ဇန္န၀ါရီ ေနာက္ဆံုးအပတ္ ေျမပံုျမိဳ႕နယ္ တိုက္ပြဲ ျပင္းထန္ျပီး ႏွစ္ဘက္အက်အဆံုးရွိ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၁/ ၂၀၂၀

ရခိုင္ျပည္နယ္၊ ေျမပံုျမိဳ႕နယ္၊ စညင္းႏွင့္ အင္းၾကမ္းဘက္တြင္ ဇန္န၀ါရီလ ေနာက္ဆံုုးအပတ္က ျဖစ္ပြားခဲ့သည့္ ျမန္မာ့တပ္ေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႕အၾကား တိုက္ပြဲမွာ ျပင္းထန္ျပီး ႏွစ္ဖက္ အထိအခိုက္အက်ဆံုးမ်ားရွိခဲ့သည္ဟု သတင္းရရွိသည္။

ဇန္န၀ါရီ ၂၇ ႏွင့္ ၂၈ ရက္ေန႕က ေျမပံုျမိဳ႕နယ္ အင္းၾကမ္းဘက္တြင္ ျဖစ္ပြားခဲ့ေသာ တုိက္ပြဲတြင္ ျမန္မာ့တပ္မေတာ္ဘက္က ၁၈ ဦးထက္ မနည္းက်ဆံုးခဲ့ျပီး ရကၡိဳင့္တပ္ေတာ္ (AA) ဘက္က ၅ ဦးက်ဆံုးခဲ့သည္ဟု ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရသူ ခိုင္သုခက ေျပာၾကားသည္။

“ ဇန္န၀ါရီ ၂၇၊ ၂၈ ေန႕ေတြက ေျမပံုျမိဳ႕နယ္နဲ႕ ပလက္၀ျမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားခဲ့တာရွိတယ္။ ဇန္န၀ါရီလ ၂၈ ရက္ေန႕မွာေတာ့ ၂၇ ရက္ေန႕က တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားခဲ့တဲ့ ေျမပံုျမိဳ႕နယ္ အင္းၾကမ္းေက်းရြာ ေျမာက္ဘက္ ၅ မီကီလို မီတာ အကြာအေ၀းမွာ ရွိတဲ့ ေတာင္တန္းမွာ မနက္ ၈ နာရီ ေလာက္က စျပီးေတာ့မွ ႏွစ္ဖက္ အျပန္အလွန္ ထိုးစစ္ေတြနဲ႕ အျပင္းအထန္ ျဖစ္ပြားခဲ့တာရွိတယ္။ ဆိုေတာ့ ရန္သူ႕ဘက္ကလည္း လက္နက္ၾကီး ပစ္ကူ၊ ေလေၾကာင္း ပစ္ကူေတြနဲ႕ အင္အား အလံုးအရင္းနဲ႕ အျပင္းအထန္ ထိုးစစ္ဆင္တာ ရွိတယ္။ ဆိုေတာ့ ကၽြန္ေတာ္တို႕ ရကၡိဳင့္တပ္ေတာ္ဘက္ကလည္း တန္ျပန္ ထိုးစစ္ေတြနဲ႕ ရန္သူကို ေခ်မႈန္း တိုက္ခိုက္ခဲ့တာရွိတယ္။ ညေန ၃ နာရီေလာက္မွာ ရန္သူ႕ဘက္ ရဟတ္ယာဥ္ႏွစ္စီးနဲ႕ လာေရာက္ပစ္ခတ္မႈေတြရွိခဲ့တယ္။ ည ၈ နာရီ ေလာက္ထိ လက္နက္ၾကီးကို သူတို႕ သံုးေနရာေလာက္ကေန မနားတမ္းပစ္ေနခဲ့တာ ရွိတယ္ ဗ်ာ။ ေနာက္ျပီးေတာ့ ဒီ ဇန္န၀ါရီ ၂၇ နဲ႕ ၂၈ ႏွစ္ရက္တာ ျပင္းထန္စြာ ျဖစ္ပြားတဲ့ တိုက္ပြဲေတြ အတြင္းမွာ ရန္သူရဲ႕ တပ္မ ၆၆ လက္ေအာက္ခံ ခလရ ၁၄ ဘက္က ေနျပီးေတာ့ ၁၈ ဦးထက္ မနည္းက်ဆံုးခဲ့တာ ရွိတယ္။ ပီးလို႕ရွိ ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိတယ္။ ရန္သူ႕ဆီက လက္နက္ခဲယမ္းမီးေက်ာက္ အသံုးအေဆာင္ ပစၥည္းေတြကို သိမ္းပိုက္ရရွိထားတာေတြရွိတယ္။ ဒီ ဇန္န၀ါရီ ၂၇ ရက္နဲ႕ ၂၈ ျပင္းထန္တဲ့ တိုက္ပြဲေတြ အတြင္းမွာ ကၽြန္ေတာ္ ရကၡိဳင့္တပ္ေတာ္ဘက္ကလည္း အာရကၡစစ္သည္ေတာ္ ၅ ဦး က်ဆံုးခဲ့တာ ရွိတယ္”ဟု ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရသူ ခိုင္သုခက ေျပာၾကားသည္။

အဆိုပါ တိုက္ပြဲသတင္းႏွင့္ ပတ္သက္ျပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းသို႕ ဆက္သြယ္ရာ ေျမပံုျမိဳ႕နယ္ စညင္းေက်းရြာ ဘက္တြင္ ဇန္န၀ါရီ ၂၈ ရက္ေန႕က တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳ ေျပာၾကားျပီး ဒဏ္ရာရသူ အခ်ိဳ႕ရွိခဲ့ေၾကာင္း ေျပာၾကားသည္။

“ ကၽြန္ေတာ္တို႕ဘက္က ဒဏ္ရာရတာ တစ္ခ်ိဳ႕ေတာ့ ရွိခဲ့တယ္။ ၅ ဦးထက္ မနည္း ဒဏ္ရာရခ့ဲတာ ရွိတယ္။ က်ဆံုးတာေတာ့ မရွိပါဘူး။ ေအေအဘက္က အထိအခိုက္ အက်အဆံုးကိုေတာ့ မသိပါဘူးဗ်ာ။ ဇန္န၀ါရီ ၂၈ ရက္ေန႕မွာ ေျမပံုျမိဳ႕နယ္ စညင္းဘက္မွာ ျဖစ္ခဲ့တာေတာ့ ရွိပါတယ္” ဟု ေျပာၾကားသည္။

ေဒသခံမ်ားသို႕ ဆက္သြယ္ရာ တိုက္ပြဲမ်ားမွာ အင္းၾကမ္းအနီးရွိ ေတာင္တန္းမ်ားတြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားမွာ ဇန္န၀ါရီ ၂၅ ရက္ေန႕က စတင္ျဖစ္ပြားခဲ့ျပီး ဇန္န၀ါရီ ၂၇ ရက္ႏွင့္ ၂၈ ရက္ေန႕မ်ားတြင္ အထူးျပင္းထန္ခဲ့ျပီး တပ္မေတာ္ဘက္က ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ အၾကိမ္ ၾကိမ္ တိုက္ခုိက္ခဲ့သည္ဟု စညင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။

------------------------

(Unicode)⤵⤵⤵
ဇန်နဝါရီ နောက်ဆုံးအပတ် မြေပုံမြို့နယ် တိုက်ပွဲ ပြင်းထန်ပြီး နှစ်ဘက်အကျအဆုံးရှိ

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းနှင့် အင်းကြမ်းဘက်တွင် ဇန်နဝါရီလ နောက်ဆုုံးအပတ်က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲမှာ ပြင်းထန်ပြီး နှစ်ဖက် အထိအခိုက်အကျဆုံးများရှိခဲ့သည်ဟု သတင်းရရှိသည်။

ဇန်နဝါရီ ၂၇ နှင့် ၂၈ ရက်နေ့က မြေပုံမြို့နယ် အင်းကြမ်းဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်က ၁၈ ဦးထက် မနည်းကျဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်က ၅ ဦးကျဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက ပြောကြားသည်။

“ ဇန်နဝါရီ ၂၇၊ ၂၈ နေ့တွေက မြေပုံမြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာရှိတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ ၂၇ ရက်နေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ မြေပုံမြို့နယ် အင်းကြမ်းကျေးရွာ မြောက်ဘက် ၅ မီကီလို မီတာ အကွာအဝေးမှာ ရှိတဲ့ တောင်တန်းမှာ မနက် ၈ နာရီ ေလာက်က စပြီးတော့မှ နှစ်ဖက် အပြန်အလှန် ထိုးစစ်တွေနဲ့ အပြင်းအထန် ဖြစ်ပွားခဲ့တာရှိတယ်။ ဆိုတော့ ရန်သူ့ဘက်ကလည်း လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူတွေနဲ့ အင်အား အလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်တာ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ဘက်ကလည်း တန်ပြန် ထိုးစစ်တွေနဲ့ ရန်သူကို ချေမှုန်း တိုက်ခိုက်ခဲ့တာရှိတယ်။ ညနေ ၃ နာရီလောက်မှာ ရန်သူ့ဘက် ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်မှုတွေရှိခဲ့တယ်။ ည ၈ နာရီ လောက်ထိ လက်နက်ကြီးကို သူတို့ သုံးနေရာလောက်ကနေ မနားတမ်းပစ်နေခဲ့တာ ရှိတယ် ဗျာ။ နောက်ပြီးတော့ ဒီ ဇန်နဝါရီ ၂၇ နဲ့ ၂၈ နှစ်ရက်တာ ပြင်းထန်စွာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်းမှာ ရန်သူရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ ဘက်က နေပြီးတော့ ၁၈ ဦးထက် မနည်းကျဆုံးခဲ့တာ ရှိတယ်။ ပီးလို့ရှိ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်။ ရန်သူ့ဆီက လက်နက်ခဲယမ်းမီးကျောက် အသုံးအဆောင် ပစ္စည်းတွေကို သိမ်းပိုက်ရရှိထားတာတွေရှိတယ်။ ဒီ ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ပြင်းထန်တဲ့ တိုက်ပွဲတွေ အတွင်းမှာ ကျွန်တော် ရက္ခိုင့်တပ်တော်ဘက်ကလည်း အာရက္ခစစ်သည်တော် ၅ ဦး ကျဆုံးခဲ့တာ ရှိတယ်”ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက ပြောကြားသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ မြေပုံမြို့နယ် စညင်းကျေးရွာ ဘက်တွင် ဇန်နဝါရီ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောကြားပြီး ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ဘက်က ဒဏ်ရာရတာ တစ်ချို့တော့ ရှိခဲ့တယ်။ ၅ ဦးထက် မနည်း ဒဏ်ရာရခဲ့တာ ရှိတယ်။ ကျဆုံးတာတော့ မရှိပါဘူး။ အေအေဘက်က အထိအခိုက် အကျအဆုံးကိုတော့ မသိပါဘူးဗျာ။ ဇန်နဝါရီ ၂၈ ရက်နေ့မှာ မြေပုံမြို့နယ် စညင်းဘက်မှာ ဖြစ်ခဲ့တာတော့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေသခံများသို့ ဆက်သွယ်ရာ တိုက်ပွဲများမှာ အင်းကြမ်းအနီးရှိ တောင်တန်းများတွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် အထူးပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ် နှစ်စီးဖြင့် အကြိမ် ကြိမ် တိုက်ခိုက်ခဲ့သည်ဟု စညင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ခိုင္လူလွ (ရိုးမေျမ)
Narinjara
https://www.facebook.com/narinjara.info
ဇန္န၀ါရီ ေနာက္ဆံုးအပတ္ ေျမပံုျမိဳ႕နယ္ တိုက္ပြဲ ျပင္းထန္ျပီး ႏွစ္ဘက္အက်အဆံုးရွိ ဇန္န၀ါရီ ေနာက္ဆံုးအပတ္ ေျမပံုျမိဳ႕နယ္ တိုက္ပြဲ ျပင္းထန္ျပီး ႏွစ္ဘက္အက်အဆံုးရွိ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.