မဲေခါင္ေအာက္ပိုင္းႏိုင္ငံေတြအတြက္ တရုတ္ေရကာတာ ေရလႊတ္ေပးမည္


(Zawgyi/Unicode)

မဲေခါင္ျမစ္ေၾကာေအာက္ဘက္ပုိင္းမွာရွိေနတဲ့ အိမ္နီးခ်င္းႏုိင္ငံေတြမွာ ကာလရွည္ၾကာ မုိးေခါင္ေရရွားမႈနဲ႔ ႀကံဳေနရတာကုိ ကူညီတဲ့အေနနဲ႔ တရုတ္ႏုိင္ငံက သူ႔ဆည္ေတြထဲကေန မဲေခါင္ျမစ္ထဲကုိ ေရေတြ လြတ္ေပးမယ္လုိ႔ ၾကာသပေတးေန႔မွာ ေျပာၾကားလုိက္ၿပီး အနာဂတ္မွာလည္း ဇလေဗဒန႔ဲဆုိင္တဲ့ နည္းပညာေတြကုိ အကူအညီေပးသြားမယ္လုိ႔ ဆုိပါတယ္။

မဲေခါင္ျမစ္ညာမွာ ေရအားလွ်ပ္စစ္ဆည္တည္ေဆာက္ျခင္းအားျဖင့္ ျမစ္ေအာက္ပုိင္းမွာရွိေနတဲ့ ႏုိင္ငံ ၅ ႏုိင္ငံရဲ႕ စီးပြားေရးကုိ ေရရွည္ ထိခုိက္မယ့္အျပင္ တရုတ္ႏုိင္ငံအေပၚ မွီခုိအားထားရမႈေတြ ႀကီးထြားလာႏုိင္တယ္ဆုိတဲ့ စီးပြားေရးစစ္တမ္းအသစ္ ထြက္လာအၿပီးမွာ တရုတ္အစုိးရက အဲဒီလုိ ေၾကညာခ်က္ ထုတ္ျပန္လုိက္တာပါ။

ၿပီးခဲ့တဲ့ႏွစ္အတြင္း မုိးေခါင္ေရရွားမႈ ျဖစ္ခဲ့တာေၾကာင့္ ျမန္မာ၊ လာအုိ၊ ထုိင္း၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္ႏုိင္ငံေတြက စုိက္ပ်ဳိးလုပ္ငန္းေတြကုိ အႀကီးအက်ယ္ ထိခုိက္နစ္နာေစခဲ့ပါတယ္။ အဲဒီလုိ မုိးေခါင္ေရရွားျဖစ္ရတာနဲ႔ ေဒသတြင္း ဥတုရာသီ ေျပာင္းလဲမႈေတြ ျဖစ္ေပၚခဲ့တာဟာ တရုတ္တုိ႔က မဲေခါင္ျမစ္အထက္ပုိင္းက Lancang ျမစ္ေပၚမွာ ေရအားလွ်ပ္စစ္ဆည္ ၁၁ ခု တည္ေဆာက္ခဲ့တာေၾကာင့္လုိ႔ အျပစ္တင္ ေျပာဆုိေနၾကပါတယ္။

တရုတ္ႏုိင္ငံေတာ္ေကာင္စီ၀င္လည္းျဖစ္၊ ႏုိင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ Wang Yi ကေတာ့ အခုလုိ မုိးေခါင္ေရရွား ျဖစ္ရတာဟာ မုိးမရြာတဲ့အတြက္ေၾကာင့္ျဖစ္ၿပီး တရုတ္ႏုိင္ငံမွာလည္း အလားတူ အျဖစ္မ်ဳိး ရင္ဆုိင္ေနရေၾကာင္း ေျပာပါတယ္။

လာအုိႏုိင္ငံကလည္း မဲေခါင္ျမစ္ေပၚမွာ ဆည္ေတြ တည္ေဆာက္ေနတာမွာ လြန္ခဲ့တဲ့ ၄ လအတြင္း မဲေခါင္ျမစ္ေအာက္ပုိင္းမွာ ဆည္အသစ္ ၂ ခုကုိ ဖြင့္လွစ္ခဲ့ၿပီး မၾကာခင္မွာလည္း Luang Prabang ၿမိဳ႕အနီးမွာ ေနာက္ထပ္ ဆည္အသစ္တခု ထပ္မံ တည္ေဆာက္ဖုိ႔ ရွိေနပါတယ္။


................

မဲခေါင်အောက်ပိုင်းနိုင်ငံတွေအတွက် တရုတ်ရေကာတာ ရေလွှတ်ပေးမည်

(Unicode)

မဲခေါင်မြစ်ကြောအောက်ဘက်ပိုင်းမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကာလရှည်ကြာ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရတာကို ကူညီတဲ့အနေနဲ့ တရုတ်နိုင်ငံက သူ့ဆည်တွေထဲကနေ မဲခေါင်မြစ်ထဲကို ရေတွေ လွတ်ပေးမယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး အနာဂတ်မှာလည်း ဇလဗေဒနဲ့ဆိုင်တဲ့ နည်းပညာတွေကို အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

မဲခေါင်မြစ်ညာမှာ ရေအားလျှပ်စစ်ဆည်တည်ဆောက်ခြင်းအားဖြင့် မြစ်အောက်ပိုင်းမှာရှိနေတဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ စီးပွားရေးကို ရေရှည် ထိခိုက်မယ့်အပြင် တရုတ်နိုင်ငံအပေါ် မှီခိုအားထားရမှုတွေ ကြီးထွားလာနိုင်တယ်ဆိုတဲ့ စီးပွားရေးစစ်တမ်းအသစ် ထွက်လာအပြီးမှာ တရုတ်အစိုးရက အဲဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့နှစ်အတွင်း မိုးခေါင်ရေရှားမှု ဖြစ်ခဲ့တာကြောင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက စိုက်ပျိုးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲဒီလို မိုးခေါင်ရေရှားဖြစ်ရတာနဲ့ ဒေသတွင်း ဥတုရာသီ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တာဟာ တရုတ်တို့က မဲခေါင်မြစ်အထက်ပိုင်းက Lancang မြစ်ပေါ်မှာ ရေအားလျှပ်စစ်ဆည် ၁၁ ခု တည်ဆောက်ခဲ့တာကြောင့်လို့ အပြစ်တင် ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Wang Yi ကတော့ အခုလို မိုးခေါင်ရေရှား ဖြစ်ရတာဟာ မိုးမရွာတဲ့အတွက်ကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း အလားတူ အဖြစ်မျိုး ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

လာအိုနိုင်ငံကလည်း မဲခေါင်မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်နေတာမှာ လွန်ခဲ့တဲ့ ၄ လအတွင်း မဲခေါင်မြစ်အောက်ပိုင်းမှာ ဆည်အသစ် ၂ ခုကို ဖွင့်လှစ်ခဲ့ပြီး မကြာခင်မှာလည်း Luang Prabang မြို့အနီးမှာ နောက်ထပ် ဆည်အသစ်တခု ထပ်မံ တည်ဆောက်ဖို့ ရှိနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
မဲေခါင္ေအာက္ပိုင္းႏိုင္ငံေတြအတြက္ တရုတ္ေရကာတာ ေရလႊတ္ေပးမည္ မဲေခါင္ေအာက္ပိုင္းႏိုင္ငံေတြအတြက္ တရုတ္ေရကာတာ ေရလႊတ္ေပးမည္ Reviewed by THITHTOOLWIN on 13:21 Rating: 5
Powered by Blogger.