ပဲခူးတိုင္းမွာ အစိုးရစစ္စာေမးပြဲေတြျဖစ္တဲ့ ၈တန္းနဲ႔ ၄ တန္းက ေမးခြန္းအခ်ိဳ႕ အြန္လိုင္းကေန ေပါက္ၾကား

အြန္လိုင္းစာမ်က္ႏွာမွာ တင္ခဲ့တဲ့ေမးခြန္းေတြ ထဲက အဂၤလိပ္စာေမးခြန္းနဲ႔ သခ်ၤာေမးခြန္းေတြဟာ တကယ့္ေမးခြန္းေတြထြက္လာရာမွာတူေန
(Zawgyi)⤵⤵⤵
အစိုးရ စစ္စာေမးပြဲေတြျဖစ္တဲ့ အ႒မတန္းနဲ႔ စတုတၳတန္းစာေမးပြဲေတြေျဖဆိုေနစဥ္မွာပဲ ပဲခူးတိုင္းအတြင္းမွာ ေတာ့ ေမးခြန္းအခ်ိဳ႕ဟာ စာေမးပြဲမေျဖခင္ အြန္လိုင္းေပၚမွာ ႀကိဳတင္ေပါက္ၾကားတာေတြရွိေနတယ္လို႔ၾကား သိရေၾကာင္း ပဲခူး၊ေဝါၿမိဳ႕နယ္ကတိုင္းေဒသႀကီး လႊတ္ေတာ္အမတ္အခ်ိဳ႕ကေျပာပါတယ္။

ပညာေရး - ပဲခူးတိုင္းေဒသႀကီးဆိုတဲ့ အြန္လိုင္းစာမ်က္ႏွာတစ္တခုကေန တင္ေနတာျဖစ္ၿပီး ေဖေဖာ္ဝါရီ ၂၄ရက္ညပိုင္းကစတင္ကာ ေမးခြန္းအခ်ိဳ႕ကို ဓာတ္ပုံ႐ိုက္ကာတင္ေပးထားတာကိုေတြ႕ရပါတယ္။

လက္ရွိ အစိုးရစစ္စာေမးပြဲကို ေျဖဆိုရာမွာ စတုတၳတန္းက ခ႐ိုင္တစ္ခုကို ေမးခြန္းတစ္စုံစီနဲ႔ အ႒မတန္းက ေတာ့ တိုင္းအဆင့္ကို ေမးခြန္းတစ္စုံတည္း ေျဖဆိုၾကရတာျဖစ္ပါတယ္။


'' အဲဒါေတြက လိုင္းေပၚမွာတင္ေနတာေတာ့ေတြ႕ပါတယ္။ ဒါေတြက ဖုန္းေပၚမွာတင္တာဆိုေတာ့ ဒီေမးခြန္း ေတြ ဟုတ္တယ္မဟုတ္ဘူးဆိုတာမသိရ ေတာ့ ကြၽန္မတို႔ကေတာ့ကာကြယ္ထားပါတယ္။ ဒီေမးခြန္း ေနာက္ကို လိုက္သြားလို႔ တကယ္လို႔ ေမးခြန္းက အဲဒီေန႔မွာ မွားေနရင္ ကေလးေတြအတြက္ အမ်ားႀကီး နစ္နာပါတယ္။''လို႔ ေဝါၿမိဳ႕နယ္ ပညာေရးမႉး ေဒၚခင္ဝင္းက ေမးခြန္းေတြေပါက္ၾကားတာေတြရွိေနတယ္ ဆိုတဲ့အေျခအေနေပၚ ရွင္းျပေျပာဆိုပါတယ္။

ပဲခူးတိုင္းအတြင္းက ေမးခြန္းေတြကို တင္ေပးေနတယ္ဆိုတဲ့ အြန္လိုင္းစာမ်က္ႏွာမွာ တင္ခဲ့တဲ့ေမးခြန္းေတြ ထဲက အဂၤလိပ္စာေမးခြန္းနဲ႔ သခ်ၤာေမးခြန္းေတြဟာ တကယ့္ေမးခြန္းေတြ ထြက္လာရာမွာတူေနပါတယ္။ ေဖေဖာ္ဝါရီ ၂၇ရက္ေန႔အထိ စတုတၳတန္းအတြက္ လူမႈေရးေမးခြန္းနဲ႔ အ႒မ တန္း အတြက္ သမိုင္းေမးခြန္းအထိ တင္ထားတာကို ေတြ႕ရပါတယ္။

ဒီလိုေပါက္ၾကားမႈေတြရွိေနတယ္ဆိုေပမယ့္လည္း အစိုးရစစ္ စာေမးပြဲေတြအတြက္ေမးခြန္း ေတြေက်ာင္း ၂ေက်ာင္းက ေသာ့ ၂ထပ္နဲ႔ ေသခ်ာ သိမ္းဆည္းထား ရွိတာျဖစ္တယ္လို႔လည္း ေဝါၿမိဳ႕နယ္ ပညာေရးမႉး ေဒၚခင္ဝင္းကရွင္းျပပါတယ္။

'' အခုေတာ့ အသဲအသန္ ကိုယ့္ၿမိဳ႕နယ္မွာ ကိုယ္ရွာေနပါတယ္။ ဟာကြက္ေပ်ာ့ကြက္ အတတ္ႏိုင္ဆုံး ရွိေနမ လားေပါ့ ။ ေမးခြန္း အထုတ္အသြင္း အေျဖလႊာအထုတ္အသြင္းေတြကိုလည္း အစဥ္လိုက္ ဓာတ္ပုံမွတ္တမ္းေတြရွိပါတယ္။ တိုင္းတို႔ခ႐ိုင္တို႔ကေတာ့ သူတို႔တာဝန္ယူရတဲ့အပိုင္းမွာေတာ့ လုံၿခဳံဖို႔ကို အျပည့္ယူထားတာပဲ။ ေမးခြန္းထုတ္တဲ့အဖြဲ႕အစည္းေတြကလည္း ။ ဒါေၾကာင့္မို႔ ေျပာဖို႔က ခက္ပါတယ္။''လို႔ ေမးခြန္းေတြကို ထိန္းသိမ္းထားရွိပုံနဲ႔ပတ္သက္ၿပီးလို႔လည္း ရွင္းျပပါတယ္။

စတုတၳတန္းနဲ႔ အ႒မတန္းစာေမးပြဲေတြကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွစကာ ေျဖဆိုေနတာျဖစ္ၿပီး စတုတၳ တန္းေတြက ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ ေျဖဆိုၿပီးဆုံးမွာျဖစ္ၿပီး အ႒မတန္းေတြကေတာ့ မတ္လ ၃ရက္ေန႔ ထိ ေနာက္ဆုံးေျဖဆိုရမွာျဖစ္ပါတယ္။

' ' ကြၽန္ေတာ့္သားကေတာ့ ၈တန္းေျဖေနတာ။ ကြၽန္ေတာ္တို႔က ပဲခူး အမွတ္ ၂ အထက ေရွ႕မွာပဲေနတာ။ ဒီေက်ာင္းမွာေတာ့ ေမးခြန္းေပါက္တာဘာညာမၾကားမိဘူး။ အရင္ထဲကလည္း ေမးခြန္းလိုက္တာဘာညာ ကရွိခဲ့တာ။ အခုက အရင္နဲ႔မတူေတာ့ဘူးေလ။ ကြၽန္ေတာ့္သားကိုလည္း ေမးခြန္းမလိုက္ ခိုင္း ဘူး။ ေမးခြန္းေဟာင္းေတြစု ေလ့က်င့္တာ ေလာက္ပဲ ။ အကုန္ပဲက်က္ၿပီး ေျဖခိုင္းတာ။ တကယ္လို႔ ေမးခြန္းက လြဲသြားမယ္ဆို ကေလးေတြ ဒုကၡေရာက္သြားႏိုင္တယ္။''လို႔ ပဲခူးေဒသခံ တစ္ဦးျဖစ္တဲ့ ဦးကိုကိုႏိုင္က ဘီဘီစီကိုေျပာပါတယ္။

ေမးခြန္းေတြ တင္ေပးေနတဲ့ အြန္လိုင္းစာမ်က္ႏွာေအာက္မွာေတာ့ ေဖေဖာ္ဝါရီ ၂၇ရက္ေန႔ ေန႔လယ္ပိုင္း အထိ ေမးခြန္းေတာင္းသူ အခ်ိဳ႕ရွိေနသလို အခ်ိဳ႕ကလည္း ေမးခြန္းတင္ေပးတာနဲ႔ပတ္သက္ၿပီး ျပစ္တင္ေျပာဆိုတာေတြလည္းရွိေနပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ပဲခူးတိုင်းမှာ အစိုးရစစ်စာမေးပွဲတွေဖြစ်တဲ့ ၈တန်းနဲ့ ၄ တန်းက မေးခွန်းအချို့ အွန်လိုင်းကနေ ပေါက်ကြား

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption အွန်လိုင်းစာမျက်နှာမှာ တင်ခဲ့တဲ့မေးခွန်းတွေ ထဲက အင်္ဂလိပ်စာမေးခွန်းနဲ့ သင်္ချာမေးခွန်းတွေဟာ တကယ့်မေးခွန်းတွေထွက်လာရာမှာတူနေ

အစိုးရ စစ်စာမေးပွဲတွေဖြစ်တဲ့ အဋ္ဌမတန်းနဲ့ စတုတ္ထတန်းစာမေးပွဲတွေဖြေဆိုနေစဉ်မှာပဲ ပဲခူးတိုင်းအတွင်းမှာ တော့ မေးခွန်းအချို့ဟာ စာမေးပွဲမဖြေခင် အွန်လိုင်းပေါ်မှာ ကြိုတင်ပေါက်ကြားတာတွေရှိနေတယ်လို့ကြား သိရကြောင်း ပဲခူး၊ဝေါမြို့နယ်ကတိုင်းဒေသကြီး လွှတ်တော်အမတ်အချို့ကပြောပါတယ်။

ပညာရေး - ပဲခူးတိုင်းဒေသကြီးဆိုတဲ့ အွန်လိုင်းစာမျက်နှာတစ်တခုကနေ တင်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းကစတင်ကာ မေးခွန်းအချို့ကို ဓာတ်ပုံရိုက်ကာတင်ပေးထားတာကိုတွေ့ရပါတယ်။

လက်ရှိ အစိုးရစစ်စာမေးပွဲကို ဖြေဆိုရာမှာ စတုတ္ထတန်းက ခရိုင်တစ်ခုကို မေးခွန်းတစ်စုံစီနဲ့ အဋ္ဌမတန်းက တော့ တိုင်းအဆင့်ကို မေးခွန်းတစ်စုံတည်း ဖြေဆိုကြရတာဖြစ်ပါတယ်။

'' အဲဒါတွေက လိုင်းပေါ်မှာတင်နေတာတော့တွေ့ပါတယ်။ ဒါတွေက ဖုန်းပေါ်မှာတင်တာဆိုတော့ ဒီမေးခွန်း တွေ ဟုတ်တယ်မဟုတ်ဘူးဆိုတာမသိရ တော့ ကျွန်မတို့ကတော့ကာကွယ်ထားပါတယ်။ ဒီမေးခွန်း နောက်ကို လိုက်သွားလို့ တကယ်လို့ မေးခွန်းက အဲဒီနေ့မှာ မှားနေရင် ကလေးတွေအတွက် အများကြီး နစ်နာပါတယ်။''လို့ ဝေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းက မေးခွန်းတွေပေါက်ကြားတာတွေရှိနေတယ် ဆိုတဲ့အခြေအနေပေါ် ရှင်းပြပြောဆိုပါတယ်။

ပဲခူးတိုင်းအတွင်းက မေးခွန်းတွေကို တင်ပေးနေတယ်ဆိုတဲ့ အွန်လိုင်းစာမျက်နှာမှာ တင်ခဲ့တဲ့မေးခွန်းတွေ ထဲက အင်္ဂလိပ်စာမေးခွန်းနဲ့ သင်္ချာမေးခွန်းတွေဟာ တကယ့်မေးခွန်းတွေ ထွက်လာရာမှာတူနေပါတယ်။ ဖေဖော်ဝါရီ ၂၇ရက်နေ့အထိ စတုတ္ထတန်းအတွက် လူမှုရေးမေးခွန်းနဲ့ အဋ္ဌမ တန်း အတွက် သမိုင်းမေးခွန်းအထိ တင်ထားတာကို တွေ့ရပါတယ်။

ဒီလိုပေါက်ကြားမှုတွေရှိနေတယ်ဆိုပေမယ့်လည်း အစိုးရစစ် စာမေးပွဲတွေအတွက်မေးခွန်း တွေကျောင်း ၂ကျောင်းက သော့ ၂ထပ်နဲ့ သေချာ သိမ်းဆည်းထား ရှိတာဖြစ်တယ်လို့လည်း ဝေါမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းကရှင်းပြပါတယ်။

'' အခုတော့ အသဲအသန် ကိုယ့်မြို့နယ်မှာ ကိုယ်ရှာနေပါတယ်။ ဟာကွက်ပျော့ကွက် အတတ်နိုင်ဆုံး ရှိနေမ လားပေါ့ ။ မေးခွန်း အထုတ်အသွင်း အဖြေလွှာအထုတ်အသွင်းတွေကိုလည်း အစဉ်လိုက် ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်။ တိုင်းတို့ခရိုင်တို့ကတော့ သူတို့တာဝန်ယူရတဲ့အပိုင်းမှာတော့ လုံခြုံဖို့ကို အပြည့်ယူထားတာပဲ။ မေးခွန်းထုတ်တဲ့အဖွဲ့အစည်းတွေကလည်း ။ ဒါကြောင့်မို့ ပြောဖို့က ခက်ပါတယ်။''လို့ မေးခွန်းတွေကို ထိန်းသိမ်းထားရှိပုံနဲ့ပတ်သက်ပြီးလို့လည်း ရှင်းပြပါတယ်။

စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစကာ ဖြေဆိုနေတာဖြစ်ပြီး စတုတ္ထ တန်းတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖြေဆိုပြီးဆုံးမှာဖြစ်ပြီး အဋ္ဌမတန်းတွေကတော့ မတ်လ ၃ရက်နေ့ ထိ နောက်ဆုံးဖြေဆိုရမှာဖြစ်ပါတယ်။

' ' ကျွန်တော့်သားကတော့ ၈တန်းဖြေနေတာ။ ကျွန်တော်တို့က ပဲခူး အမှတ် ၂ အထက ရှေ့မှာပဲနေတာ။ ဒီကျောင်းမှာတော့ မေးခွန်းပေါက်တာဘာညာမကြားမိဘူး။ အရင်ထဲကလည်း မေးခွန်းလိုက်တာဘာညာ ကရှိခဲ့တာ။ အခုက အရင်နဲ့မတူတော့ဘူးလေ။ ကျွန်တော့်သားကိုလည်း မေးခွန်းမလိုက် ခိုင်း ဘူး။ မေးခွန်းဟောင်းတွေစု လေ့ကျင့်တာ လောက်ပဲ ။ အကုန်ပဲကျက်ပြီး ဖြေခိုင်းတာ။ တကယ်လို့ မေးခွန်းက လွဲသွားမယ်ဆို ကလေးတွေ ဒုက္ခရောက်သွားနိုင်တယ်။''လို့ ပဲခူးဒေသခံ တစ်ဦးဖြစ်တဲ့ ဦးကိုကိုနိုင်က ဘီဘီစီကိုပြောပါတယ်။

မေးခွန်းတွေ တင်ပေးနေတဲ့ အွန်လိုင်းစာမျက်နှာအောက်မှာတော့ ဖေဖော်ဝါရီ ၂၇ရက်နေ့ နေ့လယ်ပိုင်း အထိ မေးခွန်းတောင်းသူ အချို့ရှိနေသလို အချို့ကလည်း မေးခွန်းတင်ပေးတာနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုတာတွေလည်းရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ပဲခူးတိုင္းမွာ အစိုးရစစ္စာေမးပြဲေတြျဖစ္တဲ့ ၈တန္းနဲ႔ ၄ တန္းက ေမးခြန္းအခ်ိဳ႕ အြန္လိုင္းကေန ေပါက္ၾကား ပဲခူးတိုင္းမွာ အစိုးရစစ္စာေမးပြဲေတြျဖစ္တဲ့ ၈တန္းနဲ႔ ၄ တန္းက ေမးခြန္းအခ်ိဳ႕ အြန္လိုင္းကေန ေပါက္ၾကား Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.