခ်ိန္ကစၿပီးေတာ့ ေျခာက္ေျခာက္ကပ္ကပ္ပဲ ရွိတယ္ဆိုတဲ့ အဲလိုအေျခအေနမ်ဳိး ျဖစ္သြားတယ္။ အဲဒီေတာ့ အလုပ္အကိုင္ အေျခအေနနဲ႔ ပတ္သက္လို႔ကေတာ့ အလုပ္ေတြက ဖြင့္ၿမဲ ဖြင့္ဆဲပဲ၊ အလုပ္ပိတ္တယ္ ဘာညာေတာ့ မရွိေသးဘူးေပါ့ဗ်ာ။ ဖူေဖ်ာင္းဧရိယာမွာ ရွိတဲ့လူေတြ အကုန္လုံး ေဒသႏၱရ က်န္းမာေရးဌာနကေနၿပီးေတာ့ ကိုယ္တုိင္လာေရာက္ ေဆးစစ္ဖို႔အတြက္ အစိုးရနဲ႔ ပူးေပါင္းကူညီဖို႔အတြက္ အဲလို ဖိတ္ေခၚထားတာ ရွိပါတယ္။”

ေတာင္ကုိရီးယားႏိုင္ငံက ဆမ္ေဆာင္း မိုဘိုင္းဖုန္းထုတ္တဲ့ စက္႐ုံအလုပ္သမား တဦးဆီမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႔ရွိတာေၾကာင့္ အဲဒီစက္႐ုံကို ယာယီ ပိတ္ထားလိုက္ပါတယ္။

ေတာင္ကိုရီးယားရဲ႕အိမ္နီးခ်င္း ဂ်ပန္ႏုိင္ငံမွာလည္း ဗိုင္းရပ္စ္ကူးစက္မႈက တုိက်ဳိၿမဳိ႕ထိ ေရာက္လာၿပီး ေရာဂါကူးစက္ခံရသူေပါင္း ၇၇၀ အထိ ရွိလာတာေၾကာင့္ ဂ်ပန္ေရာက္ ျမန္မာအသုိင္းဝိုင္းၾကားမွာ စုိးရိမ္မႈ တိုးလာေနေပမယ့္ အလုပ္ကိုေတာ့ ႏွာေခါင္းစည္းတပ္ၿပီး မသြားမျဖစ္ သြားေနရတယ္လို႔ တုိက်ဳိၿမဳိ႕ေန ဦးသန္းထြဋ္က ေျပာပါတယ္။

“လက္ရွိကေတာ့ တိုက်ဳိမွာ ၂၉ ေယာက္ ကူးစက္ခံထားရတယ္ေပါ့ေနာ္။ စုိးရိမ္မႈကေတာ့ လူတုိင္းမွာ ရွိတယ္ေပါ့ေနာ္။ အားလုံးက အလုပ္မသြားရင္လည္း မရတဲ့လူေတြ သြားေနၾကရတယ္။ အဲလိုလုပ္မွပဲ ရပ္တည္လို႔ရတဲ့ႏိုင္ငံ ျဖစ္ေတာ့ေလ။ ဆုိေတာ့ မနက္ပိုင္း အေစာဆုံးသြားတဲ့လူေတြက ပုိဂ႐ုစိုက္ၾကရတာေပါ့ေနာ္။ Rush hour က ရထားအရမ္းၾကပ္တဲ့ အခါက်ေတာ့ေလ၊ Mask တပ္ၿပီးေတာ့ သြားၾကတယ္ေပါ့ေနာ္ အတတ္ႏို္င္ဆုံး။ ေလာေလာဆယ္ေတာ့ ႏွာေခါင္းစည္း mask ေတြက ျပတ္ေနပါတယ္။ မနက္ေစာေစာ ဆုိင္ဖြင့္တဲ့အခ်ိန္ သြားဝယ္ႏိုင္ရင္ေတာ့ ခြဲတမ္းနဲ႔ေရာင္းတဲ့ဟာ ရပါတယ္။”

ဂ်ပန္က ကူးစက္ခံရသူ ၇၇၀ မွာ ၆၃၄ ဦးက ယုိကိုဟားမားဆိပ္ကမ္းမွာ ဆိုက္ကပ္ထားခဲ့တဲ့ ဇိမ္ခံသေဘၤာေပၚက ျဖစ္ပါတယ္။ အခုလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္အႏၱရာယ္ စိုးရိမ္တာေၾကာင့္ ၂၀၂၀ ေႏြရာသီမွာက်င္းပမယ့္ တုိက်ဳိ အိုလံပစ္ၿပဳိင္ပြဲမွာ လုပ္အားေပးမယ့္သူေတြကို ေလ့က်င့္သင္ၾကားေပးရမယ့္ သင္တန္းေတြကိုေတာင္ ေရႊ႕ဆိုင္းထားလိုက္ပါတယ္။

-------------------------------

(Unicode)

ဂျပန်နဲ့ ကိုရီးယားရောက် မြန်မာတွေ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်

တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံနေရတဲ့ အာရှနိုင်ငံထဲက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ ကူးစက်မှုအသစ်တွေ တိုးလာနေတဲ့အတွက် သတိထားကြဖို့ အာဏာပိုင်တွေ နှိုးဆော်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် အဲဒီနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြားမှာလည်း စိုးရိမ်မှုတွေ၊ အခက်အခဲတွေ ကြုံနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုဟာ အခုဆိုရင် အာရှနိုင်ငံထဲက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ အဆိုးဆုံးအခြေအနေထိ ရောက်လာပါတယ်။ လက်ရှိအချိန်ထိ လူ ၂ ဦး သေဆုံးခဲ့ရပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၄၃၃ ယောက် ရှိနေပြီလို့ တောင်ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေးဌာန KCDC က ကြေညာထားတာပါ။ စနေနေ့မှာ ကူးစက်မှု ၈ ဆအထိ ရုတ်တရက် တိုးခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံမှာတော့ သတိထားနေထိုင်ကြဖို့ ဝန်ကြီးချုပ် Chung Sye-Kyun ကိုယ်တိုင် တိုက်တွန်းခဲ့တဲ့အထိ ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ အထူးပန်ကြားလိုတာ ရှိပါတယ်။ အဆောက်အဦထဲမှာပဲဖြစ်ဖြစ်၊ အပြင်ဘက်မှာပဲဖြစ်ဖြစ် ကျင်းပတဲ့ ဘာသာရေးအခမ်းအနားမျိုးလို လူတွေများတဲ့ ပွဲလမ်းတွေကို ကျေးဇူးပြုပြီး ရှောင်ကြပါ။ အွန်လိုင်းမှာဆုံသလိုမျိုး အခြားနည်းလမ်းတွေရှာပြီး လုပ်ကြပါ။”

တောင်ကိုရီးယားနိုင်ငံ Daegu မြို့ ခရစ်ယာန်ဘုရားကျောင်း တခုကနေ စတင်ပြန့်လာတဲ့ Covid-19 ဗိုင်းရပ်စ်ဟာ အခုဆိုရင် မြန်မာလူမျိုးတွေ အနေများတဲ့ ဖူဖျောင်းမြို့အထိ ရောက်လာတာကြောင့် မြန်မာအသိုင်းဝိုင်းကြားမှာ စိုးရိမ်မှု တိုးလာနေကြောင်း ဖူချွန်းမြို့မှာနေတဲ့ NLD ပါတီ ကိုရီးယားဌာနခွဲ စည်းရုံးရေးတာဝန်ခံ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ကူးစက်မှုတွေက ဖြစ်နေပြီပေါ့ဗျာ၊ အဲဒီအတွက်ကြောင့်မို့လို့ ဒယ်ဂူးမြို့ကို ကိုရီးယားအစိုးရကနေပြီးတော့ အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ စောင့်ကြည့်နေတဲ့ အချိန်ကာလအတွင်းမှာပဲ ကျနော်တို့ ဒီ အင်ချွန်းနဲ့နီးစပ်တဲ့ ဖူဖျောင်းဆိုတဲ့ နေရာလည်း စတင်တွေ့ရှိနေရတဲ့ အခြေအနေနဲ့ စစ်ဆေးမှုတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်ပေါ့ဗျာ။ ဒီစိုးရိမ်ထိတ်လန့်မှုတွေကတော့ ဖြစ်ကြတာပေါ့ဗျာ။ ဥပမာ ဒီ ဖူဖျောင်းဆိုလို့ရှိရင် ကျနော်တို့ Myanmar Town မြန်မာမြို့လို့တောင်မှ တင်စားခေါ်ဝေါ်လို့ ရတဲ့နေရာပေါ့။ ဒီ မြန်မာမြို့ဆိုလို့ရှိရင် ဒီသတင်းထွက်လာတဲ့ အချိန်ကစပြီးတော့ ခြောက်ခြောက်ကပ်ကပ်ပဲ ရှိတယ်ဆိုတဲ့ အဲလိုအခြေအနေမျိုး ဖြစ်သွားတယ်။ အဲဒီတော့ အလုပ်အကိုင် အခြေအနေနဲ့ ပတ်သက်လို့ကတော့ အလုပ်တွေက ဖွင့်မြဲ ဖွင့်ဆဲပဲ၊ အလုပ်ပိတ်တယ် ဘာညာတော့ မရှိသေးဘူးပေါ့ဗျာ။ ဖူဖျောင်းဧရိယာမှာ ရှိတဲ့လူတွေ အကုန်လုံး ဒေသန္တရ ကျန်းမာရေးဌာနကနေပြီးတော့ ကိုယ်တိုင်လာရောက် ဆေးစစ်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းကူညီဖို့အတွက် အဲလို ဖိတ်ခေါ်ထားတာ ရှိပါတယ်။”

တောင်ကိုရီးယားနိုင်ငံက ဆမ်ဆောင်း မိုဘိုင်းဖုန်းထုတ်တဲ့ စက်ရုံအလုပ်သမား တဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် အဲဒီစက်ရုံကို ယာယီ ပိတ်ထားလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့အိမ်နီးချင်း ဂျပန်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုက တိုကျိုမြို့ထိ ရောက်လာပြီး ရောဂါကူးစက်ခံရသူပေါင်း ၇၇၀ အထိ ရှိလာတာကြောင့် ဂျပန်ရောက် မြန်မာအသိုင်းဝိုင်းကြားမှာ စိုးရိမ်မှု တိုးလာနေပေမယ့် အလုပ်ကိုတော့ နှာခေါင်းစည်းတပ်ပြီး မသွားမဖြစ် သွားနေရတယ်လို့ တိုကျိုမြို့နေ ဦးသန်းထွဋ်က ပြောပါတယ်။

“လက်ရှိကတော့ တိုကျိုမှာ ၂၉ ယောက် ကူးစက်ခံထားရတယ်ပေါ့နော်။ စိုးရိမ်မှုကတော့ လူတိုင်းမှာ ရှိတယ်ပေါ့နော်။ အားလုံးက အလုပ်မသွားရင်လည်း မရတဲ့လူတွေ သွားနေကြရတယ်။ အဲလိုလုပ်မှပဲ ရပ်တည်လို့ရတဲ့နိုင်ငံ ဖြစ်တော့လေ။ ဆိုတော့ မနက်ပိုင်း အစောဆုံးသွားတဲ့လူတွေက ပိုဂရုစိုက်ကြရတာပေါ့နော်။ Rush hour က ရထားအရမ်းကြပ်တဲ့ အခါကျတော့လေ၊ Mask တပ်ပြီးတော့ သွားကြတယ်ပေါ့နော် အတတ်နိုင်ဆုံး။ လောလောဆယ်တော့ နှာခေါင်းစည်း mask တွေက ပြတ်နေပါတယ်။ မနက်စောစော ဆိုင်ဖွင့်တဲ့အချိန် သွားဝယ်နိုင်ရင်တော့ ခွဲတမ်းနဲ့ရောင်းတဲ့ဟာ ရပါတယ်။”

ဂျပန်က ကူးစက်ခံရသူ ၇၇၀ မှာ ၆၃၄ ဦးက ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားခဲ့တဲ့ ဇိမ်ခံသင်္ဘောပေါ်က ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်အန္တရာယ် စိုးရိမ်တာကြောင့် ၂၀၂၀ နွေရာသီမှာကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ လုပ်အားပေးမယ့်သူတွေကို လေ့ကျင့်သင်ကြားပေးရမယ့် သင်တန်းတွေကိုတောင် ရွှေ့ဆိုင်းထားလိုက်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com
ဂ်ပန္နဲ႔ ကုိရီးယားေရာက္ ျမန္မာေတြ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ စုိးရိမ္ ဂ်ပန္နဲ႔ ကုိရီးယားေရာက္ ျမန္မာေတြ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ စုိးရိမ္ Reviewed by THITHTOOLWIN on 06:31 Rating: 5
Powered by Blogger.