အေရးေပၚအေျခအေနေၾကညာခ်ိန္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၁၃ ဦိးရွိ

တ႐ုတ္ျပည္ကေန ျပန္ဝင္လာသူမ်ားကို မူဆယ္နယ္စပ္ဂိတ္မွာ Thermal Scanner နဲ႔ ၂၀၂၀ ဇန္နဝါရီ ၂၈ ရက္ေန႔က စစ္ေဆးစဥ္
(Zawgyi)⤵⤵⤵
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ႏိုင္ငံတကာစိုးရိမ္ဖြယ္ အေရးေပၚ အေျခအေနအျဖစ္ ၾကာသပေတးေန႔ ညေနမွာ သတ္မွတ္ေၾကညာလိုက္ပါၿပီ။

ဒီဗိုင္းရပ္စ္ အဆုပ္ေရာင္ေရာဂါ ေၾကာင့္ တ႐ုတ္ျပည္မွာ ေသာၾကာေန႔ မနက္ပိုင္းအထိ ေသဆုံးသူ အနည္းဆုံး ၂၁၃ ဦးရွိၿပီး ကမာၻတဝန္း ကူးစက္သူ ၉၈ဝဝ ခန႔္ရွိလာေနခ်ိန္မွာ WHO က အခုလို ေၾကညာလိုက္တာပါ။

တ႐ုတ္ျပည္က ျပန္လာသူေတြကတဆင့္ တျခားကမာၻ႔ႏိုင္ငံ ၁၈ ခုမွာ လတ္တေလာ ကူးစက္ျဖစ္ပြားေနသူ ၈ဝ ေက်ာ္ရွိပါတယ္။ အဲဒီႏိုင္ငံျခားတိုင္းျပည္ေတြမွာေတာ့ အခုအခ်ိန္ထိ ေသဆုံးသူ မရွိေသးပါဘူး။  တ႐ုတ္ျပည္မွာ လက္ရွိ ဒီဗိုင္းရပ္စ္ကူးစက္ေနသူအျဖစ္ သံသယရွိတဲ့အတြက္ စစ္ေဆးေနဆဲ လူနာဦးေရ ၁၂ဝဝဝ ေက်ာ္ရွိေနေသး တယ္လို႔ WHO က ထုတ္ျပန္ထားခ်က္အရ ျဖစ္ပြားသူအေရအတြက္ ထပ္မံတိုးပြားလာမယ္လို႔ ယူဆရပါတယ္။

အခုေၾကညာခ်က္အရ WHO အေနနဲ႔ ကမာၻ႔ႏိုင္ငံေတြကို ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ထိန္းခ်ဳပ္ေရး၊ ေဆးဝါး စမ္းသပ္ေရးနဲ႔ ျဖန႔္ျဖဴးေရးလုပ္ငန္းေတြမွာ ကူညီမွာျဖစ္ပါတယ္။ တၿပိဳင္နက္မွာပဲ တ႐ုတ္ျပည္အပါအဝင္ ႏိုင္ငံ အားလုံး ဒီဗိုင္းရပ္စ္ျဖစ္ပြားမႈနဲ႔ ပတ္သက္တဲ့ အခ်က္အလက္အားလုံး WHO ကို အသိေပးဖို႔ တာဝန္ရွိေၾကာင္း သတိေပးလိုက္ပါတယ္။

WHO ၫြန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus မစၥတာ ဂယ္ဘ႐ိုက္စပ္ က အခုလို အေရးေပၚ အေျခအေနေၾကညာရတဲ့ အဓိကအခ်က္က က်န္းမာေရးစနစ္အားနည္းတဲ့ တျခားႏိုင္ငံေတြကို ဒီဗိုင္းရပ္စ္ကူးစက္ ျပန႔္ပြားခဲ့ရင္ မႏိုင္မနင္းျဖစ္မွာကို စိုးရိမ္ရတဲ့အတြက္ပါပဲလို႔ ေျပာပါတယ္။

လတ္တေလာမွာ တ႐ုတ္နဲ႔ နယ္နမိတ္ျခင္း ဆက္စပ္ေနတဲ့ႏိုင္ငံေတြ အထူးသတိထားဖို႔လိုပါတယ္။ ႐ုရွားႏိုင္ငံက သူတို႔ႏိုင္ငံနဲ႔ မိုင္ ၂၆ဝဝ ဆက္စပ္ေနတဲ့ တ႐ုတ္နယ္စပ္တေလွ်ာက္လုံးကို အခု ပိတ္ထားလိုက္ပါၿပီ။   အလားတူ မြန္ဂိုလီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံေတြကလည္း တ႐ုတ္ျပည္နဲ႔ သူတို႔နယ္စပ္ေတြကို ပိတ္ထားၿပီးၿပီ ျဖစ္ ပါတယ္။

ႏိုင္ငံျခားတိုင္းျပည္ေတြအနက္ ထိုင္းႏိုင္ငံမွာ ဒီဗိုင္းရပ္စ္ေတြ႕ရွိသူ ၁၄ ဦး ရွိတဲ့အတြက္ အမ်ားဆုံးျဖစ္ပါတယ္။  တ႐ုတ္ႏိုင္ငံနဲ႔ ကူးလူးဆက္ဆံမႈ အလြန္မ်ားတဲ့ ျမန္မာႏိုင္ငံမွာ တရားဝင္စာရင္းေတြအရ ဒီဗိုင္းရပ္စ္ကူးစက္သူ မရွိေသးေပမယ့္ အင္မတန္စိုးရိမ္ရတယ္လို႔ အေမရိကန္ျပည္ေထာင္စုရွိ ဆရာဝန္ ေဒါက္တာ ဦးတင့္ေဆြက ေျပာပါတယ္။

ေဆးပညာရွင္ေတြ အဓိက စိုးရိမ္ေနၾကတဲ့အခ်က္က တ႐ုတ္ျပည္ကေန ဒီ ဗိုင္းရပ္စ္ ရရွိလာသူေတြထံကတဆင့္ ကမာၻတဝန္း ထပ္မံကူးစက္မယ့္အခ်က္ပါပဲ။ ဒီ ဗိုင္းရပ္စ္ဟာ ကူးစက္ျဖစ္ပြားတဲ့ လကၡဏာေတြ မေပၚေသးခင္ ေရာဂါပ်ိဳးတဲ့အဆင့္မွာပဲ  တျခားသူတေယာက္ကို ကူးစက္သြားႏိုင္တယ္လို႔ တ႐ုတ္ပညာရွင္ေတြက ေျပာတဲ့ အတြက္ ဒါဟာလည္း သတိထားရမယ့္အခ်က္ျဖစ္တယ္လို႔ ေဒါက္တာ တင့္ေဆြ ကေျပာပါတယ္။

ဗုဒၶဟူးေန႔အထိ ႏိုင္ငံျခား တိုင္းျပည္ေတြမွာ ဒီဗိုင္းရပ္စ္ကူးစက္ေနေၾကာင္း ေတြ႕ရွိရသူအားလုံးဟာ တ႐ုတ္ျပည္က ျပန္လာသူေတြျဖစ္ေပမယ့္ မေန႔က ၾကာသပေတးေန႔မွာေတာ့ တ႐ုတ္ျပည္က ျပန္လာတဲ့ အေမရိကန္ ႏိုင္ငံသူ တဦးထံကေန သူမရဲ႕ ခင္ပြန္းကို ကူးစက္ေနေၾကာင္း ပထမဆုံးအႀကိမ္ ေတြ႕ရွိရပါတယ္။

ဒီအေတာအတြင္းမွာပဲ အေမရိကန္ေလေၾကာင္းလိုင္းတခုျဖစ္တဲ့ American Airlines ( AA ) ေလယာဥ္မႉးေတြက တ႐ုတ္ျပည္ကို ပ်ံသန္းေနတဲ့ ခရီးစဥ္အားလုံး ရပ္ဆိုင္းဖို႔ သူတို႔ ကုမၸဏီကို မေန႔က တရားစြဲေတာင္းဆိုလိုက္ ပါတယ္။ တျခား အေမရိကန္ေလေၾကာင္းလိုင္းေတြျဖစ္ၾကတဲ့ United နဲ႔ Delta ေလေၾကာင္းလိုင္းေတြက တ႐ုတ္ျပည္ခရီးစဥ္ေတြကို ရပ္ဆိုင္းၿပီးျဖစ္ေပမယ့္ AA က အကန႔္အသတ္နဲ႔ ဆက္လက္ပ်ံသန္းေနလို႔ ျဖစ္ပါတယ္။  အေမရိကန္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာနက တ႐ုတ္ျပည္ကို မလြဲမေရွာင္သာသူေတြမွအပ သြားလာျခင္း မျပဳၾကပါနဲ႔လို႔ အႀကံေပးထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
အရေးပေါ်အခြေအနေကြေညာချိန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၃ ဦိးရှိ

တရုတ်ပြည်ကနေ ပြန်ဝင်လာသူများကို မူဆယ်နယ်စပ်ဂိတ်မှာ Thermal Scanner နဲ့ ၂၀၂၀ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ဆေးစဉ်
Photo: Kan Thar/RFA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် ကြာသပတေးနေ့ ညနေမှာ သတ်မှတ်ကြေညာလိုက်ပါပြီ။

ဒီဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ ကြောင့် တရုတ်ပြည်မှာ သောကြာနေ့ မနက်ပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၂၁၃ ဦးရှိပြီး ကမ္ဘာတဝန်း ကူးစက်သူ ၉၈ဝဝ ခန့်ရှိလာနေချိန်မှာ WHO က အခုလို ကြေညာလိုက်တာပါ။

တရုတ်ပြည်က ပြန်လာသူတွေကတဆင့် တခြားကမ္ဘာ့နိုင်ငံ ၁၈ ခုမှာ လတ်တလော ကူးစက်ဖြစ်ပွားနေသူ ၈ဝ ကျော်ရှိပါတယ်။ အဲဒီနိုင်ငံခြားတိုင်းပြည်တွေမှာတော့ အခုအချိန်ထိ သေဆုံးသူ မရှိသေးပါဘူး။  တရုတ်ပြည်မှာ လက်ရှိ ဒီဗိုင်းရပ်စ်ကူးစက်နေသူအဖြစ် သံသယရှိတဲ့အတွက် စစ်ဆေးနေဆဲ လူနာဦးရေ ၁၂ဝဝဝ ကျော်ရှိနေသေး တယ်လို့ WHO က ထုတ်ပြန်ထားချက်အရ ဖြစ်ပွားသူအရေအတွက် ထပ်မံတိုးပွားလာမယ်လို့ ယူဆရပါတယ်။

အခုကြေညာချက်အရ WHO အနေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထိန်းချုပ်ရေး၊ ဆေးဝါး စမ်းသပ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ကူညီမှာဖြစ်ပါတယ်။ တပြိုင်နက်မှာပဲ တရုတ်ပြည်အပါအဝင် နိုင်ငံ အားလုံး ဒီဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံး WHO ကို အသိပေးဖို့ တာဝန်ရှိကြောင်း သတိပေးလိုက်ပါတယ်။

WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus မစ္စတာ ဂယ်ဘရိုက်စပ် က အခုလို အရေးပေါ် အခြေအနေကြေညာရတဲ့ အဓိကအချက်က ကျန်းမာရေးစနစ်အားနည်းတဲ့ တခြားနိုင်ငံတွေကို ဒီဗိုင်းရပ်စ်ကူးစက် ပြန့်ပွားခဲ့ရင် မနိုင်မနင်းဖြစ်မှာကို စိုးရိမ်ရတဲ့အတွက်ပါပဲလို့ ပြောပါတယ်။

လတ်တလောမှာ တရုတ်နဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေတဲ့နိုင်ငံတွေ အထူးသတိထားဖို့လိုပါတယ်။ ရုရှားနိုင်ငံက သူတို့နိုင်ငံနဲ့ မိုင် ၂၆ဝဝ ဆက်စပ်နေတဲ့ တရုတ်နယ်စပ်တလျှောက်လုံးကို အခု ပိတ်ထားလိုက်ပါပြီ။   အလားတူ မွန်ဂိုလီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကလည်း တရုတ်ပြည်နဲ့ သူတို့နယ်စပ်တွေကို ပိတ်ထားပြီးပြီ ဖြစ် ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေအနက် ထိုင်းနိုင်ငံမှာ ဒီဗိုင်းရပ်စ်တွေ့ရှိသူ ၁၄ ဦး ရှိတဲ့အတွက် အများဆုံးဖြစ်ပါတယ်။  တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အလွန်များတဲ့ မြန်မာနိုင်ငံမှာ တရားဝင်စာရင်းတွေအရ ဒီဗိုင်းရပ်စ်ကူးစက်သူ မရှိသေးပေမယ့် အင်မတန်စိုးရိမ်ရတယ်လို့ အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန် ဒေါက်တာ ဦးတင့်ဆွေက ပြောပါတယ်။

ဆေးပညာရှင်တွေ အဓိက စိုးရိမ်နေကြတဲ့အချက်က တရုတ်ပြည်ကနေ ဒီ ဗိုင်းရပ်စ် ရရှိလာသူတွေထံကတဆင့် ကမ္ဘာတဝန်း ထပ်မံကူးစက်မယ့်အချက်ပါပဲ။ ဒီ ဗိုင်းရပ်စ်ဟာ ကူးစက်ဖြစ်ပွားတဲ့ လက္ခဏာတွေ မပေါ်သေးခင် ရောဂါပျိုးတဲ့အဆင့်မှာပဲ  တခြားသူတယောက်ကို ကူးစက်သွားနိုင်တယ်လို့ တရုတ်ပညာရှင်တွေက ပြောတဲ့ အတွက် ဒါဟာလည်း သတိထားရမယ့်အချက်ဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေ ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့အထိ နိုင်ငံခြား တိုင်းပြည်တွေမှာ ဒီဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ရှိရသူအားလုံးဟာ တရုတ်ပြည်က ပြန်လာသူတွေဖြစ်ပေမယ့် မနေ့က ကြာသပတေးနေ့မှာတော့ တရုတ်ပြည်က ပြန်လာတဲ့ အမေရိကန် နိုင်ငံသူ တဦးထံကနေ သူမရဲ့ ခင်ပွန်းကို ကူးစက်နေကြောင်း ပထမဆုံးအကြိမ် တွေ့ရှိရပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်လေကြောင်းလိုင်းတခုဖြစ်တဲ့ American Airlines ( AA ) လေယာဉ်မှူးတွေက တရုတ်ပြည်ကို ပျံသန်းနေတဲ့ ခရီးစဉ်အားလုံး ရပ်ဆိုင်းဖို့ သူတို့ ကုမ္ပဏီကို မနေ့က တရားစွဲတောင်းဆိုလိုက် ပါတယ်။ တခြား အမေရိကန်လေကြောင်းလိုင်းတွေဖြစ်ကြတဲ့ United နဲ့ Delta လေကြောင်းလိုင်းတွေက တရုတ်ပြည်ခရီးစဉ်တွေကို ရပ်ဆိုင်းပြီးဖြစ်ပေမယ့် AA က အကန့်အသတ်နဲ့ ဆက်လက်ပျံသန်းနေလို့ ဖြစ်ပါတယ်။  အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက တရုတ်ပြည်ကို မလွဲမရှောင်သာသူတွေမှအပ သွားလာခြင်း မပြုကြပါနဲ့လို့ အကြံပေးထားပါတယ်။

RFA Burmese
https://www.rfa.org
အေရးေပၚအေျခအေနေၾကညာခ်ိန္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၁၃ ဦိးရွိ အေရးေပၚအေျခအေနေၾကညာခ်ိန္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၁၃ ဦိးရွိ Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.