တရားဥပေဒစိုးမိုးမႈရွိေအာင္လုုပ္မယ္လို႔ ျပည္ထဲေရးဝန္ႀကီးသစ္ ကတိျပဳ

ျပည္ေထာင္စု လႊတ္ေတာ္ နာယက ေရွ႕တြင္ ကတိသစၥာျပဳေနေသာ ျပည္ထဲေရးဝန္ႀကီးသစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ (သတင္းဓာတ္ပံု-Pyidaungsu Hluttaw)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ တရားဥပေဒစိုးမိုးမႈရွိေအာင္ လုပ္သြားမယ္လုိ႔ ျပည္ထဲေရးဝန္ႀကီးသစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေျပာပါတယ္။ တရားဥပေဒစိုးမိုးေရးဟာ အေရးႀကီးတဲ့အတြက္ ျပည္သူေတြ ပူးေပါင္းပါဝင္ဖို႔လည္း သူက တိုက္တြန္းပါတယ္။ ေလ့လာသူေတြကေတာ့ တရားဥပေဒစိုးမိုးေရး တာဝန္ယူမယ့္သူေတြဟာ ျပည္သူက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရလက္ေအာက္မွာ ရွိဖို႔လိုတယ္လုိ႔ ေထာက္္ျပၾကပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္က သတင္း ေပးပို႔ထားပါတယ္။

ျပည္ထဲေရး၀န္ၾကီးသစ္အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ၾကီးစိုးထြဋ္ကို ျပည္ေထာင္စုလႊတ္ေတာ္က ဒီလ ၁၀ရက္ေန႔က အတည္ျပဳၿပီး ၁၃ရက္ေန႔မွာ ၀န္ၾကီးအျဖစ္ ကတိသစၥာျပဳခဲ့တာ ျဖစ္ပါတယ္။

ျပည္ေထာင္စု၀န္ၾကီးအျဖစ္ ကတိသစၥာျပဳၿပီးေနာက္မွာ ဒုတိယဗိုလ္ခ်ဳပ္ၾကီးစိုးထြဋ္ တရားဥပေဒစိုးမုိးေရးကို အဓိက ေဆာင္ရြက္မွာျဖစ္ေၾကာင္း သတင္းမီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။

“တရားဥပေဒစိုးမိုးေရးကေတာ့ကြာ ဒါ အဓိက စိန္ေခၚမႈေပါ့ေနာ္။ အဲဒါကို ကိုယ္တုိ႔က ေသခ်ာလုပ္ရမွာေပါ့။ ကိုယ္တုိ႔ႏိုင္ငံမွာ တရားဥပေဒစိုးမိုးမႈက အဓိက အေရးၾကီးတယ္။ ရေအာင္ကိုယ္တုိ႔ေဆာင္ရြက္ေပးရမွာေပါ့။”

ဒါ့အျပင္ တရားဥပေဒစိုးမိုးေရးကို ရဲတပ္ဖဲြ႔တစ္ခုတည္းက မေဆာင္ရြက္ႏိုင္ဘဲ ျပည္သူေတြရဲ့ ပူးေပါင္းမႈပါ၀င္ဖို႔ လုိအပ္ေၾကာင္းလည္း ေထာက္ျပခဲ့ပါတယ္။

“အမႈဆုိတာေတာ့ ရိွမွာပဲေလ။ အမႈရိွတာကို ကိုယ္တုိ႔က ရေအာင္ေဖာ္ထုတ္ရမွာေပါ့။ ဟိုေန႔ကဆိုရင္ ရန္ကုန္မွာျဖစ္သြားတဲ့ ဘဏ္အမႈဆုိရင္ ဒါ ေဖာ္ထုတ္ႏိုင္တာေပါ့။ ရဲရဲ့ စြမ္းေဆာင္ႏိုင္မႈပါပဲ။ ရဲစြမ္းေဆာင္ႏိုင္သလုိပါပဲ ဒါအမႈတခုျဖစ္လာတယ္ဆုိရင္ ရဲတေယာက္တည္းလုပ္လုိ႔ ရတာမဟုတ္ဘူး။ ရဲတဖဲြ႔တည္းလုပ္လုိ႔ ရတာမဟုတ္ဘူး။ ျပည္သူလူထုပါ ၀ိုင္း၀န္းကူညီေဆာင္ရြက္မွ ရတာ။ အမႈတစ္ခုျဖစ္တုိင္း၊ အမႈတခုျဖစ္တိုင္း ရဲမွာပဲ တာ၀န္ရိွတယ္။ လံုၿခံဳေရးလုပ္တဲ့သူမွာသာ တာ၀န္ရိွတာ မဟုတ္ဘူး။ ျပည္သူလူထုအားလံုးက ၀ိုင္း၀န္ကူညီေဆာင္ရြက္မွ ေဖာ္ထုတ္လို႔ ရတာ။”

ဥပမာ အျဖစ္ - ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂံုၿမိဳ႔နယ္ CB ဘဏ္ ဓါးျပတုိက္မႈမွာ ဘဏ္၀န္ထမ္းေတြ ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ ေဖာ္ထုတ္ႏိုင္ခဲ့တာလို႔လည္း ေျပာဆုိပါတယ္။

တရားလႊတ္ေတာ္ေရွ႔ေန ဦးၾကီးျမင့္ကေတာ့ တရားဥပေဒစိုးမိုးေရးအတြက္ ျပည္သူေတြ ပူးေပါင္းပါ၀င္ဖို႔ဆိုရင္ ျပည္သူေတြရဲ့ ယံုၾကည္မႈကို ရရိွဖုိ႔လိုအပ္ၿပီး တရားဥပေဒ စိုးမိုးေရးအတြက္ တာဝန္ယူရမယ့္ သူေတြဟာ အေရြးခ်ယ္ခံ သမၼတ လက္ေအာက္မွာ ရွိဖို႔ လိုတယ္လို႔ ေျပာပါတယ္။

“ရဲတပ္ဖဲြ႔ၾကီးကို ျပည္သူလူထုနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ ရဲတပ္ဖဲြ႔ၾကီးျဖစ္ေအာင္ဆုိရင္ ၂၀၀၈ အေျခခံဥပေဒကို ျပင္ရမယ္။ ခုနက ျပည္ထဲေရး၊ ကာကြယ္ေရး၀န္ၾကီးေတြက ေရြးခ်ယ္ခံ သမၼတရဲ့လက္ေအာက္မွာ ရိွရမယ္။ သူတို႔ေတြက အရပ္ဘက္က လူေတြ ျဖစ္ရမယ္။ ၿပီးေတာ့ ရဲတပ္ဖဲြ႔ၾကီးကိုလည္း စစ္တပ္က လူေတြခ်ည္းပဲေခၚၿပီး ရာထူးၾကီးေတြ ေပးေနမယ့္အစား ေအာက္ေျခရဲေတြကေနၿပီးေတာ့ ေလ့က်င့္သင္တန္းေပးထားတဲ့ ရဲပညာေတြ ေလ့က်င့္သင္ၾကားေပးထားတဲ့ ရဲေတြကပဲ ရဲတပ္ဖဲြ႔ၾကီးကို ထူေထာင္မွ ျဖစ္မယ္။ အဲလိုမွ မလုပ္ႏိုင္ရင္ကေတာ့ဗ်ာ ဘာမွထူးမယ္ မထင္ပါဘူးဗ်ာ။”

မႏၱေလးၿမိဳ႕မွာ လုယက္မႈေတြ ေပါမ်ားခဲ့တဲ့ အခ်ိန္တုန္းက ရပ္ကြက္လံုၿခံဳေရးအတြက္ သက္ဆုိင္ရာ အာဏာပိုင္၊ ရဲတပ္ဖဲြ႔ေတြနဲ႔ အတူပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ ကိုျဖိဳးသန္႔ဇင္ကေတာ့ လက္ရိွ အသစ္ခန္႔အပ္လိုက္တဲ့ ျပည္ထဲေရး၀န္ၾကီးသစ္အေနနဲ႔ ရာဇဝတ္မႈ အမ်ားအျပားရဲ့ အရင္းျမစ္ျဖစ္တဲ့ မူးယစ္ေဆး၀ါးႏွိမ္နင္းေရးကို ဦးစားေပးေဆာင္ရြက္ေစခ်င္ေၾကာင္း ေျပာပါတယ္။

“ေျပာရရင္ ေခတ္အဆက္ဆက္ကေတာ့ တရားဥပေဒစိုးမုိးေရးကေတာ့ ေကာင္းခဲ့တာေတာ့ မဟုတ္ဘူးေပါ့ဗ်ာေနာ။ လူငယ္ေတြကေတာ့ အဓိကကေတာ့ မူးယစ္ေဆးေၾကာင့္လည္း ျဖစ္ေနတာ မ်ားတယ္။ မူးယစ္ေဆးအႏၱရာယ္ကို အဓိက တိုက္ဖ်က္ၿပီးေတာ့မွ တရားဥပေဒစိုးမိုးေရးကို အရင္ကထက္ ပိုၿပီးေတာ့ လုပ္ေဆာင္ႏိုင္ရင္ေတာ့ ပိုေကာင္းတာေပ့ါဗ်ာ။”

၂၀၀၈ခုႏွစ္ ဖဲြ႔စည္းပံုအေျခခံ ဥပေဒအရ ျပည္ထဲေရး၊ ကာကြယ္ေရးနဲ႔ နယ္စပ္ေရးရာ၀န္ၾကီးဌာနရဲ့ ျပည္ေထာင္စု၀န္ၾကီးေတြကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေရြးျခယ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ရဲ့ သေဘာတူညီခ်က္နဲ႔ သမၼတက ခန္႔အပ္ ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ကာလမွာ ရာဇ၀တ္တရားခံေတြလြတ္ေျမာက္ေနတာ၊ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြဟာ ပိုင္ရွင္မဲ့ ျဖစ္ေနတာေတြ ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈမွာ တရားခံမေဖာ္ထုတ္ႏိုင္ေသးတာေတြ စတာေတြေၾကာင့္ ရဲတပ္ဖဲြ႔အေပၚမွာ ေ၀ဖန္တာေတြ ရိွေနခဲ့ပါတယ္။

[Unicode Version]

တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်မယ်လို့ ပြည်ထဲရေးဝန်ကြီးသစ် ကတိပြု

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း သူက တိုက်တွန်းပါတယ်။ လေ့လာသူတွေကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ယူမယ့်သူတွေဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်အောက်မှာ ရှိဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထောင်စုလွှတ်တော်က ဒီလ ၁၀ရက်နေ့က အတည်ပြုပြီး ၁၃ရက်နေ့မှာ ဝန်ကြီးအဖြစ် ကတိသစ္စာပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖြစ် ကတိသစ္စာပြုပြီးနောက်မှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တရားဥပဒေစိုးမိုးရေးကို အဓိက ဆောင်ရွက်မှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“တရားဥပဒေစိုးမိုးရေးကတော့ကွာ ဒါ အဓိက စိန်ခေါ်မှုပေါ့နော်။ အဲဒါကို ကိုယ်တို့က သေချာလုပ်ရမှာပေါ့။ ကိုယ်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက အဓိက အရေးကြီးတယ်။ ရအောင်ကိုယ်တို့ဆောင်ရွက်ပေးရမှာပေါ့။”

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့တစ်ခုတည်းက မဆောင်ရွက်နိုင်ဘဲ ပြည်သူတွေရဲ့ ပူးပေါင်းမှုပါဝင်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

“အမှုဆိုတာတော့ ရှိမှာပဲလေ။ အမှုရှိတာကို ကိုယ်တို့က ရအောင်ဖော်ထုတ်ရမှာပေါ့။ ဟိုနေ့ကဆိုရင် ရန်ကုန်မှာဖြစ်သွားတဲ့ ဘဏ်အမှုဆိုရင် ဒါ ဖော်ထုတ်နိုင်တာပေါ့။ ရဲရဲ့ စွမ်းဆောင်နိုင်မှုပါပဲ။ ရဲစွမ်းဆောင်နိုင်သလိုပါပဲ ဒါအမှုတခုဖြစ်လာတယ်ဆိုရင် ရဲတယောက်တည်းလုပ်လို့ ရတာမဟုတ်ဘူး။ ရဲတဖွဲ့တည်းလုပ်လို့ ရတာမဟုတ်ဘူး။ ပြည်သူလူထုပါ ဝိုင်းဝန်းကူညီဆောင်ရွက်မှ ရတာ။ အမှုတစ်ခုဖြစ်တိုင်း၊ အမှုတခုဖြစ်တိုင်း ရဲမှာပဲ တာဝန်ရှိတယ်။ လုံခြုံရေးလုပ်တဲ့သူမှာသာ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးက ဝိုင်းဝန်ကူညီဆောင်ရွက်မှ ဖော်ထုတ်လို့ ရတာ။”

ဥပမာ အဖြစ် - ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် CB ဘဏ် ဓါးပြတိုက်မှုမှာ ဘဏ်ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ပြောဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့လိုအပ်ပြီး တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ယူရမယ့် သူတွေဟာ အရွေးချယ်ခံ သမ္မတ လက်အောက်မှာ ရှိဖို့ လို တယ်လို့ ပြောပါတယ်။

“ရဲတပ်ဖွဲ့ကြီးကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်အောင်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမယ်။ ခုနက ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးတွေက ရွေးချယ်ခံ သမ္မတရဲ့လက်အောက်မှာ ရှိရမယ်။ သူတို့တွေက အရပ်ဘက်က လူတွေ ဖြစ်ရမယ်။ ပြီးတော့ ရဲတပ်ဖွဲ့ကြီးကိုလည်း စစ်တပ်က လူတွေချည်းပဲခေါ်ပြီး ရာထူးကြီးတွေ ပေးနေမယ့်အစား အောက်ခြေရဲတွေကနေပြီးတော့ လေ့ကျင့်သင်တန်းပေးထားတဲ့ ရဲပညာတွေ လေ့ကျင့်သင်ကြားပေးထားတဲ့ ရဲတွေကပဲ ရဲတပ်ဖွဲ့ကြီးကို ထူထောင်မှ ဖြစ်မယ်။ အဲလိုမှ မလုပ်နိုင်ရင်ကတော့ဗျာ ဘာမှထူးမယ် မထင်ပါဘူးဗျာ။”

မန္တလေးမြို့မှာ လုယက်မှုတွေ ပေါများခဲ့တဲ့ အချိန်တုန်းက ရပ်ကွက်လုံခြုံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်၊ ရဲတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကိုဖြိုးသန့်ဇင်ကတော့ လက်ရှိ အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထဲရေးဝန်ကြီးသစ်အနေနဲ့ ရာဇဝတ်မှု အများအပြားရဲ့ အရင်းမြစ်ဖြစ်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဦးစားပေးဆောင်ရွက်စေချင်ကြောင်း ပြောပါတယ်။

“ပြောရရင် ခေတ်အဆက်ဆက်ကတော့ တရားဥပဒေစိုးမိုးရေးကတော့ ကောင်းခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာနော။ လူငယ်တွေကတော့ အဓိကကတော့ မူးယစ်ဆေးကြောင့်လည်း ဖြစ်နေတာ များတယ်။ မူးယစ်ဆေးအန္တရာယ်ကို အဓိက တိုက်ဖျက်ပြီးတော့မှ တရားဥပဒေစိုးမိုးရေးကို အရင်ကထက် ပိုပြီးတော့ လုပ်ဆောင်နိုင်ရင်တော့ ပိုကောင်းတာပေ့ါဗျာ။”

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးခြယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သမ္မတက ခန့်အပ် ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလမှာ ရာဇဝတ်တရားခံတွေလွတ်မြောက်နေတာ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ပိုင်ရှင်မဲ့ ဖြစ်နေတာတွေ နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ တရားခံမဖော်ထုတ်နိုင်သေးတာတွေ စတာတွေကြောင့် ရဲတပ်ဖွဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိနေခဲ့ပါတယ်။

ကိုမိုးေဇာ္/ VOA (Burmese)
https://burmese.voanews.com
တရားဥပေဒစိုးမိုးမႈရွိေအာင္လုုပ္မယ္လို႔ ျပည္ထဲေရးဝန္ႀကီးသစ္ ကတိျပဳ တရားဥပေဒစိုးမိုးမႈရွိေအာင္လုုပ္မယ္လို႔ ျပည္ထဲေရးဝန္ႀကီးသစ္ ကတိျပဳ Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.