တ႐ုတ္ခရီးသြားေတြ လာေရာက္လည္ပတ္ခြင့္ ေပးထားတာကို ကန႔္ကြက္

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းက တ႐ုတ္ခရီးသြားေတြ က်န္းမာေရးေကာင္းမြန္ေၾကာင္း အာမခံခ်က္နဲ႔ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ခြင့္ ေပးထားတာကို ကန႔္ကြက္ေၾကာင္းနဲ႔ ဒီအခ်ိန္မွာ လာေရာက္လည္ပတ္ခြင့္ မေပးသင့္ေၾကာင္း မႏၲေလးဧည့္လမ္းၫႊန္အသင္းနဲ႔ ခရီးသြားလုပ္ငန္း ေဆာင္႐ြက္ေနသူေတြက ကန႔္ကြက္မႈေတြ ရွိေနပါတယ္။

ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈကို တားဆီးႏိုင္ဖို႔ ႏိုင္ငံတကာမွာဆိုရင္ တ႐ုတ္ခရီးသြားေတြ ဝင္ေရာက္မႈတားဆီး ပိတ္ပင္တာေတြလည္းရွိေနတာပါ။ ဒီအခ်ိန္မွာ ျမန္မာႏိုင္ငံက က်န္းမာေရးေထာက္ခံခ်က္နဲ႔ ခရီးသြားေတြကို ခြင့္ျပဳတယ္ဆိုရင္ ေထာက္ခံခ်က္ အတုေတြနဲ႔ ဝင္ေရာက္လာႏိုင္တယ္လို႔ တ႐ုတ္ခရီးသြား ဝန္ေဆာင္မႈေပးေနတဲ့ China Tour ကုမၸဏီက ဦးေက်ာ္ဝင္းက  ေထာက္ျပပါတယ္။

"တ႐ုတ္ခရီးသြားေတြ ဝန္ေဆာင္မႈေပးတာကိုရပ္ဖို႔ အႀကံျပဳလိုပါတယ္။ အခုလို က်န္းမာေရး ေကာင္းမြန္ေၾကာင္း အာမခံခ်က္ယူရင္ တ႐ုတ္ျပည္က ေရာဂါသည္ေတြကို က်န္းမာေရးေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္ အတုနဲ႔ ဝင္ေရာက္လာၿပီး ေရာဂါေတြျပန႔္ပြားႏိုင္တဲ့အတြက္ တ႐ုတ္ခရီးသြားေတြကို ပိတ္ဖို႔ အႀကံျပဳလိုပါတယ္။"

တ႐ုတ္ခရီးသြားေတြကို က်န္းမာေရးေကာင္းမြန္ေၾကာင္း အာမခံခ်က္နဲ႔ ျမန္မာႏိုင္ငံကို လာေရာက္  လည္ပတ္ခြင့္ ျပဳမယ္ဆိုတာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္ၾကားတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ဘက္က တင္ျပတာ ခရီးသြားကုမၸဏီေတြက တင္ျပတာမရွိပါဘူး သက္ဆိုင္ရာ ဗဟိုကေန  သူတို႔အစည္းအေဝးဆုံးျဖတ္ခ်က္ကို  ေျပာတာျဖစ္ပါတယ္။ မျဖစ္မေနလာရမယ္ဆိုရင္ က်န္းမာေရး အာမခံခ်က္ ယူလာပါလို႔ေျပာတာ က်န္းမာေရးအာမခံခ်က္နဲ႔ ပတ္သက္တဲ့ အေသးစိတ္ကို ေတာင္းထားပါတယ္။ က်န္းမာေရးအာမခံခ်က္ပါမွ ဆက္လုပ္ပါလို႔ ေျပာထားတာပါ။"

စီစဥ္ထားၿပီး ခရီးစဥ္ေတြ ဖ်က္သိမ္းရင္ ‌ေလ်ာ္ေၾကးနစ္နာေၾကးေတြ ရွိလာႏိုင္တဲ့အတြက္ က်န္းမာေၾကာင္း  အာမခံခ်က္ရယူၿပီး အရင္အတိုင္းဆက္လက္ လုပ္ေဆာင္ၾကဖို႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ ရက္စြဲနဲ႔  ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းက ေၾကညာခ်က္ထုတ္ ျပန္ခဲ့တာျဖစ္ပါတယ္။

ခရီးသြားလုပ္ငန္းရွင္အသင္းက လက္ခံေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံကေတာင္  ခရီးသြားမႈကို တားျမစ္ေနခ်ိန္မွာ ျမန္မာႏိုင္ငံကလည္း လက္မခံသင့္ဘူး လို႔ မႏၲေလးဧည့္လမ္းၫႊန္အသင္း ဥကၠ႒ ဦးဝင္းေဇာ္ဦး က အဲဒီ ထုတ္ျပန္ခ်က္ကို ကန႔္ကြက္လိုက္ပါတယ္။

"သူတို႔ႏိုင္ငံကေတာင္ ခရီးမသြားဖို႔ တားျမစ္ထားတယ္ အႏၲရာယ္ရွိတဲ့ေဒသက ေလေၾကာင္း ပိတ္ထားတာရွိတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံကလည္းတ႐ုတ္ ခရီးသြားေတြ ဝင္ေရာက္မႈ ခဏပိတ္သင့္တယ္ အဲဒါမွသာ အေနာက္ႏိုင္ငံေတြက ခရီးသြားေတြ ယုံၾကည္မႈရွိရွိနဲ႔ ဝင္ေရာက္လာမွာ ကြၽန္ေတာ္ကေတာ့ အဲလိုျမင္တယ္။"

ျမန္မာႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္နဲ႔ အမ်ိဳးသားအဆင့္ SRT ေကာ္မတီေတြကေန ေရာဂါစိတ္ခ်ရတဲ့ အေျခအေနေရာက္ၿပီေနၿပီလို႔ မထုတ္ျပန္မခ်င္း ဧည့္လမ္းၫႊန္ေတြအေနနဲ႔လည္း တ႐ုတ္ခရီးသြားေတြကို  ဝန္ေဆာင္မႈ မေပးဖို႔ကိုလည္း မႏၲေလးဧည့္လမ္းၫႊန္ အသင္းက တိုက္တြန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ၁၄ ရက္ၾကာမွ ေရာဂါလကၡဏာ ျပတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ ထားၿပီး တ႐ုတ္ခရီးသြားေတြကို ေတာင္းခံတဲ့ က်န္းမာေရးေထာက္ခံခ်က္ဟာ ဘယ္ႏွစ္ရက္အတြင္းဆိုတဲ့ အခ်က္ကို မသိရေသးဘူးလို႔ ခရီးသြားလုပ္ငန္းေတြက ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဆုံးျဖတ္ခ်က္မွာ က်န္းမာေရးဝန္ႀကီးဌာနဲ႔ တိုင္ပင္ေဆြးေႏြးခဲ့တာရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"က်န္းမာေရးေထာက္ခံခ်က္က လက္ရွိအခ်ိန္မွာ ဖ်ားတယ္ ေခ်ာင္းဆိုးတာမရွိဘူးေပါ့။ ျမန္မာႏိုင္ငံမွာ ဘယ္ႏွစ္ရက္ေနမယ္။ ျမန္မာႏိုင္ငံမွာ ရွိခ်ိန္ ဖ်ားတယ္ဆိုရင္ လိုအပ္ရင္ေစာင့္ၾကည့္လူနာျဖစ္မယ္ ဒါေတြကို သေဘာတူတယ္ေပါ့။ ကုသရင္ ကုန္က်စရိတ္ အာမခံေတြလုပ္ဖို႔ ဒါေတြပါတယ္ အတိအက်ေတာ့ အလြတ္မရဘူး။"

ခရီးသြားေတြအတြက္ က်န္းမာေရးေကာင္းမြန္ေၾကာင္း အာမခံခ်က္ ေတာင္းခံထားသလို လာေရာက္တဲ့ ခရီးသြားေတြ တစ္စုံတစ္ရာ  ေရာဂါျဖစ္လာခဲ့မယ္ဆိုရင္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြေပးဖို႔ အသင့္ျပင္ဆင္ ထားတယ္လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကို စစ္ေဆးႏိုင္ဖို႔  ျပင္ဆင္ေနေပမယ့္ ဒီေန႔ အခ်ိန္ထိေတာ့ စစ္ေဆးႏိုင္တဲ့ အေျခအေန မရွိေသးပါဘူး။

ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စစ္ေဆးႏိုင္တဲ့အေျခအေန မရွိတဲ့အခ်ိန္မွာ ခရီးသြားလာၿပီးေရာဆိုၿပီး လက္မခံသင့္ဘူးလို႔ ဒ႑ာရီ ခရီးသြားလုပ္ငန္း မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးလွေ႐ြက ေထာက္ျပေဝဖန္ပါတယ္။

"လက္ရွိဒီမွာ ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး စစ္ေဆးဖို႔ေတာင္မရွိတဲ့ႏိုင္ငံ။ မဆင္မျခင္ ဧည့္သည္လာၿပီးေရာ ငါတို႔ပိုက္ဆံရၿပီးေရာဆိုတာ အားမေပးသင့္ဘူး။ ႏိုင္ငံတကာကလည္း စိုးရိမ္ေနခ်ိန္ တ႐ုတ္ခရီးသြားေတြကို လုံးဝရပ္ဆိုင္းထားသင့္တယ္။"

တ႐ုတ္ခရီးသြားေတြ ျမန္မာႏိုင္ငံ၂၀၁၈ ခုႏွစ္က စတင္ ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး ဆိုက္ေရာက္ဗီဇာ  ခြင့္ျပဳလိုက္တဲ့ေနာက္ပိုင္း အေရအတြက္ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံကို ဝင္ေရာက္ေနတဲ့ ခရီးသြားေတြထဲမွာ တ႐ုတ္ခရီးသြားက ၇၀ ရာခိုင္ႏႈန္းေက်ာ္ ရွိေနတာ ျဖစ္ပါတယ္လို႔ တ႐ုတ္ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္မွာ စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ခရီးသြားေတြ လာေရာက္မႈ နည္းပါးသြားၿပီး ခရီးသြားလုပ္ငန္း ရပ္တန႔္သြားတယ္လို႔  လုပ္ငန္းရွင္ေတြက ေျပာၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔ထိ ေသဆုံးသူ ၁၇၀၀ ေက်ာ္ ကူးစက္ခံရသူ ၇၁၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက ေရာဂါပ်ံ႕ႏွံ႔မႈကို အတူတကြ ႀကိဳးပမ္းထိန္းခ်ဳပ္ၾကဖို႔နဲ႔ နားလည္မႈေပးၿပီး ခြဲျခားဆက္ဆံတာေတြမလုပ္ဖို႔ အစိုးရပိုင္ ေၾကးမုံသတင္းစာမွာ ဒီေန႔ ေျပာဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်ခွင့် ပေးထားတာကို ကန့်ကွက်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တရုတ်ခရီးသွားတွေ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့် ပေးထားတာကို ကန့်ကွက်ကြောင်းနဲ့ ဒီအချိန်မှာ လာရောက်လည်ပတ်ခွင့် မပေးသင့်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းနဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူတွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို တားဆီးနိုင်ဖို့ နိုင်ငံတကာမှာဆိုရင် တရုတ်ခရီးသွားတွေ ဝင်ရောက်မှုတားဆီး ပိတ်ပင်တာတွေလည်းရှိနေတာပါ။ ဒီအချိန်မှာ မြန်မာနိုင်ငံက ကျန်းမာရေးထောက်ခံချက်နဲ့ ခရီးသွားတွေကို ခွင့်ပြုတယ်ဆိုရင် ထောက်ခံချက် အတုတွေနဲ့ ဝင်ရောက်လာနိုင်တယ်လို့ တရုတ်ခရီးသွား ဝန်ဆောင်မှုပေးနေတဲ့ China Tour ကုမ္ပဏီက ဦးကျော်ဝင်းက  ထောက်ပြပါတယ်။

"တရုတ်ခရီးသွားတွေ ဝန်ဆောင်မှုပေးတာကိုရပ်ဖို့ အကြံပြုလိုပါတယ်။ အခုလို ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်ယူရင် တရုတ်ပြည်က ရောဂါသည်တွေကို ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် အတုနဲ့ ဝင်ရောက်လာပြီး ရောဂါတွေပြန့်ပွားနိုင်တဲ့အတွက် တရုတ်ခရီးသွားတွေကို ပိတ်ဖို့ အကြံပြုလိုပါတယ်။"

တရုတ်ခရီးသွားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်  လည်ပတ်ခွင့် ပြုမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ကျွန်တော်တို့ဘက်က တင်ပြတာ ခရီးသွားကုမ္ပဏီတွေက တင်ပြတာမရှိပါဘူး သက်ဆိုင်ရာ ဗဟိုကနေ  သူတို့အစည်းအဝေးဆုံးဖြတ်ချက်ကို  ပြောတာဖြစ်ပါတယ်။ မဖြစ်မနေလာရမယ်ဆိုရင် ကျန်းမာရေး အာမခံချက် ယူလာပါလို့ပြောတာ ကျန်းမာရေးအာမခံချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို တောင်းထားပါတယ်။ ကျန်းမာရေးအာမခံချက်ပါမှ ဆက်လုပ်ပါလို့ ပြောထားတာပါ။"

စီစဉ်ထားပြီး ခရီးစဉ်တွေ ဖျက်သိမ်းရင် ‌လျော်ကြေးနစ်နာကြေးတွေ ရှိလာနိုင်တဲ့အတွက် ကျန်းမာကြောင်း  အာမခံချက်ရယူပြီး အရင်အတိုင်းဆက်လက် လုပ်ဆောင်ကြဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်အသင်းက လက်ခံပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကတောင်  ခရီးသွားမှုကို တားမြစ်နေချိန်မှာ မြန်မာနိုင်ငံကလည်း လက်မခံသင့်ဘူး လို့ မန္တလေးဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး က အဲဒီ ထုတ်ပြန်ချက်ကို ကန့်ကွက်လိုက်ပါတယ်။

"သူတို့နိုင်ငံကတောင် ခရီးမသွားဖို့ တားမြစ်ထားတယ် အန္တရာယ်ရှိတဲ့ဒေသက လေကြောင်း ပိတ်ထားတာရှိတယ်။ ကျွန်တော်တို့နိုင်ငံကလည်းတရုတ် ခရီးသွားတွေ ဝင်ရောက်မှု ခဏပိတ်သင့်တယ် အဲဒါမှသာ အနောက်နိုင်ငံတွေက ခရီးသွားတွေ ယုံကြည်မှုရှိရှိနဲ့ ဝင်ရောက်လာမှာ ကျွန်တော်ကတော့ အဲလိုမြင်တယ်။"

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ အမျိုးသားအဆင့် SRT ကော်မတီတွေကနေ ရောဂါစိတ်ချရတဲ့ အခြေအနေရောက်ပြီနေပြီလို့ မထုတ်ပြန်မချင်း ဧည့်လမ်းညွှန်တွေအနေနဲ့လည်း တရုတ်ခရီးသွားတွေကို  ဝန်ဆောင်မှု မပေးဖို့ကိုလည်း မန္တလေးဧည့်လမ်းညွှန် အသင်းက တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ၁၄ ရက်ကြာမှ ရောဂါလက္ခဏာ ပြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပြီး တရုတ်ခရီးသွားတွေကို တောင်းခံတဲ့ ကျန်းမာရေးထောက်ခံချက်ဟာ ဘယ်နှစ်ရက်အတွင်းဆိုတဲ့ အချက်ကို မသိရသေးဘူးလို့ ခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်မှာ ကျန်းမာရေးဝန်ကြီးဌာနဲ့ တိုင်ပင်ဆွေးနွေးခဲ့တာရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကျန်းမာရေးထောက်ခံချက်က လက်ရှိအချိန်မှာ ဖျားတယ် ချောင်းဆိုးတာမရှိဘူးပေါ့။ မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်။ မြန်မာနိုင်ငံမှာ ရှိချိန် ဖျားတယ်ဆိုရင် လိုအပ်ရင်စောင့်ကြည့်လူနာဖြစ်မယ် ဒါတွေကို သဘောတူတယ်ပေါ့။ ကုသရင် ကုန်ကျစရိတ် အာမခံတွေလုပ်ဖို့ ဒါတွေပါတယ် အတိအကျတော့ အလွတ်မရဘူး။"

ခရီးသွားတွေအတွက် ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက် တောင်းခံထားသလို လာရောက်တဲ့ ခရီးသွားတွေ တစ်စုံတစ်ရာ  ရောဂါဖြစ်လာခဲ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ အသင့်ပြင်ဆင် ထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ဖို့  ပြင်ဆင်နေပေမယ့် ဒီနေ့ အချိန်ထိတော့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်တဲ့အခြေအနေ မရှိတဲ့အချိန်မှာ ခရီးသွားလာပြီးရောဆိုပြီး လက်မခံသင့်ဘူးလို့ ဒဏ္ဍာရီ ခရီးသွားလုပ်ငန်း မန်နေးဂျင်းဒါရိုက်တာ ဦးလှရွေက ထောက်ပြဝေဖန်ပါတယ်။

"လက်ရှိဒီမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့တောင်မရှိတဲ့နိုင်ငံ။ မဆင်မခြင် ဧည့်သည်လာပြီးရော ငါတို့ပိုက်ဆံရပြီးရောဆိုတာ အားမပေးသင့်ဘူး။ နိုင်ငံတကာကလည်း စိုးရိမ်နေချိန် တရုတ်ခရီးသွားတွေကို လုံးဝရပ်ဆိုင်းထားသင့်တယ်။"

တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံ၂၀၁၈ ခုနှစ်က စတင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆိုက်ရောက်ဗီဇာ  ခွင့်ပြုလိုက်တဲ့နောက်ပိုင်း အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ ခရီးသွားတွေထဲမှာ တရုတ်ခရီးသွားက ၇၀ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်လို့ တရုတ်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေ လာရောက်မှု နည်းပါးသွားပြီး ခရီးသွားလုပ်ငန်း ရပ်တန့်သွားတယ်လို့  လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ထိ သေဆုံးသူ ၁၇၀၀ ကျော် ကူးစက်ခံရသူ ၇၁၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရောဂါပျံ့နှံ့မှုကို အတူတကွ ကြိုးပမ်းထိန်းချုပ်ကြဖို့နဲ့ နားလည်မှုပေးပြီး ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ဒီနေ့ ပြောဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္ခရီးသြားေတြ လာေရာက္လည္ပတ္ခြင့္ ေပးထားတာကို ကန႔္ကြက္ တ႐ုတ္ခရီးသြားေတြ လာေရာက္လည္ပတ္ခြင့္ ေပးထားတာကို ကန႔္ကြက္ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.