မႏၲေလး ဆႏၵျပေက်ာင္းသားေတြကို ရဲက အမႈဖြင့္

မႏၲေလး ပညာေရးေကာလိပ္မွာ ေက်ာင္းသားေတြ ၂၀၂၀ ေဖေဖာ္ဝါရီ ၄ ရက္ေန႔က ဆႏၵျပစဥ္ / Photo: Khaymani Win/RFA
(Zawgyi)⤵⤵⤵
အေျခခံပညာေက်ာင္းေတြ စာေမးပြဲစစ္ေဆးမယ့္ အစီအစဥ္ကို ျပန္ေျပာင္းလဲေပးဖို႔နဲ႔ စာေမးပြဲအခ်ိန္စာရင္း အတိအက် ထုတ္ျပန္ေပးဖို႔ မႏၲေလးၿမိဳ႕မွာ ေတာင္းဆို ဆႏၵျပခဲ့တဲ့ ေက်ာင္းသား သုံးေယာက္ကို ခ်မ္းေအးသာ စံၿမိဳ႕နယ္  အမွတ္ (၃) စခန္းရဲစခန္းက အမႈဖြင့္ထားပါတယ္။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က မႏၲေလးပညာေရးတကၠသိုလ္အတြင္း ေက်ာင္းသူ၊ ေက်ာင္းသား ၅၀ ေလာက္ဟာ တိုင္းေဒသႀကီး ပညာေရးမႉး ႐ုံးေရွ႕ကို ခ်ီတက္ဆႏၵျပရာမွာ   ခြင့္ျပဳခ်က္မတင္ခဲ့တဲ့အတြက္  အမႈဖြင့္တာလို႔ သိရပါတယ္။

အမႈဖြင့္တာနဲ႔ ပတ္သက္လို႔ တရားဝင္အေၾကာင္းၾကားလာတာ မရွိေသးဘူးလို႔ မႏၲေလးပညာေရး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုေအာင္မ်ိဳးကိုက ေျပာပါတယ္။

အမႈဖြင့္ခံထားရတဲ့ ေနာက္ ႏွစ္ေယာက္ကေတာ့ ေက်ာက္ပန္းေတာင္း အစိုးရစက္မႈလက္မႈ သိပၸံေက်ာင္းသားမ်ား သမဂၢ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ကိုထူးခန႔္ေသာ္၊ ကယားျပည္နယ္ ေက်ာင္းသားမ်ားသမဂၢမွာ တာဝန္ယူထားတဲ့ မဇူးဇမ္တို႔ ျဖစ္ပါတယ္။

ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အမႈနဲ႔ပတ္သက္ၿပီး မေျဖၾကားႏိုင္ေသးဘူးလို႔ တာဝန္က် ရဲအရာရွိ တစ္ဦးက ေျပာပါတယ္။

အခုလို ဆႏၵျပေတာင္းဆိုၾကတဲ့ ပညာေရးတကၠသိုလ္နဲ႔ ပညာေရးေကာလိပ္က ေက်ာင္းသူ၊ ေက်ာင္းသားေတြကို အမွတ္ေလ်ာ့တဲ့နည္းနဲ႔ အေရးယူမယ္ဆိုၿပီး မိဘေတြကို ဖိအားေပး ၿခိမ္းေျခာက္ေနတယ္ဆိုတဲ့ အခ်က္နဲ႔ပတ္သက္ လို႔ အဆင့္ျမင့္ပညာ ဦးစီးဌာနက ေျဖရွင္းသြားမယ္လို႔လည္း ဌာနရဲ႕ ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာသိန္းဝင္းက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ၿငိမ္းစုစီ ဥပေဒပုဒ္မ (၁၉) ဟာ  ေထာင္ဒဏ္ သုံးလ ဒါမွမဟုတ္ ေငြဒဏ္၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္ တယ္လို႔ ျပ႒ာန္းထားပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
မန္တလေး ဆန္ဒပြကျောင်းသားတွေကို ရဲက အမှုဖွင့်

မန္တလေး ပညာရေးကောလိပ်မှာ ကျောင်းသားတွေ ၂၀၂၀ ဖေဖော်ဝါရီ ၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win/RFA

အခြေခံပညာကျောင်းတွေ စာမေးပွဲစစ်ဆေးမယ့် အစီအစဉ်ကို ပြန်ပြောင်းလဲပေးဖို့နဲ့ စာမေးပွဲအချိန်စာရင်း အတိအကျ ထုတ်ပြန်ပေးဖို့ မန္တလေးမြို့မှာ တောင်းဆို ဆန္ဒပြခဲ့တဲ့ ကျောင်းသား သုံးယောက်ကို ချမ်းအေးသာ စံမြို့နယ်  အမှတ် (၃) စခန်းရဲစခန်းက အမှုဖွင့်ထားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးပညာရေးတက္ကသိုလ်အတွင်း ကျောင်းသူ၊ ကျောင်းသား ၅၀ လောက်ဟာ တိုင်းဒေသကြီး ပညာရေးမှူး ရုံးရှေ့ကို ချီတက်ဆန္ဒပြရာမှာ   ခွင့်ပြုချက်မတင်ခဲ့တဲ့အတွက်  အမှုဖွင့်တာလို့ သိရပါတယ်။

အမှုဖွင့်တာနဲ့ ပတ်သက်လို့ တရားဝင်အကြောင်းကြားလာတာ မရှိသေးဘူးလို့ မန္တလေးပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးကိုက ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ နောက် နှစ်ယောက်ကတော့ ကျောက်ပန်းတောင်း အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုထူးခန့်သော်၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂမှာ တာဝန်ယူထားတဲ့ မဇူးဇမ်တို့ ဖြစ်ပါတယ်။

ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အမှုနဲ့ပတ်သက်ပြီး မဖြေကြားနိုင်သေးဘူးလို့ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အခုလို ဆန္ဒပြတောင်းဆိုကြတဲ့ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ကျောင်းသူ၊ ကျောင်းသားတွေကို အမှတ်လျော့တဲ့နည်းနဲ့ အရေးယူမယ်ဆိုပြီး မိဘတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက် လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ဖြေရှင်းသွားမယ်လို့လည်း ဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) ဟာ  ထောင်ဒဏ် သုံးလ ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

RFA Burmese
https://www.rfa.org
မႏၲေလး ဆႏၵျပေက်ာင္းသားေတြကို ရဲက အမႈဖြင့္ မႏၲေလး ဆႏၵျပေက်ာင္းသားေတြကို ရဲက အမႈဖြင့္ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.