ထိပ္တိုက္ထိေတြ႕မႈေတြ ေရွာင္ရွားဖို႔ တပ္နဲ႔ ေကအဲန္ယူေဆြးေႏြး

(Zawgyi)⤵⤵⤵
ေဒသခံျပည္သူေတြ စိုးရိမ္မႈမရွိေအာင္ ထိပ္တိုက္ရင္ဆိုင္ ထိေတြ႕မႈေတြကို ေရွာင္ရွားၾကမယ္လို႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး ေကအန္ယူနဲ႔ တပ္မေတာ္တို႔ မေန႔က ေနျပည္ေတာ္မွာ ႏွစ္ဖက္ ညႇိႏႈိင္းခဲ့ၾကတာပါ။

တပ္မေတာ္က ႏွစ္ဖက္သေဘာတူထားတဲ့အခ်က္ေတြကို ခ်ိဳးေဖာက္ၿပီး သြားလာေနလို႔ ႏွစ္ဖက္စစ္ေရး တင္းမာေနတာလို႔ KNU တပ္မဟာ ၅ ဆက္ဆံေရးတာဝန္ခံ ဒုဗိုလ္မႉးႀကီး အယ္ဒို က ေျပာပါတယ္။

“ထပ္ျဖစ္စရာမရွိေတာ့ပါဘူး။ သူတို႔စခန္းရွိတဲ့ေနရာနဲ႔ လမ္းေၾကာင္းနဲ႔ သတ္မွတ္ေပးထားတာရွိတယ္ေလ။ လမ္းမအတိုင္းသြားဖို႔ သတ္မွတ္ေပးထားတယ္။ လမ္းေဘး ကိုက္ ၅၀ ထက္ ေက်ာ္လြန္ရင္ အဲဒါက ျပႆနာရွိႏိုင္ တယ္။ အခု ကားလမ္းတိုးခ်ဲ႕ေဖာက္တာတို႔ ဘာတို႔ေတာ့ မရွိေတာ့ဘူးေပါ့။ လမ္းေၾကာင္းသတ္မွတ္ေပးတာက NCA စထိုးကတည္းက သတ္မွတ္ထားတာ။ သူတို႔က အဲဒါကိုေက်ာ္လြန္ၿပီးသြားေတာ့ ထိပ္တိုက္ရင္ဆိုင္ရတာေတြ ရွိတာေပါ့။”

မေန႔က ေဆြးေႏြးပြဲအရ အရင္ကတည္းက သတ္မွတ္ထားတဲ့အတိုင္း လမ္းေၾကာင္းအတိုင္း တပ္မေတာ္က သြားလာမယ္ဆိုရင္ ထိပ္တိုက္ထိေတြ႕မႈေတြရွိေတာ့မွာ မဟုတ္ဘူးလို႔လည္း ဒုဗိုလ္မႉးႀကီး အယ္ဒို က သုံးသပ္ပါတယ္။

ႏွစ္ဖက္ေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးမႈေတြကို စားပြဲဝိုင္းမွာတင္မၿပီးဘဲ ေအာက္ေျခေျမျပင္တပ္ေတြကိုပါ ထိန္းခ်ဳပ္သင့္တယ္လို႔ ေထာက္ျပတာက ကရင္ျမစ္ေခ်ာင္းမ်ားကြန္ရက္ က ကိုေစာသာပိုး ပါ။

“ႏွစ္ဖက္ေခါင္းေဆာင္ေတြက ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ေတြကို နားလည္ဖို႔လိုတယ္။ ျပည္သူေတြရဲ႕ လုံၿခဳံေရးကို အေလးထားဖို႔ လိုတယ္။ တပ္ကလည္း စစ္သားက အထက္အမိန႔္အရ လုပ္ရတယ္ဆိုတာထက္ က်ေတာ္တို႔ဟာ ျပည္သူေတြရဲ႕ လုံၿခဳံေရးကို ထိန္းသိမ္းေပးရမယ္ဆိုတဲ့ တာဝန္ဝတၱရားကို တပ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔လိုတယ္ဆိုတာကို ေျပာခ်င္တယ္။”

ေအာက္ေျခေျမျပင္တပ္ေတြကို ထိန္းခ်ဳပ္ဖို႔ဆိုရင္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ JMC အစည္းအေဝးေတြကို ပုံမွန္က်င္းပေနဖို႔ လိုအပ္တယ္လို႔ ေထာက္ျပသူေတြလည္း ရွိပါတယ္။

ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC အဖြဲ႕ဝင္ သိကၡာ ေတာ္ရ ဆရာေတာ္ ေစာမက္သယူးေအးက ထိပ္တိုက္ေတြ႕ဆုံမႈေတြ မျဖစ္ေအာင္ JMC အစည္းအေဝးေတြကသာ ေျဖရွင္းေပးႏိုင္မွာလို႔ ေျပာပါတယ္။

“က႑တစ္ခုအေနနဲ႔ အခ်ိန္ယူၿပီး ေဆြးေႏြးသြားၾကမွာပါ။ NCA လမ္းေၾကာင္းအတိုင္း သြားတယ္ဆိုေတာ့ စားပြဲဝိုင္းေပၚ ျပန္မေရာက္ၾကေသးခင္မွာ ထိေတြ႕မႈအနည္းအက်ဥ္းေတာ့ရွိမွာေပါ့။ ႏွစ္ဖက္တပ္မႉးေတြ ျပန္ေတြ႕ဆုံၾကဖို႔ေတာ့ရွိပါတယ္။ JMC အစည္းအေဝးေရာ UPDJC အစည္းအေဝးေရာ ျပန္စလာရမွာေပါ့။ ရလဒ္ေကာင္းေတြေတာ့ ထြက္လာမယ္လို႔ထင္တယ္ေလ။"

ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္မွာ တပ္မေတာ္ရဲ႕ ရိကၡာသယ္ေဆာင္ဖို႔ လမ္းေဖာက္လုပ္မႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ နဲ႔ KNU တို႔ ၂၀၁၉ ကတည္းက ပဋိပကၡျဖစ္ေနတာပါ။ တပ္မေတာ္က လမ္းေဖာက္လုပ္မႈေတြဟာ တပ္နယ္ေျမ တိုးခ်ဲ႕တာလို႔ ေကအဲန္ယူဘက္က စြပ္စြဲထားပါတယ္။ ဒီလို နယ္ေျမျပႆနာေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ေနာက္ဆက္တြဲ ထိပ္တိုက္ထိေတြ႕မႈေတြဟာ ေအာက္ေျခက အပစ္ခတ္ေစာင့္ၾကည့္ေရးအစည္းအေဝးေတြ မလုပ္ႏိုင္လို႔ဆိုၿပီး တခ်ိဳ႕က ျပစ္တင္ေဝဖန္ၾကပါတယ္။

တႏွစ္ၾကာ ရပ္တန႔္ေနတဲ့ JMC အစည္းအေဝးေတြ ျပန္က်င္းပဖို႔ တိုင္းရင္းသားအေရး ေလ့လာသူ ဦးေမာင္ေမာင္စိုး က တိုက္တြန္းပါတယ္။

“အဓိကေတာ့ ဒီJMCလည္ပတ္ၿပီးေတာ့ ဒီျပႆနာေတြ JMC မွာ ျမန္ျမန္ဆန္ဆန္ေျဖရွင္းႏိုင္မယ္ဆိုရင္ ေျဖရွင္းလို႔လြယ္မယ္ထင္တယ္၊ တပ္မေတာ္ရဲ႕ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နဲ႔ KNU တပ္မဟာ ၅ တပ္မႉးေတြ လည္း အၿမဲတန္းထိေတြ႕ၿပီးေျဖရွင္းသြားဖို႔လိုမယ္။”

ဇန္နဝါရီကုန္ပိုင္းကဆိုရင္ KNU တပ္မဟာ ၅ လက္ေအာက္ခံတပ္ေတြ လႈပ္ရွားတဲ့ ကရင္ျပည္နယ္၊ သံေတာင္ႀကီး ၿမိဳ႕နဲ႔ ဖာပြန္ၿမိဳ႕အၾကားမွာ ခမရ ၇၀၈ က တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး တစ္ေယာက္ ဆြဲမိုင္းနဲ႔ တိုက္ခိုက္ခံရလို႔ က်ဆုံးခဲ့ပါတယ္။

အဲဒါေတြျဖစ္ခဲ့ၿပီး ဒီလဆန္းကစလို႔ ဖာပြန္ခ႐ိုင္ထဲကို တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ ေဒသခံ ၃၀၀ ေက်ာ္ဟာ ေတာထဲေတာင္ထဲ ေရွာင္ေျပးေနရပါတယ္။ တပ္မေတာ္ကေတာ့ အဲဒီလိုလက္နက္ႀကီးနဲ႔ ပစ္ခတ္မႈ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

ဒီၾကားထဲမွာလည္း ေကအန္ယူ တပ္စခန္းေတြကို တပ္မေတာ္က ဒ႐ုန္းယာဥ္နဲ႔ ေဝဟင္ကေန တႀကိမ္မက စုံစမ္းေထာက္လွမ္းတာေတြရွိခဲ့လို႔ ႏွစ္ဖက္စစ္ေရးတင္းမာေနၾကတာပါ။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီေန႔ ညေနပိုင္းအထိ ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။

ေဒသခံျပည္သူေတြရဲ႕ စိုးရိမ္ေနရတဲ့အေျခအေနကို အေလးထားၿပီး တင္းမာမႈေတြ ေလ်ာ့ပါးသြားေအာင္၊ တည္ၿငိမ္တဲ့ အေနအထားတစ္ရပ္ ျဖစ္ေပၚလာေအာင္ ေရွ႕ဆက္နည္းလမ္းရွာႀကိဳးစားသြားမယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ထိပ်တိုက်ထိတွေ့မှုတွေ ရှောင်ရှားဖို့ တပ်နဲ့ ကေအဲန်ယူဆွေးနွေး

ဒေသခံပြည်သူတွေ စိုးရိမ်မှုမရှိအောင် ထိပ်တိုက်ရင်ဆိုင် ထိတွေ့မှုတွေကို ရှောင်ရှားကြမယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူနဲ့ တပ်မတော်တို့ မနေ့က နေပြည်တော်မှာ နှစ်ဖက် ညှိနှိုင်းခဲ့ကြတာပါ။

တပ်မတော်က နှစ်ဖက်သဘောတူထားတဲ့အချက်တွေကို ချိုးဖောက်ပြီး သွားလာနေလို့ နှစ်ဖက်စစ်ရေး တင်းမာနေတာလို့ KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး အယ်ဒို က ပြောပါတယ်။

“ထပ်ဖြစ်စရာမရှိတော့ပါဘူး။ သူတို့စခန်းရှိတဲ့နေရာနဲ့ လမ်းကြောင်းနဲ့ သတ်မှတ်ပေးထားတာရှိတယ်လေ။ လမ်းမအတိုင်းသွားဖို့ သတ်မှတ်ပေးထားတယ်။ လမ်းဘေး ကိုက် ၅၀ ထက် ကျော်လွန်ရင် အဲဒါက ပြဿနာရှိနိုင် တယ်။ အခု ကားလမ်းတိုးချဲ့ဖောက်တာတို့ ဘာတို့တော့ မရှိတော့ဘူးပေါ့။ လမ်းကြောင်းသတ်မှတ်ပေးတာက NCA စထိုးကတည်းက သတ်မှတ်ထားတာ။ သူတို့က အဲဒါကိုကျော်လွန်ပြီးသွားတော့ ထိပ်တိုက်ရင်ဆိုင်ရတာတွေ ရှိတာပေါ့။”

မနေ့က ဆွေးနွေးပွဲအရ အရင်ကတည်းက သတ်မှတ်ထားတဲ့အတိုင်း လမ်းကြောင်းအတိုင်း တပ်မတော်က သွားလာမယ်ဆိုရင် ထိပ်တိုက်ထိတွေ့မှုတွေရှိတော့မှာ မဟုတ်ဘူးလို့လည်း ဒုဗိုလ်မှူးကြီး အယ်ဒို က သုံးသပ်ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေကို စားပွဲဝိုင်းမှာတင်မပြီးဘဲ အောက်ခြေမြေပြင်တပ်တွေကိုပါ ထိန်းချုပ်သင့်တယ်လို့ ထောက်ပြတာက ကရင်မြစ်ချောင်းများကွန်ရက် က ကိုစောသာပိုး ပါ။

“နှစ်ဖက်ခေါင်းဆောင်တွေက ချုပ်ဆိုထားတဲ့စာချုပ်တွေကို နားလည်ဖို့လိုတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားဖို့ လိုတယ်။ တပ်ကလည်း စစ်သားက အထက်အမိန့်အရ လုပ်ရတယ်ဆိုတာထက် ကျတော်တို့ဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းပေးရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကို တပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်ဆိုတာကို ပြောချင်တယ်။”

အောက်ခြေမြေပြင်တပ်တွေကို ထိန်းချုပ်ဖို့ဆိုရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေးတွေကို ပုံမှန်ကျင်းပနေဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင် သိက္ခာ တော်ရ ဆရာတော် စောမက်သယူးအေးက ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင် JMC အစည်းအဝေးတွေကသာ ဖြေရှင်းပေးနိုင်မှာလို့ ပြောပါတယ်။

“ကဏ္ဍတစ်ခုအနေနဲ့ အချိန်ယူပြီး ဆွေးနွေးသွားကြမှာပါ။ NCA လမ်းကြောင်းအတိုင်း သွားတယ်ဆိုတော့ စားပွဲဝိုင်းပေါ် ပြန်မရောက်ကြသေးခင်မှာ ထိတွေ့မှုအနည်းအကျဉ်းတော့ရှိမှာပေါ့။ နှစ်ဖက်တပ်မှူးတွေ ပြန်တွေ့ဆုံကြဖို့တော့ရှိပါတယ်။ JMC အစည်းအဝေးရော UPDJC အစည်းအဝေးရော ပြန်စလာရမှာပေါ့။ ရလဒ်ကောင်းတွေတော့ ထွက်လာမယ်လို့ထင်တယ်လေ။"

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့ ရိက္ခာသယ်ဆောင်ဖို့ လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး တပ်မတော် နဲ့ KNU တို့ ၂၀၁၉ ကတည်းက ပဋိပက္ခဖြစ်နေတာပါ။ တပ်မတော်က လမ်းဖောက်လုပ်မှုတွေဟာ တပ်နယ်မြေ တိုးချဲ့တာလို့ ကေအဲန်ယူဘက်က စွပ်စွဲထားပါတယ်။ ဒီလို နယ်မြေပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ထိပ်တိုက်ထိတွေ့မှုတွေဟာ အောက်ခြေက အပစ်ခတ်စောင့်ကြည့်ရေးအစည်းအဝေးတွေ မလုပ်နိုင်လို့ဆိုပြီး တချို့က ပြစ်တင်ဝေဖန်ကြပါတယ်။

တနှစ်ကြာ ရပ်တန့်နေတဲ့ JMC အစည်းအဝေးတွေ ပြန်ကျင်းပဖို့ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး က တိုက်တွန်းပါတယ်။

“အဓိကတော့ ဒီJMCလည်ပတ်ပြီးတော့ ဒီပြဿနာတွေ JMC မှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မယ်ဆိုရင် ဖြေရှင်းလို့လွယ်မယ်ထင်တယ်၊ တပ်မတော်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ KNU တပ်မဟာ ၅ တပ်မှူးတွေ လည်း အမြဲတန်းထိတွေ့ပြီးဖြေရှင်းသွားဖို့လိုမယ်။”

ဇန်နဝါရီကုန်ပိုင်းကဆိုရင် KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နဲ့ ဖာပွန်မြို့အကြားမှာ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ပါတယ်။

အဲဒါတွေဖြစ်ခဲ့ပြီး ဒီလဆန်းကစလို့ ဖာပွန်ခရိုင်ထဲကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ ၃၀၀ ကျော်ဟာ တောထဲတောင်ထဲ ရှောင်ပြေးနေရပါတယ်။ တပ်မတော်ကတော့ အဲဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီကြားထဲမှာလည်း ကေအန်ယူ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်နဲ့ ဝေဟင်ကနေ တကြိမ်မက စုံစမ်းထောက်လှမ်းတာတွေရှိခဲ့လို့ နှစ်ဖက်စစ်ရေးတင်းမာနေကြတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဒေသခံပြည်သူတွေရဲ့ စိုးရိမ်နေရတဲ့အခြေအနေကို အလေးထားပြီး တင်းမာမှုတွေ လျော့ပါးသွားအောင်၊ တည်ငြိမ်တဲ့ အနေအထားတစ်ရပ် ဖြစ်ပေါ်လာအောင် ရှေ့ဆက်နည်းလမ်းရှာကြိုးစားသွားမယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ထိပ္တိုက္ထိေတြ႕မႈေတြ ေရွာင္ရွားဖို႔ တပ္နဲ႔ ေကအဲန္ယူေဆြးေႏြး ထိပ္တိုက္ထိေတြ႕မႈေတြ ေရွာင္ရွားဖို႔ တပ္နဲ႔ ေကအဲန္ယူေဆြးေႏြး Reviewed by THITHTOOLWIN on 01:34 Rating: 5
Powered by Blogger.