ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားတဲ့တ႐ုတ္နယ္စပ္ဂိတ္ႏွစ္ခုကို လာမယ့္ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔မွာ ျပန္ဖြင့္မယ္

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ေဖေဖာ္ဝါရီ ၅

တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိတဲ့ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ ပိတ္ထားတဲ့ မူဆယ္ရွိ တ႐ုတ္နယ္စပ္ဂိတ္ႏွစ္ခုကို လာမယ့္ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္သြားမယ္လို႔ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္း(မူဆယ္)ထံမွ သိရပါတယ္။

မူဆယ္ရွိ မာန္ဝိန္းနယ္စပ္ဂိတ္နဲ႔ က်င္စန္းေက်ာ့နယ္စပ္ဂိတ္တို႔ကို တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွျဖစ္ပြားလ်က္ရွိတဲ့ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံကတင္ပို႔တဲ့ ဖရဲ၊ သခြားကားေတြကို ဝင္ထြက္သြားလာခြင့္ပိတ္ပင္ထားခဲ့ၿပီး လာမယ့္ေဖေဖာ္ဝါရီလ၁၀ရက္ေန႔မွာေတာ့ ျပန္လည္တင္ပို႔ခြင့္ျပဳေတာ့မွာ ျဖစ္ပါတယ္။

“ပိတ္ထားတာကေတာ့ တ႐ုတ္ႏွစ္သစ္ကူးကာလမတိုင္ခင္ကတည္းက ပိတ္ထားတာပါ။ လာမယ့္၁၀ရက္ေန႔မွာေတာ့ ျပန္ဖြင့္ေပးမယ္။ ဖရဲ၊ သခြားကုန္သည္ေတြအေနနဲ႔ အရင္ကလိုပဲ နယ္စပ္ဂိတ္ေတြကို ျဖတ္ေက်ာ္ၿပီး တင္ပို႔လို႔ရေတာ့မွာပါ”လို႔ အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္း(မူဆယ္)ဥကၠဌ ဦးဝင္းေအာင္ခန႔္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီဂိတ္ႏွစ္ခုကို ျပန္လည္ဖြင့္လွစ္ၿပီးပါက မူဆယ္၁၀၅မိုင္ကုန္သြယ္ေရးဇုန္မွာ ျမန္မာႏိုင္ငံမွ တင္ပို႔မယ့္ဖရဲ၊ သခြားကားေတြ တစ္ရက္ကို ပွ်မ္းမွ်အစီးေရ ၅၀၀ေလာက္ရွိလာမွာျဖစ္တယ္လို႔လည္း သိပါတယ္။

ဝူဟန္ဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ မူဆယ္၁၀၅မိုင္ကုန္သြယ္ေရးဇုန္မွာ ဖရဲသီးနဲ႔ သခြားေဈးေတြ ဆက္တိုက္က်ဆင္းမႈေတြ ရွိခဲ့ၿပီးေတာ့ ကြၽဲအရွင္၊ ႏြားအရွင္နဲ႔ ဆိတ္အရွင္ေတြရဲ႕ ေဈးကြက္ကေတာ့ ၿငိမ္သက္လ်က္ရွိေနပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပိတ်ထားတဲ့တရုတ်နယ်စပ်ဂိတ်နှစ်ခုကို လာမယ့်ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ပြန်ဖွင့်မယ်

တောင်ကြီး၊ ဖေဖော်ဝါရီ ၅

တရုတ်နိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပိတ်ထားတဲ့ မူဆယ်ရှိ တရုတ်နယ်စပ်ဂိတ်နှစ်ခုကို လာမယ့်ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(မူဆယ်)ထံမှ သိရပါတယ်။

မူဆယ်ရှိ မာန်ဝိန်းနယ်စပ်ဂိတ်နဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်တို့ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှဖြစ်ပွားလျက်ရှိတဲ့ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံကတင်ပို့တဲ့ ဖရဲ၊ သခွားကားတွေကို ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားခဲ့ပြီး လာမယ့်ဖေဖော်ဝါရီလ၁၀ရက်နေ့မှာတော့ ပြန်လည်တင်ပို့ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

“ပိတ်ထားတာကတော့ တရုတ်နှစ်သစ်ကူးကာလမတိုင်ခင်ကတည်းက ပိတ်ထားတာပါ။ လာမယ့်၁၀ရက်နေ့မှာတော့ ပြန်ဖွင့်ပေးမယ်။ ဖရဲ၊ သခွားကုန်သည်တွေအနေနဲ့ အရင်ကလိုပဲ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး တင်ပို့လို့ရတော့မှာပါ”လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(မူဆယ်)ဥက္ကဌ ဦးဝင်းအောင်ခန့်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီဂိတ်နှစ်ခုကို ပြန်လည်ဖွင့်လှစ်ပြီးပါက မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံမှ တင်ပို့မယ့်ဖရဲ၊ သခွားကားတွေ တစ်ရက်ကို ပျှမ်းမျှအစီးရေ ၅၀၀လောက်ရှိလာမှာဖြစ်တယ်လို့လည်း သိပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ ဖရဲသီးနဲ့ သခွားဈေးတွေ ဆက်တိုက်ကျဆင်းမှုတွေ ရှိခဲ့ပြီးတော့ ကျွဲအရှင်၊ နွားအရှင်နဲ့ ဆိတ်အရှင်တွေရဲ့ ဈေးကွက်ကတော့ ငြိမ်သက်လျက်ရှိနေပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားတဲ့တ႐ုတ္နယ္စပ္ဂိတ္ႏွစ္ခုကို လာမယ့္ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔မွာ ျပန္ဖြင့္မယ္ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားတဲ့တ႐ုတ္နယ္စပ္ဂိတ္ႏွစ္ခုကို လာမယ့္ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔မွာ ျပန္ဖြင့္မယ္ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.