ျပန္ေပးဆဲြခံရသူ ရမ္းၿဗဲ NLD အမႈေဆာင္ ရွာမေတြ႕ေသး

ရန္ကုန္ၿမိဳ႕ရွိ ပါတီ ဌာနခ်ဳပ္။ (မွတ္တမ္းဓါတ္ပံု - courtesy photo - NLD)

(Zawgyi/Unicode)

ရမ္းၿဗဲၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဘ႑ာေရးမွဴး ကုိေဇယ်ာမင္းကို အမည္မသိ လက္နက္ကိုင္အဖြဲ႔တစ္ခုက ဖမ္းဆီးထားတာ ၁၀ ရက္ေက်ာ္ၾကာတဲ့အထိ ဘယ္အဖြဲ႔က ဖမ္းဆီးထားတယ္ဆိုတာကို မသိရေသးပါဘူး။ ကိုေဇယ်ာမင္း ဖမ္းဆီးခံခဲ့ရတဲ့ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္ေဆာက္ ေက်းရြာနားမွာ ဒီေန႔မွာပဲ မိုင္းႏွစ္လံုး ေပါက္ကြဲခဲ့သလို ပစ္ခတ္မႈေတြလည္း ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဘ႑ာေရးမွဴး ကုိေဇယ်ာမင္းကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညေန ၆ နာရီေလာက္မွာ အမည္မသိ လက္နက္ကိုင္အဖြဲ႔တခုက ဖမ္းဆီးသြားခဲ့ေပမဲ့ ဒီကေန႔ကအထိ ဘယ္အဖြဲ႔က ဖမ္းသြားတယ္ဆိုတာကို မသိရေသးဘူးလို႔ သူ႔ရဲ႕ဇနီးက ေျပာပါတယ္။

"က်မေယာက်ာ္း ဘယ္မွာရွိေနလဲ ဆိုတာကို သိခ်င္တယ္။ ဖမ္းထားရင္လည္း က်မကို အဲလိုမ်ိဳး ဘယ္သူေတြ ဘယ္ေနရာမွာ ဖမ္းထားလဲဆိုတာ သိခ်င္တယ္။ အဖမ္းခံရတဲ့ေန႔က လူေပ်ာက္ေတာ့ တိုင္ထားတယ္။ အခုဆိုရင္ ႏွစ္ပတ္ျပည့္ေတာ့မွာေပါ့ေနာ္။ လာမယ့္ စေနေန႔ဆိုရင္ ႏွစ္ပတ္ျပည့္ၿပီ။"

ကိုေဇယ်ာမင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ရမ္းၿဗဲၿမိဳ႕နယ္မွာ ျပဳလုပ္ခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ တရားရံုး ICJ မွာတရားရင္ ဆိုင္ေျဖရွင္းမယ့္ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲမွာ တက္တက္ၾကြၾကြ ပါဝင္ခဲ့သူ တေယာက္လည္း ျဖစ္ပါတယ္။

အဲဒီ ေထာက္ခံပြဲေနာက္ပိုင္းမွာ ကိုေဇယ်ာမင္းကို လူမႈကြန္ယက္ေပၚကေန တစ္ဆင့္ ၿခိမ္းေျခာက္ စာေတြေရာက္ခဲ့ၿပီးေတာ့ ဖမ္းဆီးခံခဲ့ရတာ ျဖစ္တယ္လို႔လည္း သူရဲ႕ ဇနီးက ေျပာပါတယ္။

ကိုေဇယ်ာမင္းကို အမည္မသိ လက္နက္ကိုင္အဖြဲ႔က ဖမ္းဆီးထားတာနဲ႔ ပတ္သတ္ၿပီး NLD ပါတီအေနနဲ႔ အစိုးရ ထုတ္ျပန္မယ့္ သတင္းကိုပဲ ေစာင့္ေနရတာကလြဲလို႔ လုပ္ေပးႏိုင္တာမရွိဘူးလို႔ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ ဘာမွလုပ္ေဆာင္ႏိုင္တာ မရွိပါဘူးခင္ဗ်ာ။ အစိုးရက လုပ္ရမွာ ျဖစ္တယ္ ေနာက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ AA ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔တဲ့ အခါေမးၾကည့္ရမွာ က်ေနာ္တို႔ ဒါပဲရွိတယ္။ အစိုးရအေနနဲ႔ပဲ ဒါကို သတင္းစံုစမ္းေထာက္လွမ္းတာ လုပ္လို႔ရမယ္။ က်ေနာ္တို႔ကေတာ့ ေရာက္လာမယ့္ သတင္းကိုပဲ ေစာင့္ၿပီးေတာ့ မိသားစုေတြကို အားေပးႏွစ္သိမ့္ေပးရံုေလာက္ပဲ လုပ္ႏိုင္တယ္။"

ကိုေဇယ်ာမင္း ဖမ္းဆီးခံထားရတာနဲ႔ ပတ္သတ္ၿပီး တပ္နဲ႔ ေအေအႏွစ္ဘက္စလံုးက သူတို႔ဖမ္းတာ မဟုတ္ေၾကာင္း ျငင္းဆိုထားၾကၿပီး AA အဖြဲ႔ဘက္ကေတာ့ ကိုေဇယ်ာမင္း ဖမ္းဆီးခံထားရတာနဲ႔ ပတ္သတ္ၿပီး ဆက္လက္စံုစမ္းေနတယ္လို႔ ေျပာပါတယ္။

"အဲဒီကိစၥကေတာ့ က်ေနာ္တို႔လည္း ဆက္ၿပီးေတာ့ စံုစမ္းေနတုန္းပဲ ရွိေသးတယ္ဗ်ာ။ ဘယ္သူ ဖမ္းလဲဆုိတာကေတာ့ က်ေနာ္တို႔လည္း ေသခ်ာမသိရေသးဘူး။ က်ေနာ္တို႔နဲ႔ေတာ့ ဘာမွပတ္သတ္မႈမရွိဘူး။"

ဒီကေန႔မွာလည္း ကိုေဇယ်ာမင္း ဖမ္းဆီးခံခဲ့ရတဲ့ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္ေဆာက္ ေက်းရြာအနီး ေက်ာက္ျဖဴ-ရန္ကုန္ ကားလမ္းမမွာ မိုင္းႏွစ္လံုးေပါက္ကြဲခဲ့သလို ပစ္ခတ္မႈေတြလည္း ရွိခဲ့တယ္လို႔ ေက်ာက္ေဆာက္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

"က်ေနာ္တို႔ ရြာနဲ႔ တမိုင္ေတာင္ မေဝးဘူး ရြာနဲ႔ နီးနီးေလးမွာပဲ။ အဲဒီမွာ ပထမ ၈ နာရီ ၁၀ မိနစ္ေလာက္က တခ်က္ ကိုးနာရီ ခြဲေလာက္ကို တခ်က္ေပါက္တယ္။ တပ္က ကားလာတဲ့အခ်ိန္မွာ ေပါက္တာ။ ေက်ာက္ျဖဴ-ရန္ကုန္ လမ္းမမွာ ျဖစ္တာ ကားကိုေတာ့ မထိဘူး။ ထိခိုက္ဒဏ္ရာရတာလည္း မရွိဘူး။ ၿပီးေတာ့ ၁၀ နာရီေလာက္မွာ ေသနတ္ ၈ခ်က္ေလာက္ပစ္သြားတယ္။ ရြာကလူေတြ ျမင္လိုက္တာကေတာ့ ဆိုင္ကယ္နဲ႔ ၃ ေယာက္လို႔ ေျပာတယ္။ တပ္မေတာ္သားလို႔လည္း ေျပာလို႔ မရဘူး ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔က ယူနီေဖာင္း မပါဘူးေလ။

မိုင္းေပါက္ကြဲခဲ့တာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဘက္က ေျပာခြင့္ရသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း အေၾကာင္းတစံုတရာ မရရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔ တုန္းကလည္း ICJ မွာ တရားရင္ဆိုဖို႔ သြားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲ က်င္းပဖို႔ စီစဥ္တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ဦးရဲသိန္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဖမ္းဆီးထားစဥ္ တိုက္ပြဲ ျဖစ္ပြားတာေၾကာင့္ လက္နက္ႀကီးက်ည္ ထိမွန္ၿပီး ပြဲခ်င္းၿပီး ေသဆံုးသြားတယ္လို႔ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ရခိုင္ျပည္နယ္အတြင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္းမွာ အရပ္သားေတြ ပါတီဝင္ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဌာနဆိုင္ရာ ဝန္ထမ္းေတြဟာလည္း မၾကာခဏဆိုလို ႏွစ္ဘက္လံုးရဲ႕ ဖမ္းဆီးစစ္ေတြတာေတြကို ခံေနၾကရတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

[Unicode Version]

ပြန်ပေးဆွဲခံရသူ ရမ်းဗြဲ NLD အမှုဆောင် ရှာမတွေ့သေး

ရမ်းဗြဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားတာ ၁၀ ရက်ကျော်ကြာတဲ့အထိ ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။ ကိုဇေယျာမင်း ဖမ်းဆီးခံခဲ့ရတဲ့ ရမ်းဗြဲမြို့နယ် ကျောက်ဆောက် ကျေးရွာနားမှာ ဒီနေ့မှာပဲ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့သလို ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားခဲ့ပေမဲ့ ဒီကနေ့ကအထိ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာကို မသိရသေးဘူးလို့ သူ့ရဲ့ဇနီးက ပြောပါတယ်။

"ကျမယောကျာ်း ဘယ်မှာရှိနေလဲ ဆိုတာကို သိချင်တယ်။ ဖမ်းထားရင်လည်း ကျမကို အဲလိုမျိုး ဘယ်သူတွေ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ သိချင်တယ်။ အဖမ်းခံရတဲ့နေ့က လူပျောက်တော့ တိုင်ထားတယ်။ အခုဆိုရင် နှစ်ပတ်ပြည့်တော့မှာပေါ့နော်။ လာမယ့် စနေနေ့ဆိုရင် နှစ်ပတ်ပြည့်ပြီ။"

ကိုဇေယျာမင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ရမ်းဗြဲမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာတရားရင် ဆိုင်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

အဲဒီ ထောက်ခံပွဲနောက်ပိုင်းမှာ ကိုဇေယျာမင်းကို လူမှုကွန်ယက်ပေါ်ကနေ တစ်ဆင့် ခြိမ်းခြောက် စာတွေရောက်ခဲ့ပြီးတော့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း သူရဲ့ ဇနီးက ပြောပါတယ်။

ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတာနဲ့ ပတ်သတ်ပြီး NLD ပါတီအနေနဲ့ အစိုးရ ထုတ်ပြန်မယ့် သတင်းကိုပဲ စောင့်နေရတာကလွဲလို့ လုပ်ပေးနိုင်တာမရှိဘူးလို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့ကတော့ ဘာမှလုပ်ဆောင်နိုင်တာ မရှိပါဘူးခင်ဗျာ။ အစိုးရက လုပ်ရမှာ ဖြစ်တယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ AA ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့ အခါမေးကြည့်ရမှာ ကျနော်တို့ ဒါပဲရှိတယ်။ အစိုးရအနေနဲ့ပဲ ဒါကို သတင်းစုံစမ်းထောက်လှမ်းတာ လုပ်လို့ရမယ်။ ကျနော်တို့ကတော့ ရောက်လာမယ့် သတင်းကိုပဲ စောင့်ပြီးတော့ မိသားစုတွေကို အားပေးနှစ်သိမ့်ပေးရုံလောက်ပဲ လုပ်နိုင်တယ်။"

ကိုဇေယျာမင်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး တပ်နဲ့ အေအေနှစ်ဘက်စလုံးက သူတို့ဖမ်းတာ မဟုတ်ကြောင်း ငြင်းဆိုထားကြပြီး AA အဖွဲ့ဘက်ကတော့ ကိုဇေယျာမင်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

"အဲဒီကိစ္စကတော့ ကျနော်တို့လည်း ဆက်ပြီးတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်ဗျာ။ ဘယ်သူ ဖမ်းလဲဆိုတာကတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ကျနော်တို့နဲ့တော့ ဘာမှပတ်သတ်မှုမရှိဘူး။"

ဒီကနေ့မှာလည်း ကိုဇေယျာမင်း ဖမ်းဆီးခံခဲ့ရတဲ့ ရမ်းဗြဲမြို့နယ် ကျောက်ဆောက် ကျေးရွာအနီး ကျောက်ဖြူ-ရန်ကုန် ကားလမ်းမမှာ မိုင်းနှစ်လုံးပေါက်ကွဲခဲ့သလို ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ကျောက်ဆောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"ကျနော်တို့ ရွာနဲ့ တမိုင်တောင် မဝေးဘူး ရွာနဲ့ နီးနီးလေးမှာပဲ။ အဲဒီမှာ ပထမ ၈ နာရီ ၁၀ မိနစ်လောက်က တချက် ကိုးနာရီ ခွဲလောက်ကို တချက်ပေါက်တယ်။ တပ်က ကားလာတဲ့အချိန်မှာ ပေါက်တာ။ ကျောက်ဖြူ-ရန်ကုန် လမ်းမမှာ ဖြစ်တာ ကားကိုတော့ မထိဘူး။ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။ ပြီးတော့ ၁၀ နာရီလောက်မှာ သေနတ် ၈ချက်လောက်ပစ်သွားတယ်။ ရွာကလူတွေ မြင်လိုက်တာကတော့ ဆိုင်ကယ်နဲ့ ၃ ယောက်လို့ ပြောတယ်။ တပ်မတော်သားလို့လည်း ပြောလို့ မရဘူး ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ယူနီဖောင်း မပါဘူးလေ။

မိုင်းပေါက်ကွဲခဲ့တာနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်က ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း အကြောင်းတစုံတရာ မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ တုန်းကလည်း ICJ မှာ တရားရင်ဆိုဖို့ သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ကျင်းပဖို့ စီစဉ်တဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးထားစဉ် တိုက်ပွဲ ဖြစ်ပွားတာကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာလည်း မကြာခဏဆိုလို နှစ်ဘက်လုံးရဲ့ ဖမ်းဆီးစစ်တွေတာတွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

သက္ႏိုင္/ VOA (Burmese)
https://burmese.voanews.com
ျပန္ေပးဆဲြခံရသူ ရမ္းၿဗဲ NLD အမႈေဆာင္ ရွာမေတြ႕ေသး ျပန္ေပးဆဲြခံရသူ ရမ္းၿဗဲ NLD အမႈေဆာင္ ရွာမေတြ႕ေသး Reviewed by THITHTOOLWIN on 01:44 Rating: 5
Powered by Blogger.