Coronavirus ရွိမရွိ ေစာင့္ၾကည့္ခံဖို႔ ျငင္းသူေၾကာင့္ လက္ပံေတာင္းေၾကးနီစီမံကိန္း လုပ္ငန္းရပ္ေန

Coronavirus ရွိမရွိ ေစာင့္ၾကည့္ခံဖို႔ ျငင္းသူေၾကာင့္ လက္ပံေတာင္းေၾကးနီစီမံကိန္း လုပ္ငန္းရပ္ေန

(Zawgyi/Unicode)

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းမွာ လုပ္ကိုင္ေနတဲ့ ဝမ္ေပါင္ကုမၸဏီက တ႐ုတ္ဝန္ထမ္း အရာရွိတဦးဟာ တ႐ုတ္ျပည္က ျပန္လာၿပီးတဲ့ ေနာက္ coronavirus ရွိမရွိ ၁၄ ရက္ ၾကာ ေစာင့္ၾကည့္စစ္ေဆးခံဖို႔မလုပ္ဘဲ ကုမၸဏီဝင္းထဲ ျပန္ဝင္လာတဲ့အတြက္ ျမန္မာဝန္ထမ္းေတြက ကန္႔ကြက္ခဲ့ၾကပါတယ္။

ႏွစ္ဘက္ အေခ်တင္ျဖစ္ၿပီး ေျပလည္မႈမရတာေၾကာင့္ ျမန္မာဝန္ထမ္းေတြအားလံုး လုပ္ငန္းခြင္က ထြက္သြားၾကတဲ့အတြက္ လက္ရွိမွာ လုပ္ငန္းလည္ပတ္မႈေတြကုိ ရပ္ဆုိင္းေနပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။


တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွာစတင္ေတြ႔ရွိတဲ့ Novel Coronavirus ေၾကာင့္ ၀မ္ေပါင္ ေၾကးနီသတၳဳ တူးေဖာ္ေရးလုပ္ငန္းက ျမန္မာ ၀န္ထမ္းေတြအၾကား တရုတ္ျပည္က ျပန္လာၾကတဲ့သူေတြမွာ ဒီဗုိင္းရပ္စ္ပုိး ပါလာမွာကုိ စုိးရိမ္ေနၾကခ်ိန္မွာ ၀မ္ေပါင္ကုမၸဏီနဲ႔ တြဲဖက္လုပ္ကုိင္ေနတဲ့ တရုတ္ကုမၸဏီ ၄ ခုထဲက တခုျဖစ္တဲ့ စီႏုိကုမၸဏီရဲ႕ ဒုတိယမန္ေနဂ်ာျဖစ္သူဟာ ဇန္န၀ါရီ ၃၁ ရက္ေန႔က ျပန္ေရာက္လာတာပါ။

သူ႔ကုိ လုပ္ငန္းခြင္ထဲ ခ်က္ျခင္း ၀င္ခြင့္မျပဳဘဲ သီးျခား ခြဲထားဖုိ႔ ၀မ္ေပါင္ကုမၸဏီ တာ၀န္ရွိသူေတြနဲ႔ ျမန္မာ၀န္ထမ္းေတြအၾကား သေဘာတူညီခ်က္ ရထားတဲ့ၾကားက သူ႔ကုိ ျပန္၀င္ခြင့္ျပဳလုိက္တာေၾကာင့္ ေသာၾကာေန႔ ညေနေစာင္းကစလုိ႔ ျမန္မာ၀န္ထမ္းေတြက ကန္႔ကြက္ ေနခဲ့ၾကတာလုိ႔ အခင္းျဖစ္တဲ့ေနရာမွာ ကုိယ္တုိင္ေရာက္ေနတဲ့ မုံရြာၿမိဳ႕က လူမႈေရးတက္ႂကြလႈပ္ရွားသူ ဦးေက်ာ္မုိးလႈိင္က ေျပာပါတယ္။

“အဓိကေတာ့ သူက တန္းၿပီး၀င္လာတဲ့ ဒုတိယ မန္ေနဂ်ာ ကို သီးသန္႔ camp ေပါ့ေနာ္ ဟိုတေလာက ၂၇ ရက္ေန႔က တိုင္းေဒသႀကီးအစိုးရကေန ေရွာင္တခင္၀င္စစ္တာရွိတယ္ ။ ၿပီးေတာ့ ျပန္လာတဲ့လူေတြကို သီးသန္႔ခြဲထားတဲ့ Camp ဆိုတာ ရွိတယ္ေပါ့ေနာ္။ အဲဒီအထဲကို သူ႔ကို ျပန္ပုိ႔ခိုင္းတာ ။ အဲလိုခြဲထားမွ အလုပ္သမားေတြက အလုပ္ျပန္ဆင္းမယ္လို႔ ေျပာတာ ။ အဲဒီအထဲကို ခြဲထားဖို႔ကို သူတို႔က လက္မခံပဲနဲ႔ သူ႔နဂိုေနတဲ့အိမ္မွာပဲ သြားေနတယ္ေပါ့ေနာ္။ အဲလိုအေျခအေနမွာ အလုပ္သမားေတြက လက္မခံႏိုင္ဘူးေပါ့ေနာ္။အခုေတာ့ အလုပ္သမားေတြ ျပန္ကုန္ၾကၿပီေပါ့ေနာ္။ အလုပ္မဆင္းဘူး လုပ္ငန္းလည္ပတ္မႈကလည္း ရပ္ဆိုင္းသေလာက္ျဖစ္သြားၿပီ ေလာေလာဆည္ ကေတာ့ ေျပလည္မႈမရွိပဲနဲ႔ ၿပီးဆံုးသြားတယ္။ မနက္ျဖန္မွာေတာ့ ဒီတိုင္းေဒသႀကီးအစိုးရက စစ္ေဆးေရးလုပ္လိမ့္မယ္လို႔ ယူဆရတယ္ေပါ့ေနာ္။”

သူဟာ တရုတ္ျပည္ကေန မႏၱေလး ေလဆိပ္ကတဆင့္ ျပန္၀င္လာတာျဖစ္ၿပီး အေစာပုိင္းမွာ လုပ္ငန္းခြင္ထဲကုိ ျပန္၀င္ခြင့္မျပဳဘဲ ျပန္လြတ္လုိက္ၿပီးမွ ေနာက္တေခါက္ ျပန္ေရာက္လာတာလုိ႔ ဦးေက်ာ္မုိးလႈိင္က ဆက္ေျပာပါတယ္။

“ တရုတ္ျပည္ကေန ျပန္လာၿပီးေတာ့မွ လာတဲ့အခ်ိန္မွာ အ၀င္မခံတာ၊ အ၀င္မခံေတာ့ တခါ ျပန္သြားတယ္။ ျပန္သြားၿပီး အခုျပန္လာၿပီးေတာ့ အထဲကို ၀င္လာတာ။ ပထမကတည္းက အလုပ္သမားေတြနဲ႔ ကုမၸဏီနဲ႔ ညိွထားတာကေတာ့ ၀င္လာရင္ လက္မခံဖို႔ အဲဒီလို သေဘာတူညီခ်က္ယူထားတယ္။ အလုပ္သမားေတြနဲ႔ ကုမၸဏီနဲ႔ ညိွထားကတည္းက သူ႔ကို အ၀င္မခံဖို႔ေပါ့ေနာ္ သူ႔ကို ျပန္လႊတ္တယ္လုိ႔ ယူဆရတယ္။ ျပန္လႊတ္တဲ့အခါေတာ့ ျပန္သြားရတယ္။”

ညဘက္မွာ အလုပ္ဆင္းမယ့္ ျမန္မာ၀န္ထမ္းတဦးကလည္း သူအပါအ၀င္ တျခား၀န္ထမ္းေတြကုိ ေနာက္ပုိင္းမွာ Coronarirus ကူးစက္လာမွာကုိ စုိးရိမ္တာေၾကာင့္ အဲဒီ တရုတ္အရာရွိကုိဆက္ထားရင္ အလုပ္မဆင္းဘူးလုိ႔ ဗီြအုိေအကုိ အခုလုိ ေျပာပါတယ္။

“ဂိတ္ကေနၿပီးေတာ့ သူ႔ကိုလက္မခံတာေလ ။ အဲဒီလက္မခံပဲ ကုမၸဏီကို ျပန္၀င္လို႔ဆိုၿပီးေတာ့ သူ႔ကို သံသယရွိလို႔ ဒီမွာမထားဖို႔ သူ႔ကို ထားရင္မဆင္းဘူးေပါ့ေနာ္။ေဆးစစ္ ႀကီးက်ပ္ၿပီးေတာ့ စစ္ေဆးကုသရင္လည္း ကုသေပါ့ေနာ္။ ဆုိတဲ့သေဘာမ်ိဳးေပါ့။ အဲဒီလူကို အဲလိုမ်ိဳးမလုပ္ေပးႏိုင္ဘူးဆိုရင္ မဆင္းဘူးေပါ့ေနာ္ ကုမၸဏီ ေရာ ၀န္ထမ္းေတြေရာ ရပ္ထားမယ္ဆိုတဲ့ သေဘာမ်ိဳးေပါ့ေနာ္။ ၀မ္ေပါင္ကုမၸဏီက လက္မခံတာ။

ေမး။ ။ ၀မ္ေပါင္ကုမၸဏီက လက္မခံတာလားခင္ဗ်ာ

ေျဖ။ ။ ဟုတ္တယ္ အဲဒါကို စီႏုိကုမၸဏီ က လက္ခံထားလို႔ က်ေနာ္တို႔ ကုမၸဏီက လက္ခံထားလို႔ ဆိုၿပီးေတာ့။”

စီႏုိကုမၸဏီရဲ႕ ဒုတိယ မန္ေနဂ်ာကုိ ၀မ္ေပါင္ကုမၸဏီ၀င္းထဲက သူေနတဲ့အိမ္မွာ ဆက္မထားဖုိ႔ ေသာၾကာညသန္းေခါင္ေက်ာ္တဲ့အထိ ႏွစ္ဘက္ ညွိႏႈိင္းတာေတြ အဆင္မေျပဘဲ အဆုံးသတ္သြားတာေၾကာင့္ ေလာေလာဆယ္ လုပ္ငန္းလည္ပတ္မႈေတြကုိ ရပ္ဆုိင္းထားပါတယ္။

စီႏုိကုမၸဏီရဲ႕ ဒုတိယမန္ေနဂ်ာ ျပန္မေရာက္လာခင္ သူ႔လုိဘဲ တရုတ္ႏုိင္ငံကုိ ႏွစ္သစ္ကူးျပန္သြားၿပီး ဇန္န၀ါရီလ ၂၆ ရက္ေန႔မွာ ျပန္ေရာက္လာၾကတဲ့ တရုတ္၀န္ထမ္း ၂၅ ေယာက္ကုိ စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရက ဇန္န၀ါရီလ ၂၇ ရက္ေန႔မွာ Coronavirus ရွိမရွိ ေရွာင္တခင္ စစ္ေဆးၿပီး ၁၄ ရက္ၾကာ ေစာင့္ၾကည့္ဖုိ႔ ကုမၸဏီ လုပ္ငန္းခြင္ထဲ သီးသန္႔ ခြဲထုတ္ထားတာ ရွိပါတယ္။

ကနဦး စစ္ေဆးတဲ့အခ်ိန္မွာ Coronavirus ကူးစက္ျခင္းမရွိဘူးဆုိေပမယ့္လည္း ဒီေရာဂါဟာ ၁၄ ရက္ၾကာတဲ့အထိ ျဖစ္လာႏုိင္ေျခ ရွိတာေၾကာင့္ သူ႔ကုိလည္း တျခား တရုတ္၀န္ထမ္း ၂၅ ဦးနည္းတူ ၁၄ ရက္ သီးျခားခြဲထားဖုိ႔ ျမန္မာ၀န္ထမ္းေတြက လုိလားေနတာပါ။

ဒီကေန႔ ေဖေဖာ္၀ါရီ ၁ ရက္ေန႔မွာေတာ့ စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရက တာ၀န္ရွိသူေတြ ၀မ္ေပါင္သတၳဳတူးေဖာ္ေရးကုမၸဏီကုိ လာေရာက္ၿပီး ဒီကိစၥအတြက္ ညွိႏႈိင္းေဆာင္ရြက္တာေတြ လုပ္ေဆာင္ေပးလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ျမန္မာ၀န္ထမ္းေတြက ေျပာပါတယ္။

၀မ္ေပါင္ ျမန္မာ ေၾကးနီသတၳဳတူးေဖာ္ေရးကုမၸဏီဟာ တေန႔ကုိ အဆုိင္း ၄ ဆုိင္းခြဲၿပီး လုပ္ငန္းကုိ ၂၄ နာရီပတ္လုံး လည္ပတ္ေနတာမွာ တဆုိင္းကုိ ျမန္မာ၀န္ထမ္း ၁၅၀ ေလာက္ရွိတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ ကုမၸဏီမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ျမန္မာ၀န္ထမ္းခ်ည္းဘဲ အနည္းဆုံး ၆၀၀ ေလာက္ရွိေနတဲ့အျပင္ တျခား တရုတ္၀န္ထမ္းေတြလည္း အမ်ားအျပား ရွိေနတာေၾကာင့္ ဒီေနရာမွာ အလုပ္လုပ္ေနၾကသူ စုစုေပါင္း ၀န္ထမ္းအင္အား ေထာင္ဂဏန္း ၀န္းက်င္ ရွိပါတယ္။

..............................

Coronavirus ရှိမရှိ စောင့်ကြည့်ခံဖို့ ငြင်းသူကြောင့် လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ငန်းရပ်နေ

(Unicode)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်း အရာရှိတဦးဟာ တရုတ်ပြည်က ပြန်လာပြီးတဲ့ နောက် coronavirus ရှိမရှိ ၁၄ ရက် ကြာ စောင့်ကြည့်စစ်ဆေးခံဖို့မလုပ်ဘဲ ကုမ္ပဏီဝင်းထဲ ပြန်ဝင်လာတဲ့အတွက် မြန်မာဝန်ထမ်းတွေက ကန့်ကွက်ခဲ့ကြပါတယ်။ နှစ်ဘက် အချေတင်ဖြစ်ပြီး ပြေလည်မှုမရတာကြောင့် မြန်မာဝန်ထမ်းတွေအားလုံး လုပ်ငန်းခွင်က ထွက်သွားကြတဲ့အတွက် လက်ရှိမှာ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာစတင်တွေ့ရှိတဲ့ Novel Coronavirus ကြောင့် ဝမ်ပေါင် ကြေးနီသတ္ထု တူးဖော်ရေးလုပ်ငန်းက မြန်မာ ဝန်ထမ်းတွေအကြား တရုတ်ပြည်က ပြန်လာကြတဲ့သူတွေမှာ ဒီဗိုင်းရပ်စ်ပိုး ပါလာမှာကို စိုးရိမ်နေကြချိန်မှာ ဝမ်ပေါင်ကုမ္ပဏီနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ ၄ ခုထဲက တခုဖြစ်တဲ့ စီနိုကုမ္ပဏီရဲ့ ဒုတိယမန်နေဂျာဖြစ်သူဟာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြန်ရောက်လာတာပါ။

သူ့ကို လုပ်ငန်းခွင်ထဲ ချက်ခြင်း ဝင်ခွင့်မပြုဘဲ သီးခြား ခွဲထားဖို့ ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ မြန်မာဝန်ထမ်းတွေအကြား သဘောတူညီချက် ရထားတဲ့ကြားက သူ့ကို ပြန်ဝင်ခွင့်ပြုလိုက်တာကြောင့် သောကြာနေ့ ညနေစောင်းကစလို့ မြန်မာဝန်ထမ်းတွေက ကန့်ကွက် နေခဲ့ကြတာလို့ အခင်းဖြစ်တဲ့နေရာမှာ ကိုယ်တိုင်ရောက်နေတဲ့ မုံရွာမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးကျော်မိုးလှိုင်က ပြောပါတယ်။

“အဓိကတော့ သူက တန်းပြီးဝင်လာတဲ့ ဒုတိယ မန်နေဂျာ ကို သီးသန့် camp ပေါ့နော် ဟိုတလောက ၂၇ ရက်နေ့က တိုင်းဒေသကြီးအစိုးရကနေ ရှောင်တခင်ဝင်စစ်တာရှိတယ် ။ ပြီးတော့ ပြန်လာတဲ့လူတွေကို သီးသန့်ခွဲထားတဲ့ Camp ဆိုတာ ရှိတယ်ပေါ့နော်။ အဲဒီအထဲကို သူ့ကို ပြန်ပို့ခိုင်းတာ ။ အဲလိုခွဲထားမှ အလုပ်သမားတွေက အလုပ်ပြန်ဆင်းမယ်လို့ ပြောတာ ။ အဲဒီအထဲကို ခွဲထားဖို့ကို သူတို့က လက်မခံပဲနဲ့ သူ့နဂိုနေတဲ့အိမ်မှာပဲ သွားနေတယ်ပေါ့နော်။ အဲလိုအခြေအနေမှာ အလုပ်သမားတွေက လက်မခံနိုင်ဘူးပေါ့နော်။အခုတော့ အလုပ်သမားတွေ ပြန်ကုန်ကြပြီပေါ့နော်။ အလုပ်မဆင်းဘူး လုပ်ငန်းလည်ပတ်မှုကလည်း ရပ်ဆိုင်းသလောက်ဖြစ်သွားပြီ လောလောဆည် ကတော့ ပြေလည်မှုမရှိပဲနဲ့ ပြီးဆုံးသွားတယ်။ မနက်ဖြန်မှာတော့ ဒီတိုင်းဒေသကြီးအစိုးရက စစ်ဆေးရေးလုပ်လိမ့်မယ်လို့ ယူဆရတယ်ပေါ့နော်။”

သူဟာ တရုတ်ပြည်ကနေ မန္တလေး လေဆိပ်ကတဆင့် ပြန်ဝင်လာတာဖြစ်ပြီး အစောပိုင်းမှာ လုပ်ငန်းခွင်ထဲကို ပြန်ဝင်ခွင့်မပြုဘဲ ပြန်လွတ်လိုက်ပြီးမှ နောက်တခေါက် ပြန်ရောက်လာတာလို့ ဦးကျော်မိုးလှိုင်က ဆက်ပြောပါတယ်။

“ တရုတ်ပြည်ကနေ ပြန်လာပြီးတော့မှ လာတဲ့အချိန်မှာ အဝင်မခံတာ၊ အဝင်မခံတော့ တခါ ပြန်သွားတယ်။ ပြန်သွားပြီး အခုပြန်လာပြီးတော့ အထဲကို ဝင်လာတာ။ ပထမကတည်းက အလုပ်သမားတွေနဲ့ ကုမ္ပဏီနဲ့ ညှိထားတာကတော့ ဝင်လာရင် လက်မခံဖို့ အဲဒီလို သဘောတူညီချက်ယူထားတယ်။ အလုပ်သမားတွေနဲ့ ကုမ္ပဏီနဲ့ ညှိထားကတည်းက သူ့ကို အဝင်မခံဖို့ပေါ့နော် သူ့ကို ပြန်လွှတ်တယ်လို့ ယူဆရတယ်။ ပြန်လွှတ်တဲ့အခါတော့ ပြန်သွားရတယ်။”

ညဘက်မှာ အလုပ်ဆင်းမယ့် မြန်မာဝန်ထမ်းတဦးကလည်း သူအပါအဝင် တခြားဝန်ထမ်းတွေကို နောက်ပိုင်းမှာ Coronarirus ကူးစက်လာမှာကို စိုးရိမ်တာကြောင့် အဲဒီ တရုတ်အရာရှိကိုဆက်ထားရင် အလုပ်မဆင်းဘူးလို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဂိတ်ကနေပြီးတော့ သူ့ကိုလက်မခံတာလေ ။ အဲဒီလက်မခံပဲ ကုမ္ပဏီကို ပြန်ဝင်လို့ဆိုပြီးတော့ သူ့ကို သံသယရှိလို့ ဒီမှာမထားဖို့ သူ့ကို ထားရင်မဆင်းဘူးပေါ့နော်။ဆေးစစ် ကြီးကျပ်ပြီးတော့ စစ်ဆေးကုသရင်လည်း ကုသပေါ့နော်။ ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီလူကို အဲလိုမျိုးမလုပ်ပေးနိုင်ဘူးဆိုရင် မဆင်းဘူးပေါ့နော် ကုမ္ပဏီ ရော ဝန်ထမ်းတွေရော ရပ်ထားမယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ ဝမ်ပေါင်ကုမ္ပဏီက လက်မခံတာ။

မေး။ ။ ဝမ်ပေါင်ကုမ္ပဏီက လက်မခံတာလားခင်ဗျာ

ဖြေ။ ။ ဟုတ်တယ် အဲဒါကို စီနိုကုမ္ပဏီ က လက်ခံထားလို့ ကျနော်တို့ ကုမ္ပဏီက လက်ခံထားလို့ ဆိုပြီးတော့။”

စီနိုကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာကို ဝမ်ပေါင်ကုမ္ပဏီဝင်းထဲက သူနေတဲ့အိမ်မှာ ဆက်မထားဖို့ သောကြာညသန်းခေါင်ကျော်တဲ့အထိ နှစ်ဘက် ညှိနှိုင်းတာတွေ အဆင်မပြေဘဲ အဆုံးသတ်သွားတာကြောင့် လောလောဆယ် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားပါတယ်။

စီနိုကုမ္ပဏီရဲ့ ဒုတိယမန်နေဂျာ ပြန်မရောက်လာခင် သူ့လိုဘဲ တရုတ်နိုင်ငံကို နှစ်သစ်ကူးပြန်သွားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြန်ရောက်လာကြတဲ့ တရုတ်ဝန်ထမ်း ၂၅ ယောက်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Coronavirus ရှိမရှိ ရှောင်တခင် စစ်ဆေးပြီး ၁၄ ရက်ကြာ စောင့်ကြည့်ဖို့ ကုမ္ပဏီ လုပ်ငန်းခွင်ထဲ သီးသန့် ခွဲထုတ်ထားတာ ရှိပါတယ်။

ကနဦး စစ်ဆေးတဲ့အချိန်မှာ Coronavirus ကူးစက်ခြင်းမရှိဘူးဆိုပေမယ့်လည်း ဒီရောဂါဟာ ၁၄ ရက်ကြာတဲ့အထိ ဖြစ်လာနိုင်ခြေ ရှိတာကြောင့် သူ့ကိုလည်း တခြား တရုတ်ဝန်ထမ်း ၂၅ ဦးနည်းတူ ၁၄ ရက် သီးခြားခွဲထားဖို့ မြန်မာဝန်ထမ်းတွေက လိုလားနေတာပါ။

ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက တာဝန်ရှိသူတွေ ဝမ်ပေါင်သတ္ထုတူးဖော်ရေးကုမ္ပဏီကို လာရောက်ပြီး ဒီကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာဝန်ထမ်းတွေက ပြောပါတယ်။

ဝမ်ပေါင် မြန်မာ ကြေးနီသတ္ထုတူးဖော်ရေးကုမ္ပဏီဟာ တနေ့ကို အဆိုင်း ၄ ဆိုင်းခွဲပြီး လုပ်ငန်းကို ၂၄ နာရီပတ်လုံး လည်ပတ်နေတာမှာ တဆိုင်းကို မြန်မာဝန်ထမ်း ၁၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဝန်ထမ်းချည်းဘဲ အနည်းဆုံး ၆၀၀ လောက်ရှိနေတဲ့အပြင် တခြား တရုတ်ဝန်ထမ်းတွေလည်း အများအပြား ရှိနေတာကြောင့် ဒီနေရာမှာ အလုပ်လုပ်နေကြသူ စုစုပေါင်း ဝန်ထမ်းအင်အား ထောင်ဂဏန်း ဝန်းကျင် ရှိပါတယ်။

ကိုုေဇာ္၀င္းလႈိင္/ VOA (Burmese)
https://burmese.voanews.com
Coronavirus ရွိမရွိ ေစာင့္ၾကည့္ခံဖို႔ ျငင္းသူေၾကာင့္ လက္ပံေတာင္းေၾကးနီစီမံကိန္း လုပ္ငန္းရပ္ေန Coronavirus ရွိမရွိ ေစာင့္ၾကည့္ခံဖို႔ ျငင္းသူေၾကာင့္ လက္ပံေတာင္းေၾကးနီစီမံကိန္း လုပ္ငန္းရပ္ေန Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.