အေရွ႕အလယ္ပိုင္းမွာ ကိတ္ေနရင္ အႏၲရာယ္ရွိပါတယ္

(Zawgyi)⤵⤵⤵
ငါက ပိန္တာပဲ အဆီေတြစားလို႔ရတယ္၊ ေလ့က်င့္ခန္းလည္း လုပ္စရာမလိုဘူး၊ ပိန္ေတာ့က်န္းမာတယ္ လို႔ ေလမက်ယ္ၾကပါနဲ႔ေနာ္။ ပိန္တဲ့သူလည္း ဗိုက္အဆီ၊ ဗိုက္ေခါက္ ရွိႏိုင္ပါတယ္။ ေယာက်ာ္းေလး ျဖစ္ျဖစ္၊ မိန္းကေလး ျဖစ္ျဖစ္ က်န္းမာေရးအတြက္ သတိထားသင့္တဲ့ အခ်က္ကေတာ့ ဗိုက္နားတဝိုက္ အဆီမတက္ဖို႔ပါပဲ။ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြထက္ ဗိုက္မွာ အဆီရွိေနရင္ ၾကည့္မေကာင္း႐ုံတင္မက က်န္းမာေရးကိုပါ ဒုကၡေပးမယ့္ ေရာဂါအမ်ိဳးမ်ိဳးယူေဆာင္လာႏိုင္လို႔ပါ။ ဒါဆို က်န္းမာေရးအတြက္ စိတ္မပူသင့္ေပဘူးလား…

က်န္းမာက်စ္လ်စ္တဲ့ ခႏၶာကိုယ္ကို မတည္ေဆာက္ႏိုင္ဘူးဆိုရင္ ဗိုက္အဆီေၾကာင့္ –

ႏွလုံးေရာဂါ

႐ုတ္တရက္ႏွလုံးရပ္တာ

ေသြးတိုးေရာဂါ

ေလျဖတ္တာ

အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ

ပန္းနာရင္က်ပ္ေရာဂါ

ရင္သားကင္ဆာ

အူမႀကီးကင္ဆာ

အဆစ္ေရာင္နာ

အယ္လ္ဇိုင္းမားနဲ႔ တျခားမွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေရာဂါေတြ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္လာႏိုင္တာ ေၾကာက္စရာပါ။

ဒီလိုမျဖစ္ေစဖို႔ ႀကိဳတင္ကာကြယ္ႏိုင္မယ့္ အေကာင္းဆုံးအႀကံဉာဏ္ေတြကေတာ့ –

အမွ်င္ဓာတ္မ်ားမ်ားစားပါ။

အစိမ္းေရာင္ရွိတဲ့အသီးအ႐ြက္ေတြ၊ ဂ်ဳံၾကမ္း၊ အေစ့အဆန္ေတြ၊ ပဲေတာင့္ရွည္တို႔လို အမွ်င္ဓာတ္မ်ားတာေတြ စားေပးလို႔ရတယ္။ ဗိုက္မွာ အဆီရွိရင္ အသည္း၊ ပန္ကရိယနဲ႔ ေက်ာက္ကပ္အပါအဝင္ အေရးပါတဲ့ကိုယ္တြင္းအဂၤါေတြ အနားတဝိုက္မွာရွိေနတာမို႔ အႏၲရာယ္မ်ားတာ ျဖစ္ပါတယ္။

သက္သာမယ့္နည္းလမ္းကိုေရွာင္ပါ။

တစ္ေနရာသြားမယ္ဆို နီးနီးေလးကို ကားေလးစီးမယ္၊ ဆိုက္ကားစီးမယ္နဲ႔ သက္ေတာင့္သက္သာ သြားလာရဖို႔ စဥ္းစားတာမ်ိဳး ေရွာင္ပါ။ လမ္းေလွ်ာက္လို႔ရရင္ လမ္းေလွ်ာက္လိုက္ပါ။ ေလွကားနဲ႔ တက္ႏိုင္ရင္ တက္လိုက္ပါ။ ခႏၶာကိုယ္ကို သနားၿပီး သက္သာေအာင္ေနတာမ်ိဳး မလုပ္တာ ေကာင္းပါတယ္။

စိတ္ဖိစီးမႈကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ပါ။

သုေသတနေတြအရ စိတ္ဖိစီးမႈေၾကာင့္ ထြက္တဲ့ေကာ္တီေဇာဟာ အစာစားခ်င္စိတ္ကိုျမင့္တက္ေစၿပီး ဝမ္းဗိုက္မွာအဆီစုတာကိုလည္း အားေပးပါတယ္။ ေယာဂက်င့္ျခင္း၊ တရားထိုင္ျခင္းေတြက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစပါတယ္။

အိပ္ေရးဝေအာင္ အိပ္ပါ။

အိပ္ေရးပ်က္ျခင္းရဲ႕အက်ိဳးဆက္ထဲမွာ ကိုယ္အေလးခ်ိန္အေပၚသက္ေရာက္မႈလည္းပါရွိပါတယ္။ အိပ္ေရးပ်က္တဲ့အခါ အစာစားခ်င္စိတ္ကို သက္ေရာက္ႏိုင္တဲ့ ghrelin နဲ႔ leptin ေဟာ္မုန္းေတြကို ထိန္းညႇိႏိုင္စြမ္းမရွိေတာ့ပါဘူး။ ဗိုက္ဆာေစႏိုင္တဲ့ ghrelin ပမာဏကျမင့္လာၿပီး ဗိုက္ျပည့္ျခင္းကို ခံစားရေစတဲ့ leptin ပမာဏက က်ဆင္းသြားပါေတာ့တယ္။ ဒီလိုစားခ်င္စိတ္ပိုမ်ားေနတဲ့အခ်ိန္ ကိုယ္အေလးခ်ိန္ထိန္းရတာ ပိုပင္ပန္းေစႏိုင္လို႔ အိပ္ေရးဝေအာင္အိပ္ပါ။

တြက္ခ်က္စားပါ။

ကိုယ္စားမယ့္အစားအေသာက္ေတြမွာ ကယ္လိုရီနဲ႔ အဆီဓာတ္ပမာဏ ဘယ္ေလာက္ပါလဲ တြက္ခ်က္ပါ။ အဆီမ်ားတဲ့အစားအစာေတြကိုသတိထားခ်င့္ခ်ိန္ပါ။ အေစ့အဆန္၊အသီးအ႐ြက္နဲ႔ ငါးေတြကေန ရတဲ့ အက်ိဳးျပဳအဆီေတြကို ဦးစားေပးပါ။

အဆီက်ခ်ပ္ရပ္ေစမယ့္ ေသာက္စရာ

အဆီက်ေစမယ့္ေသာက္စရာဆိုတာ Detox water ေတြလည္းပါတယ္၊ အခ်ိဳမပါတဲ့ ဆီးသီးအႏွစ္ရည္၊ သံပရာရည္ စတာေတြကိုေသာက္လို႔လည္း အေထာက္အကူျဖစ္ေစႏိုင္တယ္။ အစားဆင္ျခင္တာနဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြေတာ့ တြဲရမွာေပါ့။

ခါးလွည့္ကြင္း ကစားပါ။

ခါးလွည့္ကြင္း ကစားတာက ဗိုက္နဲ႔ ခါးတဝိုက္ အဆီက်ခ်ပ္ရပ္ေစၿပီး ေက်ာေဘးတေလွ်ာက္ပါ က်စ္လ်စ္ေစပါတယ္။

အဆီ လိမ္းေပးပါ

ဗိုက္အဆီက်ေစမယ့္ လိမ္းေဆးခရင္မ္ေတြ အမ်ားႀကီးရွိပါတယ္။ သဘာဝအပင္ေတြ၊ ေဆးဖက္ဝင္ေတြ ကေနရတဲ့ အဆီေတြ ဒါမွမဟုတ္ အဆီက်လိမ္းေဆးခရင္မ္ေလးလိမ္းၿပီး ေလ့က်င့္ခန္းလုပ္တာ ပိုထိေရာက္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ။

ဂ်င္မ္သြားတာ၊ ေယာဂကစားတာေတြ မလုပ္ႏိုင္ရင္ေတာင္ ဖုန္းထဲမွာ workout ဗီဒီယိုေလးေတြၾကည့္ၿပီး အိမ္မွာ ေလ့က်င့္ခန္းနည္းနည္းလုပ္လို႔ရပါတယ္။ ဗိုက္နဲ႔ခါးသီးသန္႔က်မယ့္ ေလ့က်င့္ခန္းေတြကို လုပ္ေပးပါ။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ငါက ပိန်တာပဲ အဆီတွေစားလို့ရတယ်၊ လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘူး၊ ပိန်တော့ကျန်းမာတယ် လို့ လေမကျယ်ကြပါနဲ့နော်။ ပိန်တဲ့သူလည်း ဗိုက်အဆီ၊ ဗိုက်ခေါက် ရှိနိုင်ပါတယ်။ ယောကျာ်းလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် ကျန်းမာရေးအတွက် သတိထားသင့်တဲ့ အချက်ကတော့ ဗိုက်နားတဝိုက် အဆီမတက်ဖို့ပါပဲ။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဗိုက်မှာ အဆီရှိနေရင် ကြည့်မကောင်းရုံတင်မက ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။ ဒါဆို ကျန်းမာရေးအတွက် စိတ်မပူသင့်ပေဘူးလား…

ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ဗိုက်အဆီကြောင့် –

နှလုံးရောဂါ

ရုတ်တရက်နှလုံးရပ်တာ

သွေးတိုးရောဂါ

လေဖြတ်တာ

အမျိုးအစား (၂) ဆီးချိုရောဂါ

ပန်းနာရင်ကျပ်ရောဂါ

ရင်သားကင်ဆာ

အူမကြီးကင်ဆာ

အဆစ်ရောင်နာ

အယ်လ်ဇိုင်းမားနဲ့ တခြားမှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တာ ကြောက်စရာပါ။

ဒီလိုမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံးအကြံဉာဏ်တွေကတော့ –

အမျှင်ဓာတ်များများစားပါ။

အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်မှာ အဆီရှိရင် အသည်း၊ ပန်ကရိယနဲ့ ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေ အနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတာ ဖြစ်ပါတယ်။

သက်သာမယ့်နည်းလမ်းကိုရှောင်ပါ။

တစ်နေရာသွားမယ်ဆို နီးနီးလေးကို ကားလေးစီးမယ်၊ ဆိုက်ကားစီးမယ်နဲ့ သက်တောင့်သက်သာ သွားလာရဖို့ စဉ်းစားတာမျိုး ရှောင်ပါ။ လမ်းလျှောက်လို့ရရင် လမ်းလျှောက်လိုက်ပါ။ လှေကားနဲ့ တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင်နေတာမျိုး မလုပ်တာ ကောင်းပါတယ်။

စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။

သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ဝမ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ။

အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptin ဟော်မုန်းတွေကို ထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။ ဗိုက်ဆာစေနိုင်တဲ့ ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကို ခံစားရစေတဲ့ leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် ကိုယ်အလေးချိန်ထိန်းရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။

တွက်ချက်စားပါ။

ကိုယ်စားမယ့်အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ်ပမာဏ ဘယ်လောက်ပါလဲ တွက်ချက်ပါ။ အဆီများတဲ့အစားအစာတွေကိုသတိထားချင့်ချိန်ပါ။ အစေ့အဆန်၊အသီးအရွက်နဲ့ ငါးတွေကနေ ရတဲ့ အကျိုးပြုအဆီတွေကို ဦးစားပေးပါ။

အဆီကျချပ်ရပ်စေမယ့် သောက်စရာ

အဆီကျစေမယ့်သောက်စရာဆိုတာ Detox water တွေလည်းပါတယ်၊ အချိုမပါတဲ့ ဆီးသီးအနှစ်ရည်၊ သံပရာရည် စတာတွေကိုသောက်လို့လည်း အထောက်အကူဖြစ်စေနိုင်တယ်။ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေတော့ တွဲရမှာပေါ့။

ခါးလှည့်ကွင်း ကစားပါ။

ခါးလှည့်ကွင်း ကစားတာက ဗိုက်နဲ့ ခါးတဝိုက် အဆီကျချပ်ရပ်စေပြီး ကျောဘေးတလျှောက်ပါ ကျစ်လျစ်စေပါတယ်။

အဆီ လိမ်းပေးပါ

ဗိုက်အဆီကျစေမယ့် လိမ်းဆေးခရင်မ်တွေ အများကြီးရှိပါတယ်။ သဘာဝအပင်တွေ၊ ဆေးဖက်ဝင်တွေ ကနေရတဲ့ အဆီတွေ ဒါမှမဟုတ် အဆီကျလိမ်းဆေးခရင်မ်လေးလိမ်းပြီး လေ့ကျင့်ခန်းလုပ်တာ ပိုထိရောက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

ဂျင်မ်သွားတာ၊ ယောဂကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေကြည့်ပြီး အိမ်မှာ လေ့ကျင့်ခန်းနည်းနည်းလုပ်လို့ရပါတယ်။ ဗိုက်နဲ့ခါးသီးသန့်ကျမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အေရွ႕အလယ္ပိုင္းမွာ ကိတ္ေနရင္ အႏၲရာယ္ရွိပါတယ္ အေရွ႕အလယ္ပိုင္းမွာ ကိတ္ေနရင္ အႏၲရာယ္ရွိပါတယ္ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.