အေမရိကန္ ျပည္နယ္ ၅ ခုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္စစ္ေဆးမည္

ဇန္န၀ါရီ ၃၀ ရက္ေန႔တုန္းက အေမရိကန္ LAX ေလဆိပ္သို႔ဆိုက္ေရာက္ခရီးသည္မ်ား

(Zawgyi/Unicode)

တရုတ္ႏုိင္ငံမွာ ျဖစ္ေနတဲ့ Coronavirus ကူးစက္ျပန္႔ပြားျခင္း ရွိမရွိ သိရွိႏုိင္ဖုိ႔ အေမရိကန္ႏုိင္ငံအတြင္းက ျပည္နယ္ ၅ ခုမွာရွိတဲ့ ရာသီအလုိက္ တုပ္ေကြးေရာဂါ ကုသေရးဌာနေတြကတဆင့္ ဓါတ္ခြဲ စမ္းသပ္မႈေတြ စတင္လုပ္ေဆာင္ေတာ့မွာျဖစ္ေၾကာင္း CDC အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေသာၾကာေန႔မွာ ေျပာပါတယ္။

ဗုိင္းရပ္စ္ပုိး ကူးစက္ေနျခင္းရွိမရွိ သိႏုိင္ဖုိ႔ Los Angeles ၊ San Francisco ၊ Seattle ၊ Chicago နဲ႔ New York ၿမိဳ႕တုိ႔မွာရွိတဲ့ ျပည္သူ႔က်န္းမာေရးဌာန ဓါတ္ခြဲခန္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း CDC က ေျပာပါတယ္။ အဲဒီၿမိဳ႕ေတြမွာရွိတဲ့ ဓါတ္ခြဲခန္းေတြက ရာသီအလုိက္ျဖစ္တဲ့ တုပ္ေကြးေရာဂါေတြကုိ မွတ္တမ္းျပဳစုထားၿပီးျဖစ္တယ္လုိ႔ ဆုိပါတယ္။

တုပ္ေကြးေရာဂါနဲ႔ အလားသ႑ာန္တူတဲ့ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါမရွိေၾကာင္း စမ္းသပ္ခံရၿပီးသူေတြအေနနဲ႔ Coronavirus ရွိမရွိ ထပ္မံ စမ္းသပ္စစ္ေဆးျခင္းခံၾကရမွာျဖစ္ေၾကာင္း အေမရိကန္အမ်ဳိးသား တုပ္ေကြးေရာဂါနဲ႔ အသက္ရႈလမ္းေၾကာင္းေရာဂါဆုိင္ရာ ညြန္ၾကားေရးမွဴး Nancy Messonnier က သတင္းေထာက္ေတြကုိ တယ္လီဖုန္းကတဆင့္ ေျပာၾကားခဲ့ပါတယ္။

အခုခ်ိန္ထိေတာ့ အေမရိကန္ႏုိင္ငံအတြင္း လူတဦးကေန ေနာက္တဦးကုိ ကူးစက္မႈ တခုအပါအ၀င္ စုစုေပါင္း Coronavirus ကူးစက္ေနသူ ၁၅ ဦးသာ ရွိေသးတယ္လုိ႔ ဆုိပါတယ္။

လက္ရွိမွာေတာ့ ဒီဗုိင္းရပ္စ္ကုိ တုိက္ဖ်က္ႏုိင္ေရးအတြက္ သံသယရွိသူေတြကုိ သီးျခားခြဲထုတ္ထားတာနဲ႔ ခရီးသြားလာမႈ ကန္႔သတ္တာေတြကုိ CDC က ေဆာင္ရြက္ေနပါတယ္။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ ဗုိင္းရပ္စ္ပုိး အေမရိကန္ထဲမွာ ကူးစက္ ျပန္႔ႏွံ႔လာရင္ေတာ့ အဲဒီ ႀကိဳတင္ ကာကြယ္တဲ့ နည္းလမ္းေတြကုိ ေျပာင္းလဲလုပ္ေဆာင္ေကာင္း လုပ္ေဆာင္မယ္လုိ႔ ဆုိပါတယ္။

............

အမေရိကန် ပြည်နယ် ၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ် စတင်စစ်ဆေးမည်

(Unicode)

တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ Coronavirus ကူးစက်ပြန့်ပွားခြင်း ရှိမရှိ သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံအတွင်းက ပြည်နယ် ၅ ခုမှာရှိတဲ့ ရာသီအလိုက် တုပ်ကွေးရောဂါ ကုသရေးဌာနတွေကတဆင့် ဓါတ်ခွဲ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ကြောင်း CDC အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်နေခြင်းရှိမရှိ သိနိုင်ဖို့ Los Angeles ၊ San Francisco ၊ Seattle ၊ Chicago နဲ့ New York မြို့တို့မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဌာန ဓါတ်ခွဲခန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း CDC က ပြောပါတယ်။ အဲဒီမြို့တွေမှာရှိတဲ့ ဓါတ်ခွဲခန်းတွေက ရာသီအလိုက်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေကို မှတ်တမ်းပြုစုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တုပ်ကွေးရောဂါနဲ့ အလားသဏ္ဍာန်တူတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမရှိကြောင်း စမ်းသပ်ခံရပြီးသူတွေအနေနဲ့ Coronavirus ရှိမရှိ ထပ်မံ စမ်းသပ်စစ်ဆေးခြင်းခံကြရမှာဖြစ်ကြောင်း အမေရိကန်အမျိုးသား တုပ်ကွေးရောဂါနဲ့ အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ညွန်ကြားရေးမှူး Nancy Messonnier က သတင်းထောက်တွေကို တယ်လီဖုန်းကတဆင့် ပြောကြားခဲ့ပါတယ်။

အခုချိန်ထိတော့ အမေရိကန်နိုင်ငံအတွင်း လူတဦးကနေ နောက်တဦးကို ကူးစက်မှု တခုအပါအဝင် စုစုပေါင်း Coronavirus ကူးစက်နေသူ ၁၅ ဦးသာ ရှိသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ရေးအတွက် သံသယရှိသူတွေကို သီးခြားခွဲထုတ်ထားတာနဲ့ ခရီးသွားလာမှု ကန့်သတ်တာတွေကို CDC က ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဗိုင်းရပ်စ်ပိုး အမေရိကန်ထဲမှာ ကူးစက် ပြန့်နှံ့လာရင်တော့ အဲဒီ ကြိုတင် ကာကွယ်တဲ့ နည်းလမ်းတွေကို ပြောင်းလဲလုပ်ဆောင်ကောင်း လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
အေမရိကန္ ျပည္နယ္ ၅ ခုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္စစ္ေဆးမည္ အေမရိကန္ ျပည္နယ္ ၅ ခုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ စတင္စစ္ေဆးမည္ Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.