ကို႐ိုနာဗိုင္းရပ္စ္ - ဝူဟန္က ကယ္လာသူေတြရဲ႕ကားကို ယူကရိန္း ဆႏၵျပသူေတြ တိုက္ခိုက္

 ေကာလာဟာလၾကာင့္ တိုက္ခိုက္ခံရ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားေနတဲ့ တ႐ုတ္ႏိုင္ငံကေန ကယ္ထုတ္လာသူေတြ စီးလာတဲ့ ဘတ္စကားေတြကို ယူကရိန္းႏိုင္ငံမွာ ဆႏၵျပသူေတြက ဝိုင္းၿပီး တိုက္ခိုက္ၾကပါတယ္။

သူတို႔ကို ၁၄ ရက္ သီးသန႔္ ခြဲထားမယ့္ ေဆး႐ုံဆီ အသြားလမ္းမွာ အခုလို တိုက္ခိုက္ခံရတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ သမၼတ ဗိုလိုဒီမီယာ ဇယ္လင္စကီးက စာနာမႈ ျပၾကဖို႔ ဆႏၵျပသူေတြကို တိုက္တြန္းလိုက္ပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာန ကေန အခု ကယ္လာသူေတြမွာ ဗိုင္းရပ္စ္ကူးစက္ေနတယ္ဆိုတဲ့ အီးေမးလ္အတု ထြက္ခဲ့တယ္လို႔ ယူကရိန္း လုံၿခဳံေရး တပ္ဖြဲ႕ SBU က ေျပာပါတယ္။

ဒါေၾကာင့္ လုပ္ႀကံသတင္းကိစၥကို စုံစမ္းစစ္ေဆးေနတယ္လို႔ SBU က ေျပာပါတယ္။

ယူကရိန္းမွာ အခုထိေတာ့ ကို႐ိုနာကူးစက္မႈ အတည္ျပဳထားတာ မရွိေသးပါဘူး။

 ေဆး႐ုံသြားမယ့္လမ္း ပိတ္ထားတာကို ရဲေတြရွင္း

အခုကယ္ထုတ္လာသူေတြနဲ႔ တစ္သားတည္းရွိတယ္ဆိုတာကို ျပတဲ့အေနနဲ႔ ယူကရိန္း က်န္းမာေရး ဝန္ႀကီး မစၥ ဇိုရန္နာ စကာလက္စကာက သူတို႔နဲ႔ သြားေနၿပီး သူ႔အလုပ္ေတြကို အြန္လိုင္း Skype ကေန လုပ္မယ္လို႔ ဆိုပါတယ္။

သူအဲဒီမွာ ရွိေနရင္ အဲဒီကလူေတြေရာ တစ္ႏိုင္ငံလုံးကလူေတြေရာ စိတ္ေအးလိမ့္မယ္ထင္တယ္လို႔ သူက သူရဲ႕ ေဖ့စ္ဘြတ္ခ္ကေန ေျပာလိုက္ပါတယ္။

ႏိုဗီ ဆန္ဂ်ာရီမွာ ဘာျဖစ္တာလဲ

ၾကာသပေတးေန႔မွာ ယူကရိန္း ၄၅ ေယာက္ရယ္၊ ႏိုင္ငံျခားသား ၂၇ ေယာက္ရယ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဗဟိုခ်က္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန ယူကရိန္း အေရွ႕ပိုင္းက ခါခစ္ကို ေရာက္လာပါတယ္။

အဲဒီေနာက္ သူတို႔ကို တင္လာတဲ့ ဘတ္စကား ေျခာက္စီးက ႏိုဗီ ဆန္ဂ်ာရီမွာရွိတဲ့ ေဆး႐ုံကို ေမာင္းလာပါတယ္။ အဲဒီမွာ သူတို႔ကို ဆႏၵျပသမားေတြက မီးတုတ္ေတြ၊ ခဲေတြနဲ႔ ပစ္ေပါက္ၾကပါတယ္။
ကယ္လာသူေတြကို ထားမယ့္ ၿမိဳ႕ကို ယူကရိန္း ဝန္ႀကီးခ်ဳပ္(လယ္)၊ က်န္းမာေရး ဝန္ႀကီး( ညာ )နဲ႔ ျပည္ထဲေရး ဝန္ႀကီး ( ဘယ္)တို႔လည္း ေရာက္

ဒါေၾကာင့္ အဲဒီၿမိဳ႕ေလးကို လက္နက္ကိုင္ တပ္ဖြဲ႕ေတြ ခ်ထားလိုက္ရပါတယ္။

တင္းမာမႈေတြ ျဖစ္အၿပီးမွာေတာ့ ရဲေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ကယ္လာသူေတြထားမယ့္ေနရာကို သြားမယ့္လမ္းေတြကို ျပန္ဖြင့္ႏိုင္ခဲ့ပါတယ္။

အခု ျပန္လာသူေတြမွာ ဖ်ားနာေနသူ တစ္ေယာက္မွ မရွိဘူးလို႔လည္း က်န္းမာေရး ဝန္ႀကီးက ေျပာပါတယ္။

ဒါေပမဲ့ အဖ်ားရွိေနတဲ့ ယူကရိန္းက သုံးေယာက္နဲ႔ ကာဇက္စတန္က တစ္ေယာက္ကိုေတာ့ တ႐ုတ္မွာ ခ်န္ထားခဲ့ရတယ္လို႔ သူတို႔ကို သြားေခၚခဲ့တဲ့ သံတမန္အဖြဲ႕က ေျပာပါတယ္။

တင္းမာမႈေတြ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကယ္လာသူေတြကို ထားမယ့္ ၿမိဳ႕ကို ယူကရိန္း ဝန္ႀကီးခ်ဳပ္၊ က်န္းမာေရး ဝန္ႀကီးနဲ႔ ျပည္ထဲေရး ဝန္ႀကီးတို႔လည္း ေရာက္လာၾကပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ဝူဟန်က ကယ်လာသူတွေရဲ့ကားကို ယူကရိန်း ဆန္ဒပြသူတွေ တိုက်ခိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကောလာဟာလကြာင့် တိုက်ခိုက်ခံရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ တရုတ်နိုင်ငံကနေ ကယ်ထုတ်လာသူတွေ စီးလာတဲ့ ဘတ်စကားတွေကို ယူကရိန်းနိုင်ငံမှာ ဆန္ဒပြသူတွေက ဝိုင်းပြီး တိုက်ခိုက်ကြပါတယ်။

သူတို့ကို ၁၄ ရက် သီးသန့် ခွဲထားမယ့် ဆေးရုံဆီ အသွားလမ်းမှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးက စာနာမှု ပြကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန ကနေ အခု ကယ်လာသူတွေမှာ ဗိုင်းရပ်စ်ကူးစက်နေတယ်ဆိုတဲ့ အီးမေးလ်အတု ထွက်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ SBU က ပြောပါတယ်။

ဒါကြောင့် လုပ်ကြံသတင်းကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ SBU က ပြောပါတယ်။

ယူကရိန်းမှာ အခုထိတော့ ကိုရိုနာကူးစက်မှု အတည်ပြုထားတာ မရှိသေးပါဘူး။
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးရုံသွားမယ့်လမ်း ပိတ်ထားတာကို ရဲတွေရှင်း

အခုကယ်ထုတ်လာသူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ ယူကရိန်း ကျန်းမာရေး ဝန်ကြီး မစ္စ ဇိုရန်နာ စကာလက်စကာက သူတို့နဲ့ သွားနေပြီး သူ့အလုပ်တွေကို အွန်လိုင်း Skype ကနေ လုပ်မယ်လို့ ဆိုပါတယ်။

သူအဲဒီမှာ ရှိနေရင် အဲဒီကလူတွေရော တစ်နိုင်ငံလုံးကလူတွေရော စိတ်အေးလိမ့်မယ်ထင်တယ်လို့ သူက သူရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြောလိုက်ပါတယ်။

နိုဗီ ဆန်ဂျာရီမှာ ဘာဖြစ်တာလဲ

ကြာသပတေးနေ့မှာ ယူကရိန်း ၄၅ ယောက်ရယ်၊ နိုင်ငံခြားသား ၂၇ ယောက်ရယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ယူကရိန်း အရှေ့ပိုင်းက ခါခစ်ကို ရောက်လာပါတယ်။

အဲဒီနောက် သူတို့ကို တင်လာတဲ့ ဘတ်စကား ခြောက်စီးက နိုဗီ ဆန်ဂျာရီမှာရှိတဲ့ ဆေးရုံကို မောင်းလာပါတယ်။ အဲဒီမှာ သူတို့ကို ဆန္ဒပြသမားတွေက မီးတုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်လာသူတွေကို ထားမယ့် မြို့ကို ယူကရိန်း ဝန်ကြီးချုပ်(လယ်)၊ ကျန်းမာရေး ဝန်ကြီး( ညာ )နဲ့ ပြည်ထဲရေး ဝန်ကြီး ( ဘယ်)တို့လည်း ရောက်

ဒါကြောင့် အဲဒီမြို့လေးကို လက်နက်ကိုင် တပ်ဖွဲ့တွေ ချထားလိုက်ရပါတယ်။

တင်းမာမှုတွေ ဖြစ်အပြီးမှာတော့ ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်လာသူတွေထားမယ့်နေရာကို သွားမယ့်လမ်းတွေကို ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

အခု ပြန်လာသူတွေမှာ ဖျားနာနေသူ တစ်ယောက်မှ မရှိဘူးလို့လည်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ အဖျားရှိနေတဲ့ ယူကရိန်းက သုံးယောက်နဲ့ ကာဇက်စတန်က တစ်ယောက်ကိုတော့ တရုတ်မှာ ချန်ထားခဲ့ရတယ်လို့ သူတို့ကို သွားခေါ်ခဲ့တဲ့ သံတမန်အဖွဲ့က ပြောပါတယ်။

တင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် ကယ်လာသူတွေကို ထားမယ့် မြို့ကို ယူကရိန်း ဝန်ကြီးချုပ်၊ ကျန်းမာရေး ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးတို့လည်း ရောက်လာကြပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ဝူဟန္က ကယ္လာသူေတြရဲ႕ကားကို ယူကရိန္း ဆႏၵျပသူေတြ တိုက္ခိုက္ ကို႐ိုနာဗိုင္းရပ္စ္ - ဝူဟန္က ကယ္လာသူေတြရဲ႕ကားကို ယူကရိန္း ဆႏၵျပသူေတြ တိုက္ခိုက္ Reviewed by THITHTOOLWIN on 06:43 Rating: 5
Powered by Blogger.