Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တစ်ဦး ဝေဘာဂီဆေးရုံပို့ဆောင်
(Zawgyi/Unicode)
မြန်မာပြည်တွင်း Corona ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် ဆောင်ရွက်နေသည့် သတင်းဓါတ်ပုံများ
[Unicode Version]
Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တစ်ဦး ဝေဘာဂီဆေးရုံပို့
ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ လေယာဉ်ပေါ်မှာ အသက် ၆၀ ဝန်းကျင်ရှိ သံသယလူနာ တယာက်တွေ့ရှိတာ‌ကြောင့် ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံကို ပို့ဆောင် စစ်ဆေးနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
“သံသယလူနာကို ကျမတို့အနေနဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ လိုအပ်တဲ့ကုသမှုကို ရရှိဖို့အတွက် ဆောင်ရွက်နေသလိုပဲ ကျမတို့ National Health Laboratory စေ့စပ်ညှိနှိုင်းပြီးတော့ ဒီလူနာဆီက ဓာတ်ခွဲနမူနာတွေကို ရယူဖို့အတွက် ဆောင်ရွက်နေပါတယ်။ အဲဒီ ဓာတ်ခွဲနမူနာရယူပြီးတဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ National Institute of Health ကို ဓာတ်ခွဲနမူနာ ပေးပို့ပြီးတော့ အတည်ပြုချက် ရယူမှာပါ။”
လေယာဉ်နဲ့ပါလာသူ တခြားခရီးသည်တွေကိုတော့ ခရီးသွားအချက်အလက်နဲ့ ကျန်းမာရေးအချက်အလက်တွေအပြင် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းနှစ်ပတ်ကြာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ‌ဒေါ်ခင်ခင်ကြီးကပြောပါတယ်။
VOA (Burmese)
https://burmese.voanews.com
Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တစ်ဦး ဝေဘာဂီဆေးရုံပို့ Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တစ်ဦး ဝေဘာဂီဆေးရုံပို့ Reviewed by THITHTOOLWIN on 00:13 Rating: 5
Powered by Blogger.