ဆိပ္ကမ္းၿမိဳ႕နယ္ ဖ်က္သိမ္းရတဲ့ အေၾကာင္းအရင္းက မဲမနိုင္လို႔ လုပ္တာလို႔ ၾကံ့ခိုင္ေရးအမတ္ေျပာ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၃

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းက ဆိပ္ကမ္းၿမိဳ႕နယ္ ကို ဖ်က္သိမ္းၿပီး ဗိုလ္တစ္ေထာင္ၿမိဳ့နယ္နဲ႔ လမ္းမေတာ္ၿမိဳ႕နယ္တို႔မွာ ထည့္သြင္းဖြဲ႕စည္းဖို႔လုပ္တာက ဥပေဒနဲ႔မညီပဲ မဲရွုံးလို႔လုပ္တာလို႔ ဆိပ္ကမ္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္က ေျပာဆိုလိုက္ပါတယ္။

"ေရြးေကာက္ပြဲ ႏိုင္ျခင္းရံႈးျခင္းနဲ႔ သက္ဆိုင္သလားဆိုရင္ သက္ဆိုင္ပါတယ္။ အဲဓိကက အဲဒါပဲေလ။ ေနာင္ ၂၀၂၀ ေရြးေကာက္ပြဲမွာ NLD အနိုင္ရရွိဖို႔အတြက္ သူတို႔ပါတီရဲ့ လုပ္ေဆာင္ခ်က္အေပၚမွာပဲ မူတည္ပါတယ္။ ၿမိဳ႕နယ္တိုင္း အနိုင္ရရမယ္ဆိုတာ ပါတီတစ္ခုရဲ့ ရည္မွန္းခ်က္။ ကၽြန္ေတာ္တို႔ပါတီလည္း ရည္မွန္းခ်က္ရွိတယ္။ ကၽြန္ေတာ္တို႔လို လူဦးေရ ၂၀၀၀ ေလာက္ပဲရွိတဲ့ ၿမိဳ႕နယ္ေတြ အမ်ားႀကီးပါပဲ။ ကိုကိုးကၽြန္းတို႔ ရွိတယ္။ ကယားျပည္နယ္က မယ္စဲ့တို႔ရွိတယ္။ တျခားေနရာမွာေတြလည္း ရွိပါတယ္။ မႏိုင္လို႔ ဒီလိုပဲေလၽွာက္လုပ္ေနလို႔ မရဘူး။ ကိုယ္ (ပါေဖာမန္႔) ေကာင္းေအာင္လုပ္ေပါ့။ တိုင္းျပည္အေပၚ ေစတနာထားၿပီးလုပ္မယ္ဆိုရင္ ဒါေတြက ျပႆနာမရွိပါဘူး။ ျပည္သူကလည္းေျပာတယ္ ရံႈးလို႔ဒီလိုလုပ္တာတဲ့ေလ" သူကေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၂ ရက္က ရန္ကုန္ၿမိဳ႕ ဆိပ္ကမ္းၿမိဳ႕ နယ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ ႐ုံးမွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးစံေက်ာ္က အဲဒီလိုေျပာဆိုတာျဖစ္ပါတယ္။

ဆက္လက္ၿပီး ၎က"၂၀၁၅ မွာ NLD က ျပည္သူ႔လႊတ္ေတာ္ေရာ တိုင္းေဒသႀကီးႏွစ္ေရာ အမ်ိဳးသားလႊတ္ေတာ္ကို ႏိုင္ခဲ့တယ္။ ဒါေပမယ့္ အမ်ိဳးသားလႊတ္ေတာ္က ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္မွာ ရံႈးတယ္။ အဲဒီေတာ့ ၂၀၁၇ မွာ ၾကားျဖတ္ေရြးေကာက္ပြဲ ေပၚလာတယ္။ အမ်ိဳးသားလႊတ္ေတာ္ေနရာမွာ ဘယ္သူႏိုင္လဲဆိုေတာ့ ျပည္ခိုင္ၿဖိဳးကနိုင္တယ္။ က်န္တဲ့ၿမိဳ႕နယ္ေတြမွာေတာ့ NLD က အနိုင္ရသြားတယ္။ သို႔ေသာ္လည္း ၂၀၁၈ မွာ တိုင္းေဒသႀကီးမွာ ျပည္ခိုင္ၿဖိဳးက ႏိုင္တယ္။ ျပည္ခိုင္ၿဖိဳးနိုင္ေတာ့ ေရြးေကာက္ပြဲ တရားမဲ့ျပဳက်င့္တယ္။ အစရွိသျဖင့္ တရားစြဲၿပီး လုပ္တဲ့အခါမွာ ျပည္ခိုင္ၿဖိဳးက ရံႈးသြားတယ္"လို႕ သူကေျပာပါတယ္။

ဆိပ္ကမ္းၿမိဳ႕နယ္ဟာ နိုင္ငံျခား ပင္လယ္ကူးသေဘၤာဴ ၾကီးေတြ ဝင္‌ေရာက္ဆိုက္ကပ္ေနတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ၿမိဳ႕နယ္အတြင္း အိမ္ေျခႏွစ္ရာေက်ာ္နဲ႔ လူဦးေရ ၂၀၀၀ ေက်ာ္‌ ေနထိုင္ၾကတယ္လို႔ သိရပါတယ္။

ကြန္းဈာန္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ဆိပ်ကမ်းမြို့နယ် ဖျက်သိမ်းရတဲ့ အကြောင်းအရင်းက မဲမနိုင်လို့ လုပ်တာလို့ ကြံ့ခိုင်ရေးအမတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ဆိပ်ကမ်းမြို့နယ် ကို ဖျက်သိမ်းပြီး ဗိုလ်တစ်ထောင်မြို့နယ်နဲ့ လမ်းမတော်မြို့နယ်တို့မှာ ထည့်သွင်းဖွဲ့စည်းဖို့လုပ်တာက ဥပဒေနဲ့မညီပဲ မဲရှုံးလို့လုပ်တာလို့ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောဆိုလိုက်ပါတယ်။

"ရွေးကောက်ပွဲ နိုင်ခြင်းရှုံးခြင်းနဲ့ သက်ဆိုင်သလားဆိုရင် သက်ဆိုင်ပါတယ်။ အဲဓိကက အဲဒါပဲလေ။ နောင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိဖို့အတွက် သူတို့ပါတီရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ မြို့နယ်တိုင်း အနိုင်ရရမယ်ဆိုတာ ပါတီတစ်ခုရဲ့ ရည်မှန်းချက်။ ကျွန်တော်တို့ပါတီလည်း ရည်မှန်းချက်ရှိတယ်။ ကျွန်တော်တို့လို လူဦးရေ ၂၀၀၀ လောက်ပဲရှိတဲ့ မြို့နယ်တွေ အများကြီးပါပဲ။ ကိုကိုးကျွန်းတို့ ရှိတယ်။ ကယားပြည်နယ်က မယ်စဲ့တို့ရှိတယ်။ တခြားနေရာမှာတွေလည်း ရှိပါတယ်။ မနိုင်လို့ ဒီလိုပဲလျှောက်လုပ်နေလို့ မရဘူး။ ကိုယ် (ပါဖောမန့်) ကောင်းအောင်လုပ်ပေါ့။ တိုင်းပြည်အပေါ် စေတနာထားပြီးလုပ်မယ်ဆိုရင် ဒါတွေက ပြဿနာမရှိပါဘူး။ ပြည်သူကလည်းပြောတယ် ရှုံးလို့ဒီလိုလုပ်တာတဲ့လေ" သူကပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်မြို့ ဆိပ်ကမ်းမြို့ နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးစံကျော်က အဲဒီလိုပြောဆိုတာဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက"၂၀၁၅ မှာ NLD က ပြည်သူ့လွှတ်တော်ရော တိုင်းဒေသကြီးနှစ်ရော အမျိုးသားလွှတ်တော်ကို နိုင်ခဲ့တယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော်က ကျွန်တော်တို့ မြို့နယ်မှာ ရှုံးတယ်။ အဲဒီတော့ ၂၀၁၇ မှာ ကြားဖြတ်ရွေးကောက်ပွဲ ပေါ်လာတယ်။ အမျိုးသားလွှတ်တော်နေရာမှာ ဘယ်သူနိုင်လဲဆိုတော့ ပြည်ခိုင်ဖြိုးကနိုင်တယ်။ ကျန်တဲ့မြို့နယ်တွေမှာတော့ NLD က အနိုင်ရသွားတယ်။ သို့သော်လည်း ၂၀၁၈ မှာ တိုင်းဒေသကြီးမှာ ပြည်ခိုင်ဖြိုးက နိုင်တယ်။ ပြည်ခိုင်ဖြိုးနိုင်တော့ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်တယ်။ အစရှိသဖြင့် တရားစွဲပြီး လုပ်တဲ့အခါမှာ ပြည်ခိုင်ဖြိုးက ရှုံးသွားတယ်"လို့ သူကပြောပါတယ်။

ဆိပ်ကမ်းမြို့နယ်ဟာ နိုင်ငံခြား ပင်လယ်ကူးသင်္ဘောူ ကြီးတွေ ဝင်‌ရောက်ဆိုက်ကပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်အတွင်း အိမ်ခြေနှစ်ရာကျော်နဲ့ လူဦးရေ ၂၀၀၀ ကျော်‌ နေထိုင်ကြတယ်လို့ သိရပါတယ်။

ကွန်းဈာန်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဆိပ္ကမ္းၿမိဳ႕နယ္ ဖ်က္သိမ္းရတဲ့ အေၾကာင္းအရင္းက မဲမနိုင္လို႔ လုပ္တာလို႔ ၾကံ့ခိုင္ေရးအမတ္ေျပာ ဆိပ္ကမ္းၿမိဳ႕နယ္ ဖ်က္သိမ္းရတဲ့ အေၾကာင္းအရင္းက မဲမနိုင္လို႔ လုပ္တာလို႔ ၾကံ့ခိုင္ေရးအမတ္ေျပာ Reviewed by THITHTOOLWIN on 01:35 Rating: 5
Powered by Blogger.