တ႐ုတ္ ၿပီးရင္ ေတာင္ကိုရီးယားမွာ COVID-19 အမ်ားဆုံး ျဖစ္ေန

 ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္ပ်ံ႕မႈ တမဟုတ္ခ်င္း ဆိုး႐ြားလာေန
(Zawgyi)⤵⤵⤵
COVID-19 လို႔ အမည္ေပးထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္သစ္ ကူးစက္မႈ ေတာင္ကိုရီးယားမွာ သိသိသာသာ ျမင့္တက္သြားပါတယ္။

ေဖေဖာ္ဝါရီ ၂၁ တရက္တည္းမွာတင္ ကူးစက္မႈ ႏွစ္ဆ တက္သြားၿပီး အခုဆိုရင္ ေတာင္ကိုရီးယားမွာ ဒီပိုး ကူးစက္ခံထားရသူ စုစုေပါင္း ၄၃၃ ေယာက္ ရွိသြားၿပီကို က်န္းမာေရး အရာရွိေတြက ေျပာပါတယ္။

အခုလို ကူးစက္မႈ ျမင့္တက္ခဲ့တဲ့အတြက္ ေတာင္ကိုရီးယားဟာ တ႐ုတ္ႏိုင္ငံ ျပင္ပ ကူးစက္မႈ အမ်ားဆုံးရွိတဲ့ ေနရာ ျဖစ္လာပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ အလားတူ ေရာဂါပိုး ကူးစက္မႈ ႏႈိင္းယွဥ္ခ်က္

အခုအခါ ဒီေရာဂါပိုး ကူးစက္ခံရသူေတြအနက္ မေန႔ ေသာၾကာေန႔က ႏွစ္ေယာက္ ထပ္မံ ေသဆုံးသြားတဲ့အတြက္ ကူးစက္မႈ အေျခအေန ဒီထက္ ဆိုး႐ြား လာမွာကို စိုးရိမ္ေနၾကပါတယ္။

အဲဒီလို စိုးရိမ္ၾကသူေတြအထဲ ကိုရီးယားမွာ အလုပ္ကိုင္ ေနတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ပါဝင္ၿပီး ျမန္မာသံ႐ုံးကို ဆက္သြယ္ အကူအညီေတာင္းခံလာ သူေတြ ရွိေနပါတယ္။

အခုလို ေတာင္ကိုရီးယားမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး အႀကီးအက်ယ္ ပ်ံ႕ႏွံ႔လာတာနဲ႔ အမွ် ေနရာ အေတာ္မ်ားမ်ားကို အထူးႀကီးၾကပ္ဇုန္အျဖစ္ ကန႔္သတ္ထားၿပီး အဲလို ကန္႔သတ္ထားတဲ့ အထဲမွာ ေဒဂူးၿမိဳ႕လည္း ပါဝင္ပါတယ္။

လက္ရွိ ျဖစ္ပြားေနတဲ့ ကူးစက္မႈ အမ်ားစုဟာ ေဆး႐ုံတစ္ခုနဲ႔ ပတ္သက္ေနၿပီး အဲဒီေဆး႐ုံရွိတဲ့ ခ်ဳံဒူး နဲ႔ အနီးအနားက ေဒဂူးတို႔ကို အထူးသတိထားရမယ့္ ေနရာအျဖစ္ ေၾကညာထားတဲ့အတြက္ ေဒဂူးက လမ္းေတြမွာ လူသူအသြားအလာ အမ်ားႀကီး ေလ်ာ့က်သြားပါတယ္။
 ေတာင္ကိုရီးယားမွာ အထူးသတိထားရမယ့္ ေနရာေတြကို ေၾကညာၿပီ

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္ေနတဲ့ ေဒဂူးၿမိဳ႕က ျမန္မာ လုပ္သား ေတြထဲက ႏွစ္ဦးဟာ ဗိုင္းရပ္စ္ ကူးစက္ခံရမွာကို စိုးရိမ္တဲ့အတြက္ ျမန္မာသံ႐ုံးကို ဆက္သြယ္ အကူ အညီေတာင္းခံလာတယ္လို႔ ဆိုးလ္ၿမိဳ႕မွာ အေျခစိုက္တဲ့ ျမန္မာသံ႐ုံး သံအရာရွိ ဦးေဇယ်ာတင္ဝင္းတင္ က ေျပာပါတယ္။

သူတို႔ ႏွစ္ေယာက္ အနက္ တေယာက္က လုပ္ငန္းခြင္ ထိခိုက္မႈ ျဖစ္လို႔ W ဆိုတဲ့ ေဆး႐ုံ တခုမွာ ကုသမႈ ခံယူေနရၿပီး အဲဒီေဆး႐ုံမွာ လူနာေရာ က်န္းမာေရး ၀န္ထမ္း အေယာက္ ၃၀ ေလာက္မွာပါ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ေနတဲ့ အတြက္ သူစိုးရိမ္ေနတာ ျဖစ္တယ္လို႔ ျမန္မာ သံ႐ုံး အရာရွိက ရွင္းျပပါတယ္။

တကယ္တမ္း အဲဒီ စိုးရိမ္သူကို စစ္ေဆးၾကည့္တဲ့ အခါ ဘာမွ မေတြ႕ရဘူးလို႔ ဦးေဇယ်ာတင္ဝင္းတင္ က ဆိုပါတယ္။

ေနာက္တေယာက္ကေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံရသူနဲ႔ ညစာ အတူစားမိတဲ့ အတြက္ စိုးရိမ္တာ ျဖစ္ၿပီး သူ႔ကို ေဆးစစ္ၾကည့္တဲ့ အခါ သူ႔ဆီမွာ ဘာေရာဂါပိုးမွ မေတြ႕ရဘူးလို႔ ျမန္မာသံ အရာရွိက ေျပာပါတယ္။

 ကိုရီးယားေရာက္ ျမန္မာ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ပိတ္မိမွာကို စိုးရိမ္ေန

အခုဆိုရင္ မ်က္ႏွာဖုံး Mask ေတြလည္း ဘယ္ေနရာမွ ၀ယ္လို႔ မရေတာ့တဲ့ အေျခအေန ျဖစ္ေနၿပီး တတ္ႏိုင္သမွ် အျပင္မထြက္ရေအာင္ ေခါက္ဆြဲေျခာက္ေတြ၊ အေရးေပၚ လိုအပ္တဲ့ အရာေတြ စုေဆာင္းေနၾကတယ္လို႔ ေတာင္ကိုရီးယားေရာက္ ျမန္မာ လုပ္သား ကိုရင္ေမာင္သန္း ကေျပာပါတယ္။

ဒီလို ျပင္ဆင္ေနေပမဲ့ သူတို႔ အနီး၀န္းက်င္မွာ ရွိတဲ့ ျမန္မာ လုပ္သား အေယာက္ ၂၀ ေလာက္ကေတာ့ ျဖစ္ႏိုင္ရင္ မိခင္ ႏိုင္ငံရင္းဆီ ျပန္ခ်င္တယ္၊ တ႐ုတ္ျပည္ ဝူဟန္မွာလို ျဖစ္ၿပီး ပိတ္မိေနမွာ စိုးရိမ္တယ္လို႔ သူက ေျပာပါတယ္။

ေတာင္ကိုရီးယားေရာက္ ျမန္မာ လုပ္သားေတြဟာ အေစာပိုင္းတုန္းက စက္႐ုံတာဝန္ရွိသူေတြကို အေၾကာင္းၾကားခဲ့ေပမယ့္ ေဆးစစ္ေပးဖို႔ မလုပ္ခဲ့တဲ့အတြက္ အခုလို ျမန္မာ သံ႐ုံးကို အကူအညီ ေတာင္းခဲ့ရတာျဖစ္တယ္လို႔ သူတို႔က ဆိုပါတယ္။

လက္ရွိ ေတာင္ကိုရီးယားႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာ လုပ္သား သုံးေသာင္းခြဲေက်ာ္ ရွိေနပါတယ္။

ရက္ပိုင္းအတြင္း ေရာဂါပိုး ကူးစက္မႈ ဆိုး႐ြားလာတဲ့ ေတာင္ကိုရီးယား ႏိုင္ငံမွာ ဆိုးလ္ၿမိဳ႕က အေျခအေနကို ဘီဘီစီက ေမးျမန္းၾကည့္ရာမွာ လက္ရွိမွာ ေဆး႐ုံတိုင္း ဒီေရာဂါပိုး အခမဲ့ စစ္လို႔ ရၿပီး ၊ ဘတ္စကားေပၚေတြမွာ လက္သန္႔ေဆးရည္ေတြ ထားရွိေပးသလို မ်က္ႏွာဖုံး ေတြလည္း ေဆး႐ုံတိုင္းမွာ အခမဲ့ ေဝေပးေနတယ္လို႔ ကာကြယ္ေရး အေျခအေနကို ဆိုးလ္ၿမိဳ႕မွာ ပါရဂူဘြဲ႕သင္တန္းတက္ေနတဲ့ မဇြန္နီလာေဌးက ရွင္းျပပါတယ္။

 ေရာဂါတိုက္ဖ်က္ေရး အတြက္ ေတာင္ကိုရီးယား အစိုးရ ေငြေၾကး တိုးျမႇင့္သုံးသြားဖြယ္ ရွိ

က်မ္းစာသင္ေက်ာင္း တေက်ာင္း ျဖစ္တဲ့ ကင္ခြၽန္းဂ်ီ ကေန အႀကီးအက်ယ္ ကူးစက္ခဲ့တာ ျဖစ္ၿပီး အဲဒီေက်ာင္းဟာ မႏွစ္တုန္းက တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာလည္း ေက်ာင္းဖြင့္ခဲ့တာေၾကာင့္ ေက်ာင္းေတြၾကား ကူးလူး သြားလာ ဆက္ဆံမႈက ကူးစက္တာ ျဖစ္ႏိုင္တယ္လို႔ သူက ဆိုပါတယ္။

ေတာင္ကိုရီးယား အစိုးရဟာ ဒီေရာဂါပိုး တိုက္ဖ်က္ေရး အတြက္ အရင္ကတည္းက ဝမ္၁၀၄၁သိန္း လ်ာထားတာ ျဖစ္ၿပီး အခုလို ကူးစက္မႈ အရွိန္ ျမင့္လာတာနဲ႔ အမွ် ေငြေၾကး တိုးျမႇင့္ သုံးစြဲ တိုက္ဖ်က္ သြားႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၂၂ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေပါင္း ေလးရာေက်ာ္နဲ႔ ေသဆုံးသူ ႏွစ္ဦး ရွိေနပါတယ္။

ဒါဟာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ ႏိုင္ငံျပင္ပ မွာ ဗိုင္း ရပ္စ္ကူးစက္မႈပမာဏ အျမင့္ဆုံး အေျခအေနလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တရုတ် ပြီးရင် တောင်ကိုရီးယားမှာ COVID-19 အများဆုံး ဖြစ်နေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်ပျံ့မှု တမဟုတ်ချင်း ဆိုးရွားလာနေ

COVID-19 လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှု တောင်ကိုရီးယားမှာ သိသိသာသာ မြင့်တက်သွားပါတယ်။

ဖေဖော်ဝါရီ ၂၁ တရက်တည်းမှာတင် ကူးစက်မှု နှစ်ဆ တက်သွားပြီး အခုဆိုရင် တောင်ကိုရီးယားမှာ ဒီပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၄၃၃ ယောက် ရှိသွားပြီကို ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အခုလို ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံ ပြင်ပ ကူးစက်မှု အများဆုံးရှိတဲ့ နေရာ ဖြစ်လာပါတယ်။
Image caption ကိုရိုနာဗိုင်းရပ်စ် နဲ့ အလားတူ ရောဂါပိုး ကူးစက်မှု နှိုင်းယှဉ်ချက်

အခုအခါ ဒီရောဂါပိုး ကူးစက်ခံရသူတွေအနက် မနေ့ သောကြာနေ့က နှစ်ယောက် ထပ်မံ သေဆုံးသွားတဲ့အတွက် ကူးစက်မှု အခြေအနေ ဒီထက် ဆိုးရွား လာမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီလို စိုးရိမ်ကြသူတွေအထဲ ကိုရီးယားမှာ အလုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပြီး မြန်မာသံရုံးကို ဆက်သွယ် အကူအညီတောင်းခံလာ သူတွေ ရှိနေပါတယ်။

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ပျံ့နှံ့လာတာနဲ့ အမျှ နေရာ အတော်များများကို အထူးကြီးကြပ်ဇုန်အဖြစ် ကန့်သတ်ထားပြီး အဲလို ကန့်သတ်ထားတဲ့ အထဲမှာ ဒေဂူးမြို့လည်း ပါဝင်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကူးစက်မှု အများစုဟာ ဆေးရုံတစ်ခုနဲ့ ပတ်သက်နေပြီး အဲဒီဆေးရုံရှိတဲ့ ချုံဒူး နဲ့ အနီးအနားက ဒေဂူးတို့ကို အထူးသတိထားရမယ့် နေရာအဖြစ် ကြေညာထားတဲ့အတွက် ဒေဂူးက လမ်းတွေမှာ လူသူအသွားအလာ အများကြီး လျော့ကျသွားပါတယ်။
ဓာတ်ပုံ မူပိုင် Sandar Win
Image caption တောင်ကိုရီးယားမှာ အထူးသတိထားရမယ့် နေရာတွေကို ကြေညာပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ ဒေဂူးမြို့က မြန်မာ လုပ်သား တွေထဲက နှစ်ဦးဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် မြန်မာသံရုံးကို ဆက်သွယ် အကူ အညီတောင်းခံလာတယ်လို့ ဆိုးလ်မြို့မှာ အခြေစိုက်တဲ့ မြန်မာသံရုံး သံအရာရှိ ဦးဇေယျာတင်ဝင်းတင် က ပြောပါတယ်။

သူတို့ နှစ်ယောက် အနက် တယောက်က လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်လို့ W ဆိုတဲ့ ဆေးရုံ တခုမှာ ကုသမှု ခံယူနေရပြီး အဲဒီဆေးရုံမှာ လူနာရော ကျန်းမာရေး ဝန်ထမ်း အယောက် ၃၀ လောက်မှာပါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နေတဲ့ အတွက် သူစိုးရိမ်နေတာ ဖြစ်တယ်လို့ မြန်မာ သံရုံး အရာရှိက ရှင်းပြပါတယ်။

တကယ်တမ်း အဲဒီ စိုးရိမ်သူကို စစ်ဆေးကြည့်တဲ့ အခါ ဘာမှ မတွေ့ရဘူးလို့ ဦးဇေယျာတင်ဝင်းတင် က ဆိုပါတယ်။

နောက်တယောက်ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူနဲ့ ညစာ အတူစားမိတဲ့ အတွက် စိုးရိမ်တာ ဖြစ်ပြီး သူ့ကို ဆေးစစ်ကြည့်တဲ့ အခါ သူ့ဆီမှာ ဘာရောဂါပိုးမှ မတွေ့ရဘူးလို့ မြန်မာသံ အရာရှိက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ကိုရီးယားရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ပိတ်မိမှာကို စိုးရိမ်နေ

အခုဆိုရင် မျက်နှာဖုံး Mask တွေလည်း ဘယ်နေရာမှ ဝယ်လို့ မရတော့တဲ့ အခြေအနေ ဖြစ်နေပြီး တတ်နိုင်သမျှ အပြင်မထွက်ရအောင် ခေါက်ဆွဲခြောက်တွေ၊ အရေးပေါ် လိုအပ်တဲ့ အရာတွေ စုဆောင်းနေကြတယ်လို့ တောင်ကိုရီးယားရောက် မြန်မာ လုပ်သား ကိုရင်မောင်သန်း ကပြောပါတယ်။

ဒီလို ပြင်ဆင်နေပေမဲ့ သူတို့ အနီးဝန်းကျင်မှာ ရှိတဲ့ မြန်မာ လုပ်သား အယောက် ၂၀ လောက်ကတော့ ဖြစ်နိုင်ရင် မိခင် နိုင်ငံရင်းဆီ ပြန်ချင်တယ်၊ တရုတ်ပြည် ဝူဟန်မှာလို ဖြစ်ပြီး ပိတ်မိနေမှာ စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားရောက် မြန်မာ လုပ်သားတွေဟာ အစောပိုင်းတုန်းက စက်ရုံတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပေမယ့် ဆေးစစ်ပေးဖို့ မလုပ်ခဲ့တဲ့အတွက် အခုလို မြန်မာ သံရုံးကို အကူအညီ တောင်းခဲ့ရတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သား သုံးသောင်းခွဲကျော် ရှိနေပါတယ်။

ရက်ပိုင်းအတွင်း ရောဂါပိုး ကူးစက်မှု ဆိုးရွားလာတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ဆိုးလ်မြို့က အခြေအနေကို ဘီဘီစီက မေးမြန်းကြည့်ရာမှာ လက်ရှိမှာ ဆေးရုံတိုင်း ဒီရောဂါပိုး အခမဲ့ စစ်လို့ ရပြီး ၊ ဘတ်စကားပေါ်တွေမှာ လက်သန့်ဆေးရည်တွေ ထားရှိပေးသလို မျက်နှာဖုံး တွေလည်း ဆေးရုံတိုင်းမှာ အခမဲ့ ဝေပေးနေတယ်လို့ ကာကွယ်ရေး အခြေအနေကို ဆိုးလ်မြို့မှာ ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ မဇွန်နီလာဌေးက ရှင်းပြပါတယ်။
Image caption ရောဂါတိုက်ဖျက်ရေး အတွက် တောင်ကိုရီးယား အစိုးရ ငွေကြေး တိုးမြှင့်သုံးသွားဖွယ် ရှိ

ကျမ်းစာသင်ကျောင်း တကျောင်း ဖြစ်တဲ့ ကင်ချွန်းဂျီ ကနေ အကြီးအကျယ် ကူးစက်ခဲ့တာ ဖြစ်ပြီး အဲဒီကျောင်းဟာ မနှစ်တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာလည်း ကျောင်းဖွင့်ခဲ့တာကြောင့် ကျောင်းတွေကြား ကူးလူး သွားလာ ဆက်ဆံမှုက ကူးစက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တောင်ကိုရီးယား အစိုးရဟာ ဒီရောဂါပိုး တိုက်ဖျက်ရေး အတွက် အရင်ကတည်းက ဝမ်၁၀၄၁သိန်း လျာထားတာ ဖြစ်ပြီး အခုလို ကူးစက်မှု အရှိန် မြင့်လာတာနဲ့ အမျှ ငွေကြေး တိုးမြှင့် သုံးစွဲ တိုက်ဖျက် သွားနိုင်တယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း လေးရာကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိနေပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ် နိုင်ငံပြင်ပ မှာ ဗိုင်း ရပ်စ်ကူးစက်မှုပမာဏ အမြင့်ဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ ၿပီးရင္ ေတာင္ကိုရီးယားမွာ COVID-19 အမ်ားဆုံး ျဖစ္ေန တ႐ုတ္ ၿပီးရင္ ေတာင္ကိုရီးယားမွာ COVID-19 အမ်ားဆုံး ျဖစ္ေန Reviewed by THITHTOOLWIN on 06:39 Rating: 5
Powered by Blogger.