စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရား AA အသက္သြင္းဖို႔ ႀကိဳးပမ္း

(Zawgyi)⤵⤵⤵
တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕ကေန ခ်င္းျပည္နယ္စပ္ ပလက္ဝၿမိဳ႕ကို စားနပ္ ရိကၡာေတြ သယ္မယ္ဆိုရင္ ရပ္ေက်းဥကၠ႒ ေတြရဲ႕ေထာက္ခံစာရယူၾကဖို႔ ရခိုင့္တပ္ေတာ္ AA က ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ မေန႔တုန္းက ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္ကို တခ်ိဳ႕က AA ဟာ လူထုအေျချပဳ အုပ္ခ်ဳပ္ယႏၲရားကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ စတင္ အသက္သြင္းေနတာလို႔ ယူဆၾကပါတယ္။ ရခိုင့္တပ္ေတာ္က စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရားကို စတင္ေဆာင္႐ြက္ တယ္လို႔ နားလည္လို႔ ျမန္မာ့ မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဴ႕အဖြဲ႕ ISP-Myanmar  ရဲ႕ ျပင္ပ ဆက္ဆံေရးအရာရွိ ဦးေအာင္သူၿငိမ္းက မွတ္ခ်က္ျပဳပါတယ္။

ရခိုင့္တပ္ေတာ္ AA က ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕ကို ဖြဲ႕စည္းေတာ့မယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ တုန္းက ထုတ္ျပန္ ထားဖူးပါတယ္။ ဒါေပမဲ့ တိက်ေရရာတဲ့ ရွင္းလင္းခ်က္မ်ိဳးနဲ႔ ဘယ္လိုလုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္မယ္လို႔ လူသိရွင္ၾကားထုတ္ျပန္တာမ်ိဳးေတာ့ မရွိပါဘူး။

AA ရဲ႕ လႈပ္ရွားေနရာမွာ အုပ္ခ်ဳပ္ေရးယႏၲရား ထူေထာင္တာ လက္ခံႏိုင္ေပမယ့္၊ ခ်င္းမ်ိဳးႏြယ္စုအမ်ားစုေနထိုင္ရာ ပလက္ဝၿမိဳ႕နယ္ကိုလည္း အလားတူအသက္သြင္းမွာကိုေတာ့ လက္ခံႏိုင္စရာမရွိဘူးလို႔  ခ်င္းျပည္နယ္ စည္ပင္ သာယာဝန္ႀကီးေဟာင္း ဆလိုင္း အိုင္းဇက္ခင္ က ေျပာပါတယ္။

ရခိုင့္တပ္ေတာ္ေျပာခြင့္ရ ခိုင္သုခကေတာ့ လူထုအဆင္မေျပျဖစ္ေနတာကို အဆင္ေျပေအာင္ AA ဘက္က တာဝန္ယူေဆာင္႐ြက္ေပးရတာလို႔ပဲ ေျဖပါတယ္။

AA ရဲ႕ ထုတ္ျပန္ခ်က္ဟာ ခူမီးမ်ိဳးႏြယ္စုမ်ာေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီရဲ႕ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ တိုက္တြန္းခ်က္ေနာက္ပိုင္းထြက္ေပၚလာခဲ့တာပါ။ တိုက္ပြဲေၾကာင့္ ပလက္ဝၿမိဳ႕နယ္လူထုေတြ စားနပ္ရိကၡာေတြ ျပတ္ေတာက္ေနတာေၾကာင့္ ကူညီေပးဖို႔ ခူမီးမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီက အဲဒီ ထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားတာပါ။

AA ႀကိဳးပမ္းခ်က္နဲ႔ပတ္သက္ၿပီး RFA က တပ္မေတာ္ရဲ႕ မွတ္ခ်က္ရယူဖို႔ ဒီကေန႔ ဆက္သြယ္ေပမယ့္မရခဲ့ပါဘူး။

ကုလားတန္ျမစ္တေလွ်ာက္ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲဆက္တိုက္ျဖစ္ေနၿပီး ေက်ာက္ေတာ္-ပလက္ဝ ကားလမ္းတေလွ်ာက္မွာလည္း ႏွစ္ဖက္အျပင္းအထန္ ပစ္ခတ္ေနတာ ႏွစ္ပတ္ေလာက္ၾကာျမင့္ေနပါၿပီ။ ပလက္ဝၿမိဳ႕နဲ႔ သုံးေလးမိုင္သာေဝးတဲ့ တပ္မေတာ္ တပ္စြဲထားတဲ့ေနရာေတြမွာ  AA နဲ႔တိုက္ပြဲျပင္းထန္ေနတာ ရက္ေပါင္း ၁၀ ေက်ာ္ရွိလာတာကိုလည္း AA က ထုတ္ျပန္ထားပါတယ္။

ပလက္ဝဟာ ခ်င္းျပည္နယ္ထဲရွိေပမယ့္၊ ရခိုင္ျပည္နယ္ထဲက ေက်ာက္ေတာ္ၿမိဳ႕နယ္ကို အားထားေနရတဲ့ ၿမိဳ႕ျဖစ္ပါတယ္။ တိုက္ပြဲေၾကာင့္ အဆက္ျပတ္ေနခ်ိန္မွာ လူဦးေရ ၁၀,၀၀၀ ခန႔္ရွိတဲ့ ပလက္ဝၿမိဳ႕နယ္အတြင္း ဆန္နဲ႔ လူနာေတြကို ေဆး႐ုံ အေရးေပၚပို႔ေဆာင္ႏိုင္ဖို႔လည္း ခက္ခဲေနပါတယ္။

AA ရဲ႕ ထုတ္ျပန္ခ်က္က အာမခံႏိုင္မႈ အားနည္းတာေၾကာင့္ ယုံၾကည္ဖို႔ခက္တယ္လို႔ ပလက္ဝၿမိဳ႕ေဒသခံ ခူမီးခ်င္းမ်ိဳးႏြယ္ေပါင္းစပ္ညႇိႏႈိင္းေရး ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

တိုက္ပြဲေလ်ာ့က်ေရး၊ ဒါမွမဟုတ္ ႏွစ္ဖက္ေျပလည္မႈရရွိေရးအတြက္ လက္ရွိ NLD အစိုးရဘက္ကလည္း တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုလာတာမရွိလို႔ တိုက္ပြဲေတြဆက္ၿပီး ျပင္းထန္ေနဦးမယ္လို႔ ISP Myanamar အဖြဲ႕က ဦးေအာင္သူၿငိမ္းက သုံးသပ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္ အမ်ားစုမွာ တပ္မေတာ္နဲ႔ AA တိုက္ပြဲျဖစ္ပြားေနတာ အခုဆိုရင္ ၁ ႏွစ္ ေက်ာ္ရွိလာၿပီးေတာ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္အထိ တိုးလာေနပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရား AA အသက်သွင်းဖို့ ကြိုးပမ်း

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့ကနေ ချင်းပြည်နယ်စပ် ပလက်ဝမြို့ကို စားနပ် ရိက္ခာတွေ သယ်မယ်ဆိုရင် ရပ်ကျေးဥက္ကဋ္ဌ တွေရဲ့ထောက်ခံစာရယူကြဖို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနေ့တုန်းက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ကို တချို့က AA ဟာ လူထုအခြေပြု အုပ်ချုပ်ယန္တရားကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စတင် အသက်သွင်းနေတာလို့ ယူဆကြပါတယ်။ ရခိုင့်တပ်တော်က စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားကို စတင်ဆောင်ရွက် တယ်လို့ နားလည်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့အဖွဲ့ ISP-Myanmar  ရဲ့ ပြင်ပ ဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

ရခိုင့်တပ်တော် AA က ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းတော့မယ်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ တုန်းက ထုတ်ပြန် ထားဖူးပါတယ်။ ဒါပေမဲ့ တိကျရေရာတဲ့ ရှင်းလင်းချက်မျိုးနဲ့ ဘယ်လိုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မယ်လို့ လူသိရှင်ကြားထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

AA ရဲ့ လှုပ်ရှားနေရာမှာ အုပ်ချုပ်ရေးယန္တရား ထူထောင်တာ လက်ခံနိုင်ပေမယ့်၊ ချင်းမျိုးနွယ်စုအများစုနေထိုင်ရာ ပလက်ဝမြို့နယ်ကိုလည်း အလားတူအသက်သွင်းမှာကိုတော့ လက်ခံနိုင်စရာမရှိဘူးလို့  ချင်းပြည်နယ် စည်ပင် သာယာဝန်ကြီးဟောင်း ဆလိုင်း အိုင်းဇက်ခင် က ပြောပါတယ်။

ရခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ လူထုအဆင်မပြေဖြစ်နေတာကို အဆင်ပြေအောင် AA ဘက်က တာဝန်ယူဆောင်ရွက်ပေးရတာလို့ပဲ ဖြေပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ဟာ ခူမီးမျိုးနွယ်စုမျာရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ တိုက်တွန်းချက်နောက်ပိုင်းထွက်ပေါ်လာခဲ့တာပါ။ တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်လူထုတွေ စားနပ်ရိက္ခာတွေ ပြတ်တောက်နေတာကြောင့် ကူညီပေးဖို့ ခူမီးမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အဲဒီ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။

AA ကြိုးပမ်းချက်နဲ့ပတ်သက်ပြီး RFA က တပ်မတော်ရဲ့ မှတ်ချက်ရယူဖို့ ဒီကနေ့ ဆက်သွယ်ပေမယ့်မရခဲ့ပါဘူး။

ကုလားတန်မြစ်တလျှောက် တပ်မတော်နဲ့ AA တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ကျောက်တော်-ပလက်ဝ ကားလမ်းတလျှောက်မှာလည်း နှစ်ဖက်အပြင်းအထန် ပစ်ခတ်နေတာ နှစ်ပတ်လောက်ကြာမြင့်နေပါပြီ။ ပလက်ဝမြို့နဲ့ သုံးလေးမိုင်သာဝေးတဲ့ တပ်မတော် တပ်စွဲထားတဲ့နေရာတွေမှာ  AA နဲ့တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း ၁၀ ကျော်ရှိလာတာကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

ပလက်ဝဟာ ချင်းပြည်နယ်ထဲရှိပေမယ့်၊ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့နယ်ကို အားထားနေရတဲ့ မြို့ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အဆက်ပြတ်နေချိန်မှာ လူဦးရေ ၁၀,၀၀၀ ခန့်ရှိတဲ့ ပလက်ဝမြို့နယ်အတွင်း ဆန်နဲ့ လူနာတွေကို ဆေးရုံ အရေးပေါ်ပို့ဆောင်နိုင်ဖို့လည်း ခက်ခဲနေပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်က အာမခံနိုင်မှု အားနည်းတာကြောင့် ယုံကြည်ဖို့ခက်တယ်လို့ ပလက်ဝမြို့ဒေသခံ ခူမီးချင်းမျိုးနွယ်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

တိုက်ပွဲလျော့ကျရေး၊ ဒါမှမဟုတ် နှစ်ဖက်ပြေလည်မှုရရှိရေးအတွက် လက်ရှိ NLD အစိုးရဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာတာမရှိလို့ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေဦးမယ်လို့ ISP Myanamar အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် အများစုမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီးတော့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ တိုးလာနေပါတယ်။

RFA Burmese
https://www.rfa.org
စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရား AA အသက္သြင္းဖို႔ ႀကိဳးပမ္း စစ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရား AA အသက္သြင္းဖို႔ ႀကိဳးပမ္း Reviewed by THITHTOOLWIN on 01:36 Rating: 5
Powered by Blogger.