ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ တ႐ုတ္ခရီးသြား ျပင္သစ္မွာ ေသဆုံး

 ျပင္သစ္မွာ ကူးစက္ခံထားရသူ ၁၁ ဦးရွိၿပီ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္သစ္ ကူးစက္ခံရသူ တ႐ုတ္ခရီးသြားတစ္ဦး ျပင္သစ္ႏိုင္ငံမွာ ေသဆုံးခဲ့လို႔ အာရွျပင္ပမွာ ဒီဗိုင္းရပ္စ္ပိုးေၾကာင့္ ပထမဆုံးေသဆုံးသူ ျဖစ္လာပါတယ္။

ေသဆုံးခဲ့သူဟာ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္က လာသူ အသက္ ၈၀ အမ်ိဳးသားျဖစ္တယ္လို႔ ျပင္သစ္ က်န္းမာေရး ဝန္ႀကီးက ေျပာပါတယ္။

သူျပင္သစ္ကို ဇန္နဝါရီ ၁၆ မွာ ေရာက္လာခဲ့ၿပီး ျပင္သစ္က ေဆး႐ုံမွာ ဇန္နဝါရီ ၂၅ မွာ သီးသန႔္ခြဲထားခဲ့တယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

အခုေသဆုံးခဲ့သူ အမ်ိဳးသားရဲ႕ သမီးလည္း ကူးစက္ခံထားရၿပီး သူကေတာ့ ျပန္က်န္းမာလာမယ္လို႔ ယူဆရပါတယ္။

အခု ျပင္သစ္က ေသဆုံးသူမတိုင္ခင္က တ႐ုတ္ျပည္မႀကီး ျပင္ပမွာ ေသဆုံးသူ သုံးေယာက္ရွိခဲ့ၿပီး ေဟာင္ေကာင္၊ ဖိလစ္ပိုင္နဲ႔ ဂ်ပန္တို႔မွာ ျဖစ္ပါတယ္။
တ႐ုတ္မွာ ကူးစက္မႈ ကာကြယ္ေရး ထပ္တင္းၾကပ္

ႏွစ္သစ္ကူး ပိတ္ရက္အၿပီး တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘဂ်င္းကို တျခားေနရာအသီးသီးက ျပန္လာၾကတဲ့ ၿမိဳ႕ခံေတြအားလုံး ကိုယ့္အိမ္မွာကိုယ္ ၁၄ ရက္ သီးသန႔္ခြဲေနမယ္လို႔ ၫႊန္ၾကားလိုက္ၿပီး မလိုက္နာသူေတြ အျပစ္ေပးခံရမယ္လို႔ ေျပာပါတယ္။

အဲဒါက အီဂ်စ္မွာ ပထမဆုံး ကူးစက္ခံရသူေတြ႕အၿပီး အခုလို ေျပာလိုက္တာပါ။ ေဘဂ်င္းမွာ လူဦးေရ သန္း ၂၀ ေက်ာ္ ရွိပါတယ္။

ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၅၀၀ ေက်ာ္ရွိၿပီး အမ်ားစုက ေရာဂါပိုး စျပန႔္ခဲ့တဲ့ တ႐ုတ္ ႏိုင္ငံ ဟူေဘးျပည္နယ္မွာ ျဖစ္ပါတယ္။

တ႐ုတ္မွာ ကူးစက္ခံရသူ ၂၆၄၁ ေယာက္ ထပ္ေတြ႕ခဲ့လို႔ ေရာဂါပိုးကူးစက္သူ ၆၆,၄၉၂ ေယာက္ ရွိလာၿပီ ျဖစ္ပါတယ္။
တ႐ုတ္ျပင္ပ

တ႐ုတ္ႏိုင္ငံျပင္ပမွာေတာ့ ကူးစက္ခံရသူ ၅၀၀ ေက်ာ္ရွိၿပီး ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံမွာ ကူးစက္ခံထားရပါတယ္။

ျပင္သစ္ - ျပင္သစ္မွာေတာ့ ကူးစက္ခံရသူ ၁၁ ဦး ရွိတယ္လို႔ အတည္ျပဳထားၿပီး ၆ ဦးက ေဆး႐ုံတက္ ကုသေနရပါတယ္။

အေမရိကန္- ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ေတြ႕ရွိလို႔ ဂ်ပန္မွာ ကမ္းကပ္ထားတဲ့ Diamond Princess ခရီးသည္ သေဘၤာေပၚက အေမရိကန္ေတြကို သြားေခၚမယ့္ ေလယာဥ္ေစလႊြတ္မယ္လို႔ ေျပာပါတယ္။ ခရီးသည္ေတြဟာ အခုခ်ိန္မွာ သေဘၤာေပၚမွာ သီးသန႔္ခြဲထားခံရပါတယ္။

ခရီးသည္နဲ႔ ဝန္ထမ္း ၃၇၀၀ မွာ ၂၁၈ ေယာက္မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

ၾသစေၾတးလ် - အဲဒီသေဘၤာေပၚမွာ ပိတ္မိသူေတြကို ကယ္ထုတ္ဖို႔ စဥ္းစားမယ္လို႔ ၾသစေၾတးလ်ကလည္း ေျပာပါတယ္။

အီဂ်စ္ - အီဂ်စ္မွာ ပထမဆုံး ကူးစက္သူေတြ႕တယ္လို႔ အစိုးရက ေသာၾကာေန႔က ထုတ္ေျပာပါတယ္။ ကူးစက္ခံထားရသူက ႏိုင္ငံျခားသားလို႔ေျပာၿပီး ဘယ္ႏိုင္ငံသားဆိုတာေတာ့ မသိရေသးပါဘူး။ အဲဒါဟာ အာဖရိကမွာ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္သစ္ ကူးစက္ခံရတာ ေတြ႕ရွိမႈ ျဖစ္ပါတယ္။

ဒါဟာ အေရွ႕အလယ္ပိုင္းေဒသအေနနဲ႔ဆိုရင္ေတာ့ ယူေအအီးမွာ ကူးစက္မႈ ေတြ႕ရွိအၿပီး ဒုတိယေျမာက္ ကူးစက္မႈ ေတြ႕ရတဲ့ႏိုင္ငံ ျဖစ္လာပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တရုတ်ခရီးသွား ပြင်သစ်မှာ သေဆုံး

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြင်သစ်မှာ ကူးစက်ခံထားရသူ ၁၁ ဦးရှိပြီ

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ တရုတ်ခရီးသွားတစ်ဦး ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့လို့ အာရှပြင်ပမှာ ဒီဗိုင်းရပ်စ်ပိုးကြောင့် ပထမဆုံးသေဆုံးသူ ဖြစ်လာပါတယ်။

သေဆုံးခဲ့သူဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က လာသူ အသက် ၈၀ အမျိုးသားဖြစ်တယ်လို့ ပြင်သစ် ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

သူပြင်သစ်ကို ဇန်နဝါရီ ၁၆ မှာ ရောက်လာခဲ့ပြီး ပြင်သစ်က ဆေးရုံမှာ ဇန်နဝါရီ ၂၅ မှာ သီးသန့်ခွဲထားခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အခုသေဆုံးခဲ့သူ အမျိုးသားရဲ့ သမီးလည်း ကူးစက်ခံထားရပြီး သူကတော့ ပြန်ကျန်းမာလာမယ်လို့ ယူဆရပါတယ်။

အခု ပြင်သစ်က သေဆုံးသူမတိုင်ခင်က တရုတ်ပြည်မကြီး ပြင်ပမှာ သေဆုံးသူ သုံးယောက်ရှိခဲ့ပြီး ဟောင်ကောင်၊ ဖိလစ်ပိုင်နဲ့ ဂျပန်တို့မှာ ဖြစ်ပါတယ်။
တရုတ်မှာ ကူးစက်မှု ကာကွယ်ရေး ထပ်တင်းကြပ်

နှစ်သစ်ကူး ပိတ်ရက်အပြီး တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို တခြားနေရာအသီးသီးက ပြန်လာကြတဲ့ မြို့ခံတွေအားလုံး ကိုယ့်အိမ်မှာကိုယ် ၁၄ ရက် သီးသန့်ခွဲနေမယ်လို့ ညွှန်ကြားလိုက်ပြီး မလိုက်နာသူတွေ အပြစ်ပေးခံရမယ်လို့ ပြောပါတယ်။

အဲဒါက အီဂျစ်မှာ ပထမဆုံး ကူးစက်ခံရသူတွေ့အပြီး အခုလို ပြောလိုက်တာပါ။ ဘေဂျင်းမှာ လူဦးရေ သန်း ၂၀ ကျော် ရှိပါတယ်။

ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၀၀ ကျော်ရှိပြီး အများစုက ရောဂါပိုး စပြန့်ခဲ့တဲ့ တရုတ် နိုင်ငံ ဟူဘေးပြည်နယ်မှာ ဖြစ်ပါတယ်။

တရုတ်မှာ ကူးစက်ခံရသူ ၂၆၄၁ ယောက် ထပ်တွေ့ခဲ့လို့ ရောဂါပိုးကူးစက်သူ ၆၆,၄၉၂ ယောက် ရှိလာပြီ ဖြစ်ပါတယ်။
တရုတ်ပြင်ပ

တရုတ်နိုင်ငံပြင်ပမှာတော့ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ကူးစက်ခံထားရပါတယ်။

ပြင်သစ် - ပြင်သစ်မှာတော့ ကူးစက်ခံရသူ ၁၁ ဦး ရှိတယ်လို့ အတည်ပြုထားပြီး ၆ ဦးက ဆေးရုံတက် ကုသနေရပါတယ်။

အမေရိကန်- ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိလို့ ဂျပန်မှာ ကမ်းကပ်ထားတဲ့ Diamond Princess ခရီးသည် သင်္ဘောပေါ်က အမေရိကန်တွေကို သွားခေါ်မယ့် လေယာဉ်စေလွှွတ်မယ်လို့ ပြောပါတယ်။ ခရီးသည်တွေဟာ အခုချိန်မှာ သင်္ဘောပေါ်မှာ သီးသန့်ခွဲထားခံရပါတယ်။

ခရီးသည်နဲ့ ဝန်ထမ်း ၃၇၀၀ မှာ ၂၁၈ ယောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

သြစတြေးလျ - အဲဒီသင်္ဘောပေါ်မှာ ပိတ်မိသူတွေကို ကယ်ထုတ်ဖို့ စဉ်းစားမယ်လို့ သြစတြေးလျကလည်း ပြောပါတယ်။

အီဂျစ် - အီဂျစ်မှာ ပထမဆုံး ကူးစက်သူတွေ့တယ်လို့ အစိုးရက သောကြာနေ့က ထုတ်ပြောပါတယ်။ ကူးစက်ခံထားရသူက နိုင်ငံခြားသားလို့ပြောပြီး ဘယ်နိုင်ငံသားဆိုတာတော့ မသိရသေးပါဘူး။ အဲဒါဟာ အာဖရိကမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတာ တွေ့ရှိမှု ဖြစ်ပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်းဒေသအနေနဲ့ဆိုရင်တော့ ယူအေအီးမှာ ကူးစက်မှု တွေ့ရှိအပြီး ဒုတိယမြောက် ကူးစက်မှု တွေ့ရတဲ့နိုင်ငံ ဖြစ်လာပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ တ႐ုတ္ခရီးသြား ျပင္သစ္မွာ ေသဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ တ႐ုတ္ခရီးသြား ျပင္သစ္မွာ ေသဆုံး Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.