စိန္မင္းသမီး အေပ်ာ္စီးသေဘၤာက အေမရိကန္ႏိုင္ငံသားေတြကို ေခၚထုတ္

စိန္မင္းသမီး အေပ်ာ္စီးသေဘၤာက အေမရိကန္ႏိုင္ငံသားေတြကို ေခၚထုတ္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြ ပါတဲ့အတြက္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕အနီးက ယိုကိုဟားမားဆိပ္ကမ္းမွာ သီတင္းႏွစ္ပတ္ၾကာ သီးျခားခြဲၿပီး ဆိုက္ကပ္ထားရတဲ့ Diamond Princess အေပ်ာ္စီး သေဘၤာေပၚက အေမရိကန္ႏိုင္ငံသားေတြကို အေမရိကန္က ျပန္လာေခၚယူခဲ့ပါတယ္။

အဲဒီအေပ်ာ္စီးသေဘၤာေပၚမွာ အေမရိကန္ႏိုင္ငံသား ၄၀ဝ ပါရွိၿပီး အေယာက္ ၄၀ ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကူးစက္ခံထားရပါတယ္။

ဒါေၾကာင့္ ကူးစက္ခံထားရသူေတြက လြဲလို႔ က်န္ အေမရိကန္ႏိုင္ငံသားေတြကိုေတာ့ အေမရိကန္ အစိုးရကေလယာဥ္ႏွစ္စီး ေစလႊတ္ၿပီး ျပန္ေခၚခဲ့ပါတယ္။

ဒီစိန္မင္းသမီး (Diamond Princess) အေပ်ာ္စီးသေဘၤာမွာ ပါတဲ့ အမ်ိဳးသားတစ္ဦးဟာ ေဟာင္ေကာင္မွာ ဆင္းေနခဲ့စဥ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရတာ ေတြ႕တဲ့အတြက္ အခုလို ယိုကိုဟားမားဆိပ္ကမ္းမွာ ေဖေဖာ္ဝါရီ ၅ ရက္ေန႔က ဆိုက္ကပ္ေစၿပီး ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
စိန်မင်းသမီး အပျော်စီးသင်္ဘောက အမေရိကန်နိုင်ငံသားတွေကို ခေါ်ထုတ်
(၃) စိန်မင်းသမီး အပျော်စီးသင်္ဘောက အမေရိကန်နိုင်ငံသားတွေကို ခေါ်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပါတဲ့အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးက ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲပြီး ဆိုက်ကပ်ထားရတဲ့ Diamond Princess အပျော်စီး သင်္ဘောပေါ်က အမေရိကန်နိုင်ငံသားတွေကို အမေရိကန်က ပြန်လာခေါ်ယူခဲ့ပါတယ်။

အဲဒီအပျော်စီးသင်္ဘောပေါ်မှာ အမေရိကန်နိုင်ငံသား ၄၀ဝ ပါရှိပြီး အယောက် ၄၀ ကတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံထားရပါတယ်။

ဒါကြောင့် ကူးစက်ခံထားရသူတွေက လွဲလို့ ကျန် အမေရိကန်နိုင်ငံသားတွေကိုတော့ အမေရိကန် အစိုးရကလေယာဉ်နှစ်စီး စေလွှတ်ပြီး ပြန်ခေါ်ခဲ့ပါတယ်။

ဒီစိန်မင်းသမီး (Diamond Princess) အပျော်စီးသင်္ဘောမှာ ပါတဲ့ အမျိုးသားတစ်ဦးဟာ ဟောင်ကောင်မှာ ဆင်းနေခဲ့စဉ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတာ တွေ့တဲ့အတွက် အခုလို ယိုကိုဟားမားဆိပ်ကမ်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဆိုက်ကပ်စေပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
စိန္မင္းသမီး အေပ်ာ္စီးသေဘၤာက အေမရိကန္ႏိုင္ငံသားေတြကို ေခၚထုတ္ စိန္မင္းသမီး အေပ်ာ္စီးသေဘၤာက အေမရိကန္ႏိုင္ငံသားေတြကို ေခၚထုတ္ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.