ခႏၲီးနဲ႔ဟုမၼလင္းကို နာဂေဒသထဲထည့္ေရး ရွမ္းနီတိုင္းရင္းသားေတြ လက္မခံ


(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းအတြင္းက ခႏၲီးနဲ႔ ဟုမၼလင္းၿမိဳ႕နယ္ေတြကို နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲ ထည့္သြင္းေပးဖို႔ ေလရွီးၿမိဳ႕ခံတစ္ဦးက အတိုင္ပင္ခံပုဂၢိဳလ္ထံ ေတာင္းဆိုထားမႈကို ရွမ္းနီတိုင္းရင္းသား အဖြဲ႕အစည္းေတြက အျပင္းအထန္ကန႔္ကြက္ေနၾကပါတယ္။

နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲမွာ စစ္ကိုင္းတိုင္းအတြင္းက ခႏၲီးနဲ႔ ဟုမၼလင္းၿမိဳ႕နယ္ေတြမပါလို႔ ျပန္ထည့္ေပးဖို႔ေတာင္းဆိုတာဟာ အေျခခံဥပေဒနဲ႔ မညီၫြတ္ဘူးလို႔ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီက ဒီေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ 

ခႏၲီးနဲ႔ ဟုမၼလင္းၿမိဳ႕နယ္ေတြဟာ ေရွးယခင္ထဲက ရွမ္းေစာ္ဘြားေတြ အုပ္ခ်ဳပ္ခဲ့တဲ့ ၿမိဳ႕နယ္ေတြျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ႏိုင္ငံေတာ္ နယ္နမိတ္ျပင္ဆင္သတ္မွတ္မယ္ဆိုရင္၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၅၁ (က) နဲ႔ (ခ)အရ သမၼတက ျပည္ေထာင္စုလႊတ္ေတာ္ဆီ အေၾကာင္းၾကား ေဆာင္႐ြက္ရ မွာျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က ေျပာပါတယ္။

“ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၅၂ (က) အရဆိုရင္ သမၼတက ျပည္ေထာင္စုလႊတ္ေတာ္ အႀကီးအမႉးဆီကို အေၾကာင္းၾကားရမယ္။ အေၾကာင္းၾကားၿပီးမွ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ကို ခံယူရမွာ ျဖစ္ပါတယ္။ လႊတ္ေတာ္မွာ ေဆြးေႏြးၿပီးေတာ့သာ ေဆာင္႐ြက္ဖို႔လိုတယ္။ ဒီအတိုင္းကေတာ့ ေဆာင္႐ြက္လို႔မရဘူး။”

အလားတူ ရွမ္းနီေသြးစည္းညီၫြတ္ေရးပါတီ SSPP၊ ရွမ္းတိုင္းရင္းသားမ်ား စာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီ၊ ရွမ္းနီႏြယ္ဖြား လူငယ္မ်ားအဖြဲ႕ခ်ဳပ္တို႔ကလည္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲကို ဒီၿမိဳ႕နယ္ ႏွစ္ခုကို ထည့္သြင္းေပးဖို႔ ေတာင္းဆိုခ်က္ကို ကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ေတြကို ဒီရက္ပိုင္းအတြင္း ထုတ္ျပန္ခဲ့ၾကပါတယ္။

လီဆူစာေပနဲ႔ ယဥ္ေက်းမႈေကာ္မတီက ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ရာမွာေတာ့ သူတို႔တစ္ဦးထဲသေဘာအရ သေဘာမတူေသာ္လည္း အမ်ားသေဘာတူေဆာင္႐ြက္မယ္ဆိုရင္ သေဘာတူမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳးေတာင္းဆိုတာေၾကာင့္ ႏိုင္ငံေရး၊ လူမ်ိဳးေရး ပဋိပကၡေတြ ႀကဳံလာရႏိုင္တယ္လို႔ ရွမ္းအဖြဲ႕ေတြက ဆိုပါတယ္။

လက္ရွိမွာ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲမွာ နန္းယြန္း၊ ေလရွီးနဲ႔ လဟယ္ၿမိဳ႕နယ္ေတြ ရွိေနတာပါ။

ဒီကိစၥဟာ ထိလြယ္ရွလြယ္တဲ့ကိစၥျဖစ္ၿပီး ပဋိပကၡေတြျဖစ္ႏိုင္လို႔ ေဆာင္႐ြက္ဖို႔ မသင့္ဘူးလို႔  ဟုမၼလင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဌးလြင္က ေျပာပါတယ္။

“ဒီကိစၥက ထိလြယ္ရွလြယ္တဲ့ တိုင္းရင္းသားေတြရဲ႕ ကိစၥ ဒီႏိုင္ငံကလည္း ဖက္ဒရယ္ျပည္ေထာင္စု စနစ္ကို တည္ေဆာက္ေနတဲ့အခ်ိန္ ဒီလိုမ်ိဳးကိစၥကေတာ့ မျဖစ္သင့္ဘူး။ ပဋိပကၡေတြလည္း ျဖစ္ႏိုင္တယ္ေလ။ စည္းလုံးညီၫြတ္မႈ ၿပိဳကြဲမႈေတြျဖစ္ႏိုင္တယ္။”

ခႏၲီးၿမိဳ႕ခံ ကိုေအာင္ဆန္းျမင့္ကလည္း ခႏၲီးၿမိဳ႕နယ္ဟာ တိုင္းရင္းသားမ်ိဳးႏြယ္စု တစ္ခုတည္းေနထိုင္ရာေနရာ မဟုတ္လို႔ အခုလိုေတာင္းဆိုတာဟာ မျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။

“ေတာင္းတာကေတာ့ ေတာင္းမွာပဲ။ လူႀကီးလာတဲ့ခရီးစဥ္မွာ၊ ဒါေပမဲ့ က်ေနာ္တို႔ကေတာ့ ဒီကိစၥက ဘယ္လိုမွ မျဖစ္သင့္ဘူးလို႔ ယူဆတယ္။ ဒီကိစၥကေတာ့ တစ္ဦးတစ္ေယာက္တည္းပိုင္တဲ့ ကိစၥလည္း မဟုတ္ဘူး။ ခႏၲီးဆိုတာက အခုလိုမ်ိဳး ေတာင္းဆိုလိုက္ျခင္းအားျဖင့္ တိုင္းရင္းသား အခ်င္းခ်င္းမွာ ေသြးကြဲေစတယ္ေပါ့။ ဒီလိုမ်ိဳး လုပ္ရပ္ေပၚမွာ”

ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္ကိုင္းတိုင္းအတြင္းက ေလရွီး၊ ဗန္းေမာက္၊ ပင္လယ္ဘူး၊ နန္းယြန္းနဲ႔ တမူးၿမိဳ႕နယ္ေတြကို သြားေရာက္ခဲ့ပါတယ္။ ေလရွီးၿမိဳ႕က လူထုေတြ႕ဆုံပြဲမွာ ေဒသခံ ဦးေကရွီမႉး ဆိုသူက ခႏၲီးနဲ႔ ဟုမၼလင္းၿမိဳ႕နယ္ေတြကို နာဂေဒသထဲ ထည့္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

“ႏိုင္ငံေတာ္ကေန ခြဲထြက္ဖို႔ႀကိဳးစားတာ ႏိုင္ငံေတာ္ကို ပုန္ကန္ဖို႔ႀကိဳးစားတာလည္း မဟုတ္ဘူး။ ယခင္ နာဂ ေတာင္တန္းခ႐ိုင္မွာပါဝင္တဲ့ ခႏၲီး၊ ဟုမၼလင္း၊ ေလရွီး၊ လဟယ္၊ နန္းယြန္းရယ္ ကခ်င္ျပည္နယ္က ဆြမ္ပရာ ၿမိဳ႕နယ္ခြဲတို႔ကို စုစည္းၿပီး လာမယ့္ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲတဲ့အခါ နာဂျပည္နယ္အျဖစ္ သတ္မွတ္ေပးဖို႔ စဥ္းစားေပးပါလို႔ ေလးစားစြာ တင္ျပပါတယ္။”

ေဒၚေအာင္ဆန္းၾကည္က စစ္မွန္တဲ့ ဖက္ဒရယ္ဒီမိုကေရစီျဖစ္ဖို႔ လိုအပ္တဲ့ အေျပာင္းအလဲေတြကို လုပ္မယ္လို႔ ေလးရွီးၿမိဳ႕ခံ ဦးေကရွီမႉးရဲ႕ ေမးျမန္းမႈအေပၚ ဇန္နဝါရီလ ၂၂ ရက္ေန႔က ေျဖၾကားခဲ့ပါတယ္။

“စစ္မွန္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ဖို႔ လုပ္ေနတာျဖစ္ပါတယ္။ အဲဒါက က်မတို႔ရဲ႕ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ေဒသတစ္ခုအတြက္၊ ျပည္နယ္တစ္ခုအတြက္ တိုင္းတစ္ခုအတြက္ဆိုၿပီးေတာ့ ခြဲျခားၿပီး ဒီအခ်ိန္မွာ စဥ္းစားလို႔မရပါဘူး။ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ေဘာင္အတြင္းက စစ္မွန္တဲ့ ဒီမိုကေရစီျဖစ္ဖို႔ လိုအပ္တဲ့ အေျပာင္းအလဲေတြကို က်မတို႔ လုပ္မွာ ျဖစ္ပါတယ္။”

ဒီေမးျမန္းမႈနဲ႔ ဆက္စပ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲခ်ဳပ္ကလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ငါးခုက ခ႐ိုင္အဆင့္နဲ႔ ေလ်ာ္ညီတဲ့အဖြဲ႕ေတြဖြဲ႕ေပးဖို႔ ေတာင္းဆိုတာေတြရွိၿပီး အဲဒီထဲမွာ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသလည္း ပါဝင္ေၾကာင္းနဲ႔ အစိုးရအေနနဲ႔လည္း ဒီေတာင္းဆိုမႈေတြကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေနတယ္လို႔ ေျပာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးစိုးဦးက ေသခ်ာစဥ္းစားၿပီး လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ RFA ကိုေျပာပါတယ္။

“စာတင္ၿပီးမွ ေျပာတာမဟုတ္ဘူး။ သူက လက္တန္းေခၚလိုက္တဲ့အခါမွာ ေရွ႕မွာထေျပာတာေလ။ တကယ္တမ္းက်ေတာ့ ဒါမ်ိဳးက ေသခ်ာကို စဥ္းစားၿပီးမွ ႏိုင္ငံေတာ္အဆင့္က စဥ္းစားရမွာေလ။ ဒါက ေပါ့ေပါ့တန္တန္လုပ္လို႔ မရဘူး။”

ခႏၲီးနဲ႔ ဟုမၼလင္းၿမိဳ႕နယ္ေတြမွာ နာဂတိုင္းရင္းသားေတြအျပင္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ ရွမ္း၊ လီဆူးနဲ႔ ရခိုင္တိုင္းရင္းသားေတြလည္း ေနထိုင္ေနၾကတယ္လို႔ ဆိုပါတယ္။

ခႏၲီးၿမိဳ႕နယ္မွာ လူဦးေရ ၃၇၀၀၀ ေက်ာ္ရွိၿပီး နာဂက ၁၇၀၀၀ေက်ာ္ ၊ ဗမာတိုင္းရင္းသား ၉၅၀၀ ေက်ာ္၊ ရွမ္းတိုင္းရင္းသား ၇၆၀၀ ေက်ာ္နဲ႔ က်န္တိုင္းရင္းသားေတြ ရွိၾကပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္အတြင္းမွာေတာ့ လူဦးေရ ၂၀၀၀၀၀ ေက်ာ္ရွိၿပီး ရွမ္းနီတိုင္းရင္းသားေတြက ၁၆၀၀၀၀ ေက်ာ္ရွိၿပီး နာဂတိုင္းရင္းသားက ၁၆၀၀ ဝန္းက်င္သာရွိတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ခန္တီးနဲ့ဟုမ္မလင်းကို နာဂဒေသထဲထည့်ရေး ရှမ်းနီတိုင်းရင်းသားတွေ လက်မခံ

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမပါလို့ ပြန်ထည့်ပေးဖို့တောင်းဆိုတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေဟာ ရှေးယခင်ထဲက ရှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ မြို့နယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော် နယ်နမိတ်ပြင်ဆင်သတ်မှတ်မယ်ဆိုရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁ (က) နဲ့ (ခ)အရ သမ္မတက ပြည်ထောင်စုလွှတ်တော်ဆီ အကြောင်းကြား ဆောင်ရွက်ရ မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၂ (က) အရဆိုရင် သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးဆီကို အကြောင်းကြားရမယ်။ အကြောင်းကြားပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့သာ ဆောင်ရွက်ဖို့လိုတယ်။ ဒီအတိုင်းကတော့ ဆောင်ရွက်လို့မရဘူး။”

အလားတူ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီ SSPP၊ ရှမ်းတိုင်းရင်းသားများ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ၊ ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်တို့ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ဒီမြို့နယ် နှစ်ခုကို ထည့်သွင်းပေးဖို့ တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်တွေကို ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ကြပါတယ်။

လီဆူစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ရာမှာတော့ သူတို့တစ်ဦးထဲသဘောအရ သဘောမတူသော်လည်း အများသဘောတူဆောင်ရွက်မယ်ဆိုရင် သဘောတူမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးတောင်းဆိုတာကြောင့် နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံလာရနိုင်တယ်လို့ ရှမ်းအဖွဲ့တွေက ဆိုပါတယ်။

လက်ရှိမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ နန်းယွန်း၊ လေရှီးနဲ့ လဟယ်မြို့နယ်တွေ ရှိနေတာပါ။

ဒီကိစ္စဟာ ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်ပြီး ပဋိပက္ခတွေဖြစ်နိုင်လို့ ဆောင်ရွက်ဖို့ မသင့်ဘူးလို့  ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

“ဒီကိစ္စက ထိလွယ်ရှလွယ်တဲ့ တိုင်းရင်းသားတွေရဲ့ ကိစ္စ ဒီနိုင်ငံကလည်း ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နေတဲ့အချိန် ဒီလိုမျိုးကိစ္စကတော့ မဖြစ်သင့်ဘူး။ ပဋိပက္ခတွေလည်း ဖြစ်နိုင်တယ်လေ။ စည်းလုံးညီညွတ်မှု ပြိုကွဲမှုတွေဖြစ်နိုင်တယ်။”

ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်ကလည်း ခန္တီးမြို့နယ်ဟာ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်းနေထိုင်ရာနေရာ မဟုတ်လို့ အခုလိုတောင်းဆိုတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“တောင်းတာကတော့ တောင်းမှာပဲ။ လူကြီးလာတဲ့ခရီးစဉ်မှာ၊ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီကိစ္စက ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဒီကိစ္စကတော့ တစ်ဦးတစ်ယောက်တည်းပိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ခန္တီးဆိုတာက အခုလိုမျိုး တောင်းဆိုလိုက်ခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်းမှာ သွေးကွဲစေတယ်ပေါ့။ ဒီလိုမျိုး လုပ်ရပ်ပေါ်မှာ”

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းအတွင်းက လေရှီး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ နန်းယွန်းနဲ့ တမူးမြို့နယ်တွေကို သွားရောက်ခဲ့ပါတယ်။ လေရှီးမြို့က လူထုတွေ့ဆုံပွဲမှာ ဒေသခံ ဦးကေရှီမှူး ဆိုသူက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂဒေသထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

“နိုင်ငံတော်ကနေ ခွဲထွက်ဖို့ကြိုးစားတာ နိုင်ငံတော်ကို ပုန်ကန်ဖို့ကြိုးစားတာလည်း မဟုတ်ဘူး။ ယခင် နာဂ တောင်တန်းခရိုင်မှာပါဝင်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းရယ် ကချင်ပြည်နယ်က ဆွမ်ပရာ မြို့နယ်ခွဲတို့ကို စုစည်းပြီး လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါ နာဂပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ စဉ်းစားပေးပါလို့ လေးစားစွာ တင်ပြပါတယ်။”

ဒေါ်အောင်ဆန်းကြည်က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို လုပ်မယ်လို့ လေးရှီးမြို့ခံ ဦးကေရှီမှူးရဲ့ မေးမြန်းမှုအပေါ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒါက ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒေသတစ်ခုအတွက်၊ ပြည်နယ်တစ်ခုအတွက် တိုင်းတစ်ခုအတွက်ဆိုပြီးတော့ ခွဲခြားပြီး ဒီအချိန်မှာ စဉ်းစားလို့မရပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဘောင်အတွင်းက စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို ကျမတို့ လုပ်မှာ ဖြစ်ပါတယ်။”

ဒီမေးမြန်းမှုနဲ့ ဆက်စပ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ငါးခုက ခရိုင်အဆင့်နဲ့ လျော်ညီတဲ့အဖွဲ့တွေဖွဲ့ပေးဖို့ တောင်းဆိုတာတွေရှိပြီး အဲဒီထဲမှာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ပါဝင်ကြောင်းနဲ့ အစိုးရအနေနဲ့လည်း ဒီတောင်းဆိုမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက သေချာစဉ်းစားပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“စာတင်ပြီးမှ ပြောတာမဟုတ်ဘူး။ သူက လက်တန်းခေါ်လိုက်တဲ့အခါမှာ ရှေ့မှာထပြောတာလေ။ တကယ်တမ်းကျတော့ ဒါမျိုးက သေချာကို စဉ်းစားပြီးမှ နိုင်ငံတော်အဆင့်က စဉ်းစားရမှာလေ။ ဒါက ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူး။”

ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ နာဂတိုင်းရင်းသားတွေအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ လီဆူးနဲ့ ရခိုင်တိုင်းရင်းသားတွေလည်း နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ခန္တီးမြို့နယ်မှာ လူဦးရေ ၃၇၀၀၀ ကျော်ရှိပြီး နာဂက ၁၇၀၀၀ကျော် ၊ ဗမာတိုင်းရင်းသား ၉၅၀၀ ကျော်၊ ရှမ်းတိုင်းရင်းသား ၇၆၀၀ ကျော်နဲ့ ကျန်တိုင်းရင်းသားတွေ ရှိကြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာတော့ လူဦးရေ ၂၀၀၀၀၀ ကျော်ရှိပြီး ရှမ်းနီတိုင်းရင်းသားတွေက ၁၆၀၀၀၀ ကျော်ရှိပြီး နာဂတိုင်းရင်းသားက ၁၆၀၀ ဝန်းကျင်သာရှိတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ခႏၲီးနဲ႔ဟုမၼလင္းကို နာဂေဒသထဲထည့္ေရး ရွမ္းနီတိုင္းရင္းသားေတြ လက္မခံ ခႏၲီးနဲ႔ဟုမၼလင္းကို နာဂေဒသထဲထည့္ေရး ရွမ္းနီတိုင္းရင္းသားေတြ လက္မခံ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.