ေရႊၾကက္ယက္ ျမစ္ကမ္းေဘးမွာ လူေသအေလာင္းတစ္ေလာင္းေတြ႕

(Zawgyi)⤵⤵⤵
အမရပူရ၊ ေဖေဖာ္ဝါရီ ၁၅ -၂၀၂၀

အမရပူရၿမိဳ႕နယ္ ၊ ေရႊၾကက္ယက္ေက်းရြာအုပ္စုအတြင္း၊ ၿမိဳ႕သာဘုန္းႀကီးေက်ာင္းေဘးက ဧရာဝတီျမစ္ကမ္းစပ္မွာ ေရနစ္ေသတဲ့ လူေသအေလာင္းကုိ ဒီကေန႔ေန႔လည္ပုိင္းမွာ ေတြ႕ရိွခဲ့ပါတယ္။

" လြန္ခဲ့တဲ့တစ္လခန္႔ကတည္းက သေဘၤာေပၚမွာကုန္ထမ္းရင္း ျမစ္ထဲကုိ ျပဳတ္က်ေသဆုံးခဲ့တာပါ၊ ဒီေန႔ေန႔လည္ပုိင္း ၁၂ နာရီဝန္းက်င္မွာ ၿမိဳ႕သာဘုန္းႀကီးေက်ာင္းနားက ျမစ္ကမ္းေျခမွာ ေသဆုံးသူကုိ ေတြ႕ခဲ့လုိ႔ သံေဝဂဉာဏလူမႈကူညီေရးအသင္းကုိ အကူအညီေတာင္းၿပီး ဆယ္ယူခဲ့ပါတယ္လုိ႔'' ေရႊၾကက္ယက္တုိက္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ေအာင္က ေျပာပါတယ္။

ေသဆုံးသူမွာ ျမင္းၿခံၿမိဳ႕နယ္မွာေနထိုင္တဲ့ ကုိေအာင္ေဇယ် အသက္ ၃၅ နွစ္ျဖစ္တယ္လုိ႔လည္း သိရပါတယ္။

"ေန႔လည္ ၁၂ နာရီေလာက္မွာ အသင္းကုိအေၾကာင္းၾကားလာတာ့ ေသဆုံးသူကုိ သြားေရာက္ဆယ္ယူၿပီး မႏၲေလးေဆးရံုႀကီးကုိ ပုိေဆာင္ေပးခဲ့တယ္လုိ႔" သံေဝဂဉာဏ လူမႈကူညီေရးအသင္းမွာ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လူေသအေလာင္းေပၚတဲ့အတြက္ အမရပူရၿမိဳ႕နယ္ရဲစခန္းကို ဖုန္းဆက္ေမးျမန္းရာမွာေတာ့ ေသဆုံးသူ ကုိေအာင္ေဇယ်နဲ႔ပတ္သက္ၿပီး အမႈဖြင့္ထားတာမရွိဘူးလုိ႔ ရဲစခန္းမွာတာဝန္က်ေနတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကေျပာပါတယ္။

ရႈိင္းေအာင္ (VOM)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ရွှေကြက်ယက် မြစ်ကမ်းဘေးမှာ လူသေအလောင်းတစ်လောင်းတွေ့

အမရပူရ၊ ဖေဖော်ဝါရီ ၁၅ -၂၀၂၀

အမရပူရမြို့နယ် ၊ ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်း၊ မြို့သာဘုန်းကြီးကျောင်းဘေးက ဧရာဝတီမြစ်ကမ်းစပ်မှာ ရေနစ်သေတဲ့ လူသေအလောင်းကို ဒီကနေ့နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

" လွန်ခဲ့တဲ့တစ်လခန့်ကတည်းက သင်္ဘောပေါ်မှာကုန်ထမ်းရင်း မြစ်ထဲကို ပြုတ်ကျသေဆုံးခဲ့တာပါ၊ ဒီနေ့နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ မြို့သာဘုန်းကြီးကျောင်းနားက မြစ်ကမ်းခြေမှာ သေဆုံးသူကို တွေ့ခဲ့လို့ သံဝေဂဉာဏလူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး ဆယ်ယူခဲ့ပါတယ်လို့'' ရွှေကြက်ယက်တိုက်နယ်အုပ်ချုပ်ရေးမှူး ဦးသက်အောင်က ပြောပါတယ်။

သေဆုံးသူမှာ မြင်းခြံမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်ဇေယျ အသက် ၃၅ နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

"နေ့လည် ၁၂ နာရီလောက်မှာ အသင်းကိုအကြောင်းကြားလာတာ့ သေဆုံးသူကို သွားရောက်ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လို့" သံဝေဂဉာဏ လူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူသေအလောင်းပေါ်တဲ့အတွက် အမရပူရမြို့နယ်ရဲစခန်းကို ဖုန်းဆက်မေးမြန်းရာမှာတော့ သေဆုံးသူ ကိုအောင်ဇေယျနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတာမရှိဘူးလို့ ရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရှိုင်းအောင် (VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေရႊၾကက္ယက္ ျမစ္ကမ္းေဘးမွာ လူေသအေလာင္းတစ္ေလာင္းေတြ႕ ေရႊၾကက္ယက္ ျမစ္ကမ္းေဘးမွာ လူေသအေလာင္းတစ္ေလာင္းေတြ႕ Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.