တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္

တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံမွာ ျပည္နယ္ ေပါင္း ၃၀ ေက်ာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးသစ္ ကူးစက္ပ်ံ႕ႏွံ႔တဲ့ေနာက္ ျမန္မာႏိုင္ငံနဲ႔ ကပ္ေနတဲ့ ယူနန္ျပည္နယ္ထဲက ျမန္မာအလုပ္သမား ေထာင္ခ်ီၿပီး ေနရပ္ျပန္ေနၾကသလို ေဒသခံေတြ ဘက္ကလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ ကခ်င္နဲ႔ ရွမ္းေျမာက္ နယ္စပ္ဂိတ္ကေန ျပန္လာသူေတြကို ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဝန္ထမ္းေတြက မွတ္တမ္းယူတာေတြ သူတို႔ေနရပ္ေရာက္ၿပီး ၁၄ ရက္ၾကာတဲ့အထိ ေစာင့္ၾကည့္ဖို႔ အစီအစဥ္ေတြ လုပ္ေနပါတယ္။ ျပည္သူ႔က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူတခ်ိဳ႕ကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္း တင္ျပထားပါတယ္။


ျပင္းထန္အဆုတ္ေရာင္ေရာဂါ ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔လာတဲ့ တ႐ုတ္ယူနန္ျပည္နယ္ထဲက စက္႐ုံအလုပ္႐ုံေတြကို ပိတ္လိုက္တာေၾကာင့္ ကခ်င္နဲ႔ ရွမ္းျပည္ေျမာက္ပိုင္း နယ္စပ္ဂိတ္ေတြကေန ေလးရက္အတြင္းမွာ ျပန္လာတဲ့ ျမန္မာအလုပ္သမားဟာ ေထာင္ခ်ီရွိေနပါတယ္။ ျပန္လာသူေတြထဲမွာ ဖ်ားနာသူ မရွိေၾကာင္းနဲ႔ သူတို႔ ေနရပ္ျပန္ေရာက္ရင္လည္း သက္ဆိုင္ရာ က်န္းမာေရးအဖြဲ႕ေတြက ၁၄ရက္ ဆက္ၿပီးေစာင့္ၾကည့္ဖို႔ စီစဥ္ထားေၾကာင္း ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ သိန္းၿမိဳ႕က ေျပာပါတယ္။

“Fever ( ဖ်ားနာသူ) မရွိသးဘူးဗ် ဝင္လာတဲ့အထဲမွာ။ ဘာလို႔ဆို လူေပါင္း ၁,၀၀၀၊ ၂,၀၀၀ ေလာက္ကို တေနရာထဲမွာ ဘယ္မွမထြက္ရ၊ မသြားရ၊ မလာရဆိုတာ လက္ေတြ႕မက်တဲ့ အလုပ္ႀကီးဆိုေတာ့ ဒါက ႏိုင္ငံတိုင္း လုပ္လို႔၊ ဘယ္ႏိုင္ငံမွလည္း မလုပ္ပါဘူးေနာ့။ WHO guideline အတိုင္းပဲ က်ေနာ္တို႔ ဆက္လုပ္ေနပါတယ္။”

ယူနန္ျပည္နယ္၊ ထိန္ခ်ဳံးၿမိဳ႕ကေန ကခ်င္ျပည္နယ္၊ ကန္ပိုက္တီးလမ္းကေန ဝင္လာတဲ့ ျမန္မာအလုပ္သမားေတြဟာ ေလးရက္အတြင္း ၂,၀၀၀ ေက်ာ္ ရွိပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္နယ္စပ္ဂိတ္ ၇ ခုက ျပန္ဝင္လာတဲ့ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕က ျမန္မာေတြကိုလည္း ဂိတ္တိုင္းမွာ ကိုယ္အပူခ်ိန္တိုင္းၿပီး စစ္ေဆးေနေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာတင္ေမာင္ၫႊန႔္က ေျပာပါတယ္။

“ျပန္လာတဲ့သူေတြက ေန႔တိုင္းေတာ့ မ်ားေနတာပဲေလေနာ္။ အခုရက္ပိုင္းေတာ့ နန္းေတာ္အေပါက္တို႔၊ ဆင္ျဖဴအေပါက္တို႔ဆိုရင္ မေန႔က ဝင္တာ ၂,၀၀၀ နီးပါးေလာက္ ရွိတာေပါ့ေနာ္ တဂိတ္ကို။ ဘာလုပ္ရမလဲဆိုေတာ့ ဖ်ားတယ္ဆိုရင္ သတင္းပို႔ရမွာေပါ့ အဲဒါဆိုရင္ ဆရာတို႔ရဲ႕ က်န္းမာေရး ဝန္ထမ္းေတြက passive surveillance ဆိုၿပီး တေခါက္သြားၾကည့္မွာေပါ့ေနာ္။ ၾကည့္တဲ့အခါက်ရင္လည္း ဘယ္ကျပန္လာလဲေပါ့၊ ဝူဟန္ကေန တိုက္႐ိုက္အဆက္အစပ္ ရွိသလား ဆိုတာ အဓိကေပါ့။”

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕က အထက္တန္းေရွ႕ေန ကိုတင္ႏိုင္ဝင္းကေတာ့ ျမန္မာျပည္ရဲ႕ နယ္စပ္ဝင္ေပါက္ေတြဟာ မည္သူမဆို ဝင္ထြက္ႏိုင္သလို လုံၿခဳံေရးအားနည္းတယ္လို႔ ျမင္ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ ဝင္ေပါက္ကေတာ့ သိတဲ့အတိုင္းပဲဆိုေတာ့ ေပါ့ဆလို႔ေတာ့ မရဘူးေပါ့။ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ ဂ႐ုစိုက္ရမယ့္အေျခအေနေပါ့။ သတင္းတခုကို confirm လုပ္ၿပီးမွပဲ။ (ေရာဂါကူးစက္တာ) ရွိ၊ မရွိ ဆုံးျဖတ္လို႔မရတဲ့ အေျခအေန ျဖစ္ေနတာေပါ့။”

ဒီကေန႔ ဇန္နဝါရီ ၃၁ရက္ မနက္ပိုင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ထုတ္ျပန္ခ်က္အရ ႏိုင္ငံ ၂၁ ႏိုင္ငံမွာ ကူးစက္ခံရသူ ၉,၇၀၀ ေလာက္ရွိၿပီး ေသဆုံးသူ ၂၁၃ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရတယ္လို႔ သံသယရွိၿပီး စမ္းသပ္ စစ္ေဆးခံေနရတဲ့သူကေတာ့ ၁ သိန္းေက်ာ္ ရွိပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ဟာ အခုဆိုရင္ အာရွႏိုင္ငံေတြနဲ႔ အေနာက္ အေမရိကန္အပါအဝင္ ႏိုင္ငံေပါင္း ၂၀ ေက်ာ္ကို ပ်ံ႕ႏွံ႔လာတဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ မေန႔ကေၾကညာထားပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈအားနည္းၿပီး ေရာဂါပိုး ရင္ဆိုင္ေျဖရွင္းဖို႔ ျပင္ဆင္မႈအားနည္းတဲ့ ႏိုင္ငံေတြဆီ ကူးစက္သြားမယ့္ အေျခအေနဟာ စိုရိမ္စရာ အေကာင္းဆုံးလို႔ WHO ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။


[Unicode Version]

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်

တရုတ်နိုင်ငံမှာ ပြည်နယ် ပေါင်း ၃၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ပျံ့နှံ့တဲ့နောက် မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်ထဲက မြန်မာအလုပ်သမား ထောင်ချီပြီး နေရပ်ပြန်နေကြသလို ဒေသခံတွေ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကချင်နဲ့ ရှမ်းမြောက် နယ်စပ်ဂိတ်ကနေ ပြန်လာသူတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေက မှတ်တမ်းယူတာတွေ သူတို့နေရပ်ရောက်ပြီး ၁၄ ရက်ကြာတဲ့အထိ စောင့်ကြည့်ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတချို့ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်း တင်ပြထားပါတယ်။

Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တဦး ဝေဘာဂီဆေးရုံပို့တဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါပြီ။

ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာတဲ့ တရုတ်ယူနန်ပြည်နယ်ထဲက စက်ရုံအလုပ်ရုံတွေကို ပိတ်လိုက်တာကြောင့် ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်တွေကနေ လေးရက်အတွင်းမှာ ပြန်လာတဲ့ မြန်မာအလုပ်သမားဟာ ထောင်ချီရှိနေပါတယ်။ ပြန်လာသူတွေထဲမှာ ဖျားနာသူ မရှိကြောင်းနဲ့ သူတို့ နေရပ်ပြန်ရောက်ရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေက ၁၄ရက် ဆက်ပြီးစောင့်ကြည့်ဖို့ စီစဉ်ထားကြောင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့က ပြောပါတယ်။

“Fever ( ဖျားနာသူ) မရှိသးဘူးဗျ ဝင်လာတဲ့အထဲမှာ။ ဘာလို့ဆို လူပေါင်း ၁,၀၀၀၊ ၂,၀၀၀ လောက်ကို တနေရာထဲမှာ ဘယ်မှမထွက်ရ၊ မသွားရ၊ မလာရဆိုတာ လက်တွေ့မကျတဲ့ အလုပ်ကြီးဆိုတော့ ဒါက နိုင်ငံတိုင်း လုပ်လို့၊ ဘယ်နိုင်ငံမှလည်း မလုပ်ပါဘူးနော့။ WHO guideline အတိုင်းပဲ ကျနော်တို့ ဆက်လုပ်နေပါတယ်။”

ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့ကနေ ကချင်ပြည်နယ်၊ ကန်ပိုက်တီးလမ်းကနေ ဝင်လာတဲ့ မြန်မာအလုပ်သမားတွေဟာ လေးရက်အတွင်း ၂,၀၀၀ ကျော် ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ် ၇ ခုက ပြန်ဝင်လာတဲ့ ယူနန်ပြည်နယ်၊ ရွှေလီမြို့က မြန်မာတွေကိုလည်း ဂိတ်တိုင်းမှာ ကိုယ်အပူချိန်တိုင်းပြီး စစ်ဆေးနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က ပြောပါတယ်။

“ပြန်လာတဲ့သူတွေက နေ့တိုင်းတော့ များနေတာပဲလေနော်။ အခုရက်ပိုင်းတော့ နန်းတော်အပေါက်တို့၊ ဆင်ဖြူအပေါက်တို့ဆိုရင် မနေ့က ဝင်တာ ၂,၀၀၀ နီးပါးလောက် ရှိတာပေါ့နော် တဂိတ်ကို။ ဘာလုပ်ရမလဲဆိုတော့ ဖျားတယ်ဆိုရင် သတင်းပို့ရမှာပေါ့ အဲဒါဆိုရင် ဆရာတို့ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေက passive surveillance ဆိုပြီး တခေါက်သွားကြည့်မှာပေါ့နော်။ ကြည့်တဲ့အခါကျရင်လည်း ဘယ်ကပြန်လာလဲပေါ့၊ ဝူဟန်ကနေ တိုက်ရိုက်အဆက်အစပ် ရှိသလား ဆိုတာ အဓိကပေါ့။”

ကချင်ပြည်နယ် မိုးညှင်းမြို့က အထက်တန်းရှေ့နေ ကိုတင်နိုင်ဝင်းကတော့ မြန်မာပြည်ရဲ့ နယ်စပ်ဝင်ပေါက်တွေဟာ မည်သူမဆို ဝင်ထွက်နိုင်သလို လုံခြုံရေးအားနည်းတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဝင်ပေါက်ကတော့ သိတဲ့အတိုင်းပဲဆိုတော့ ပေါ့ဆလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ရမယ့်အခြေအနေပေါ့။ သတင်းတခုကို confirm လုပ်ပြီးမှပဲ။ (ရောဂါကူးစက်တာ) ရှိ၊ မရှိ ဆုံးဖြတ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။”

ဒီကနေ့ ဇန်နဝါရီ ၃၁ရက် မနက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ချက်အရ နိုင်ငံ ၂၁ နိုင်ငံမှာ ကူးစက်ခံရသူ ၉,၇၀၀ လောက်ရှိပြီး သေဆုံးသူ ၂၁၃ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပြီး စမ်းသပ် စစ်ဆေးခံနေရတဲ့သူကတော့ ၁ သိန်းကျော် ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် အာရှနိုင်ငံတွေနဲ့ အနောက် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ကို ပျံ့နှံ့လာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် မနေ့ကကြေညာထားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအားနည်းပြီး ရောဂါပိုး ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေဆီ ကူးစက်သွားမယ့် အခြေအနေဟာ စိုရိမ်စရာအကောင်းဆုံးလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ တ႐ုတ္ျပည္ေရာက္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.