ေဘဂ်င္းၿမိဳ႕ေတာ္မွာ လူေတြလမ္းေပၚ ျပန္ထြက္စျပဳၿပီ


ေဘဂ်င္းၿမိဳ႕ေတာ္မွာ လူေတြလမ္းေပၚ ျပန္ထြက္စျပဳၿပီ

(Zawgyi/Unicode)

ကုိ႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေထာင္ခ်ီေသဆုံးၿပီး ေသာင္းနဲ႔ခ်ီ ေရာဂါကူးစက္ခံေနရတဲ့ တ႐ုတ္ႏိုင္ငံမွာ ဒီရက္ပိုင္းထဲ ေသဆုံးသူအေရအတြက္ အနည္းငယ္ က်ဆင္းလာသလို၊ ေနာက္ထပ္ ကူးစက္ခံရသူ အေရတြက္လည္း ေလ်ာ့လာတာေၾကာင့္ ေဘဂ်င္းၿမဳိ႕ေတာ္က ျပည္သူေတြဟာ တင္းၾကပ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔ အညီေနထိုင္ရင္း လမ္းမေတြေပၚ ျပန္ထြက္စ ျပဳလာၾကၿပီးျဖစ္တဲ့အေၾကာင္း AFP သတင္းကိုအေျခခံၿပီး ကိုဥာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ကမၻာ့လွည့္ခရီးသြားေတြနဲ႔ေရာ ၿမဳိ့ခံေတြ၊ အလုပ္လုပ္လာသူေတြနဲ႔ပါ စည္းကားေနတတ္တဲ့ တ႐ုတ္ႏိုင္ငံၿမဳိ႕ေတာ္ေဘဂ်င္းဟာ ကုိ႐ုိနာဗိုင္းရပ္စ္ စျဖစ္လာခ်ိန္ကစလုိ႔ ေန႔စဥ္ လူေတြေသဆုံးလာၿပီးေနာက္မွာ အစိုးရကလည္း အသြားအလာကန္႔သတ္ခ်က္ေတြနဲ႔ တင္းၾကပ္ခဲ့တာေၾကာင့္ ၿမဳိ့ေတာ္ႀကီးရဲ႕လမ္းမေတြေပၚမွာ လူေတြေျခာက္ေသြ႔သြားခဲ့ရာက အခုေတာ့ ျပန္ထြက္စ ျပဳလာပါတယ္။

ေဘးဂ်င္းၿမဳိ့ကအလုပ္ေတြမွာ က်န္းမာေရးဆုိင္ရာ သတ္မွတ္စည္းကမ္းခ်က္ေတြအတုိင္း လိုက္နာေနရတယ္လုိ႔ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္း ဝန္ထမ္းျဖစ္သူ Song Ying က ေျပာပါတယ္။

“ေန႔စဥ္ပဲ က်မ အလုပ္ကို ေရာက္တယ္ဆုိတာနဲ႔ ပထမဦးဆုံး ကုိယ္အပူခ်ိန္ကို တိုင္းပါတယ္။ က်မတို႔ ကုမၸဏီကို အျပင္ကေန လာေရာက္ လည္ပတ္သူေတြနဲ႔ မေတြ႔ျဖစ္ေအာင္ အတတ္ႏုိင္ဆုံးေရွာင္ပါတယ္။ ဒါေတြက အဓိက လုပ္ျဖစ္တာေတြပါ။ အဲဒီေနာက္မွာ အခ်ိန္ ျခားျခားၿပီး ကိုယ္အပူခ်ိန္ကို ျပန္တုိင္းပါတယ္။ ေရာဂါကူးစက္မႈ ရွိမရွိ သိရေအာင္လုိ႔ပါ။”

ဗုိင္းရပ္စ္ေၾကာင့္ ဒီရက္ပုိင္းထဲ ေသဆုံးသူအေရအတြက္ က်ဆင္းလာတာ၊ ေနာက္ထပ္ ကူးစက္ခံရသူအေရတြက္ ပထမဆုံးအႀကိမ္ စတင္ ေလ်ာ့နည္းလာတယ္လို႔ ၾကာသပေတးေန႔က တ႐ုတ္က်န္းမာေရးတာဝန္ရွိသူေတြက ေၾကညာပါတယ္။ ဒါဟာ အစုိးရရဲ႕ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဆုိင္ရာ တင္းၾကပ္တဲ့လုပ္ငန္းစဥ္ေတြ အလုပ္ျဖစ္ေနတယ္ဆုိတာ ျပသရာေရာက္ေၾကာင္း လာအိုႏိုင္ငံမွာလုပ္တဲ့ အာဆီယံ-တ႐ုတ္ အေရးေပၚစည္းေဝးပြဲမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ့္ယီက ေျပာသြားပါတယ္။ ေဘဂ်င္းၿမဳိ႕ေတာ္ကေနအိမ္ အေဆာက္အဦးေတြမွာ အဝင္အထြက္ေတြ ခုထိတင္ၾကပ္ထားဆဲ ျဖစ္တယ္လုိ႔ မစၥ Song က ဆုိပါတယ္။

“က်မေနတဲ့ ေနရာတဝုိက္မွာေတာ့ ကိုယ္ေနတဲ့ အေဆာက္အဦးမွာ အဝင္-အထြက္ ဆိုင္းထုိးရပါတယ္။ ဒီမွာ တကယ္ေနတယ္ မေနဘူးဆိုတာ သက္ေသျပႏုိင္ဖုိ႔ အဝင္အထြက္ ကဒ္ျပားကုိလည္း ေဆာင္ထားရပါတယ္။ အဲဒီကဒ္ရွိမွသာ အခက္အခဲမရွိ ဝင္ထြက္ႏိုင္မွာပါ။ အေျခအေနေတြ ကေတာ့ ပုံမွန္အတုိင္းပဲလို႔ က်မ ျမင္ပါတယ္။”

ဒီအေတာတြင္း တ႐ုတ္အစိုးရကလည္း အသြားအလာ ကန္႔သတ္မႈလုပ္ထားတာေၾကာင့္ နယ္ကလာၿပီးအလုပ္လုပ္သူေတြအတြက္ အခက္ႀကဳံ ေနရတယ္လို႔ အေရာင္းျမႇင့္တင္ေရးဝန္ထမ္း Chen Yiming ကေျပာပါတယ္။

“က်ေနာ္ အိမ္ကိုတေခါက္ ျပန္သြားဖူးပါတယ္။ ဒီကို ျပန္ထြက္လာဖို႔က မလြယ္လွပါဘူး။ အဲဒါနဲ႔ က်ေနာ္လည္း ေဘဂ်င္းက ဟုိတယ္တခုမွာပဲ တည္းခိုေနတာ ၁၀ ရက္ေက်ာ္မက ရွိလာပါၿပီ။ ဟုိတယ္ထဲမွာပဲ ေနေနရတာ ပ်င္းဖို႔ သိပ္ေကာင္းတာပါ။ ကံေကာင္းခ်င္ေတာ့ ဒီေဘဂ်င္းမွာ မိတ္ေဆြတေယာက္ရေတာ့ အေဖၚရသြားပါတယ္။ ဒီမွာက ဒီေလာက္ မတင္းၾကပ္ဘူးေလ။”

အကယ္၍သာ အိမ္ျပန္သြားရင္ မိသားစုကုိ ဒုကၡေပးသလိုျဖစ္မွာလည္း စိုးတယ္လို႔ Chen Yiming ကဆုိပါတယ္။

“နယ္က က်ေနာ့္အိမ္ကိုျပန္သြားရင္ တအိမ္လုံး ေစာင့္ၾကည့္မႈေအာက္မွာ ေနရမွာပါ။ က်ေနာ့္မိသားစုတခုလုံးကို ဒုကၡမေပးခ်င္ပါဘူး။ ဒါေၾကာင့္ ဒီက ဟိုတယ္မွာပဲ က်ေနာ္ ငွားေနေနရပါတယ္။ ခုခ်ိန္မွာ လုိအပ္ခ်က္ေတြရွိေနေသးေပမဲ့ မၾကာခင္မွာ လက္ရွိအေျခအေနေတြကို ေက်ာ္လႊား ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

တ႐ုတ္ႏိုင္ငံဟာ သူ႔ျပည္သူေတြကိုသာ ဗိုင္းရပ္စ္အႏၱရာယ္ကေန ကာကြယ္ေန႐ုံတင္မကပဲ ၊ တကမၻာ့လုံးအတြက္ပါ ကာကြယ္ေပးေနတယ္လို႔ ဝန္ႀကီးဝမ္းယီက လာအိုမွာလုပ္တဲ့ Asean စည္းေဝးပြဲမွာေျပာပါတယ္။

ခုဆိုရင္ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံထဲမွာတင္ ေသဆုံးသူ ၂၁၀၀ ေက်ာ္ရွိၿပီး၊ ေရာဂါကူးစက္ခံရသူေပါင္းက ၇၄,၀၀၀ ေက်ာ္ရွိေနပါတယ္။ တ႐ုတ္တင္သာမက အာဆီယံထဲက ဖိလစ္ပိုင္၊ ထုိင္း၊ စကၤာပူ နဲ႔ ဗီယက္နမ္ႏိုင္ငံေတြမွာလည္း COVID-19 ကူးစက္သူေတြ ရွိေနပါတယ္။


.....................

ဘေဂျင်းမြို့တော်မှာ လူတွေလမ်းပေါ် ပြန်ထွက်စပြုပြီ

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူထောင်ချီသေဆုံးပြီး သောင်းနဲ့ချီ ရောဂါကူးစက်ခံနေရတဲ့ တရုတ်နိုင်ငံမှာ ဒီရက်ပိုင်းထဲ သေဆုံးသူအရေအတွက် အနည်းငယ် ကျဆင်းလာသလို၊ နောက်ထပ် ကူးစက်ခံရသူ အရေတွက်လည်း လျော့လာတာကြောင့် ဘေဂျင်းမြို့တော်က ပြည်သူတွေဟာ တင်းကြပ်ထားတဲ့စည်းမျဉ်းတွေနဲ့ အညီနေထိုင်ရင်း လမ်းမတွေပေါ် ပြန်ထွက်စ ပြုလာကြပြီးဖြစ်တဲ့အကြောင်း AFP သတင်းကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ရော မြို့ခံတွေ၊ အလုပ်လုပ်လာသူတွေနဲ့ပါ စည်းကားနေတတ်တဲ့ တရုတ်နိုင်ငံမြို့တော်ဘေဂျင်းဟာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်လာချိန်ကစလို့ နေ့စဉ် လူတွေသေဆုံးလာပြီးနောက်မှာ အစိုးရကလည်း အသွားအလာကန့်သတ်ချက်တွေနဲ့ တင်းကြပ်ခဲ့တာကြောင့် မြို့တော်ကြီးရဲ့လမ်းမတွေပေါ်မှာ လူတွေခြောက်သွေ့သွားခဲ့ရာက အခုတော့ ပြန်ထွက်စ ပြုလာပါတယ်။

ဘေးဂျင်းမြို့ကအလုပ်တွေမှာ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း လိုက်နာနေရတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းဖြစ်သူ Song Ying က ပြောပါတယ်။

“နေ့စဉ်ပဲ ကျမ အလုပ်ကို ရောက်တယ်ဆိုတာနဲ့ ပထမဦးဆုံး ကိုယ်အပူချိန်ကို တိုင်းပါတယ်။ ကျမတို့ ကုမ္ပဏီကို အပြင်ကနေ လာရောက် လည်ပတ်သူတွေနဲ့ မတွေ့ဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပါတယ်။ ဒါတွေက အဓိက လုပ်ဖြစ်တာတွေပါ။ အဲဒီနောက်မှာ အချိန် ခြားခြားပြီး ကိုယ်အပူချိန်ကို ပြန်တိုင်းပါတယ်။ ရောဂါကူးစက်မှု ရှိမရှိ သိရအောင်လို့ပါ။”

ဗိုင်းရပ်စ်ကြောင့် ဒီရက်ပိုင်းထဲ သေဆုံးသူအရေအတွက် ကျဆင်းလာတာ၊ နောက်ထပ် ကူးစက်ခံရသူအရေတွက် ပထမဆုံးအကြိမ် စတင် လျော့နည်းလာတယ်လို့ ကြာသပတေးနေ့က တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာပါတယ်။ ဒါဟာ အစိုးရရဲ့ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကြပ်တဲ့လုပ်ငန်းစဉ်တွေ အလုပ်ဖြစ်နေတယ်ဆိုတာ ပြသရာရောက်ကြောင်း လာအိုနိုင်ငံမှာလုပ်တဲ့အာဆီယံ-တရုတ် အရေးပေါ်စည်းဝေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ့်ယီက ပြောသွားပါတယ်။ ဘေဂျင်းမြို့တော်ကနေအိမ် အဆောက်အဦးတွေမှာ အဝင်အထွက်တွေ ခုထိတင်ကြပ်ထားဆဲ ဖြစ်တယ်လို့ မစ္စ Song က ဆိုပါတယ်။

“ကျမနေတဲ့ နေရာတဝိုက်မှာတော့ ကိုယ်နေတဲ့ အဆောက်အဦးမှာ အဝင်-အထွက် ဆိုင်းထိုးရပါတယ်။ ဒီမှာ တကယ်နေတယ် မနေဘူးဆိုတာ သက်သေပြနိုင်ဖို့ အဝင်အထွက် ကဒ်ပြားကိုလည်း ဆောင်ထားရပါတယ်။ အဲဒီကဒ်ရှိမှသာ အခက်အခဲမရှိ ဝင်ထွက်နိုင်မှာပါ။ အခြေအနေတွေ ကတော့ ပုံမှန်အတိုင်းပဲလို့ ကျမ မြင်ပါတယ်။”

ဒီအတောတွင်း တရုတ်အစိုးရကလည်း အသွားအလာ ကန့်သတ်မှုလုပ်ထားတာကြောင့် နယ်ကလာပြီးအလုပ်လုပ်သူတွေအတွက် အခက်ကြုံ နေရတယ်လို့ အရောင်းမြှင့်တင်ရေးဝန်ထမ်း Chen Yiming ကပြောပါတယ်။

“ကျနော် အိမ်ကိုတခေါက် ပြန်သွားဖူးပါတယ်။ ဒီကို ပြန်ထွက်လာဖို့က မလွယ်လှပါဘူး။ အဲဒါနဲ့ ကျနော်လည်း ဘေဂျင်းက ဟိုတယ်တခုမှာပဲ တည်းခိုနေတာ ၁၀ ရက်ကျော်မက ရှိလာပါပြီ။ ဟိုတယ်ထဲမှာပဲ နေနေရတာ ပျင်းဖို့ သိပ်ကောင်းတာပါ။ ကံကောင်းချင်တော့ ဒီဘေဂျင်းမှာ မိတ်ဆွေတယောက်ရတော့ အဖေါ်ရသွားပါတယ်။ ဒီမှာက ဒီလောက် မတင်းကြပ်ဘူးလေ။”

အကယ်၍သာ အိမ်ပြန်သွားရင် မိသားစုကို ဒုက္ခပေးသလိုဖြစ်မှာလည်း စိုးတယ်လို့ Chen Yiming ကဆိုပါတယ်။

“နယ်က ကျနော့်အိမ်ကိုပြန်သွားရင် တအိမ်လုံး စောင့်ကြည့်မှုအောက်မှာ နေရမှာပါ။ ကျနော့်မိသားစုတခုလုံးကို ဒုက္ခမပေးချင်ပါဘူး။ ဒါကြောင့် ဒီက ဟိုတယ်မှာပဲ ကျနော် ငှားနေနေရပါတယ်။ ခုချိန်မှာ လိုအပ်ချက်တွေရှိနေသေးပေမဲ့ မကြာခင်မှာ လက်ရှိအခြေအနေတွေကို ကျော်လွှား နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

တရုတ်နိုင်ငံဟာ သူ့ပြည်သူတွေကိုသာ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နေရုံတင်မကပဲ ၊ တကမ္ဘာ့လုံးအတွက်ပါ ကာကွယ်ပေးနေတယ်လို့ ဝန်ကြီးဝမ်းယီက လာအိုမှာလုပ်တဲ့ Asean စည်းဝေးပွဲမှာပြောပါတယ်။ ခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံထဲမှာတင် သေဆုံးသူ ၂၁၀၀ ကျော်ရှိပြီး၊ ရောဂါကူးစက်ခံရသူပေါင်းက ၇၄,၀၀၀ ကျော်ရှိနေပါတယ်။ တရုတ်တင်သာမက အာဆီယံထဲက ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ နဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း COVID-19 ကူးစက်သူတွေ ရှိနေပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com
ေဘဂ်င္းၿမိဳ႕ေတာ္မွာ လူေတြလမ္းေပၚ ျပန္ထြက္စျပဳၿပီ ေဘဂ်င္းၿမိဳ႕ေတာ္မွာ လူေတြလမ္းေပၚ ျပန္ထြက္စျပဳၿပီ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.