AA ထိန္းသိမ္းခဲ့တဲ့ NLD အမတ္ လႊတ္ေတာ္ျပန္တက္

NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း

(Unicode/zawgyi)

ၿပီးခဲ့တဲ့ႏိုဝင္ဘာတုန္းက လႊတ္ေတာ္တက္ဖို႔အသြား AA ရခိုင္တပ္ရဲ႕ အဖမ္းခံခဲ့ရတဲ့ NLDခ်င္းလႊတ္ေတာ္အမတ္ ဒီကေန႔ လႊတ္ေတာ္ ျပန္တက္ပါတယ္။ စစ္တပ္ကို သတင္းေပးတယ္ဆိုတဲ့စြဲခ်က္နဲ႔ အဓိကAA က ဖမ္းဆီးခဲ့တာကို ဦးေဝွ႔တင္းက ျငင္းဆိုသလို ခ်င္းျပည္နယ္တြင္း တုိက္ပြဲေတြ အျမန္ဆံုးရပ္ေပးဖို႔ ေတာင္းဆိုပါတယ္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို လိုလားလို႔ NLD အမတ္ကို ျပန္လႊတ္ေပးခဲ့တာျဖစ္လို႔ AA တပ္နဲ႔ ဆက္ႏြယ္တယ္ဆိုတဲ့စြဲခ်က္နဲ႔ AAရဲ႕ မိသားစုဝင္ေတြ အပါအဝင္ အရပ္သားေတြကို ဖမ္းထားတာေတြကိုလည္း ျပန္လႊတ္ေပးဖို႔ AA ဘက္က ေတာင္းဆိုပါတယ္။ အေသးစိတ္ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း အျမန္ဆံုးျပန္လႊတ္ေပးဖို႔ ျပည္ေထာင္စုအစိုးရ၊ ခ်င္းျပည္နယ္အစိုးရ၊ အနုိင္ရပါတီ NLDနဲ႔ လႊတ္ေတာ္ေတြကေန အေရးတၾကီးအဆိုတင္သြင္းၿပီး သူ႔ကိုျပန္လႊတ္ေပးေရး အၾကိမ္ၾကိမ္ေတာင္းဆိုခဲ့ေပမဲ့ ႏွစ္လေက်ာ္ၾကာျမင့္တဲ့အထိ AA ရခုိင္တပ္ဘက္က ထိန္းသိမ္းခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၁ရက္ေန႔မွာေတာ့ မလႊဲမေရွာင္သာ အေျခအေနေၾကာင့္ ယာယီထိန္းသိမ္း ထားခဲ့ရတာျဖစ္ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို လိုလားတာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ AA ရခိုင္တပ္ဘက္က ပလက္ဝၿမိဳ႕က လံုျခံဳေဘးကင္းတဲ့ေနရာတခုမွာ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးခဲ့တာပါ။

ဒီကေန႔ ဇန္နဝါရီလ ၃၁ရက္ေန႔မွာေတာ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ခူမီးအမတ္ ဦးေဝွ႔တင္း ေနျပည္ေတာ္ လႊတ္ေတာ္ကို ျပန္တက္ေရာက္လာခဲ့ၿပီး သတင္းမီဒီယာေတြနဲ႔ေတြ႔ဆံုခ်ိန္ သူကို ဖမ္းဆီးထားခ်ိန္ သူရင္ဆိုင္ေတြ႔ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို ေျပာျပခဲ့ပါတယ္။

“ က်ေနာ့္ကိုေခၚတဲ့အခ်ိန္ လက္ထိပ္ေတြခတ္ပါတယ္။ သူတို႔စခန္းမွာ ေရာက္တဲ့အခ်ိန္မွာေတာ့ ေျခက်င္းေတြ ခတ္ပါတယ္။ က်ေနာ့္ကို ထိပ္တံုးနဲ႔ခတ္ပါတယ္။ ေမးတဲ့ျမန္းတဲ့အခါမွာေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ေမးတာေတာ့ မရွိပါဘူး။ အဓိက က်ေနာ့္ကို စြပ္စြဲတာကေတာ့ ျမန္မာ့တပ္မေတာ္နဲ႔ အဆက္အသြယ္လုပ္ၿပီး သတင္းေမး သတင္းယူလုပ္တဲ့ နယ္စပ္ေဒသက သူေတြနဲ႔ အဆက္အသြယ္လုပ္တယ္ဆိုၿပီး နံပတ္ ၁ စြပ္စြဲတယ္။ ၂ အခ်က္ကေတာ့ အဲ့သတင္းေပးေတြဆီက ရတဲ့သတင္းေတြကို ျမန္မာ့တပ္မေတာ္ကို သတင္းေပးတယ္ဆိုၿပီး ဒုတိယစြပ္စြဲတယ္။ တတိယအခ်က္က က်ေနာ္ လႊတ္ေတာ္ကိုယ္စားလွယ္မတိုင္ခင္က ပလက္ဝၿမိဳ႕ ခူမီးလူငယ္အသင္းရဲ႕ Founder ျဖစ္ခဲ့လို႔ ခူမီးလူငယ္ေတြကို စည္း႐ံုးၿပီး ျပည္သူ႔စစ္သင္တန္း တက္ခုိင္းတယ္လို႔ စြပ္စြဲတယ္။ ဒီစြပ္စြဲခ်က္ေတြက ဘာတခုမွ က်ေနာ္နဲ႔မပတ္သက္ပါဘူး။ ဒါရွင္းရွင္းေလးပါ က်ေနာ္သည္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ တဦးသာျဖစ္တဲ့အတြက္ ေဒသအက်ိဳးကိုသာ က်ေနာ္ ေဆာင္ရြက္ျခင္းသာျဖစ္ပါတယ္။”

AA က ျပန္လႊတ္လိုက္တာဟာ အေပးအယူသေဘာမ်ိဳး သေဘာတူညီမႈ ရခဲ့တာရွိသလား၊ ဒါမွမဟုတ္ တ႐ုတ္ႏုိင္ငံလို ႏုိင္ငံၾကီးရဲ႕ ဖိအားေပးမႈေၾကာင့္ ျပန္လႊတ္လိုက္တယ္လို႔ ျမင္ပါသလားဆိုတဲ့ သတင္းမီဒီယာေတြရဲ႕ အေမးကိုလည္း ဦးေဝွ႔တင္းက အခုလိုျပန္ေျဖခဲ့ပါတယ္။

“ဒါကေတာ့ ႏုိင္ငံေတာ္သမၼတၾကီးအပါအဝင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ၾကိဳးစားမႈ ေနာက္ လႊတ္ေတာ္ဘက္ကလည္း လႊတ္ေတာ္ နာယကၾကီး ေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အားလံုးရဲ႕ ၾကိဳးစားအားထုတ္မႈ ဝိုင္းဝန္းဆုေတာင္းေပးမႈ အပါအဝင္ မဲဆႏၵရွင္ျပည္သူမ်ား ဆုေတာင္းေပးမႈေၾကာင့္ အားလံုး ဝိုင္းဝန္းေပးမႈေတြေၾကာင့္ ျပန္လႊတ္ေပးတယ္လို႔ ယူဆပါတယ္။”

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကိုလိုလားလို႔ NLD အမတ္ကို AA ရခိုင္တပ္ဘက္က ျပန္လႊတ္ေပးခဲ့တာျဖစ္ၿပီး အစိုးရနဲ႔စစ္တပ္ဘက္ ကလည္း AA ရခိုင္တပ္နဲ႔ ဆက္ႏြယ္တယ္ ဆိုတဲ့စြဲခ်က္နဲ႔ AA စစ္ဦးစီးခ်ဳပ္ရဲ႕မိသားစုဝင္တခ်ိဳ႕အပါအဝင္ ရခိုင္ေဒသခံေတြကို တရားမဝင္ အသင္းနဲ႔ ဆက္စပ္မႈေတြနဲ႔ စစ္ေဆးဖမ္းဆီး အက်ဥ္းခ်ေနတာေတြကိုလည္း ရပ္တန္႔ေပးဖို႔ AAရခိုင္တပ္ေျပာခြင့္ရ ခိုင္သုခက အခုလိုေတာင္းဆိုပါတယ္။

“ က်ေနာ္ ေတာ္လွန္ေရး လုပ္တယ္ဆိုရင္ က်ေနာ္႔ရဲ႕ မိသားစု ေဆြမ်ိဳးေတြ ေနာက္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ ေတာ္လွန္ေရးလုပ္တယ္ဆိုရင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ မိသားစုေဆြမ်ိဳးေတြ အဲ့တာ အကုန္လံုး လိုက္ၿပီး ေလွ်ာက္ဖမ္းေနတာေပါ့ေနာ္။ ေဆြးေႏြးပြဲေတြ ရွိေနတယ္ဆိုၿပီးေတာ့ အေၾကာင္းျပၿပီးေတာ့မွ တဘက္မွာလည္းပဲ ေတာ္လွန္ေရးကိစၥနဲ႔ ပတ္သက္မႈမရွိတဲ့ မိသားစုေတြကို ေတာ္လွန္ေရးလုပ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ က်ေနာ္တို႔ရဲ႕မိသားစုေတြကို လိုက္ဖမ္းေနတာေတြရွိတယ္။ အဲ့တာေတြက ဘယ္လိုမွ တရားမွ်တမႈမရွိတဲ့ ေဆာင္ရြက္ခ်က္ေတြျဖစ္တယ္။ အဲ့တာေၾကာင့္မို႔လို႔ အစိုးရနဲ႔ စစ္တပ္ဘက္က တကယ္ပဲ ၿငိမ္းခ်မ္းေရးကို လိုခ်င္လို႔ရွိရင္ေတာ့ သူတို႔ဘက္ကေန တကယ္ၿငိမ္းခ်မ္းေရးကို ဦးတည္ႏုိင္တဲ့ အထူးသျဖင့္ကေတာ့ တဘက္နဲ႔တဘက္ ယံုၾကည္မႈတည္ေဆာက္ေရးကို အေထာက္အကူျဖစ္ႏိုင္တဲ့အလုပ္အကိုင္ေတြကို အစိုးရဘက္က စလုပ္ဖို႔ လိုတာေပါ့။”

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲ အခုအခ်ိန္အထိ တုိက္ပြဲေတြျဖစ္ေနဆဲျဖစ္ၿပီး ေဒသခံျပည္သူေတြ ေျမစာပင္ျဖစ္ေနရတဲ့အေပၚ တုိက္ပြဲေတြ ရပ္စဲေပးဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ ဦးေဝွ႔တင္းက ေတာင္းဆိုပါတယ္။ AA ရခိုင္တပ္ ေျပာခြင့္ရ ခိုင္သုခက စစ္တပ္ဘက္က တပ္အင္အားတိုးခ်ဲ႔ခ်ထားမႈေတြနဲ႔ လက္ရွိ စစ္ေရးအေျခအေန အခုလို ေျပာျပပါတယ္။

“မေန႔က ပလက္ဝၿမိဳ႕နယ္ထဲ တုိက္ပြဲေတြ အျပင္းအထန္ျဖစ္တယ္ ရခိုင္တပ္ေတာ္ေတြရွိေနတဲ့ ၉၆၉ ေတာင္ကုန္းကို ျမန္မာစစ္တပ္ဘက္က ဂ်က္ေလယာဥ္ႏွစ္စင္းနဲ႔ သူတို႔ ၈ၾကိမ္ေလာက္ လာပစ္တာရွိတယ္။ ရဟတ္ယာဥ္ ၂စီးနဲ႔လည္း ၁၁ၾကိမ္ေလာက္ လာပစ္တယ္။ ဆိုေတာ့ ဇန္နဝါရီၤလ ပစ္ခတ္မႈေတြအတြင္း ေလေၾကာင္းတိုက္ခိုက္မႈ အမ်ားဆံုး ျဖစ္တယ္လို႔ ေျပာလို႔ရတာေပါ့။ ေျမျပင္ကေနၿပီးေတာ့ ၁၂၀ မမ ၁၀၅ မမ အေျမာက္ေတြနဲ႔လည္း အၾကိမ္ေပါင္းမ်ားစြာ ပစ္တာေပါ့။ စစ္တပ္ဟာ အခုရက္ပိုင္းမွာ တပ္မ ၂ မ အင္အားစုေတြကို ရခုိင္ စစ္မ်က္ႏွာဘက္ကို ဆက္လက္ၿပီး အင္အားျဖည့္တင္းေနတာေတြရွိတယ္။ ေရွ႕ရက္ေတြမွာလည္း ရခုိင္ေဒသအႏွံ႔မွာေတာ့ တုိက္ပြဲေတြ ဆက္ၿပီး ျပင္းထန္လာႏိုင္တဲ့အေနအထားရွိတယ္။”

ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၃ရက္ေန႔က ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္း အပါအ၀င္ အိႏၵိယနိုင္ငံသားတခ်ိဳ႕ပါ ပါဝင္တဲ့ ၉ ဦးအဖဲြ႔ဟာ ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ နယ္စပ္အနီး ေရေၾကာင္းခရီးမွာ ေပ်ာက္ဆံုးသြားခဲ့ၿပီးေနာက္မွာ AA ရခိုင္တိုင္းရင္းသား လက္နက္ကုိင္တပ္ဘက္က သူတို႔ထိန္းသိမ္းထားတယ္လို႔ ထုတ္ျပန္ခဲ့တာပါ။ ဖမ္းဆီးထားစဥ္အတြင္း အိႏၵိယႏုိင္ငံသား ၁ ေယာက္က အေမာေဖာက္ ေသဆံုးသြားခဲ့ၿပီးေနာက္ ႏိုဝင္ဘာ ၄ ရက္ေန႔မွာ ဦးေဝွ႔တင္းကလြဲလို႔ က်န္တဲ့သူအားလံုးကို AA အဖဲြ႔က ျပန္လႊတ္ေပးခဲ့ၿပီးတဲ့ေနာက္ ဦးေဝွ႔တင္းကို ဆက္လက္ထိန္းသိမ္းထားတဲ့အေပၚ သူ႔အသက္အႏၱရယ္လံုျခံဳေရးကို မိသားစုအပါအဝင္ လႊတ္ေတာ္ နဲ႔ပါတီဘက္က စိုးရိမ္တၾကီးျဖစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

....................

AA ထိန်းသိမ်းခဲ့တဲ့ NLD အမတ် လွှတ်တော်ပြန်တက်

(zawgyi)

ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက လွှတ်တော်တက်ဖို့အသွား AA ရခိုင်တပ်ရဲ့ အဖမ်းခံခဲ့ရတဲ့ NLDချင်းလွှတ်တော်အမတ် ဒီကနေ့ လွှတ်တော် ပြန်တက်ပါတယ်။ စစ်တပ်ကို သတင်းပေးတယ်ဆိုတဲ့စွဲချက်နဲ့ အဓိကAA က ဖမ်းဆီးခဲ့တာကို ဦးဝှေ့တင်းက ငြင်းဆိုသလို ချင်းပြည်နယ်တွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားလို့ NLD အမတ်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်လို့ AA တပ်နဲ့ ဆက်နွယ်တယ်ဆိုတဲ့စွဲချက်နဲ့ AAရဲ့ မိသားစုဝင်တွေ အပါအဝင် အရပ်သားတွေကို ဖမ်းထားတာတွေကိုလည်း ပြန်လွှတ်ပေးဖို့ AA ဘက်က တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ၊ အနိုင်ရပါတီ NLDနဲ့ လွှတ်တော်တွေကနေ အရေးတကြီးအဆိုတင်သွင်းပြီး သူ့ကိုပြန်လွှတ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ နှစ်လကျော်ကြာမြင့်တဲ့အထိ AA ရခိုင်တပ်ဘက်က ထိန်းသိမ်းခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့မှာတော့ မလွှဲမရှောင်သာ အခြေအနေကြောင့် ယာယီထိန်းသိမ်း ထားခဲ့ရတာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ AA ရခိုင်တပ်ဘက်က ပလက်ဝမြို့က လုံခြုံဘေးကင်းတဲ့နေရာတခုမှာ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့တာပါ။

ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခူမီးအမတ် ဦးဝှေ့တင်း နေပြည်တော် လွှတ်တော်ကို ပြန်တက်ရောက်လာခဲ့ပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် သူကို ဖမ်းဆီးထားချိန် သူရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။

“ ကျနော့်ကိုခေါ်တဲ့အချိန် လက်ထိပ်တွေခတ်ပါတယ်။ သူတို့စခန်းမှာ ရောက်တဲ့အချိန်မှာတော့ ခြေကျင်းတွေ ခတ်ပါတယ်။ ကျနော့်ကို ထိပ်တုံးနဲ့ခတ်ပါတယ်။ မေးတဲ့မြန်းတဲ့အခါမှာတော့ ကြမ်းကြမ်းတမ်းတမ်း မေးတာတော့ မရှိပါဘူး။ အဓိက ကျနော့်ကို စွပ်စွဲတာကတော့ မြန်မာ့တပ်မတော်နဲ့ အဆက်အသွယ်လုပ်ပြီး သတင်းမေး သတင်းယူလုပ်တဲ့ နယ်စပ်ဒေသက သူတွေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး နံပတ် ၁ စွပ်စွဲတယ်။ ၂ အချက်ကတော့ အဲ့သတင်းပေးတွေဆီက ရတဲ့သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး ဒုတိယစွပ်စွဲတယ်။ တတိယအချက်က ကျနော် လွှတ်တော်ကိုယ်စားလှယ်မတိုင်ခင်က ပလက်ဝမြို့ ခူမီးလူငယ်အသင်းရဲ့ Founder ဖြစ်ခဲ့လို့ ခူမီးလူငယ်တွေကို စည်းရုံးပြီး ပြည်သူ့စစ်သင်တန်း တက်ခိုင်းတယ်လို့ စွပ်စွဲတယ်။ ဒီစွပ်စွဲချက်တွေက ဘာတခုမှ ကျနော်နဲ့မပတ်သက်ပါဘူး။ ဒါရှင်းရှင်းလေးပါ ကျနော်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးသာဖြစ်တဲ့အတွက် ဒေသအကျိုးကိုသာ ကျနော် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။”

AA က ပြန်လွှတ်လိုက်တာဟာ အပေးအယူသဘောမျိုး သဘောတူညီမှု ရခဲ့တာရှိသလား၊ ဒါမှမဟုတ် တရုတ်နိုင်ငံလို နိုင်ငံကြီးရဲ့ ဖိအားပေးမှုကြောင့် ပြန်လွှတ်လိုက်တယ်လို့ မြင်ပါသလားဆိုတဲ့ သတင်းမီဒီယာတွေရဲ့ အမေးကိုလည်း ဦးဝှေ့တင်းက အခုလိုပြန်ဖြေခဲ့ပါတယ်။

“ဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ကြိုးစားမှု နောက် လွှတ်တော်ဘက်ကလည်း လွှတ်တော် နာယကကြီး နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံးရဲ့ ကြိုးစားအားထုတ်မှု ဝိုင်းဝန်းဆုတောင်းပေးမှု အပါအဝင် မဲဆန္ဒရှင်ပြည်သူများ ဆုတောင်းပေးမှုကြောင့် အားလုံး ဝိုင်းဝန်းပေးမှုတွေကြောင့် ပြန်လွှတ်ပေးတယ်လို့ ယူဆပါတယ်။”

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလိုလားလို့ NLD အမတ်ကို AA ရခိုင်တပ်ဘက်က ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အစိုးရနဲ့စစ်တပ်ဘက် ကလည်း AA ရခိုင်တပ်နဲ့ ဆက်နွယ်တယ် ဆိုတဲ့စွဲချက်နဲ့ AA စစ်ဦးစီးချုပ်ရဲ့မိသားစုဝင်တချို့အပါအဝင် ရခိုင်ဒေသခံတွေကို တရားမဝင် အသင်းနဲ့ ဆက်စပ်မှုတွေနဲ့ စစ်ဆေးဖမ်းဆီး အကျဉ်းချနေတာတွေကိုလည်း ရပ်တန့်ပေးဖို့ AAရခိုင်တပ်ပြောခွင့်ရ ခိုင်သုခက အခုလိုတောင်းဆိုပါတယ်။

“ ကျနော် တော်လှန်ရေး လုပ်တယ်ဆိုရင် ကျနော့်ရဲ့ မိသားစု ဆွေမျိုးတွေ နောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တော်လှန်ရေးလုပ်တယ်ဆိုရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဆွေမျိုးတွေ အဲ့တာ အကုန်လုံး လိုက်ပြီး လျှောက်ဖမ်းနေတာပေါ့နော်။ ဆွေးနွေးပွဲတွေ ရှိနေတယ်ဆိုပြီးတော့ အကြောင်းပြပြီးတော့မှ တဘက်မှာလည်းပဲ တော်လှန်ရေးကိစ္စနဲ့ ပတ်သက်မှုမရှိတဲ့ မိသားစုတွေကို တော်လှန်ရေးလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနော်တို့ရဲ့မိသားစုတွေကို လိုက်ဖမ်းနေတာတွေရှိတယ်။ အဲ့တာတွေက ဘယ်လိုမှ တရားမျှတမှုမရှိတဲ့ ဆောင်ရွက်ချက်တွေဖြစ်တယ်။ အဲ့တာကြောင့်မို့လို့ အစိုးရနဲ့ စစ်တပ်ဘက်က တကယ်ပဲ ငြိမ်းချမ်းရေးကို လိုချင်လို့ရှိရင်တော့ သူတို့ဘက်ကနေ တကယ်ငြိမ်းချမ်းရေးကို ဦးတည်နိုင်တဲ့ အထူးသဖြင့်ကတော့ တဘက်နဲ့တဘက် ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူဖြစ်နိုင်တဲ့အလုပ်အကိုင်တွေကို အစိုးရဘက်က စလုပ်ဖို့ လိုတာပေါ့။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ အခုအချိန်အထိ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေ မြေစာပင်ဖြစ်နေရတဲ့အပေါ် တိုက်ပွဲတွေ ရပ်စဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဦးဝှေ့တင်းက တောင်းဆိုပါတယ်။ AA ရခိုင်တပ် ပြောခွင့်ရ ခိုင်သုခက စစ်တပ်ဘက်က တပ်အင်အားတိုးချဲ့ချထားမှုတွေနဲ့ လက်ရှိ စစ်ရေးအခြေအနေ အခုလို ပြောပြပါတယ်။

“မနေ့က ပလက်ဝမြို့နယ်ထဲ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ် ရခိုင်တပ်တော်တွေရှိနေတဲ့ ၉၆၉ တောင်ကုန်းကို မြန်မာစစ်တပ်ဘက်က ဂျက်လေယာဉ်နှစ်စင်းနဲ့ သူတို့ ၈ကြိမ်လောက် လာပစ်တာရှိတယ်။ ရဟတ်ယာဉ် ၂စီးနဲ့လည်း ၁၁ကြိမ်လောက် လာပစ်တယ်။ ဆိုတော့ ဇန်နဝါရီၤလ ပစ်ခတ်မှုတွေအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံး ဖြစ်တယ်လို့ ပြောလို့ရတာပေါ့။ မြေပြင်ကနေပြီးတော့ ၁၂၀ မမ ၁၀၅ မမ အမြောက်တွေနဲ့လည်း အကြိမ်ပေါင်းများစွာ ပစ်တာပေါ့။ စစ်တပ်ဟာ အခုရက်ပိုင်းမှာ တပ်မ ၂ မ အင်အားစုတွေကို ရခိုင် စစ်မျက်နှာဘက်ကို ဆက်လက်ပြီး အင်အားဖြည့်တင်းနေတာတွေရှိတယ်။ ရှေ့ရက်တွေမှာလည်း ရခိုင်ဒေသအနှံ့မှာတော့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်တဲ့အနေအထားရှိတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားတချို့ပါ ပါဝင်တဲ့ ၉ ဦးအဖွဲ့ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်အနီး ရေကြောင်းခရီးမှာ ပျောက်ဆုံးသွားခဲ့ပြီးနောက်မှာ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဘက်က သူတို့ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဖမ်းဆီးထားစဉ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ယောက်က အမောဖောက် သေဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းကလွဲလို့ ကျန်တဲ့သူအားလုံးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် သူ့အသက်အန္တရယ်လုံခြုံရေးကို မိသားစုအပါအဝင် လွှတ်တော် နဲ့ပါတီဘက်က စိုးရိမ်တကြီးဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
AA ထိန္းသိမ္းခဲ့တဲ့ NLD အမတ္ လႊတ္ေတာ္ျပန္တက္ AA ထိန္းသိမ္းခဲ့တဲ့ NLD အမတ္ လႊတ္ေတာ္ျပန္တက္ Reviewed by THITHTOOLWIN on 00:34 Rating: 5
Powered by Blogger.