ေအာ္စကာ၂၀၂၀-ပါရာဆိုက္႐ုပ္ရွင္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေဝဖန္

ကိုရီးယားစကားေျပာ ႐ုပ္ရွင္ Parasite အေကာင္းဆုံး ဇာတ္ကား ေအာ္စကာ ဆြတ္ခူး
(Zawgyi)⤵⤵⤵
ဒီႏွစ္ ေအာ္စကာဆု ႐ုပ္ရွင္ဆုေပးပြဲမွာ ႏိုင္ငံျခားဘာသာစကားေျပာ႐ုပ္ရွင္ တစ္ခု အေနနဲ႔ သမိုင္းတစ္ေလွ်ာက္ ေအာ္စကာဆုေလးခု စံခ်ိန္တင္ ရရွိခဲ့တဲ့ ေတာင္ကိုးရီးယား႐ုပ္ရွင္ ပါရာဆိုက္(Parasites) ကို ေအာ္စကာဆုေပးခဲ့တဲ့အေပၚ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေဝဖန္လိုက္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဆင္းရဲခ်မ္းသာကြာဟမႈကို ႐ိုက္ျပထားတဲ့အဲဒီ ပါရာဆိုက္႐ုပ္ရွင္ကားဟာ အေကာင္းဆုံးဒါ႐ိုက္တာဆု၊ အေကာင္းဆုံး ဇာတ္ကားဆု၊ ဇာတ္ၫႊန္းဆုနဲ႔ ႏိုင္ငံတကာ ႐ုပ္ရွင္ဆု စတဲ့ ဆုေလးဆု ရရွိခဲ့တာပါ။

အဲဒီဇာတ္ကား ေအာ္စကာရသြားတဲ့အေပၚအေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၂၀၂၀ သမၼတေ႐ြးေကာက္ပြဲစည္း႐ုံေရးခရီးစဥ္တစ္ခုအျဖစ္ ေဖေဖာ္ဝါရီ ၂၀ ရက္က လိုရာဒိုျပည္နယ္တြင္း လူထုေတြ႕ဆုံပြဲမွာ ေဝဖန္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

"စကားမစပ္ ဒီႏွစ္ အကယ္ဒမီဆုေပးပြဲ ဘယ္ေလာက္ဆိုးလဲ သိၾကလား၊ ဆုရသြားတဲ့႐ုပ္ရွင္က ေတာင္ကိုရီးယားကတဲ့။ ဘာေတြျဖစ္ကုန္တာလဲ။ က်ဳပ္တို႔မွာေတာင္ကိုရီးယားနဲ႔ ကုန္သြယ္ေရးျပႆနာျဖစ္ေနတာနဲ႔တင္လုံေလာက္ေနပါၿပီ။ အဲဒီ႐ုပ္ရွင္က အေကာင္းဆုံးတဲ့။ ဟုတ္လား။ ကြၽန္ေတာ္ေတာ့ မသိပါဘူး။ ကြၽန္ေတာ္တို႔မွာ Gone with the Wild တို႔လို Sunset Boulevard တို႔လို ႐ုပ္ရွင္ကားေကာင္း ေတြအမ်ားႀကီးရွိပါတယ္။ အဲဒါကို အေကာင္းဆုံး႐ုပ္ရွင္က ေတာင္ကိုရီးယားကတဲ့။ အဲဒါက အေကာင္းဆုံ႐ုပ္ရွင္လို႔ေတာ့ ကြၽန္ေတာ္မထင္ဘူး။ ဒါမ်ိဳး ဆိုးဆိုး႐ြား႐ြားအရင္က မျဖစ္ခဲ့ဖူးဘူး" လို႔ ထရမ့္က ေျပာသြားခဲ့တာပါ။
 ေျမေအာက္တစ္ပိုင္း အခန္းက်ဥ္းေလးထဲမွာေနရတဲ့ အဓိကဇာတ္ေကာင္မိသားစုတစ္စု

သမၼတထရမ့္ရဲ႕ ေျပာၾကားခ်က္အေပၚ ပါရာဆိုက္႐ုပ္ရွင္ျဖန႔္ေဝသူ နီယြန္ကုမၸဏီဘက္ကေတာ့ နားမလည္ႏိုင္ဘူးလို႔ တြစ္တာမွာ တုံ႔ျပန္ခဲ့ပါတယ္။

ပါရာဆိုက္႐ုပ္ရွင္ဟာ ေအာ္စကာဆုေပးပြဲသမိုင္းမွာ အဂၤလိပ္စကားေျပာမဟုတ္တဲ့ တျခားဘာသာစကားနဲ႔ ႐ိုက္ကူးထားတဲ့အထဲက အေကာင္းဆုံးဇာတ္ကားဆု ပထမဆုံးရခဲ့တာျဖစ္ပါတယ္။
ပါရာဆိုက္႐ုပ္ရွင္ဖန္းတီးသူဒါ႐ိုက္တာ ဘြန္ဂြၽန္ဟို

ကပ္ပါးေကာင္မ်ားဆိုတဲ့ အဲဒီ ကိုရီးယား႐ုပ္ရွင္ဟာ ဒီႏွစ္ေအာ္စကာဇာတ္ကားဆုစာရင္းဝင္တဲ့ ကမာၻေက်ာ္ေဟာလိဝုဒ္ဇာတ္ကားေတြျဖစ္တဲ့ Ford v Ferrari ၊ The Irishman ၊ Jojo Rabbit ၊ Joker ၊ Little Women ၊ Marriage Story ၊ 1917 ၊ Once Upon A Time in Hollywood တို႔ကိုေက်ာ္ျဖတ္ၿပီး ခုလို ေအာ္စကာရရွိခဲ့တာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
အော်စကာ၂၀၂၀-ပါရာဆိုက်ရုပ်ရှင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုရီးယားစကားပြော ရုပ်ရှင် Parasite အကောင်းဆုံး ဇာတ်ကား အော်စကာ ဆွတ်ခူး

ဒီနှစ် အော်စကာဆု ရုပ်ရှင်ဆုပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြောရုပ်ရှင် တစ်ခု အနေနဲ့ သမိုင်းတစ်လျှောက် အော်စကာဆုလေးခု စံချိန်တင် ရရှိခဲ့တဲ့ တောင်ကိုးရီးယားရုပ်ရှင် ပါရာဆိုက်(Parasites) ကို အော်စကာဆုပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဆင်းရဲချမ်းသာကွာဟမှုကို ရိုက်ပြထားတဲ့အဲဒီ ပါရာဆိုက်ရုပ်ရှင်ကားဟာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ နိုင်ငံတကာ ရုပ်ရှင်ဆု စတဲ့ ဆုလေးဆု ရရှိခဲ့တာပါ။

အဲဒီဇာတ်ကား အော်စကာရသွားတဲ့အပေါ်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ သမ္မတရွေးကောက်ပွဲစည်းရုံရေးခရီးစဉ်တစ်ခုအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က လိုရာဒိုပြည်နယ်တွင်း လူထုတွေ့ဆုံပွဲမှာ ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"စကားမစပ် ဒီနှစ် အကယ်ဒမီဆုပေးပွဲ ဘယ်လောက်ဆိုးလဲ သိကြလား၊ ဆုရသွားတဲ့ရုပ်ရှင်က တောင်ကိုရီးယားကတဲ့။ ဘာတွေဖြစ်ကုန်တာလဲ။ ကျုပ်တို့မှာတောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးပြဿနာဖြစ်နေတာနဲ့တင်လုံလောက်နေပါပြီ။ အဲဒီရုပ်ရှင်က အကောင်းဆုံးတဲ့။ ဟုတ်လား။ ကျွန်တော်တော့ မသိပါဘူး။ ကျွန်တော်တို့မှာ Gone with the Wild တို့လို Sunset Boulevard တို့လို ရုပ်ရှင်ကားကောင်း တွေအများကြီးရှိပါတယ်။ အဲဒါကို အကောင်းဆုံးရုပ်ရှင်က တောင်ကိုရီးယားကတဲ့။ အဲဒါက အကောင်းဆုံရုပ်ရှင်လို့တော့ ကျွန်တော်မထင်ဘူး။ ဒါမျိုး ဆိုးဆိုးရွားရွားအရင်က မဖြစ်ခဲ့ဖူးဘူး" လို့ ထရမ့်က ပြောသွားခဲ့တာပါ။
Image caption မြေအောက်တစ်ပိုင်း အခန်းကျဉ်းလေးထဲမှာနေရတဲ့ အဓိကဇာတ်ကောင်မိသားစုတစ်စု

သမ္မတထရမ့်ရဲ့ ပြောကြားချက်အပေါ် ပါရာဆိုက်ရုပ်ရှင်ဖြန့်ဝေသူ နီယွန်ကုမ္ပဏီဘက်ကတော့ နားမလည်နိုင်ဘူးလို့ တွစ်တာမှာ တုံ့ပြန်ခဲ့ပါတယ်။

ပါရာဆိုက်ရုပ်ရှင်ဟာ အော်စကာဆုပေးပွဲသမိုင်းမှာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ တခြားဘာသာစကားနဲ့ ရိုက်ကူးထားတဲ့အထဲက အကောင်းဆုံးဇာတ်ကားဆု ပထမဆုံးရခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါရာဆိုက်ရုပ်ရှင်ဖန်းတီးသူဒါရိုက်တာ ဘွန်ဂျွန်ဟို

ကပ်ပါးကောင်များဆိုတဲ့ အဲဒီ ကိုရီးယားရုပ်ရှင်ဟာ ဒီနှစ်အော်စကာဇာတ်ကားဆုစာရင်းဝင်တဲ့ ကမ္ဘာကျော်ဟောလိဝုဒ်ဇာတ်ကားတွေဖြစ်တဲ့ Ford v Ferrari ၊ The Irishman ၊ Jojo Rabbit ၊ Joker ၊ Little Women ၊ Marriage Story ၊ 1917 ၊ Once Upon A Time in Hollywood တို့ကိုကျော်ဖြတ်ပြီး ခုလို အော်စကာရရှိခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေအာ္စကာ၂၀၂၀-ပါရာဆိုက္႐ုပ္ရွင္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေဝဖန္ ေအာ္စကာ၂၀၂၀-ပါရာဆိုက္႐ုပ္ရွင္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေဝဖန္ Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.