ဥပေဒ မူၾကမ္း ၇ ခုကို တပ္အမတ္ အားလုံးနီးပါး ဝင္ေဆြးေႏြးဖို႔ ျပင္ဆင္

(Zawgyi)⤵⤵⤵
ျပည္ေထာင္စုလႊတ္ေတာ္မွာ တပ္မေတာ္သားကိုယ္စားလွယ္ ၁၆၆ ဦးရွိရာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး မူၾကမ္းကို ေဆြးေႏြးဖို႔   အမည္စာရင္းေပးသြင္းထားတာ ၁၆၄ ဦး ရွိပါတယ္။

အရပ္သားအမတ္ ၁၁၈ ဦး စာရင္းသြင္းထားရာမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) က ၆၉ ဦး၊ တျခားပါတီေတြနဲ႔ တစ္သီးပုဂၢလ ကိုယ္စားလွယ္ ၄၉ ဦး ပါဝင္ပါတယ္။

တပ္ဘက္ေရာ အရပ္ဘက္ပါ စုစုေပါင္း ၂၈၂ ဦး ရွိေနတာပါ။

ရန္ကုန္ၿမိဳ႕က စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ အကုန္လုံးနီးပါး ေဆြးေႏြးဖို႔ စာရင္းေပးၾကတာဟာ တပ္မေတာ္က သူတို႔သေဘာထားကို အမ်ားသိေအာင္ ခ်ျပခ်င္တာေၾကာင့္ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

“တပ္မေတာ္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလာေလာဆယ္မွာ ဒီေလာက္အမ်ားႀကီး ျပင္ဆင္စရာမလိုဘူးလို႔ သူတို႔ ယူဆထားပုံရပါတယ္။ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို NLD က လႈံ႕ေဆာ္သလို လူထုကလည္း လိုလားေနတဲ့အခ်ိန္မွာ သူတို႔ မျပင္ခ်င္တဲ့အခ်က္ေတြဟာ ဘာေၾကာင့္ မျပင္ခ်င္တာလဲ ဆိုတာ လူထုကို ေျဖရွင္းဖို႔ ရည္႐ြယ္တယ္လို႔ ယူဆရပါတယ္”

ျပည္ေထာင္စုလႊတ္ေတာ္မွာ လာမယ့္ သီတင္းပတ္ေလာက္မွာ စတင္ ေဆြးေႏြးႏိုင္ဖြယ္ရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ခန႔္မွန္းပါတယ္။

NLD ပါတီက ကိုယ္စားလွယ္အမ်ားစု ဦးေဆာင္တဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦးေကာ္မတီ တင္ျပေဆြးေႏြးမႈေတြကို တပ္မေတာ္ဘက္က ဆက္တိုက္ကန႔္ကြက္ခဲ့တာပါ။

NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္ကေတာ့ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးစနစ္တစ္ခုျဖစ္ေပၚဖို႔နဲ႔ ႏိုင္ငံအတြက္ ေရရွည္အက်ိဳး ေမွ်ာ္ကိုးၿပီး တပ္မေတာ္က ပူးေပါင္းပါဝင္လိမ့္မယ္လို႔ အေကာင္းဘက္က အၿမဲတမ္းရႈျမင္ေၾကာင္း  ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ႏိုင္ငံမွာ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးစနစ္တစ္ခု ျဖစ္ေပၚဖို႔အတြက္ မျဖစ္မေနလိုအပ္တဲ့ အခ်က္ေတြကို တဆင့္ခ်င္း ျပဳျပင္ ေျပာင္းလဲဖို႔ ႀကိဳးစားတာပဲျဖစ္ပါတယ္။ ဒီေတာ့ အေျခခံအရ မျဖစ္မေန လိုအပ္တဲ့ အခ်က္ေတြကို တိုင္းျပည္အတြက္ ေရရွည္အက်ိဳးကို ေမွ်ာ္ကိုးၿပီးေတာ့ တပ္မေတာ္ကလည္း ပူးေပါင္း ပါဝင္လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ အေကာင္းဘက္က အၿမဲရႈျမင္ပါတယ္”

ဒီမူၾကမ္းေဆြးေႏြးမႈမွာ ရခိုင္အမ်ိဳးသားပါတီ ANP က ကိုယ္စားလွယ္ ငါးဦးလည္း ပါဝင္ပါလိမ့္မယ္။

ANP ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ ဦးေဖသန္းက  ၄၅ ဦး ေကာ္မတီရဲ႕ မူၾကမ္းမွာ တိုင္းရင္းသားေတြရဲ႕ လိုအပ္ခ်က္ကို လ်စ္လ်ဴရႈထားတယ္လို႔ ေျပာပါတယ္။

“NLD အေနနဲ႔ စစ္တပ္ပါဝါေလွ်ာ့ခ်ေရးရယ္၊ ဒီမိုကေရစီရယ္ အဲဒီအတြက္ကို ေဇာင္းေပးၿပီးေတာ့ ျပင္သြားတယ္။ တိုင္းရင္းသားေတြရဲ႕ လိုအပ္ခ်က္အေပၚမွာ ျပင္ဆင္ခ်က္တစ္ခ်က္မွ မေတြ႕ဘူး။ ကြၽန္ေတာ္တို႔ တင္ျပခဲ့တာေတြလည္း အကုန္လုံး ပယ္ခ်ခံခဲ့ရတယ္။ အဲဒါေၾကာင့္ ဒီပြဲဟာ သိပ္လွတဲ့ ပြဲ မဟုတ္ဘူး။ တိုင္းရင္းသားေတြအတြက္ အေျခအေနေကာင္းတစ္ခုကို တြန္းပို႔မယ့္ ရလဒ္ေတြ ရလာႏိုင္မွာ မဟုတ္ဘူးလို႔ ကြၽန္ေတာ္က ယူဆတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေျပာခ်င္တာကို ေျပာႏိုင္ေအာင္ ဝင္ေဆြးေႏြးရတာေပါ့။ ေမွ်ာ္လင့္ခ်က္ေတာ့ သိပ္မထားဘူး။”

တပ္ကိုယ္စားလွယ္ေတြရဲ႕ေျခလွမ္းနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို ဆက္သြယ္ရာမွာေတာ့ အေျခခံဥပေဒ၊ လႊတ္ေတာ္ေရးရာတို႔နဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ တပ္အရာရွိေတြကို ေမးျမန္းဖို႔ ေျပာပါတယ္။

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲမွာ သတင္းသမားေတြနဲ႔ ထိေတြ႕မႈအမ်ားဆုံးျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ကို လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ဒီကေန႔ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိဘူး။

လႊတ္ေတာ္မွာေတာ့ အေျခခံဥပေဒျပင္ဆင္ေရး မူၾကမ္း ၇ ခု ေရာက္ေနပါၿပီ။  ႀကံ့ခိုင္ေရးပါတီက ၃ ခု၊ တပ္မေတာ္က ၂ ခု နဲ႔ NLD က ၂ ခု တင္ထားၾကတာပါ။

အဲဒီဥပေဒမူၾကမ္းေတြကို သီးျခားစီေဆြးေႏြးဖို႔ တပ္မေတာ္နဲ႔ ႀကံ့ခိုင္းေရးပါတီက တင္ျပခဲ့ေပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္နာယကက အားလုံးတစ္ေပါင္းတည္း ေဆြးေႏြးမယ္လို႔ ေျပာၾကားထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဥပဒေ မူကြမ်း ၇ ခုကို တပ်အမတ် အားလုံးနီးပါး ဝင်ဆွေးနွေးဖို့ ပြင်ဆင်

ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဆွေးနွေးဖို့   အမည်စာရင်းပေးသွင်းထားတာ ၁၆၄ ဦး ရှိပါတယ်။

အရပ်သားအမတ် ၁၁၈ ဦး စာရင်းသွင်းထားရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆၉ ဦး၊ တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄၉ ဦး ပါဝင်ပါတယ်။

တပ်ဘက်ရော အရပ်ဘက်ပါ စုစုပေါင်း ၂၈၂ ဦး ရှိနေတာပါ။

ရန်ကုန်မြို့က စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အကုန်လုံးနီးပါး ဆွေးနွေးဖို့ စာရင်းပေးကြတာဟာ တပ်မတော်က သူတို့သဘောထားကို အများသိအောင် ချပြချင်တာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လောလောဆယ်မှာ ဒီလောက်အများကြီး ပြင်ဆင်စရာမလိုဘူးလို့ သူတို့ ယူဆထားပုံရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD က လှုံ့ဆော်သလို လူထုကလည်း လိုလားနေတဲ့အချိန်မှာ သူတို့ မပြင်ချင်တဲ့အချက်တွေဟာ ဘာကြောင့် မပြင်ချင်တာလဲ ဆိုတာ လူထုကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ယူဆရပါတယ်”

ပြည်ထောင်စုလွှတ်တော်မှာ လာမယ့် သီတင်းပတ်လောက်မှာ စတင် ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ခန့်မှန်းပါတယ်။

NLD ပါတီက ကိုယ်စားလှယ်အများစု ဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီ တင်ပြဆွေးနွေးမှုတွေကို တပ်မတော်ဘက်က ဆက်တိုက်ကန့်ကွက်ခဲ့တာပါ။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပေါ်ဖို့နဲ့ နိုင်ငံအတွက် ရေရှည်အကျိုး မျှော်ကိုးပြီး တပ်မတော်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ အကောင်းဘက်က အမြဲတမ်းရှုမြင်ကြောင်း  ပြောပါတယ်။

“ကျွန်တော်တို့က နိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တွေကို တဆင့်ချင်း ပြုပြင် ပြောင်းလဲဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒီတော့ အခြေခံအရ မဖြစ်မနေ လိုအပ်တဲ့ အချက်တွေကို တိုင်းပြည်အတွက် ရေရှည်အကျိုးကို မျှော်ကိုးပြီးတော့ တပ်မတော်ကလည်း ပူးပေါင်း ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့ အကောင်းဘက်က အမြဲရှုမြင်ပါတယ်”

ဒီမူကြမ်းဆွေးနွေးမှုမှာ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ် ငါးဦးလည်း ပါဝင်ပါလိမ့်မယ်။

ANP ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက  ၄၅ ဦး ကော်မတီရဲ့ မူကြမ်းမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။

“NLD အနေနဲ့ စစ်တပ်ပါဝါလျှော့ချရေးရယ်၊ ဒီမိုကရေစီရယ် အဲဒီအတွက်ကို ဇောင်းပေးပြီးတော့ ပြင်သွားတယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်အပေါ်မှာ ပြင်ဆင်ချက်တစ်ချက်မှ မတွေ့ဘူး။ ကျွန်တော်တို့ တင်ပြခဲ့တာတွေလည်း အကုန်လုံး ပယ်ချခံခဲ့ရတယ်။ အဲဒါကြောင့် ဒီပွဲဟာ သိပ်လှတဲ့ ပွဲ မဟုတ်ဘူး။ တိုင်းရင်းသားတွေအတွက် အခြေအနေကောင်းတစ်ခုကို တွန်းပို့မယ့် ရလဒ်တွေ ရလာနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်က ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောချင်တာကို ပြောနိုင်အောင် ဝင်ဆွေးနွေးရတာပေါ့။ မျှော်လင့်ချက်တော့ သိပ်မထားဘူး။”

တပ်ကိုယ်စားလှယ်တွေရဲ့ခြေလှမ်းနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ရာမှာတော့ အခြေခံဥပဒေ၊ လွှတ်တော်ရေးရာတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တပ်အရာရှိတွေကို မေးမြန်းဖို့ ပြောပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ သတင်းသမားတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိဘူး။

လွှတ်တော်မှာတော့ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်း ၇ ခု ရောက်နေပါပြီ။  ကြံ့ခိုင်ရေးပါတီက ၃ ခု၊ တပ်မတော်က ၂ ခု နဲ့ NLD က ၂ ခု တင်ထားကြတာပါ။

အဲဒီဥပဒေမူကြမ်းတွေကို သီးခြားစီဆွေးနွေးဖို့ တပ်မတော်နဲ့ ကြံ့ခိုင်းရေးပါတီက တင်ပြခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်နာယကက အားလုံးတစ်ပေါင်းတည်း ဆွေးနွေးမယ်လို့ ပြောကြားထားပါတယ်။

RFA Burmese
https://www.rfa.org
ဥပေဒ မူၾကမ္း ၇ ခုကို တပ္အမတ္ အားလုံးနီးပါး ဝင္ေဆြးေႏြးဖို႔ ျပင္ဆင္ ဥပေဒ မူၾကမ္း ၇ ခုကို တပ္အမတ္ အားလုံးနီးပါး ဝင္ေဆြးေႏြးဖို႔ ျပင္ဆင္ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.