ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ပထမဆံုး လူေသဆံုး

တ႐ုတ္ႏုိင္ငံ ဓာတ္ခြဲခန္းတခုတြင္ စမ္းသပ္စစ္ေဆးေနသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ ကမၻာလွည့္ခရီးသြားတဦး ျပင္သစ္ႏုိင္ငံမွာ ေသဆုံးသြားပါတယ္။ အသက္ ၈၀ အရြယ္ အဲဒီ တ႐ုတ္အမ်ိဳးသားဟာ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ေသဆုံးခဲ့တဲ့ ပထမဆုံးလူနာလည္း ျဖစ္ပါတယ္။

အာဖရိကတုိက္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရတဲ့ ပထမဆုံး လူနာကိုေတာ့ အီဂ်စ္မွာ ေတြ႔ရွိထားပါတယ္။

ဒီအေတာအတြင္းမွာပဲ တ႐ုတ္ႏုိင္ငံကလည္း ႏွစ္သစ္ကူးအၿပီး အနယ္နယ္အရပ္ရပ္ကေန တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္ကို ေရာက္လာၾကတဲ့သူ ဘယ္သူမဆို ကိုယ့္ဘာသာ ၁၄ ရက္ၾကာ သီးျခားခြဲၿပီး ေနၾကရမယ္လို႔ တ႐ုတ္တာ၀န္ရွိသူူေတြက ေျပာပါတယ္။

ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ အေရးေပၚအေျခအေန တိုက္႐ိုက္ေလလိႈင္း အစီအစဥ္ နားဆင္ႏုိင္ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ အစိုးရက ထုတ္ျပန္လုိက္တဲ့ ဒီအမိန္႔ကို မျဖစ္မေန လိုက္နာရမွာျဖစ္ၿပီး မလိုက္နာတဲ့သူေတြကို တရားဥပေဒအရ အေရးယူမယ္လို႔လည္း ႏုိင္ငံပိုင္ Beijing Daily သတင္းဌာနက ေၾကညာသြားတာပါ။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၄၃ ဦး ထပ္တိုးလာတယ္လို႔ တ႐ုတ္ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ဒီကေန႔ ေၾကညာခဲ့တာေၾကာင့္ ခုဆိုရင္ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၁၅၀၀ ထက္မနည္း ရွိသြားပါၿပီ။

မေန႔ ေသာၾကာေန႔မွာေတာ့ ေရာဂါရွင္အသစ္ ၅၀၉၀ ဦး ရွိခဲ့ၿပီး ဒီကေန႔ စေနေန႔မွာေတာ့ ထပ္ၿပီး ကူးစက္ခံထားရသူ ၂၆၄၁ ဦး ေတြ႔ခဲ့တဲ့အတြက္ ခုရက္ပုိင္းအတြင္း ကူးစက္သူအေရအတြက္ က်ဆင္းသြားတာ ျဖစ္ပါတယ္။

ေသာၾကာေန႔ကေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၅၀၉၀ ထိရွိေၾကာင္း တ႐ုတ္အစိုးရက ေၾကညာခဲ့တာပါ။
covid 19
ေရာဂါစစ္ေဆးတဲ့ နည္းလမ္းနဲ႔ ထပ္ၿပီး ကူးစက္ခံထားရတဲ့ သူေတြကို စစ္ေဆးတဲ့ နည္းလမ္းေတြကို တ႐ုတ္အစိုးရက လတ္တေလာ ေျပာင္းလိုက္တဲ့အတြက္ ကူးစက္မႈေတြ တရွိန္ထိုး တက္သြားခဲ့တာပါ။ နည္းလမ္းအသစ္ထဲမွာေတာ့ ေရာဂါစစ္ေဆးတဲ့ေနရာမွာ ဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးတာထက္ အဆုတ္ ဓာတ္မွန္နဲ႔ အျခားနည္းလမ္းေတြသုံးၿပီး ခြဲျခမ္းစိတ္ျဖာ သုံးသပ္ၾကတာပါ။

ေရာဂါေၾကာင့္ ေသဆုံးသူအမ်ားစုက ေရာဂါစတင္ပ်ံ႕ႏွံ႔ရာ ဟူေဘးျပည္နယ္ၿမိဳ ႔ေတာ္ ၀ူဟန္ကျဖစ္တယ္လို႔ တ႐ုတ္က်န္းမာေရးဌာနက ေျပာပါတယ္။

    ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရး WHO နဲ႔ ပူးတဲြအစီအစဥ္ သီတင္းပတ္ကုန္စမည္ သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။

ေသာၾကာေန႔ညကရတဲ့ ကိန္းဂဏန္းေတြအရ တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၆ ေသာင္း ၇ ေထာင္၀န္းက်င္ရိွေနၿပီး ေသဆုံးသူကေတာ့ ၁၅၂၃ ဦးရွိတယ္လို႔ က်န္းမာေရးေကာ္မရွင္က အတည္ျပဳပါတယ္။

ေရာဂါကူးစက္ခံရသူေတြထဲမွာ ပါတဲ့ က်န္းမာေရးဝန္ထမ္း ၁၇၁၆ ဦးထဲမွာ ၆ ဦးကေတာ့ ေသဆုံးသြားတယ္လို႔ က်န္းမာေရးေကာ္မရွင္ ဒုတိယအႀကီးအကဲ Zeng Yixin က ေသာၾကာေန႔မွာ ေျပာဆုိထားပါတယ္။

----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ ပထမဆုံး လူသေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် ကမ္ဘာလှည့်ခရီးသွားတဦး ပြင်သစ်နိုင်ငံမှာ သေဆုံးသွားပါတယ်။ အသက် ၈၀ အရွယ် အဲဒီ တရုတ်အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ သေဆုံးခဲ့တဲ့ ပထမဆုံးလူနာလည်း ဖြစ်ပါတယ်။

အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံး လူနာကိုတော့ အီဂျစ်မှာ တွေ့ရှိထားပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံကလည်း နှစ်သစ်ကူးအပြီး အနယ်နယ်အရပ်ရပ်ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်လာကြတဲ့သူ ဘယ်သူမဆို ကိုယ့်ဘာသာ ၁၄ ရက်ကြာ သီးခြားခွဲပြီး နေကြရမယ်လို့ တရုတ်တာဝန်ရှိသူူတွေက ပြောပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ အရေးပေါ်အခြေအနေ တိုက်ရိုက်လေလှိုင်း အစီအစဉ် နားဆင်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ အစိုးရက ထုတ်ပြန်လိုက်တဲ့ ဒီအမိန့်ကို မဖြစ်မနေ လိုက်နာရမှာဖြစ်ပြီး မလိုက်နာတဲ့သူတွေကို တရားဥပဒေအရ အရေးယူမယ်လို့လည်း နိုင်ငံပိုင် Beijing Daily သတင်းဌာနက ကြေညာသွားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၃ ဦး ထပ်တိုးလာတယ်လို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဒီကနေ့ ကြေညာခဲ့တာကြောင့် ခုဆိုရင် ဒီရောဂါကြောင့် သေဆုံးသူ ၁၅၀၀ ထက်မနည်း ရှိသွားပါပြီ။

မနေ့ သောကြာနေ့မှာတော့ ရောဂါရှင်အသစ် ၅၀၉၀ ဦး ရှိခဲ့ပြီး ဒီကနေ့ စနေနေ့မှာတော့ ထပ်ပြီး ကူးစက်ခံထားရသူ ၂၆၄၁ ဦး တွေ့ခဲ့တဲ့အတွက် ခုရက်ပိုင်းအတွင်း ကူးစက်သူအရေအတွက် ကျဆင်းသွားတာ ဖြစ်ပါတယ်။

သောကြာနေ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅၀၉၀ ထိရှိကြောင်း တရုတ်အစိုးရက ကြေညာခဲ့တာပါ။

ရောဂါစစ်ဆေးတဲ့ နည်းလမ်းနဲ့ ထပ်ပြီး ကူးစက်ခံထားရတဲ့ သူတွေကို စစ်ဆေးတဲ့ နည်းလမ်းတွေကို တရုတ်အစိုးရက လတ်တလော ပြောင်းလိုက်တဲ့အတွက် ကူးစက်မှုတွေ တရှိန်ထိုး တက်သွားခဲ့တာပါ။ နည်းလမ်းအသစ်ထဲမှာတော့ ရောဂါစစ်ဆေးတဲ့နေရာမှာ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးတာထက် အဆုတ် ဓာတ်မှန်နဲ့ အခြားနည်းလမ်းတွေသုံးပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြတာပါ။

ရောဂါကြောင့် သေဆုံးသူအများစုက ရောဂါစတင်ပျံ့နှံ့ရာ ဟူဘေးပြည်နယ်မြို့တော် ဝူဟန်ကဖြစ်တယ်လို့ တရုတ်ကျန်းမာရေးဌာနက ပြောပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး WHO နဲ့ ပူးတွဲအစီအစဉ် သီတင်းပတ်ကုန်စမည် သတင်း ဖတ်ရှုနားဆင်နိုင်ပါတယ်။

သောကြာနေ့ညကရတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆ သောင်း ၇ ထောင်ဝန်းကျင်ရှိနေပြီး သေဆုံးသူကတော့ ၁၅၂၃ ဦးရှိတယ်လို့ ကျန်းမာရေးကော်မရှင်က အတည်ပြုပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာ ပါတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၆ ဦးထဲမှာ ၆ ဦးကတော့ သေဆုံးသွားတယ်လို့ ကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က သောကြာနေ့မှာ ပြောဆိုထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ပထမဆံုး လူေသဆံုး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ပထမဆံုး လူေသဆံုး Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.