ကို႐ိုနာသတင္းမွားေတြကို ဘယ္လို ေစာင့္ၾကည့္ထိန္းခ်ဳပ္မလဲ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သတင္းေတြကို အစိုးရက ပုံမွန္ထုတ္ျပန္ေပးေနတဲ့အတြက္ လူမႈကြန္ရက္က သတင္းအမွားေတြကို မယုံၾကဖို႔နဲ႔ မျဖန႔္ေဝၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ သတင္းအမွားျဖန႔္ေဝတဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြ၊ အေကာင့္ေတြကို အစိုးရက ထုတ္ျပန္ေၾကညာ ေပးသင့္တယ္လို႔ ေထာက္ျပေဝဖန္သူေတြရွိပါတယ္။

အခုခ်ိန္မွာ လူမႈကြန္ရက္ေတြကေန ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ ပတ္သက္တဲ့ သတင္းအမွားေတြ၊ ေကာလဟလေတြ တင္ေနတာ၊ အဲဒါေတြကို တဆင့္ျဖန႔္ေဝေနတာေတြေၾကာင့္ ျပည္သူေတြထိတ္လန႔္၊ စိုးရိမ္ေနရတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီသတင္းေတြနဲ႔ပတ္သက္ရင္ က်န္းမာေရးဝန္ႀကီးဌာနအပါအဝင္ သက္ဆိုင္ရာဌာနေတြက တင္တဲ့သတင္းေတြ၊ တရားဝင္မီဒီယာေတြက သတင္းေတြကိုသာ ယုံၾကဖို႔ ေဖေဖာ္ဝါရီ ၁၃ ရက္က သတင္းထုတ္ျပန္တာပါ။

ရန္ကုန္တိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနမႈး ေဒါက္တာထြန္းျမင့္က လူမႈကြန္ရက္က သတင္းအမွားေတြကို မယုံဖို႔ ေျပာပါတယ္။

"ျပည္သူေတြကို ေျပာခ်င္တာက Facebook လူမႈကြန္ရက္က သတင္းေတြကို မယုံပါနဲ။ လြယ္လင့္တကူလည္း လက္မခံလိုက္ပါနဲ႔။ ဒီသတင္းရင္းျမစ္က ယုံၾကည္ရသလား။ ယုံၾကည္သင့္တာမွ ယုံပါ။ Facebook ေပၚမွာေတြ႕တာနဲ႔ မယုံပါနဲ႔"

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံသူ စေတြ႕တယ္ဆိုၿပီး ၂၀၁၉ ဒီဇင္ဘာမွာ တ႐ုတ္ႏိုင္ငံက သတင္းထုတ္ျပန္ပါတယ္။ ကူးစက္ခံထားရသူေတြထဲက သုံး ေယာက္ဟာ ဇန္နဝါရီလလယ္ေလာက္မွာ ေသဆုံးတယ္ဆိုတဲ့ သတင္းေတြထြက္လာပါတယ္။ တ႐ုတ္အပါအဝင္ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြမွာပါ ကူးစက္ခံရတာကိုလည္း လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔လာပါတယ္။ အဲဒီေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူေတြ ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတယ္ဆိုတဲ့ သတင္းေတြအပါအဝင္ ကူးစက္ခံရသူေတြ ရွိေနသလိုလို သတင္းေတြပ်ံ႕လာပါတယ္။

တခ်ိဳ႕သတင္းေတြကေတာ့ မွန္ေပမယ့္ အမ်ားစုကေတာ့ မဟုတ္တာေတြမ်ားပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕မွာ တ႐ုတ္ယန္စီကုမၸဏီက လုပ္ကိုင္ေနတဲ့ ေၾကးစင္ေတာင္ စီမံကိန္းက တ႐ုတ္ အလုပ္သမားေတြထဲမွာ ေသဆုံးသူေတြရွိတယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ပါတယ္။

အဲဒီသတင္းကလည္း စိုးရိမ္စိတ္နဲ႔ပ်ံ႕လာတဲ့သတင္းလို႔ စစ္ကိုင္းတိုင္းေဒသႀကီး ဆားလင္းႀကီးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသိန္းလြင္က ေျပာပါတယ္။

"တ႐ုတ္ကလာတယ္။ ကူးမွာေၾကာက္တယ္။ ဒါကေတာ့ စိုးရိမ္စိတ္။ စိုးရိမ္ခြင့္ရွိတယ္ေလ ျပည္သူေတြက။ တမင္သက္သက္ႀကီး ကူးေနၿပီဆိုၿပီး မဟုတ္တဲ့သတင္းထုတ္လႊင့္ရင္ ျပည္သူလူထု စိုးရိမ္မႈ၊ ထိတ္လန႔္မႈျဖစ္မယ္ေလ။ ျပည္သူကိုယ္စားျပဳတဲ့ အစိုးရပိုင္းတို႔ ကုမၸဏီတို႔ကေတာ့ ေက်နပ္ခ်င္မွ ေက်နပ္မယ္ေလ။"

အဲဒီသတင္းအမွားကို ျဖန႔္ေဝသူကို အေရးယူတာေတာ့ မေတြ႕ရဘူးလို႔လည္း ေျပာပါတယ္။ ဒီလိုသတင္းေတြကို ယုံၾကည္တာဟာ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြအေပၚ သံသယရွိတာေၾကာင့္လို႔ သုံးသပ္သူေတြ ရွိပါတယ္။

အခုလိုသတင္းေတြကို ယုံတဲ့သူေတြရွိတာက အရင္အစိုးရေတြ လက္ထက္မွာတုန္းက သတင္းအမွန္ကို မထုတ္ျပန္ခဲ့တဲ့အတြက္ ရတဲ့သတင္းအခ်က္လက္ေတြေပၚမွာပဲ ယုံၾကည္သြားၾကတာလို႔ သုံးသပ္တာက ရန္ကုန္အေျခစိုက္ သတင္းသမားတစ္ဦးျဖစ္တဲ့ ကိုသီဟေသြး ပါ။

"အစိုးကကိုယ္တိုင္က ဒါကိုမသိႏိုင္ဘူး။ သိႏိုင္ေလာက္ေအာင္ အားနည္းတယ္ေပါ့ေလ။ အစိုးရက ဒီကိစၥနဲ႔ပတ္သက္ရင္ စိုးရိမ္မႈနည္းတယ္။ သိပ္ၿပီးေတာ့ မလႈပ္ရွားဘူး။ မတက္ႂကြဘူးေပါ့ေနာ္။ ရွိရဲ႕သားနဲ႔ ဖုံးထားတာ ေနာက္တစ္ခု ရွိတာကို ရွိမွန္း အစိုးရကမသိဘူးဆိုတဲ့ အခ်က္ ႏွစ္ခ်က္ေပၚအေျခခံၿပီး လူေတြက စိုးရိမ္တယ္။ အစိုးရမေျပာဘဲနဲ႔ သတင္းေတြက ဘယ္ကရမလဲဆိုၿပီးစူးစမ္းၾက၊ ရွာေဖြၾကတာေပါ့ေနာ္…"

အစိုးရအဖြဲ႕တစ္ခုျဖစ္တဲ့ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာေတာ့ သတင္းမွားေတြကိုသာမယုံၾကဖို႔ သတိေပးေပမယ့္ သတင္းမွားေတြ ထုတ္တဲ့သူေတြ၊ ျဖန႔္တဲ့သူေတြကို ဘယ္လို အေရးယူမယ္ဆိုတာေတာ့ မပါပါဘူး။ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာေတာ့ ကို႐ိုနာသတင္းအမွား ျဖန႔္ေဝသူေတြကို စုံစမ္းဖမ္းဆီးဖို႔ ထိုင္းအစိုးရက ေတာ္ဝင္ထိုင္းရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး သတင္းတုတိုက္ဖ်က္ေရးဌာနကို ဖြဲ႕စည္းလိုက္ပါတယ္။

စကၤာပူႏိုင္ငံမွာလည္း အခုလို မဟုတ္မမွန္သတင္းေတြ ကူးယူတင္တာ၊ ျဖန႔္ေဝတာေတြ မလုပ္ဖို႔ စကၤာပူ အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားၿပီး၊ မဟုတ္မမွန္ သတင္းေတြျဖန႔္ရင္ ထိထိေရာက္ေရာက္ အေရးယူမယ္လို႔လည္း သတိေပးထားပါတယ္။

သတင္းအခ်က္လက္ျဖန႔္ေဝဖို႔ အဓိကတာဝန္ရွိတဲ့ ျမန္မာႏိုင္ငံျပန္ၾကားေရးဝန္ႀကီးဌာနကေန ဘယ္သတင္းစာမ်က္ႏွာေတြကေတာ့ အမွားေတြျဖန႔္ေနတာ၊ ဘယ္အေကာင့္ကေနေတာ့ လူထိတ္လန႔္ေစတဲ့ သတင္းမွားေတြ ေရးေနတယ္ဆိုတာေတြကို ေစာင့္ၾကည့္ေလ့လာၿပီး အမ်ားျပည္သူကို ထုတ္ျပန္သင့္တယ္လို႔ ေထာက္ျပသူေတြလည္း ရွိပါတယ္။

အဲဒီလို ေထာက္ျပတာက သတင္းမီဒီယာေကာင္စီအဖြဲ႕ဝင္ ဦးျမင့္ေက်ာ္ ပါ။

"က်န္းမာေရးဝန္ႀကီးဌာနကို ဆိုလိုတာမဟုတ္ဘူး။ ဥပမာ- ျပန္ၾကားေရးဝန္ႀကီးဌာနလိုမ်ိဳး၊ ေကာင္စီလည္း တနည္းအားျဖင့္ တာဝန္ရွိတယ္ေပါ့ေနာ္၊ ျပန္ၾကားေရးဝန္ႀကီးဌာနအေနနဲ႔ ဒီလိုမ်ိဳးသတင္းအမွားေတြကို သုေတသနေစာင့္ၾကည့္ၿပီး ထုတ္ျပန္ဖို႔လိုတယ္ေပါ့။ အေရးယူတာေတြ၊ ေဖာ္ထုတ္ဖမ္းဆီးတာေတြက နည္းပညာလိုတယ္။ အျခားေသာ ဝန္ႀကီးဌာနနဲ႔ဆိုင္တယ္။ ဆက္သြယ္ေရးတို႔၊ ျပည္ထဲေရးတို႔ေပါ့၊ အဲ့ဒီလိုမ်ိဳး မလုပ္ႏိုင္ရင္ေတာင္ ဘယ္ဟာေတြက သတင္းမွားေတြပါ၊ ဘယ္ဆိုက္ေတြက သတင္းမွားေတာ့ တင္ေလ့ရွိပါတယ္ဆိုတာကို ခပ္စိတ္စိတ္ ပုံမွန္ထုတ္ျပန္ေပးဖို႔က ျပန္ၾကားေရးဝန္ႀကီးဌာနက အဆီေလ်ာ္ဆုံး၊ တာဝန္အရွိဆုံးလို႔ ထင္တယ္ေလ။"

ျမန္မာသတင္းမီဒီယာေကာင္စီကေတာ့ ကို႐ိုနာဗိုင္းရပ္စ္အပါအဝင္ တျခားသတင္းေတြနဲ႔ ပတ္သက္ရင္လည္း သတင္းမွားျဖန႔္ေဝေနတဲ့ အေကာင့္ေတြ၊ ဝက္ဘ္ဆိုက္ေတြကို လာမယ့္အပတ္ထဲမွာ ထုတ္ျပန္ဖို႔ စီစဥ္ေနပါတယ္။

သတင္းမွားေတြတင္တဲ့ အေကာင့္ေတြကို ေစာင့္ၾကည့္သင့္တယ္လို႔ ေထာက္ျပတဲ့အခ်က္နဲ႔ ပတ္သက္ၿပီး ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားတာမရွိပါဘူး။

မဟုတ္မမွန္သတင္းေတြကို ျဖန႔္တာဟာ စိုးရိမ္စိတ္နဲ႔ လူအမ်ားသိေအာင္ျဖန႔္တာမ်ိဳး ရွိသလို၊ ဒီသတင္းက မွန္သလား၊ မွားသလားဆိုတာကို အတည္ျပဳတာ လိုခ်င္လို႔ ျဖန႔္တာမ်ိဳး ရွိပါတယ္။ တခ်ိဳ႕ကေတာ့ ကိုယ့္သတင္းအခ်က္လက္ကိုျဖန႔္ေဝသူ၊ Like မ်ားခ်င္သူ၊ ကိုယ့္ဝက္ဘ္ဆိုက္- စာမ်က္ႏွာကို လူၾကည့္မ်ားခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ျဖန႔္ေဝတာမ်ိဳးေတြလည္းရွိပါတယ္။

အဲဒီလို မဟုတ္မမွန္သတင္းေတြ ျဖန႔္ေဝတာဟာ လူ႔က်င့္ဝတ္နဲ႔လည္းမညီဘဲ အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္တာ၊ လူနာနဲ႔ မိသားစုဝင္ေတြအတြက္ နစ္နာေစတာ၊ က်န္းမာေရးဝန္ထမ္းေတြ အတြက္လည္း ထိခိုက္နစ္နာေစတာေၾကာင့္ ထပ္ဆင့္ျဖန႔္ေဝတာေတြမလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုရိုနာသတင်းမှားတွေကို ဘယ်လို စောင့်ကြည့်ထိန်းချုပ်မလဲ

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အစိုးရက ပုံမှန်ထုတ်ပြန်ပေးနေတဲ့အတွက် လူမှုကွန်ရက်က သတင်းအမှားတွေကို မယုံကြဖို့နဲ့ မဖြန့်ဝေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သတင်းအမှားဖြန့်ဝေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အကောင့်တွေကို အစိုးရက ထုတ်ပြန်ကြေညာ ပေးသင့်တယ်လို့ ထောက်ပြဝေဖန်သူတွေရှိပါတယ်။

အခုချိန်မှာ လူမှုကွန်ရက်တွေကနေ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ကောလဟလတွေ တင်နေတာ၊ အဲဒါတွေကို တဆင့်ဖြန့်ဝေနေတာတွေကြောင့် ပြည်သူတွေထိတ်လန့်၊ စိုးရိမ်နေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ရင် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေက တင်တဲ့သတင်းတွေ၊ တရားဝင်မီဒီယာတွေက သတင်းတွေကိုသာ ယုံကြဖို့ ဖေဖော်ဝါရီ ၁၃ ရက်က သတင်းထုတ်ပြန်တာပါ။

ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမြင့်က လူမှုကွန်ရက်က သတင်းအမှားတွေကို မယုံဖို့ ပြောပါတယ်။

"ပြည်သူတွေကို ပြောချင်တာက Facebook လူမှုကွန်ရက်က သတင်းတွေကို မယုံပါနဲ။ လွယ်လင့်တကူလည်း လက်မခံလိုက်ပါနဲ့။ ဒီသတင်းရင်းမြစ်က ယုံကြည်ရသလား။ ယုံကြည်သင့်တာမှ ယုံပါ။ Facebook ပေါ်မှာတွေ့တာနဲ့ မယုံပါနဲ့"

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူ စတွေ့တယ်ဆိုပြီး ၂၀၁၉ ဒီဇင်ဘာမှာ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။ ကူးစက်ခံထားရသူတွေထဲက သုံး ယောက်ဟာ ဇန်နဝါရီလလယ်လောက်မှာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ တရုတ်အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ ကူးစက်ခံရတာကိုလည်း လူမှုကွန်ရက်မှာပျံ့နှံ့လာပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေအပါအဝင် ကူးစက်ခံရသူတွေ ရှိနေသလိုလို သတင်းတွေပျံ့လာပါတယ်။

တချို့သတင်းတွေကတော့ မှန်ပေမယ့် အများစုကတော့ မဟုတ်တာတွေများပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့မှာ တရုတ်ယန်စီကုမ္ပဏီက လုပ်ကိုင်နေတဲ့ ကြေးစင်တောင် စီမံကိန်းက တရုတ် အလုပ်သမားတွေထဲမှာ သေဆုံးသူတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

အဲဒီသတင်းကလည်း စိုးရိမ်စိတ်နဲ့ပျံ့လာတဲ့သတင်းလို့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

"တရုတ်ကလာတယ်။ ကူးမှာကြောက်တယ်။ ဒါကတော့ စိုးရိမ်စိတ်။ စိုးရိမ်ခွင့်ရှိတယ်လေ ပြည်သူတွေက။ တမင်သက်သက်ကြီး ကူးနေပြီဆိုပြီး မဟုတ်တဲ့သတင်းထုတ်လွှင့်ရင် ပြည်သူလူထု စိုးရိမ်မှု၊ ထိတ်လန့်မှုဖြစ်မယ်လေ။ ပြည်သူကိုယ်စားပြုတဲ့ အစိုးရပိုင်းတို့ ကုမ္ပဏီတို့ကတော့ ကျေနပ်ချင်မှ ကျေနပ်မယ်လေ။"

အဲဒီသတင်းအမှားကို ဖြန့်ဝေသူကို အရေးယူတာတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။ ဒီလိုသတင်းတွေကို ယုံကြည်တာဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအပေါ် သံသယရှိတာကြောင့်လို့ သုံးသပ်သူတွေ ရှိပါတယ်။

အခုလိုသတင်းတွေကို ယုံတဲ့သူတွေရှိတာက အရင်အစိုးရတွေ လက်ထက်မှာတုန်းက သတင်းအမှန်ကို မထုတ်ပြန်ခဲ့တဲ့အတွက် ရတဲ့သတင်းအချက်လက်တွေပေါ်မှာပဲ ယုံကြည်သွားကြတာလို့ သုံးသပ်တာက ရန်ကုန်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုသီဟသွေး ပါ။

"အစိုးကကိုယ်တိုင်က ဒါကိုမသိနိုင်ဘူး။ သိနိုင်လောက်အောင် အားနည်းတယ်ပေါ့လေ။ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ရင် စိုးရိမ်မှုနည်းတယ်။ သိပ်ပြီးတော့ မလှုပ်ရှားဘူး။ မတက်ကြွဘူးပေါ့နော်။ ရှိရဲ့သားနဲ့ ဖုံးထားတာ နောက်တစ်ခု ရှိတာကို ရှိမှန်း အစိုးရကမသိဘူးဆိုတဲ့ အချက် နှစ်ချက်ပေါ်အခြေခံပြီး လူတွေက စိုးရိမ်တယ်။ အစိုးရမပြောဘဲနဲ့ သတင်းတွေက ဘယ်ကရမလဲဆိုပြီးစူးစမ်းကြ၊ ရှာဖွေကြတာပေါ့နော်…"

အစိုးရအဖွဲ့တစ်ခုဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ သတင်းမှားတွေကိုသာမယုံကြဖို့ သတိပေးပေမယ့် သတင်းမှားတွေ ထုတ်တဲ့သူတွေ၊ ဖြန့်တဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ မပါပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုရိုနာသတင်းအမှား ဖြန့်ဝေသူတွေကို စုံစမ်းဖမ်းဆီးဖို့ ထိုင်းအစိုးရက တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သတင်းတုတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာလည်း အခုလို မဟုတ်မမှန်သတင်းတွေ ကူးယူတင်တာ၊ ဖြန့်ဝေတာတွေ မလုပ်ဖို့ စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ မဟုတ်မမှန် သတင်းတွေဖြန့်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

သတင်းအချက်လက်ဖြန့်ဝေဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနကနေ ဘယ်သတင်းစာမျက်နှာတွေကတော့ အမှားတွေဖြန့်နေတာ၊ ဘယ်အကောင့်ကနေတော့ လူထိတ်လန့်စေတဲ့ သတင်းမှားတွေ ရေးနေတယ်ဆိုတာတွေကို စောင့်ကြည့်လေ့လာပြီး အများပြည်သူကို ထုတ်ပြန်သင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

အဲဒီလို ထောက်ပြတာက သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် ပါ။

"ကျန်းမာရေးဝန်ကြီးဌာနကို ဆိုလိုတာမဟုတ်ဘူး။ ဥပမာ- ပြန်ကြားရေးဝန်ကြီးဌာနလိုမျိုး၊ ကောင်စီလည်း တနည်းအားဖြင့် တာဝန်ရှိတယ်ပေါ့နော်၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုမျိုးသတင်းအမှားတွေကို သုတေသနစောင့်ကြည့်ပြီး ထုတ်ပြန်ဖို့လိုတယ်ပေါ့။ အရေးယူတာတွေ၊ ဖော်ထုတ်ဖမ်းဆီးတာတွေက နည်းပညာလိုတယ်။ အခြားသော ဝန်ကြီးဌာနနဲ့ဆိုင်တယ်။ ဆက်သွယ်ရေးတို့၊ ပြည်ထဲရေးတို့ပေါ့၊ အဲ့ဒီလိုမျိုး မလုပ်နိုင်ရင်တောင် ဘယ်ဟာတွေက သတင်းမှားတွေပါ၊ ဘယ်ဆိုက်တွေက သတင်းမှားတော့ တင်လေ့ရှိပါတယ်ဆိုတာကို ခပ်စိတ်စိတ် ပုံမှန်ထုတ်ပြန်ပေးဖို့က ပြန်ကြားရေးဝန်ကြီးဌာနက အဆီလျော်ဆုံး၊ တာဝန်အရှိဆုံးလို့ ထင်တယ်လေ။"

မြန်မာသတင်းမီဒီယာကောင်စီကတော့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် တခြားသတင်းတွေနဲ့ ပတ်သက်ရင်လည်း သတင်းမှားဖြန့်ဝေနေတဲ့ အကောင့်တွေ၊ ဝက်ဘ်ဆိုက်တွေကို လာမယ့်အပတ်ထဲမှာ ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။

သတင်းမှားတွေတင်တဲ့ အကောင့်တွေကို စောင့်ကြည့်သင့်တယ်လို့ ထောက်ပြတဲ့အချက်နဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

မဟုတ်မမှန်သတင်းတွေကို ဖြန့်တာဟာ စိုးရိမ်စိတ်နဲ့ လူအများသိအောင်ဖြန့်တာမျိုး ရှိသလို၊ ဒီသတင်းက မှန်သလား၊ မှားသလားဆိုတာကို အတည်ပြုတာ လိုချင်လို့ ဖြန့်တာမျိုး ရှိပါတယ်။ တချို့ကတော့ ကိုယ့်သတင်းအချက်လက်ကိုဖြန့်ဝေသူ၊ Like များချင်သူ၊ ကိုယ့်ဝက်ဘ်ဆိုက်- စာမျက်နှာကို လူကြည့်များချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ဝေတာမျိုးတွေလည်းရှိပါတယ်။

အဲဒီလို မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာဟာ လူ့ကျင့်ဝတ်နဲ့လည်းမညီဘဲ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်တာ၊ လူနာနဲ့ မိသားစုဝင်တွေအတွက် နစ်နာစေတာ၊ ကျန်းမာရေးဝန်ထမ်းတွေ အတွက်လည်း ထိခိုက်နစ်နာစေတာကြောင့် ထပ်ဆင့်ဖြန့်ဝေတာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာသတင္းမွားေတြကို ဘယ္လို ေစာင့္ၾကည့္ထိန္းခ်ဳပ္မလဲ ကို႐ိုနာသတင္းမွားေတြကို ဘယ္လို ေစာင့္ၾကည့္ထိန္းခ်ဳပ္မလဲ Reviewed by THITHTOOLWIN on 22:46 Rating: 5
Powered by Blogger.