ဖ်ားေနတဲ့ တ႐ုတ္ျပန္မန္ေနဂ်ာကို ေၾကးနီမိုင္းဝန္ထမ္းေတြ လုပ္ငန္းခြင္ဝင္ခြင့္မျပဳ

ႏိုဝမ္းကုမၸဏီက ဝန္ထမ္းေတြကို ၂၀၂၀၊ ဇန္နဝါရီ ၃၁ ရက္ေန႔ ညက ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံကေန ျပန္လာတာျဖစ္လို႔ ကို႐ိုနာ ဗိုင္းရပ္စ္ ပါလာႏိုင္တယ္ဆိုတဲ့ သံသယေၾကာင့္ ဝန္ထမ္း တစ္ေထာင္ေက်ာ္ဟာ မေန႔ညကတည္းက အလုပ္မဆင္းၾကပါဘူး။

စီႏိုဝမ္းကုမၸဏီရဲ႕ ဒုတိယ မန္ေနဂ်ာ တ႐ုတ္လူမ်ိဳး မစၥတာလုံးဆုံဟာ မေန႔က မႏၲေလးၿမိဳ႕ တံတားဦးေလဆိပ္ကေန လက္ပံေတာင္းေဒသက သူ႔ကုမၸဏီကိုျပန္အလာမွာ ေဒသခံေတြက ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ပါလာႏိုင္တယ္ဆိုတဲ့ သံသယေၾကာင့္ လမ္းမွာတားဆီးၿပီး မုံ႐ြာၿမိဳ႕ေဆး႐ုံမွာ စစ္ေဆးခိုင္းခဲ့ပါတယ္။

ေဆး႐ုံဘက္က က်န္းမာေရးစစ္ေဆးအၿပီးမွာ သာမာန္ ဖ်ားနာတာသာရွိတယ္လို႔ေျပာခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ဟာ အနည္းဆုံး ႏွစ္ပတ္ေလာက္ေစာင့္ၾကည့္ဖို႔ လိုအပ္တာေၾကာင့္ ကုမၸဏီမွာလက္မခံဖို႔ ညႇိႏႈိင္းတဲ့အခါ ကုမၸဏီဘက္ကလည္း သူ႔ကိုလက္မခံဘူးလို႔ ႏွစ္ဘက္နားလည္မႈရခဲ့ေပမယ့္ ည ကိုးနာရီေလာက္မွာ ကုမၸဏီထဲ ခိုးဝင္ခဲ့တယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။

အဲဒီကိစၥေၾကာင့္ မေန႔ညကတည္းက ညဆိုင္းအလုပ္သမားေတြကစၿပီး ဒီေန႔အထိ အလုပ္မဆင္းၾကလို႔ အစိုးရအဖြဲ႕ဝင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ကုမၸဏီတာဝန္ရွိသူေတြနဲ႔ အလုပ္သမားေတြ ဒီေန႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာပါ။ အဲဒီတ႐ုတ္ႏိုင္ငံသားကို အျခားတစ္ေနရာမွာထားဖို႔ ညႇိႏႈိင္းခဲ့တယ္လို႔ သိရပါတယ္။

ေဆြးေႏြးမႈမွာပါဝင္တဲ့ စစ္ကိုင္းတိုင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူက အဆင့္ဆင့္စစ္ေဆးၿပီး ေရာဂါမရွိတာမွန္ေပမယ့္ ေဒသခံေတြစိုးရိမ္ေနလို႔ သူ႔ကို တျခားေနရာမွာ ၁၄ ရက္ခြဲထားဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာပါတယ္။

"သူ႔ကိုေလာေလာဆယ္မွာ လုပ္ငန္းခြင္ထဲကို မဆင္းခိုင္းေသးဘဲနဲ႔ အျခားတစ္ေနရာရာမွာ ခြဲထားဖို႔ စီစဥ္ထားတယ္၊ တကယ္တမ္းေတာ့ ဟိုဘက္ႏိုင္ငံကလာကတည္းက အထြက္ကတည္းက သူ႔ကိုစစ္ေဆးခဲ့တယ္၊ သံသယျဖစ္ဖြယ္ရာမရွိလို႔ ကြၽန္ေတာ္တို႔ႏိုင္ငံထဲကို ေရာက္လာတာေလ၊ အဲေတာ့ ေလဆိပ္ကေနလည္း ဝင္တဲ့အခ်ိန္မွာ သူ႔ကိုစစ္တယ္၊ သံသယျဖစ္ဖြယ္မရွိလို႔ ဒီေရာက္တာလာ။"

ဒီကေန႔ ေဆြးေႏြးညႇိႏႈိင္းမႈအရ မုံ႐ြာၿမိဳ႕နယ္ထဲျဖစ္တဲ့ မိုင္းေတာင္း ဝန္ထမ္းအိမ္ယာမွာထားဖို႔ စီစဥ္ေပမယ့္ အဲဒီကဝန္ထမ္းေတြကလည္း လက္မခံတဲ့အတြက္ အဆင္မေျပျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ သူ႔ကို ဒီညပိုင္းမွာ မႏၲေလးကို ေျပာင္းေ႐ႊ႕ေပးမယ္လို႔ ကုမၸဏီဘက္က အေၾကာင္းျပန္ေၾကာင္း အလုပ္သမားညႇိႏႈိင္းေရးအဖြဲ႕ဝင္ ကိုသန္းေဇာ္ဝင္းက RFA ကိုေျပာပါတယ္။

"ကုမၸဏီဘက္က အေၾကာင္းျပန္လာတာကေတာ့ သူ႔ကိုျပန္ပို႔မယ္လို႔ေျပာတယ္၊ မႏၲေလးပို႔မယ္လို႔လည္းေျပာတယ္၊ တ႐ုတ္ျပည္ျပန္ပို႔မယ္လို႔လည္း ေျပာတယ္၊ သူမရွိရင္ ကြၽန္ေတာ္တို႔က ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အလုပ္ျပန္ဆင္းမယ္ဆိုတာလည္း ကုမၸဏီဘက္ကို ေျပာထားပါတယ္။"

အလုပ္သမားေတြဘက္ကေတာ့ လုပ္ငန္းခြင္ထဲမွာ အဲဒီတ႐ုတ္ႏိုင္ငံသားမရွိမွ အလုပ္ျပန္ဆင္းၾကမယ္လို႔ ေျပာထားတာေၾကာင့္ ည ၆ နာရီေနာက္ပိုင္းမွာ အလုပ္သမားေတြေရွ႕မွာ မွတ္တမ္းယူေစၿပီးမွ ေ႐ႊ႕ေျပာင္းေပးမယ္လို႔လည္း ကုမၸဏီဘက္ကေျပာေၾကာင္း ကိုသန္းေဇာ္ဝင္းကဆိုပါတယ္။

ေရာဂါမရွိေပမယ့္ ေဒသခံေတြ စိုးရိမ္စိတ္ မရွိေစဖို႔နဲ႔ လုပ္ငန္းျပန္လည္ လည္ပတ္ႏိုင္ေအာင္လို႔ အခုလိုစီစဥ္တာလို႔ ဆားလင္းႀကီးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ သိန္းႏိုင္ ေျပာပါတယ္။

"သူက ပုံမွန္လိုပါပဲ ထူးထူးျခားျခား အပူခ်ိန္တက္တာေတြဘာေတြလည္းမရွိပါဘူး သြားလို႔လာလို႔လည္း ရပါတယ္၊ သို႔ေသာ္လည္း ေဒသခံေတြ သံသယလည္းကင္းေအာင္၊ စီမံကိန္းလည္း ျပန္လုပ္လို႔ရေအာင္ ၁၄ ရက္ခြဲထားမယ္ေပါ့။"

ေညာင္ပင္ႀကီး႐ြာ ဥကၠ႒ ဦးျမင့္ဝင္းက အစကေတာ့ အစိုးရနဲ႔ ကုမၸဏီတာဝန္ရွိသူေတြ ေဆြးေႏြးတဲ့ရလဒ္ဟာ ေဒသခံေတြ ဆႏၵအတိုင္း မျဖစ္ရင္ မနက္ျဖန္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ ဆႏၵျပဖို႔စီစဥ္ထားေပမယ့္ အေျခအေနကို ေစာင့္ၾကည့္ဦးမယ္လို႔ ေျပာပါတယ္။

"ေနာက္ထပ္တ႐ုတ္ေတြ ထပ္ဝင္ေနမယ္ဆိုရင္ ဆႏၵထုတ္ေဖာ္မယ္၊ သတ္မွတ္တဲ့ေနရာမွာ မထားဘူးဆိုရင္လည္း ဆႏၵထုတ္ေဖာ္မယ္ေပါ့အစက၊ အဲ့ႏွစ္ခ်က္ေတာ့ရွိတယ္၊ ဒါေပမဲ့ အခုေတာ့ ကြၽန္ေတာ္တို႔က တစ္ထစ္ျပန္ေလွ်ာ့တယ္ သူ႔တို႔ရဲ႕အေျခအေနကို ေစာင့္ၾကည့္ဦးမယ္။"

ဇန္နဝါရီလ ၃၁ ရက္ေန႔ မေန႔ကပဲ တ႐ုတ္ႏိုင္ငံ ကြမ္ဂ်ိဳးေလဆိပ္ကေန ျမန္မာႏိုင္ငံ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ပ်ံသန္းလာတဲ့ China Airline ေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိတဲ့ တ႐ုတ္လူနာတစ္ေယာက္ပါလာလို႔ ေျမာက္ဥကၠလာ ေဝဘာဂီ ကူးစက္ေရာဂါကုသေရးေဆး႐ုံမွာ ေစာင့္ၾကည္လူနာအျဖစ္ ပို႔ေဆာင္ထားသလို ပဲခူးၿမိဳ႕ စက္မႈဇုန္ကိုျပန္လာတဲ့ တ႐ုတ္ႏိုင္ငံသား သုံးေယာက္ကိုလည္း ေဝဘာဂီေဆး႐ုံကို ပို႔ၿပီး သံသယလူနာအျဖစ္ ေစာင့္ၾကည့္ေနပါတယ္။

ဒါ့အျပင္ တ႐ုတ္ျပည္က အလုပ္လုပ္ၿပီးျပန္လာတဲ့ ေက်ာက္ေတာ္ေဒသခံ အမ်ိဳးသား တစ္ေယာက္ကိုလည္း ေဆး႐ုံရဲ႕ သီးသန႔္အေဆာင္မွာထားၿပီး ေစာင့္ၾကည့္ေနရတယ္လို႔ သိရပါတယ္။ မေန႔က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာေတာ့ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ျမန္မာျပည္မွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ အနည္းဆုံး သုံးဦး ရွိတယ္လို႔ ေျပာထားပါတယ္။

ဒီေန႔ညေနမွာေတာ့ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက တ႐ုတ္ျပည္ကေနလာမယ့္ ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ထုတ္ေပးတာ ယာယီရပ္ဆိုင္းဖို႔ ၫႊန္ၾကားလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚအေျခအေနအျဖစ္ ေၾကညာထားၿပီး မေန႔ကအထိ တစ္ကမာၻလုံး သံသယရွိလူနာ တစ္ေသာင္းခြဲေက်ာ္မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၉၈၂၆ ေယာက္နဲ႔ ေသဆုံးသူ ၂၁၃ ေယာက္ရွိေနၿပီ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဖျားနေတဲ့ တရုတ်ပြန်မန်နေဂျာကို ကြေးနီမိုင်းဝန်ထမ်းတွေ လုပ်ငန်းခွင်ဝင်ခွင့်မပြု

စီနိုဝမ်းကုမ္ပဏီက ဝန်ထမ်းတွေကို ၂၀၂၀၊ ဇန်နဝါရီ ၃၁ ရက်နေ့ ညက တွေ့ရစဉ်
Photo: Sis Min

တရုတ်နိုင်ငံကနေ ပြန်လာတာဖြစ်လို့ ကိုရိုနာ ဗိုင်းရပ်စ် ပါလာနိုင်တယ်ဆိုတဲ့ သံသယကြောင့် ဝန်ထမ်း တစ်ထောင်ကျော်ဟာ မနေ့ညကတည်းက အလုပ်မဆင်းကြပါဘူး။

စီနိုဝမ်းကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာ တရုတ်လူမျိုး မစ္စတာလုံးဆုံဟာ မနေ့က မန္တလေးမြို့ တံတားဦးလေဆိပ်ကနေ လက်ပံတောင်းဒေသက သူ့ကုမ္ပဏီကိုပြန်အလာမှာ ဒေသခံတွေက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပါလာနိုင်တယ်ဆိုတဲ့ သံသယကြောင့် လမ်းမှာတားဆီးပြီး မုံရွာမြို့ဆေးရုံမှာ စစ်ဆေးခိုင်းခဲ့ပါတယ်။

ဆေးရုံဘက်က ကျန်းမာရေးစစ်ဆေးအပြီးမှာ သာမာန် ဖျားနာတာသာရှိတယ်လို့ပြောခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ အနည်းဆုံး နှစ်ပတ်လောက်စောင့်ကြည့်ဖို့ လိုအပ်တာကြောင့် ကုမ္ပဏီမှာလက်မခံဖို့ ညှိနှိုင်းတဲ့အခါ ကုမ္ပဏီဘက်ကလည်း သူ့ကိုလက်မခံဘူးလို့ နှစ်ဘက်နားလည်မှုရခဲ့ပေမယ့် ည ကိုးနာရီလောက်မှာ ကုမ္ပဏီထဲ ခိုးဝင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီကိစ္စကြောင့် မနေ့ညကတည်းက ညဆိုင်းအလုပ်သမားတွေကစပြီး ဒီနေ့အထိ အလုပ်မဆင်းကြလို့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲဒီတရုတ်နိုင်ငံသားကို အခြားတစ်နေရာမှာထားဖို့ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုမှာပါဝင်တဲ့ စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အဆင့်ဆင့်စစ်ဆေးပြီး ရောဂါမရှိတာမှန်ပေမယ့် ဒေသခံတွေစိုးရိမ်နေလို့ သူ့ကို တခြားနေရာမှာ ၁၄ ရက်ခွဲထားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

"သူ့ကိုလောလောဆယ်မှာ လုပ်ငန်းခွင်ထဲကို မဆင်းခိုင်းသေးဘဲနဲ့ အခြားတစ်နေရာရာမှာ ခွဲထားဖို့ စီစဉ်ထားတယ်၊ တကယ်တမ်းတော့ ဟိုဘက်နိုင်ငံကလာကတည်းက အထွက်ကတည်းက သူ့ကိုစစ်ဆေးခဲ့တယ်၊ သံသယဖြစ်ဖွယ်ရာမရှိလို့ ကျွန်တော်တို့နိုင်ငံထဲကို ရောက်လာတာလေ၊ အဲတော့ လေဆိပ်ကနေလည်း ဝင်တဲ့အချိန်မှာ သူ့ကိုစစ်တယ်၊ သံသယဖြစ်ဖွယ်မရှိလို့ ဒီရောက်တာလာ။"

ဒီကနေ့ ဆွေးနွေးညှိနှိုင်းမှုအရ မုံရွာမြို့နယ်ထဲဖြစ်တဲ့ မိုင်းတောင်း ဝန်ထမ်းအိမ်ယာမှာထားဖို့ စီစဉ်ပေမယ့် အဲဒီကဝန်ထမ်းတွေကလည်း လက်မခံတဲ့အတွက် အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ဒီညပိုင်းမှာ မန္တလေးကို ပြောင်းရွှေ့ပေးမယ်လို့ ကုမ္ပဏီဘက်က အကြောင်းပြန်ကြောင်း အလုပ်သမားညှိနှိုင်းရေးအဖွဲ့ဝင် ကိုသန်းဇော်ဝင်းက RFA ကိုပြောပါတယ်။

"ကုမ္ပဏီဘက်က အကြောင်းပြန်လာတာကတော့ သူ့ကိုပြန်ပို့မယ်လို့ပြောတယ်၊ မန္တလေးပို့မယ်လို့လည်းပြောတယ်၊ တရုတ်ပြည်ပြန်ပို့မယ်လို့လည်း ပြောတယ်၊ သူမရှိရင် ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အလုပ်ပြန်ဆင်းမယ်ဆိုတာလည်း ကုမ္ပဏီဘက်ကို ပြောထားပါတယ်။"

အလုပ်သမားတွေဘက်ကတော့ လုပ်ငန်းခွင်ထဲမှာ အဲဒီတရုတ်နိုင်ငံသားမရှိမှ အလုပ်ပြန်ဆင်းကြမယ်လို့ ပြောထားတာကြောင့် ည ၆ နာရီနောက်ပိုင်းမှာ အလုပ်သမားတွေရှေ့မှာ မှတ်တမ်းယူစေပြီးမှ ရွှေ့ပြောင်းပေးမယ်လို့လည်း ကုမ္ပဏီဘက်ကပြောကြောင်း ကိုသန်းဇော်ဝင်းကဆိုပါတယ်။

ရောဂါမရှိပေမယ့် ဒေသခံတွေ စိုးရိမ်စိတ် မရှိစေဖို့နဲ့ လုပ်ငန်းပြန်လည် လည်ပတ်နိုင်အောင်လို့ အခုလိုစီစဉ်တာလို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် ပြောပါတယ်။

"သူက ပုံမှန်လိုပါပဲ ထူးထူးခြားခြား အပူချိန်တက်တာတွေဘာတွေလည်းမရှိပါဘူး သွားလို့လာလို့လည်း ရပါတယ်၊ သို့သော်လည်း ဒေသခံတွေ သံသယလည်းကင်းအောင်၊ စီမံကိန်းလည်း ပြန်လုပ်လို့ရအောင် ၁၄ ရက်ခွဲထားမယ်ပေါ့။"

ညောင်ပင်ကြီးရွာ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အစကတော့ အစိုးရနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဆွေးနွေးတဲ့ရလဒ်ဟာ ဒေသခံတွေ ဆန္ဒအတိုင်း မဖြစ်ရင် မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဆန္ဒပြဖို့စီစဉ်ထားပေမယ့် အခြေအနေကို စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။

"နောက်ထပ်တရုတ်တွေ ထပ်ဝင်နေမယ်ဆိုရင် ဆန္ဒထုတ်ဖော်မယ်၊ သတ်မှတ်တဲ့နေရာမှာ မထားဘူးဆိုရင်လည်း ဆန္ဒထုတ်ဖော်မယ်ပေါ့အစက၊ အဲ့နှစ်ချက်တော့ရှိတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က တစ်ထစ်ပြန်လျှော့တယ် သူ့တို့ရဲ့အခြေအနေကို စောင့်ကြည့်ဦးမယ်။"

ဇန်နဝါရီလ ၃၁ ရက်နေ့ မနေ့ကပဲ တရုတ်နိုင်ငံ ကွမ်ဂျိုးလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းလာတဲ့ China Airline ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ တရုတ်လူနာတစ်ယောက်ပါလာလို့ မြောက်ဥက္ကလာ ဝေဘာဂီ ကူးစက်ရောဂါကုသရေးဆေးရုံမှာ စောင့်ကြည်လူနာအဖြစ် ပို့ဆောင်ထားသလို ပဲခူးမြို့ စက်မှုဇုန်ကိုပြန်လာတဲ့ တရုတ်နိုင်ငံသား သုံးယောက်ကိုလည်း ဝေဘာဂီဆေးရုံကို ပို့ပြီး သံသယလူနာအဖြစ် စောင့်ကြည့်နေပါတယ်။

ဒါ့အပြင် တရုတ်ပြည်က အလုပ်လုပ်ပြီးပြန်လာတဲ့ ကျောက်တော်ဒေသခံ အမျိုးသား တစ်ယောက်ကိုလည်း ဆေးရုံရဲ့ သီးသန့်အဆောင်မှာထားပြီး စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အနည်းဆုံး သုံးဦး ရှိတယ်လို့ ပြောထားပါတယ်။

ဒီနေ့ညနေမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ပြည်ကနေလာမယ့် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး မနေ့ကအထိ တစ်ကမ္ဘာလုံး သံသယရှိလူနာ တစ်သောင်းခွဲကျော်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၈၂၆ ယောက်နဲ့ သေဆုံးသူ ၂၁၃ ယောက်ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ဖ်ားေနတဲ့ တ႐ုတ္ျပန္မန္ေနဂ်ာကို ေၾကးနီမိုင္းဝန္ထမ္းေတြ လုပ္ငန္းခြင္ဝင္ခြင့္မျပဳ ဖ်ားေနတဲ့ တ႐ုတ္ျပန္မန္ေနဂ်ာကို ေၾကးနီမိုင္းဝန္ထမ္းေတြ လုပ္ငန္းခြင္ဝင္ခြင့္မျပဳ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.