ေဒလီေရာက္ ျမန္မာ ေက်ာင္းသားႏွစ္ေယာက္ ေနာက္ထပ္ ၁၄ ရက္ ေစာင့္ၾကည့္ခံရမယ္

 ဝူဟန္မွာ ၁၄ ရက္ ေစာင့္ၾကည့္ခံရၿပီးသား ျမန္မာ ေက်ာင္းသား ႏွစ္ေယာက္ ေဒလီမွာ ထပ္မံ ေစာင့္ၾကည့္ခံရ ျပန္ၿပီ
(Zawgyi)⤵⤵⤵
ဝူဟန္မွာ က်န္ခဲ့တဲ့ ျမန္မာေက်ာင္းသား ႏွစ္ေယာက္ဟာ အိႏၵိယႏိုင္ငံက ဝူဟန္ကို ေဆးလာပို႔တဲ့ ေလယာဥ္နဲ႔ လိုက္ပါခြင့္ ရခဲ့ပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာရွိေနတဲ့ ျမန္မာႏိုင္ငံသား ေက်ာင္းသား၊ ေက်ာင္းသူ ႏွစ္ဦးကို ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ အိႏၵိယေလတပ္ ေလယာဥ္ Globemaster နဲ႔ အိႏၵိယႏိုင္ငံကို ေဘးကင္းလုံၿခဳံမႈရွိစြာ ေခၚေဆာင္ထားတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ထုတ္ျပန္ထား ပါတယ္။

ေက်ာင္းသား ႏွစ္ဦးအတြက္ လိုအပ္တဲ့ အကူအညီအားလုံးကို အိႏၵိယ အစိုးရ တာဝန္ရွိသူေတြက စီစဥ္ ေဆာင္႐ြက္ေပးေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

သူတို႔ဟာ အိႏၵိယႏိုင္ငံ ရဲ႕ စည္းမ်ဥ္းစည္းကမ္းအရ သူတို႔ ေရာက္ရွိရာ နယူးေဒလီၿမိဳ႕မွာ ၁၄ ရက္ၾကာ သီးသန္႔ခြဲထား ေစာင့္ၾကည့္ခံရမွာ ျဖစ္ပါတယ္။

လက္ရွိမွာ သူတို႔ႏွစ္ေယာက္ရဲ႕ က်န္းမာေရး အေျခအေန ေကာင္းမြန္လ်က္ ရွိတယ္လို႔ တ႐ုတ္ ႏိုင္ငံ ဆိုင္ရာ ျမန္မာသံ႐ုံး ရဲ႕ သတင္းနဲ႔ ျပန္ၾကားေရး တာဝန္ရွိသူက ေျပာပါတယ္။
ကိုယ္ပူခ်ိန္ ျမင့္တိုင္း ကို႐ိုနာ ဗိုင္းရပ္စ္ ရွိတယ္လို႔ မဆိုႏိုင္

ဝူဟန္ ျပည္နယ္မွာ ရွိတဲ့ တျခား ျမန္မာ ေက်ာင္းသားေတြကို သြားေခၚစဥ္ ဒီေက်ာင္းသား ႏွစ္ေယာက္မွာ ကိုယ္အပူခ်ိန္ အနည္းငယ္ ျမင့္ေနတဲ့ အတြက္ ခ်န္ထားခဲ့တာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

အဲဒီေနာက္ သူတို႔ကို အေဆာင္မွာ က်န္းမာေရး ေစာင့္ၾကပ္ ၾကည့္ရႈထားခဲ့ရာ ၁၄ ရက္ ျပည့္သြားခဲ့ၿပီး အဲဒီ အေတာအတြင္းမွာလည္း က်န္းမာေရး ေကာင္းေၾကာင္း ၊ ကိုယ္အပူခ်ိန္ ကလည္း သာမန္ အေနအထားမွာ ရွိေၾကာင္း သူက ရွင္းျပပါတယ္။

ဒီေက်ာင္းသား ႏွစ္ေယာက္ဟာ ျမန္မာႏိုင္ငံကို တျခား ျပည္နယ္ေတြကေန လွည့္ျပန္ဖို႔ ႀကိဳးစားေနစဥ္မွာ ေဘဂ်င္းမွာ ရွိတဲ့ အိႏၵိယ သံ႐ုံးက ေၾကညာခ်က္ တေစာင္ ထုတ္ျပန္ခဲ့ၿပီး အဲဒီ ေၾကညာခ်က္မွာ ေဆးဝါး ပို႔ေဆာင္ေပးဖို႔ အိႏၵိယ ေလယာဥ္ တစင္း လာေရာက္ဖို႔ ရွိတယ္ ၊ ၿပီးရင္ နယူးေဒလီကို ျပန္မွာ ျဖစ္တယ္ ၊ လိုက္ပါလိုနဲ႔ အိမ္နီးခ်င္း ႏိုင္ငံေတြက ေက်ာင္းသားေတြ ဆက္သြယ္ပါလို႔ ေဖာ္ျပ ထားတယ္လို႔ သူက ေျပာပါတယ္။

အဲဒီအခါ ဝူဟန္ေရာက္ အိႏၵိယ ေက်ာင္းသားေတြက တဆင့္ ျမန္မာ ေက်ာင္းသားေတြလည္း သိရွိသြားခဲ့ၿပီး သူတို႔လည္း လိုက္ခ်င္တဲ့ အတြက္ ကူညီေပးဖို႔ ျမန္မာ သံ႐ုံးကို ဆက္သြယ္ အေၾကာင္းၾကား လာတယ္လို႔ ျမန္မာသံ အရာရွိက ေျပာပါတယ္။
တျခားေက်ာင္းသားေတြ ျပန္ခ်ိန္မွာ ကိုယ္ပူခ်ိန္ ျမင့္ေနလို႔ က်န္ခဲ့တဲ့ ျမန္မာေက်ာင္းသားႏွစ္ေယာက္ အိႏၵိယေရာက္ၿပီ
သူတို႔ အေနနဲ႔ ျမန္မာ ႏိုင္ငံျခားေရး ႐ုံးကို အေၾကာင္းၾကားၿပီး အဲဒီကတဆင့္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဌာန ကေန အိႏၵိယ သံ႐ုံးကို ဆက္သြယ္ အကူအညီ ေတာင္းခံခဲ့ရတယ္လို႔ သူက ဆိုပါတယ္။

ေဖေဖာ္ဝါရီ ၂၆ ရက္မွာေတာ့ အိႏၵိယ ၊ နီေပါ စတဲ့ ႏိုင္ငံေတြက ေက်ာင္းသားေတြနဲ႔ အတူ ျမန္မာ ေက်ာင္းသား ႏွစ္ေယာက္လည္း ေဒလီကို ျပန္မယ့္ အိႏၵိယေလယာဥ္နဲ႔ လိုက္ပါသြားတယ္လို႔ သူက ေျပာပါတယ္။

အခု အိႏၵိယမွာ ရွိတဲ့ ျမန္မာ သံ႐ုံးကို အေၾကာင္းၾကားထားၿပီး ဒီေက်ာင္းသား ႏွစ္ေယာက္ဟာ သူတို႔ စည္းမ်ဥ္းအရ ေနာက္ထပ္ ၁၄ရက္ သီးသန္႔ခြဲထား ေစာင့္ၾကည့္ခံရမွာ ျဖစ္တယ္ ၊ သူတို႔ လိုအပ္ခ်က္ ေတြကို ျမန္မာ သံ႐ုံးက ကူညီ ျဖည့္ဆည္းသြားမွာ ျဖစ္တယ္ အိမ္ျပန္ဖို႔ ကိစၥေတြကိုလည္း ျမန္မာ သံ႐ုံးကဘဲ စီစဥ္ေပးလိမ့္မယ္လို႔ တ႐ုတ္ႏိုင္ငံ ဆိုင္ရာ ျမန္မာ သံ႐ုံးက ေျပာခြင့္ရသူက ဆိုပါတယ္။

အိႏၵိယ ႏိုင္ငံမွာ ၁၄ ရက္ ေစာင့္ၾကည့္မႈ ၿပီးသြားရင္ ျမန္မာ ျပန္လာတဲ့ အခါ ျမန္မာႏိုင္ငံက က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားမႈေအာက္မွာ ဆက္လက္ ေနထိုင္ လုပ္ေဆာင္သြားၾကရမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။
ဝူဟန္ ကေန ေဒလီ ေရာက္ ျမန္မာ ေက်ာင္းသား

လက္ရွိ ဝူဟန္မွာ ျမန္မာ ၇ ေယာက္ ၈ ေယာက္ေလာက္ ရွိေသးၿပီး သူတို႔ကေတာ့ ေက်ာင္းသားေတြ မဟုတ္ဘဲ အဲဒီက လူေတြနဲ႔ အိမ္ေထာင္က်သူ၊ အလုပ္လုပ္ ေနထိုင္ ေနသူေတြ ျဖစ္ေၾကာင္း ၊ အဲဒီ လူေတြကို ဆက္သြယ္ၿပီး ေနရပ္ျပန္ခ်င္သလား ေမးျမန္း ခဲ့ေပမယ့္ မလိုက္ေသးဘူးလို႔ အေၾကာင္းျပန္ခဲ့ၾကေၾကာင္း ၊ ျမန္မာ သံအရာရွိက ေျပာပါတယ္။

တ႐ုတ္ ႏိုင္ငံမွာ ေဘဂ်င္း အပါအဝင္ တျခား ေနရာေတြမွာလည္း ေရာဂါ ကူးစက္မႈ က်ဆင္းလာတယ္လို႔ အစိုးရက ထုတ္ျပန္ထားတယ္လို႔ သူက ဆိုပါတယ္။

အခု ဝူဟန္ ကေန ေဒလီကို လိုက္ပါသြားခြင့္ရတဲ့ ျမန္မာ ေက်ာင္းသား ႏွစ္ေယာက္ဟာ တ႐ုတ္အလယ္ပိုင္း ေနာ္မန္တကၠသိုလ္မွာ ပညာသင္ၾကားေနၾကသူေတြ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ဒေလီရောက် မြန်မာ ကျောင်းသားနှစ်ယောက် နောက်ထပ် ၁၄ ရက် စောင့်ကြည့်ခံရမယ်

ဓာတ်ပုံ မူပိုင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန
Image caption ဝူဟန်မှာ ၁၄ ရက် စောင့်ကြည့်ခံရပြီးသား မြန်မာ ကျောင်းသား နှစ်ယောက် ဒေလီမှာ ထပ်မံ စောင့်ကြည့်ခံရ ပြန်ပြီ

ဝူဟန်မှာ ကျန်ခဲ့တဲ့ မြန်မာကျောင်းသား နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံက ဝူဟန်ကို ဆေးလာပို့တဲ့ လေယာဉ်နဲ့ လိုက်ပါခွင့် ရခဲ့ပါပြီ။

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အိန္ဒိယလေတပ် လေယာဉ် Globemaster နဲ့ အိန္ဒိယနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိစွာ ခေါ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထား ပါတယ်။

ကျောင်းသား နှစ်ဦးအတွက် လိုအပ်တဲ့ အကူအညီအားလုံးကို အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက စီစဉ် ဆောင်ရွက်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

သူတို့ဟာ အိန္ဒိယနိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ ရောက်ရှိရာ နယူးဒေလီမြို့မှာ ၁၄ ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိတယ်လို့ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်ပူချိန် မြင့်တိုင်း ကိုရိုနာ ဗိုင်းရပ်စ် ရှိတယ်လို့ မဆိုနိုင်

ဝူဟန် ပြည်နယ်မှာ ရှိတဲ့ တခြား မြန်မာ ကျောင်းသားတွေကို သွားခေါ်စဉ် ဒီကျောင်းသား နှစ်ယောက်မှာ ကိုယ်အပူချိန် အနည်းငယ် မြင့်နေတဲ့ အတွက် ချန်ထားခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် သူတို့ကို အဆောင်မှာ ကျန်းမာရေး စောင့်ကြပ် ကြည့်ရှုထားခဲ့ရာ ၁၄ ရက် ပြည့်သွားခဲ့ပြီး အဲဒီ အတောအတွင်းမှာလည်း ကျန်းမာရေး ကောင်းကြောင်း ၊ ကိုယ်အပူချိန် ကလည်း သာမန် အနေအထားမှာ ရှိကြောင်း သူက ရှင်းပြပါတယ်။

ဒီကျောင်းသား နှစ်ယောက်ဟာ မြန်မာနိုင်ငံကို တခြား ပြည်နယ်တွေကနေ လှည့်ပြန်ဖို့ ကြိုးစားနေစဉ်မှာ ဘေဂျင်းမှာ ရှိတဲ့ အိန္ဒိယ သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ ကြေညာချက်မှာ ဆေးဝါး ပို့ဆောင်ပေးဖို့ အိန္ဒိယ လေယာဉ် တစင်း လာရောက်ဖို့ ရှိတယ် ၊ ပြီးရင် နယူးဒေလီကို ပြန်မှာ ဖြစ်တယ် ၊ လိုက်ပါလိုနဲ့ အိမ်နီးချင်း နိုင်ငံတွေက ကျောင်းသားတွေ ဆက်သွယ်ပါလို့ ဖော်ပြ ထားတယ်လို့ သူက ပြောပါတယ်။

အဲဒီအခါ ဝူဟန်ရောက် အိန္ဒိယ ကျောင်းသားတွေက တဆင့် မြန်မာ ကျောင်းသားတွေလည်း သိရှိသွားခဲ့ပြီး သူတို့လည်း လိုက်ချင်တဲ့ အတွက် ကူညီပေးဖို့ မြန်မာ သံရုံးကို ဆက်သွယ် အကြောင်းကြား လာတယ်လို့ မြန်မာသံ အရာရှိက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် NICOLAS ASFOURI
Image caption တခြားကျောင်းသားတွေ ပြန်ချိန်မှာ ကိုယ်ပူချိန် မြင့်နေလို့ ကျန်ခဲ့တဲ့ မြန်မာကျောင်းသားနှစ်ယောက် အိန္ဒိယရောက်ပြီ

သူတို့ အနေနဲ့ မြန်မာ နိုင်ငံခြားရေး ရုံးကို အကြောင်းကြားပြီး အဲဒီကတဆင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ကနေ အိန္ဒိယ သံရုံးကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာတော့ အိန္ဒိယ ၊ နီပေါ စတဲ့ နိုင်ငံတွေက ကျောင်းသားတွေနဲ့ အတူ မြန်မာ ကျောင်းသား နှစ်ယောက်လည်း ဒေလီကို ပြန်မယ့် အိန္ဒိယလေယာဉ်နဲ့ လိုက်ပါသွားတယ်လို့ သူက ပြောပါတယ်။

အခု အိန္ဒိယမှာ ရှိတဲ့ မြန်မာ သံရုံးကို အကြောင်းကြားထားပြီး ဒီကျောင်းသား နှစ်ယောက်ဟာ သူတို့ စည်းမျဉ်းအရ နောက်ထပ် ၁၄ရက် သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်တယ် ၊ သူတို့ လိုအပ်ချက် တွေကို မြန်မာ သံရုံးက ကူညီ ဖြည့်ဆည်းသွားမှာ ဖြစ်တယ် အိမ်ပြန်ဖို့ ကိစ္စတွေကိုလည်း မြန်မာ သံရုံးကဘဲ စီစဉ်ပေးလိမ့်မယ်လို့ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက ပြောခွင့်ရသူက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ ၁၄ ရက် စောင့်ကြည့်မှု ပြီးသွားရင် မြန်မာ ပြန်လာတဲ့ အခါ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအောက်မှာ ဆက်လက် နေထိုင် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Embassy of India, Yangon
Image caption ဝူဟန် ကနေ ဒေလီ ရောက် မြန်မာ ကျောင်းသား

လက်ရှိ ဝူဟန်မှာ မြန်မာ ၇ ယောက် ၈ ယောက်လောက် ရှိသေးပြီး သူတို့ကတော့ ကျောင်းသားတွေ မဟုတ်ဘဲ အဲဒီက လူတွေနဲ့ အိမ်ထောင်ကျသူ၊ အလုပ်လုပ် နေထိုင် နေသူတွေ ဖြစ်ကြောင်း ၊ အဲဒီ လူတွေကို ဆက်သွယ်ပြီး နေရပ်ပြန်ချင်သလား မေးမြန်း ခဲ့ပေမယ့် မလိုက်သေးဘူးလို့ အကြောင်းပြန်ခဲ့ကြကြောင်း ၊ မြန်မာ သံအရာရှိက ပြောပါတယ်။

တရုတ် နိုင်ငံမှာ ဘေဂျင်း အပါအဝင် တခြား နေရာတွေမှာလည်း ရောဂါ ကူးစက်မှု ကျဆင်းလာတယ်လို့ အစိုးရက ထုတ်ပြန်ထားတယ်လို့ သူက ဆိုပါတယ်။

အခု ဝူဟန် ကနေ ဒေလီကို လိုက်ပါသွားခွင့်ရတဲ့ မြန်မာ ကျောင်းသား နှစ်ယောက်ဟာ တရုတ်အလယ်ပိုင်း နော်မန်တက္ကသိုလ်မှာ ပညာသင်ကြားနေကြသူတွေ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေဒလီေရာက္ ျမန္မာ ေက်ာင္းသားႏွစ္ေယာက္ ေနာက္ထပ္ ၁၄ ရက္ ေစာင့္ၾကည့္ခံရမယ္ ေဒလီေရာက္ ျမန္မာ ေက်ာင္းသားႏွစ္ေယာက္ ေနာက္ထပ္ ၁၄ ရက္ ေစာင့္ၾကည့္ခံရမယ္ Reviewed by THITHTOOLWIN on 07:34 Rating: 5
Powered by Blogger.