
(Zawgyi)⤵⤵⤵
ရန်ကုန်၊ ဖေဖော်ဝါရီ ၅





မြတ်ယသော်
------------
(Unicode)⤵⤵⤵
ကစ္ဆပနဒီတံတားအနီး AA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီ တံတားအနီးတွင် ရက္ခုင့်တပ်မတော် AA အဖွဲ့မှ ထောင်ထားတဲ့ ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဒီကနေ့ သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်မှာ ကစ္ဆပနဒီတံတားအနီး၊ ရန်ကုန်-စစ်တွေ ကားလမ်းရဲ့ ယာဘက်ခြမ်းမှာ AA အဖွဲ့မှ ထောင်ထားတဲ့ ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့ အချင်း ၄ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ ရီမုမိုင်း ၂ လုံးတို့ကို စစ်ဆေးဖော်ထုတ် ရမိခဲ့တယ်လို့ သိရပါတယ်။

ယင်းကြောင့် ခရီးသွားပြည်သူများနဲ့ ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါ ဒေသန္တရ ရီမု မိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့နဲ့ သက်မဲ့ပြုလုပ်ကာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

AA အဖွဲ့အနေနဲ့ ခရီးသွားပြည်သူများနဲ့ ဒေသခံပြည်သူများရဲ့ လမ်းပန်းဆက်သွယ်ရေး နှောက်ယှက် ဖျက်ဆီး ရန် ရည်ရွယ်ပြီး အခုလို ကားလမ်းများပေါ်၌ မိုင်းထောင်၊ မိုင်းခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ရန်ကုန်- စစ်တွေ ကားလမ်းအနီး မိုင်းဖော်ထုတ် ရှင်းလင်းရရှိမှု စုစုပေါင်း ၁၉ ကြိမ်၊ မိုင်း ၃၀ လုံး ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကစ္ဆပနဒီတံတားအနီး AA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှိဟုဆို ကစ္ဆပနဒီတံတားအနီး AA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရ ရီမုမိုင်း ၂ လုံး တွေ့ရှိဟုဆို Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.