မဂၤလာေတာင္ညႊန္႔ မီးေလာင္မႈ လူသံုးဦးေသဆံုး

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၉

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ လြတ္လပ္ေရးရပ္ကြက္၊ ၉၇ လမ္းမွာ ဒီကေန႔ (ေဖေဖာ္ဝါရီ ၁၉) မြန္းတည့္ခ်ိန္က မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး လူသံုးဦး ေသဆံုးခဲ့ပါတယ္။

" ေသဆုံးသြားတဲ့ ကေလးနဲ႔ အမ်ိဳးသမီး ႏွစ္ဦးက ဧည္သည့္ေတြ ျဖစ္ပါတယ္။ အိပ္ခန္းထဲ ဝါယာေရွာ့ျဖစ္ေနလို႔ သူတို႔က ေၾကာက္လန္႔ၿပီး ေနာက္ေဖးဘက္ကို ေျပးတဲ့အခ်ိန္ မီးခိုးမႊန္ၿပီး အသက္ရႉၾကပ္ ေသဆုံးခဲ့တာ" လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ဆိုပါတယ္။

အဆိုပါ မီးေလာင္မႈဟာ ၁၅ မိနစ္ခန္႔သာ ၾကာျမင့္ခဲ့ေပမယ့္ အေရးေပၚ အသံုးျပဳဖို႔ အေရးေပၚေလွကား မရွိျခင္း၊ ထြက္ေပါက္ကို အိမ္ရွင္က အျပင္သြားတာေၾကာင့္ ေသာ့ခတ္ပိတ္ခဲ့ျခင္းေတြေၾကာင့္ အိမ္တြင္းမွာရွိတဲ့ လူသုံး ဦးေသဆံုးခဲ့ရတာျဖစ္ၿပီး တစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထား ပါတယ္။

မီးေလာင္မႈ အေၾကာင္းအရင္းကိုေတာ့ စံုစမ္းစစ္ေဆးလွ်က္ ရွိတယ္လို႔ သိရပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
မင်္ဂလာတောင်ညွှန့် မီးလောင်မှု လူသုံးဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉) မွန်းတည့်ချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပါတယ်။

" သေဆုံးသွားတဲ့ ကလေးနဲ့ အမျိုးသမီး နှစ်ဦးက ဧည်သည့်တွေ ဖြစ်ပါတယ်။ အိပ်ခန်းထဲ ဝါယာရှော့ဖြစ်နေလို့ သူတို့က ကြောက်လန့်ပြီး နောက်ဖေးဘက်ကို ပြေးတဲ့အချိန် မီးခိုးမွှန်ပြီး အသက်ရှူကြပ် သေဆုံးခဲ့တာ" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုပါတယ်။

အဆိုပါ မီးလောင်မှုဟာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပေမယ့် အရေးပေါ် အသုံးပြုဖို့ အရေးပေါ်လှေကား မရှိခြင်း၊ ထွက်ပေါက်ကို အိမ်ရှင်က အပြင်သွားတာကြောင့် သော့ခတ်ပိတ်ခဲ့ခြင်းတွေကြောင့် အိမ်တွင်းမှာရှိတဲ့ လူသုံး ဦးသေဆုံးခဲ့ရတာဖြစ်ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။

မီးလောင်မှု အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးလျှက် ရှိတယ်လို့ သိရပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မဂၤလာေတာင္ညႊန္႔ မီးေလာင္မႈ လူသံုးဦးေသဆံုး မဂၤလာေတာင္ညႊန္႔ မီးေလာင္မႈ လူသံုးဦးေသဆံုး Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.