အေမရိကန္ ျပည္ဝင္ခြင့္ဗီဇာကန္႔သတ္တဲ့ ႏုိင္ငံေတြထဲ ျမန္မာပါဝင္


(Zawgyi/ Unicode)

အေမရိကန္ သမၼတ Donald Trump အစိုးရက ျမန္မာအပါအ၀င္ ျပည္၀င္ခြင့္ကန္႔သတ္တဲ့ႏုိင္ငံေတြကို ေသာၾကာေန႔က တရား၀င္ ေၾကညာလုိက္ၿပီ ျဖစ္ပါတယ္။

သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္ခံရတဲ့ (၇) ႏုိင္ငံစာရင္းကုိ ေဖာ္ျပထားတာမွာ အီရန္၊ လစ္ဗ်ား၊ ေျမာက္ကုိရီးယား၊ ဆီးရီးယား၊ Venezuela ၊ ယီမင္နဲ႔ ဆုိမာလီးယားႏုိင္ငံတုိ႔ ပါ၀င္ပါတယ္။

ျမန္မာ၊ Eritrea၊ Kyrgyzstan နဲ႔ ႏုိင္ဂ်ီးရီးယား ႏုိင္ငံေတြက လူတခ်ဳိ႕အတြက္ အေမရိကန္ျပည္ေထာင္စုအတြင္း ေရႊ႕ေျပာင္းေနထုိင္ခြင့္ ဗီဇာ (Immigrant Visa) ထုတ္ေပးတာကုိ ကန္႔သတ္လုိက္သလုိ ဆူဒန္နဲ႔ တန္ဇန္းနီးယား ႏုိင္ငံေတြက ႏုိင္ငံသားတခ်ဳိ႕ကို Visa Lottery လုိ႔ေခၚတဲ့ Green Card ကံစမ္းမဲထဲမွာ ပါ၀င္ခြင့္ကုိ ကန္႔သတ္ ပိတ္ပင္လုိက္ေၾကာင္း ေဖာ္ျပထားပါတယ္။ အဲဒီလိုကန္႔သတ္ခံရတာ ဘယ္လိုလူအမ်ဳိးအစားေတြလဲ ဆိုတာကိုေတာ့ အတိအက်ေဖာ္ျပမထားပါဘူး။

ကန္ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈကိစၥ ျမန္မာသံအမတ္နဲ႔ ေမးျမန္းခ်က္ ကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။

အခု ထုတ္ျပန္တဲ့ ကန္႔သတ္ခ်က္ေတြအရ ကမာၻလွည့္ခရီးသည္အျဖစ္ လာေရာက္ လည္ပတ္လုိသူ၊ စီးပြာေရးလုပ္ငန္းနဲ႔ လာေရာက္လုိသူေတြ အပါအ၀င္ ေရႊ႕ေျပာင္းေနထုိင္ဖုိ႔ လာတာ မဟုတ္တဲ့သူေတြေတာ့ ျပည္၀င္ခြင့္ဗီဇာ ပိတ္ပင္ ကန္႔သတ္တဲ့ထဲမွာ မပါဘူးလုိ႔ ဆုိပါတယ္။

အစုိးရအဖြဲ႔၀န္ႀကီးေတြရဲ႕ အၾကံေပးခ်က္နဲ႔အညီ အမ်ဳိးသားလုံျခံဳေရးကုိ ေရွ႕ရႈၿပီး သမၼတအေနနဲ႔ ဒီေၾကညာခ်က္ကုိ ထုတ္ျပန္ျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။ အၾကမ္းဖက္လုပ္ငန္း၊ ရာဇ၀တ္မႈ၊ လူပုဂၢိဳလ္တဦးခ်င္းစီအတြက္ လုိအပ္တဲ့ သတင္းအခ်က္အလက္ စတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ လုံျခံဳေရးဆုိင္ရာ အေျခခံလုိအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏုိင္ျခင္းမရွိတဲ့ တုိင္းျပည္ေတြအေနနဲ႔ အခုလုိ ျပည္၀င္ခြင့္ဗီဇာကန္႔သတ္ျခင္း ခံရႏုိင္တယ္လုိ႔လည္း သမၼတ အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဒီႏုိင္ငံေတြကေန အေမရိကန္ျပည္ေထာင္စုကုိ လာေရာက္လုိသူေတြ၊ ေရႊ႕ေျပာင္း ေနထုိင္လုိသူေတြအေနနဲ႔ အဲဒီလုိ လုံၿခံဳေရးဆုိင္ရာ အေျခခံလုိအပ္ခ်က္ေတြကုိ ျပည့္မီဖုိ႔ လုိအပ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

၂၀၁၇ ခုႏွစ္ စက္တင္ဘာလေႏွာင္းပုိင္းတုန္းကလည္း Chad ၊ အီရန္၊ လစ္ဗ်ား၊ ေျမာက္ကိုရီးယား၊ ဆီးရီးယား၊ ဗင္နီဇြဲလားနဲ႔ ယီမင္ စတဲ့ ၈ ႏိုင္ငံက ခရီးသြားေတြ အေမရိကန္ ျပည္ေထာင္စုအတြင္း ၀င္ေရာက္ခြင့္အေပၚ ကန္႔သတ္ခ်က္သစ္ေတြပါ၀င္တဲ့ ခရီးသြားလာခြင့္ တားျမစ္မႈ ျပင္ဆင္ခ်က္ကို သမၼတ Donald Trump လက္မွတ္ေရးထိုး ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

အဲဒီေၾကညာခ်က္ ထုတ္ျပန္တုန္းကေတာ့ အၾကမ္းဖက္၀ါဒဆိုင္ရာနဲ႔ တျခားကိစၥရပ္ေတြမွာ အေမရိကန္နဲ႔ သတင္းအခ်က္အလက္ မွ်ေ၀ဖုိ႔ ႏုိင္ငံသံုးႏုိင္ငံက ျငင္းဆန္ခဲ႔တယ္လို႔ အေမရိကန္ အစိုးရ တာ၀န္ရွိသူေတြက ေျပာခဲ့ပါတယ္။

.................

အမေရိကန် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်

(Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရက မြန်မာအပါအဝင် ပြည်ဝင်ခွင့်ကန့်သတ်တဲ့နိုင်ငံတွေကို သောကြာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတဲ့ (၇) နိုင်ငံစာရင်းကို ဖော်ပြထားတာမှာ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ Venezuela၊ ယီမင်နဲ့ ဆိုမာလီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

မြန်မာ၊ အီရီထရီးယား၊ Kyrgyzstan နဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက လူတချို့အတွက် အမေရိကန်ပြည်ထောင်စုအတွင်း ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ (Immigrant Visa) ထုတ်ပေးတာကို ကန့်သတ်လိုက်သလို ဆူဒန်နဲ့ တန်ဇန်းနီးယား နိုင်ငံတွေက နိုင်ငံသားတချို့ကို Visa Lottery လို့ခေါ်တဲ့ Green Card ကံစမ်းမဲထဲမှာ ပါဝင်ခွင့်ကို ကန့်သတ် ပိတ်ပင်လိုက်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီလိုကန့်သတ်ခံရတာ ဘယ်လိုလူအမျိုးအစားတွေလဲ ဆိုတာကိုတော့ အတိအကျဖော်ပြမထားပါဘူး။

အခု ထုတ်ပြန်တဲ့ ကန့်သတ်ချက်တွေအရ ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက် လည်ပတ်လိုသူ၊ စီးပွာရေးလုပ်ငန်းနဲ့ လာရောက်လိုသူတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်ဖို့ လာတာ မဟုတ်တဲ့သူတွေတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင် ကန့်သတ်တဲ့ထဲမှာ မပါဘူးလို့ ဆိုပါတယ်။

ကန်ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုကိစ္စ မြန်မာသံအမတ်နဲ့ မေးမြန်းချက် ကိုလည်း ဖတ်ရှုနိုင်ပါပြီ။

အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ အကြံပေးချက်နဲ့အညီ အမျိုးသားလုံခြုံရေးကို ရှေ့ရှုပြီး သမ္မတအနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်လုပ်ငန်း၊ ရာဇဝတ်မှု၊ လူပုဂ္ဂိုလ်တဦးချင်းစီအတွက် လိုအပ်တဲ့ သတင်းအချက်အလက် စတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတဲ့ တိုင်းပြည်တွေအနေနဲ့ အခုလို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ခြင်း ခံရနိုင်တယ်လို့လည်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်လိုသူတွေ၊ ရွှေ့ပြောင်း နေထိုင်လိုသူတွေအနေနဲ့ အဲဒီလို လုံခြုံရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ပြည့်မီဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတုန်းကလည်း Chad ၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင် စတဲ့ ၈ နိုင်ငံက ခရီးသွားတွေ အမေရိကန် ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့်အပေါ် ကန့်သတ်ချက်သစ်တွေပါဝင်တဲ့ ခရီးသွားလာခွင့် တားမြစ်မှု ပြင်ဆင်ချက်ကို သမ္မတ Donald Trump လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အဲဒီကြေညာချက် ထုတ်ပြန်တုန်းကတော့ အကြမ်းဖက်ဝါဒဆိုင်ရာနဲ့ တခြားကိစ္စရပ်တွေမှာ အမေရိကန်နဲ့ သတင်းအချက်အလက် မျှဝေဖို့ နိုင်ငံသုံးနိုင်ငံက ငြင်းဆန်ခဲ့တယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အေမရိကန္ ျပည္ဝင္ခြင့္ဗီဇာကန္႔သတ္တဲ့ ႏုိင္ငံေတြထဲ ျမန္မာပါဝင္ အေမရိကန္ ျပည္ဝင္ခြင့္ဗီဇာကန္႔သတ္တဲ့ ႏုိင္ငံေတြထဲ ျမန္မာပါဝင္ Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.